Chapter (47) - ဟိုတယ်ခန်းထဲကို မုန်ယိုနေသည့် ဝက်ဝံက ဖောက်ဝင်ခြင်း

3.5K 506 41
                                    


(ေဇာ္ဂ်ီသမားမ်ားေအာက္ကို ဆြဲခ်ေပးပါ)

 Volume III - Chapter (47) - ဟိုတယ်ခန်းထဲကို မုန်ယိုနေသည့် ဝက်ဝံက ဖောက်ဝင်ခြင်း




  Lu Tian chen နှင့် Tang Feng တို့သည် ဟိုတယ်တွင် အခန်းတစ်ခုစီ၌ နေကြသည်။

ကိုယ်အလေးချိန်တက်လာပြီးကတည်းက Lu Tian chen သည် လျစ်လျူရှုမှုကို မပြသရုံသာမက သူ့ကို ပိုစွဲလမ်းလာသည်။ Tang Feng မှာငြင်းစရာ ဘာမှမရှိပါဘူး။ Lu Tian chen သည် သူ၏ ပေါင်မုန့်လို ဖောင်းအစ်နေသည့် မျက်နှာကို စိတ်မရှိမှတော့ သူလည်း   Lu Tian chen ၏ ကြွက်သား ၈ ခုနှင့် သန်မာသော ဝမ်းဗိုက်ကို  စိတ်မရှိပါ။

 

 Tang Feng က ဘယ်တုန်းက လူတစ်ယောက်ရဲ့ ရုပ်ဆင်းသွင်ပြင်ကို ပိုပို ဂရုစိုက်လာမိတာလဲ...လို့ သူ့ဖာသာ တွေးနေသည်။

 ညဘက်တွင် Lu Tian chen သည် အပြင်ထွက်ဖို့ အလုပ်ပေါ်လာလို့  Tang Feng တစ်ယောက်တည်း သူ့အခန်းသို့ပြန်လာသည်။ Tang Feng က ရေချိုးခန်း မှန်ရှေ့မှာရပ်ပြီး သူ့ကိုယ်သူ ကြည့်လိုက်တယ်။ တကယ်တမ်းပြောရရင် သူက ဒီလောက်နိမ့်ကျတဲ့ ကိုယ့်ပုံစံကိုကြည့်တဲ့အခါ နည်းနည်းရှက်သွားသလို ခံစားရတယ်။ စိတ်ပိုင်းဆိုင်ရာ အားကောင်းတဲ့သူဖြစ်လို့သာ လူအများရှေ့မှာ သူနဲ့ Lu Tian Chen က စိုစွတ်သည့် အနမ်းကို နမ်းရဲခဲ့တာဖြစ်သည်။

 
ပိုပိုပြီး ရုပ်ဆိုးတဲ့ လူက Lu Tian chen ဖြစ်လာခဲ့မယ်ဆိုရင် ဘာတွေ ဖြစ်ကုန်မလဲ။ ထားလိုက်ပါ။  သူက သန့်ရှင်းပြီးချောမောတဲ့ Lu Tian chen ရဲ့ ပုံစံကိုကြိုက်နေတုန်းဘဲ။ Lu Tian chen ကသာ တကယ်ဝဖြိုးပြီး ရုပ်ဆိုးလာရင် သူ ဒီကောင်လေးကိုနမ်းနိုင်မှာ မဟုတ်လောက်ဘူး။

သို့သော် Lu Tian chen ၏ဆင်ခြင်တုံတရားနှင့် ထိန်းထိန်းသိမ်းသိမ်း လုပ်တတ်သည့် စရိုက်အရ သူ့ကိုယ်သူ  အဆီပိတ်ပြီး အရုပ်ဆိုးလာမည်ကို ခွင့်ပြုမည် မဟုတ်ကြောင်းခန့်မှန်းမိသည်။

တကယ်လို့ သူက Lu Tian chen ကို အရမ်းချစ်တဲ့သူဖြစ်ရင် သူက Lu Tian chen ဘယ်လိုဖြစ်ဖြစ် ချစ်ခင်မြတ်နိုးဖို့ ဆန္ဒရှိလာလိမ့်မယ်လို့ Tang Feng ခံစားရတယ်။

"မင်းက ဘယ်သူလဲ?"

လျစ်လျူရှုခြင်းနှင့်ကြမ်းတမ်းသောလေသံတို့ဖြင့် ပြည့်နှက်နေသော်လည်း Tang Feng  နှင့် ရင်းနှီးနေသည့် အသံကြောင့်  Tang Feng  မတုံ့ပြန်မီ စက္ကန့်ပိုင်းမျှ ကြာသွားခဲ့သည်။


"Charlesလား?"

အသံရဲ့ ဦး တည်ချက်ကို ကြည့်ရင် သူ့အခန်းထဲမှာ လေးလကျော်ပျောက်ကွယ်သွားတဲ့ ဝက်ဝံကြီး တစ်ကောင်ပဲ ဖြစ်တယ်။ ချားလ်စ်သည် ဝတ်ကောင်းစားလှ ဝတ်ထားပြီး အရပ်ရှည်ပြီး ရုပ်ချောနေသေးသည်၊ ချားလ်စ်သည် တံခါးမခေါက်ဘဲ ငြိမ်ငြိမ်လေးနှင့် သူများအခန်း ထဲခိုးကြောင် ခိုးဝှက် ဝင်ရသည်ကို ကြိုက်သည်။  

Charles ကိုတွေ့ပြီးတဲ့နောက် Tang Feng က Charlesက   Lu Tian chen ထွက်သွားတဲ့အချိန် ဘာကြောင့် ပေါ်လာတာလဲလို့ ပထမဆုံးတွေးလိုက်မိသည်။

သို့သော် သူ၏လက်ရှိပုံစံကို Charles ကြောက်လန့် သွားမလားဆိုတာကို  Tang Feng သိချင်လာသည်။

ရုတ်တရက် အံ့သြသွားပြီး သူ့ကို အကဲခတ်ဟန် ခြေဆုံးခေါင်းဆုံးကြည့်နေသည့် မှတ်မိဟန်မတူသည့် Charles ကိုကြည့်ပြီး နည်းနည်း စိတ်ပျက်သွားမိသည်။

 
"Charles၊ မင်း ငါ့ကို မမှတ်မိဘူးလား"

 နူးညံ့သောအသံသည် ကြည်လင်စွာ စီးဆင်းနေသော ရေနှင့်တူသည်၊ ဤအေးမြသော ဆောင်းရာသီ၌ မကြာမီနွေးထွေးသောနွေ ဦး ကို သတိရ လာစေသည်။

ဤအသံသည် Charles   စွဲမက်ခဲ့ရသည့် အသံဖြစ်သည်။ သူက မည်မျှပင်မိုက်မဲပါစေ၊ ဝဖြိုးသော အသားအရေနှင့် ဤအဆီပိုရှိသောလူသည် မည်သူဖြစ်မှန်းက သူ ခန့်မှန်းနိုင်ခဲ့သည်။

 
"Tang... Tang ....Tang... Tang Feng?!"

စကားထစ်နေတဲ့ Charles က ရေချိုးခန်းတံခါးနား တစ်ခြမ်းကိုဖွင့်လျက် ရပ်လိုက်သည်။ ဤအံ့သြသောအကြည့်သည် Tang Feng ၏ အဆီတွေနှင့် ဝမ်းဗိုက်ကြီး တုန်ခါသွာအောင့််ရယ်မောစေခဲ့သည်။ ဝက်ဝံကိုစစ်ဆေးရတာ အရမ်း ရယ်ရတယ်။  မကောင်းဆိုးဝါးဝိညာဉ်သည် ယခု သူ့ကို တိတ်တဆိတ် ငေးကြည့်နေသည်၊ ရှေ့နှင့်နောက် အကြား ကွာခြားချက်က ကြီးမားလွန်းလှသည်။

"ဟုတ်တယ်၊ ငါပဲ"

Tang Feng သည် ဤဝက်ဝံကြီးအားလှောင်ပြောင်ရန် ဆုံးဖြတ်လိုက်ပြီး Charles ရှိရာသို့ လာခဲ့သည်၊ အတိတ်တုန်းကလို စိတ်အားထက်သန်မှုဖြင့်   Tang Feng သည် Charles ၏အားကောင်းသော ရင်ဘတ် ကြွက်သားပေါ်သို့ တက်ကြွစွာ လက်တင်လိုက်သည်။


"ငါက မင်းကို အံ့သြသွားစေလား။"

"မင်း ခုလို အံ့သြအောင် မလုပ်လို့ မရလား။ ငါ့ လန့်လို့ သေတော့မယ်  !"

Charles သည် Tang Feng ကိုကြည့်ပြီး တစ်စုံတစ်ခုကို အကဲခတ်ကာ စဉ်းစား နေပုံရသည်။

"ငါ မင်းကို မတွေ့တာကြာပြီ၊ ငါ့ကို သတိရလား၊ ငါကတော့ မင်းကိုလွမ်းနေတာ"

Charles ၏ရင်ဘတ်ကို ညင်သာစွာ ကိုင်တွယ်၍ Tang Feng သည် Charles ၏နောက်ထပ်တုံ့ပြန်မှုကို စောင့်ဆိုင်းနေဆဲဖြစ်သည်။

 Tang Feng  ပြောနေတာကို Charles ကြားပုံမပေါ်ဘူး၊ စိတ်ရှုပ်ထွေးစွာနဲ့ "အာ" လို့ပြောလိုက်တယ်။

အင်း၊ ငါ့ကိုယ်ငါ တကယ်ကိုကြောက်ခဲ့တယ်။ အခု  ဖြစ်နေတာကို ငါ လုံးဝလက်မခံနိုင်ဘူး။

Tang Feng ရယ်လိုက်ပြီး သူတစ်ခုခုပြောလိုက်တော့ Charles ဆိုသည့် အရူးဝက်ဝံ၏ အမူယာက ဆိုးသွမ်းကြမ်းတမ်းသောဝက်ဝံအဖြစ်သို့ ရုတ်တရက် မျက်နှာ အမူယာ ပြောင်းသွားသည်မှာ အံ့သြစရာကောင်း လှသည်။

သူ ဒေါသထွက်သွားမှာလား။ Tang Feng မသိတော့ပေ။

"တကယ်ကို မိုက်ရိုင်းတယ်! သေစမ်း..တကယ့်ကို သေလိုက်စမ်း...."

သူ ပါးစပ်ကိုဖွင့်လိုက်သည်နှင့် Charles က Tang Feng ၏ပခုံးကို လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာဆုပ်လိုက်ပြီး Tang Feng အပေါ်ကို အပေါ်အောက် ကြည့်နေသည်။

"ငါ့ ဘေဘီလေး Tang Feng၊ မင်း ဘယ်လိုဖြစ်သွားတာလဲ၊ ငါ အရမ်းစိတ်ဆင်းရဲတယ်၊ Lu Tian chen ဆိုတဲ့ အရူးတစ်ယောက်က မင်းကို ဒီလိုမျိုး ဂရုစိုက်တယ်ဆိုတာ ငါ မယုံသင့်ဘူး!"

"မင်းမျက်နှာက ဘာလို့အဝါရောင်ဖြစ်နေတာလဲ၊ နေမကောင်းဖြစ်နေ တာလား"

Tang Feng ၏မျက်နှာပေါ်မှ သူ့လက်ကိုတို့ထိ လိုက်ပြီးနောက်  မိတ်ကပ်တွေ စွန်းထင်းလာခဲ့သည်။

 "ပျက်သွားပြီ!"

"ဒါက ... "

"ငါ မိတ်ကပ် မဖျက်ရသေးဘူး၊ မင်း ငါ့ကို ခဏ စောင့်ပေးဦး..."

သူ ဆက်ကစားရင် Charle က ကြောက်ပြီး ရူးသွားလောက်တယ်။

 
Tang Feng က Charles ကို ရေချိုးခန်းထဲကနေ အရင်တွန်းထုတ်လိုက်သည်။ သူသည် မျက်နှာပေါ်ရှိ မိတ်ကပ်ကို လျင်မြန်စွာသုတ်လိုက်သည်။ ပြီးတော့  ဆံပင်ကိုအနည်းငယ်ဖြီးလိမ့်မည်။  ဆံပင်ပုံစံပျက်သွား ပေမယ့် သူက  အမှန်တကယ် ခေါင်းဖြီးလိုက်တော့ သူ့ရုပ်က အရမ်းကြီး အရုပ်ဆိုးတာ မဟုတ်တော့ဘူး။

မိတ်ကပ် မရှိတော့ သူ့ အသားအရေကပြန်ဖြူ လာပေမယ့် မျက်နှာပေါ်မှာ အဆီတွေက ကျန်နေသေးတယ်။

Tang Feng ထွက်သွားသောအခါ Charles သည် ယခုဖြစ်နေသောအရာကို စိတ်ထဲ ပြန်တွေး နေသည်။  ယခု သူသည် ဆိုဖာပေါ်တွင်ထိုင်နေပြီး Tang Feng ၏ဇာတ်ညွှန်းစာရွက်ကို စားပွဲပေါ်ကနေ ယူကြည့်နေသည်။

"မင်း တကယ်ရဲရင့်တဲ့ သရုပ်ဆောင်ပဲ ရုပ်ရှင်တစ်ကားကိုရိုက်ဖို့အတွက် မင်းရဲ့ ကိုယ်အလေးချိန်တက်အောင် လုပ်ခဲ့ပြီး အခု
ဒီလို ရုပ်ဆိုးတဲ့ မိတ်ကပ်လိမ်းထားတာက ဒီရုပ်ရှင် အတွက်ပဲလား"

 Charles က ဇာတ်ညွှန်းကို သူ့လက်ထဲလွှဲပေးလိုက်ပြီး မေးလိုက်တယ်။

 "ငါ အဲဒါကို ခဏကြည့်နေခဲ့တယ်။ ဇာတ်ညွှန်းထဲမှာ မင်းရဲ့ ပြိုင်ဘက်ရဲက မင်းကို တကယ်ကို လိုက်ကြိုက်နေတာပဲ။ "

"မင်း အရမ်းစဉ်းစားလွန်းနေပါပြီ။ တကယ်တော့ ရဲက  စိတ်ဖောက်ပြန်နေတဲ့လူသတ်သမားဖြစ်တဲ့ ငါ့ကို လိုက်ရှာနေတာပါကွာ...."

Tang Feng က ဆိုဖာပေါ်ဝင်ထိုင်ပြီး   Charles က သူ့ကိုထပ်စိုက်ကြည့်နေတယ်။

Tang Feng က တစ်ဖက်လူကိုပြုံးပြလိုက်တယ်။

"ငါ ကြည့်ကောင်းလား?"

 "ဒါက အရင်ကနဲ့ နည်းနည်းကွာတယ်၊ တကယ် ထူးဆန်းတယ်"

Charles က  Tang Feng့ရဲ့မေးစေ့ကိုလက်တစ်ဖက်နဲ့ ပွတ်လိုက်ပြီး Tang Feng ကို အူတူတူကြည့် လိုက်တယ်။

 "မင်း အဆီတွေ ရှိနေပြီပဲ အချစ်လေး...မင်းဆီမှာ  မေးစေ့သေးသေးလေးတစ်လုံးတောင် ရှိလာသေးတယ်"

"ငါ အခုပျော့နေပြီ"

ဒီည မင်း ငါ့ကို  လုပ်နိုင်တယ်ဆိုတာ ငါ မယုံဘူး။

 Charles ၏သဘာဝကိုသိသော Tang Feng သည် ဤဝက်ဝံအကြောင်းကို ကောင်းကောင်း သိနေသည်။  ညဉ့်လယ်မှာဒီဝက်ဝံရဲ့ ရုတ်တရက် အံ့သြစရာ တိုက်ခိုက်မှုက သူ့ကိုကျန်းမာရေးနဲ့ မညီညွတ်တဲ့ အားကစားတစ်ခုခုလုပ်ဖို့သေချာစေလိမ့်မယ်၊ သူတို့က တစ်ယောက်နဲ့တစ်ယောက်မတွေ့တာ လေးလကျော်ပြီဖြစ်လို့ ဝက်ဝံက အရမ်း  စိတ်အား ထက်သန်နေသည်။

ဟုတ် တယ်၊ Charles က သူ့ကို စိတ်ဝင်စားတုန်းဘဲ။

"ငါ အဲဒါကို ထိကြည့်လို့ရမလား?"

"ရတယ်။"


ခွင့်ပြုချက်ရလာသဖြင့် Charlesက အနားကို ချက်ချင်း ရောက်လာပြီး Tang Feng ၏နူးညံ့သောပါးပြင်ကို ိုပထမဆုံးဆုပ်ကိုင်ကာနောက်တစ်ကြိမ် ထပ်ပွတ်လိုက်သည်။

"ဟေ့! မင်း ငါ့ကို ညစ်နေတယ်!"

 Tang Feng သည် အလျင်အမြန် နောက်ကို ဆုတ်လိုက်သည်။ ဤကဲ့သို့ သူ၏မျက်နှာကို  ဘယ်သူကများ ညစ်ထားမှာလဲ...

 
Charles သည် သူ၏လက်များကိုချလျက် Tang Feng ၏ခန္ဓာကိုယ်နှင့်ခြေထောက်များကို တို့ထိလိုက်ပြီးနောက်ဆုံးတွင် နိဂုံးချုပ် အသက်ပြင်းပြင်းရှူလိုက်သည်။

"ခန္ဓာကိုယ်ပေါ်က အသားတွေက မိတ်ကပ်မဟုတ်ပဲ တကယ် အစစ်အမှန်တွေပဲ"
 
ဒါပေါ့။ ဒီအဆီတုံးတွေက မိတ်ကပ်မဟုတ်ပဲ တကယ်ပဲပေါ့ကွ....

Tang Feng က Charles ရဲ့ မျက်လုံးတွေကို မျက်စင်းခတ်ပေးလိုက်ချင်တော့သည်။

 
"မဟုတ်ဘူး၊ အဲဒါဆို အဆင်မပြေဘူး။ မင်းရဲ့ ကြွက်သားတွေ ရှိနေသေးလား။ ငါကြည့်ချင်တယ်။ "


"တကယ်ကြီးလား.... "

သူက စိတ်မရှိပါဘူး။  Charles က ဒါကိုကြည့်ချင်လည်း ပြလိုက်လို့ရပါတယ်။ သူတို့နှစ် ဦး စလုံး အဝတ်အစားမပါဘဲ တစ်ယောက်နဲ့ တစ်ယောက် အကြိမ်များစွာတွေ့ ခဲ့ဖူးပါတယ်။

Charles သည် သူ၏အ ၀ တ်များကို ကြယ်သီးများဖြုတ်နေစဉ် Tang Feng ကမေးလိုက် သည်။

"မင်း  အချိန်ဒီလောက်ကြာအောင် လူ မသိအောင် နေရမှာ မဟုတ်လား။ နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုက အရာရှိ အိုင်ဗင် က ငါ့ဆီကို အရင်လာပြီး မင်းကို သူနဲ့ပြန်လည် ညှိနှိုင်းစေချင်တယ်။ ငါ သူ့ကို သတင်းပို့ ပေးလိုက်ရမလား  "

"သူတို့ကို မစိုးရိမ်ပါနဲ့၊ အဲ့ဒီ သောက်ခွေးတွေ..... သူတို့က မင်းကိုထပ်ပြီး ဒုက္ခပေးသေးလား"

ထိုလုပ်ရပ်က Tang Feng ၏ ကုတ်အင်္ကျီကို အလျင်အမြန်ဖယ်ရှားလိုက်ပြီး Charles သည် သူ၏  ဆွယ်တာကိုချွတ်ရန် လုပ်စပြုလာသည်။ အခုကဆောင်းရာသီရောက်နေပြီဆိုတော့ သူကအဝတ်အစား ပိုဝတ်ထားတာပေါ့။

တကယ်တော့ Tang Feng မှာ အ ၀ တ်တွေအများကြီး ဝတ်ထားတာကလွဲလို့ အဆီ အများကြီးမရှိပါဘူး။ အမှန်တော့ သူ့အင်္ကျီကိုချွတ်ပြီးနောက် သူ့အဆီတွေ ပိုထင်ရှားလာသည်။

 
"ဗိုက်ကြွက်သားတွေတော့ ကုန်ပြီ"

Charles သည်ရှေးဟောင်းပစ္စည်းများကဲ့သို့နူးညံ့သောအသားကို ဂရုတစိုက်ကိုင်လိုက်သည်။

 "ကလေးလေးရဲ့ ဗိုက်ကို ထိရသလိုခံစားရတယ်။ "

"" မင်းက ကလေးကို ထိဖူးလို့လား။ "

Tang Feng သည် အလွန်သံသယ ၀ င်သွားသည်။

"မဟုတ်ဘူး၊ ဒါပေမယ့် ဒါက ငါဘယ်လိုခံစားရလဲဆိုတာ ပြောပြတာ၊ အိုဘုရားသခင်၊ ငါ နည်းနည်းစိတ်လှုပ်ရှားနေပြီ"

Charles သည် ရုတ်တရက် သူ၏လက်ကိုဖွင့ ်၍  Tang Feng  ကိုပွေ့ဖက်လိုက်သည်။ Tang Feng ကို တင်းကျပ်စွာပွေ့ဖက်လိုက်ပြီး ဆိုဖာပေါ်ပစ်ချလိုက်သည်။

"Charles!"

ဒီကောင် ဘာလုပ်နေတာလဲ။ Tang Feng က တအံ့တသြနဲ့ပြောတယ်။

"မင်းအခု ငါ့ကို ဒီလို လုပ်ချင်သေးတာလား။  မင်းနောင်မှာ နောင်တ မရတာသေချာလား၊ လုပ်နေတုန်း တန်းလန်း အလယ်လောက်မှာ နောင်တမရ။ မင်း ရူးသွားလိမ့်မယ် "

 "အန်ချင်စရာတွေ မပြောစမ်းပါနဲ့ကွာ... ငါ့ရဲ့ဘေဘီ အသည်းတုံးလေး.... ငါက မင်းကို ခုလိုပျော့ညံ့တဲ့ လူတစ်ယောက်ကို တကယ်ပွေ့ဖက်ခဲ့တာမဟုတ်ဘူး၊ ငါ့ကို အံ့သြစေချင်တာ မဟုတ်လား။  ဟုတ်တယ်၊   မင်းအခု အသားကျနေပြီ ထင်တယ်။ အိုး ဘုရားသခင်၊ မင်း စိတ်လှုပ်ရှားလွန်းလို့ သေဖို့ ပြင်ထားပေတော့...   ဘာပဲဖြစ်ဖြစ် ငါ မင်းအတွက် အသက်သေသေ လုပ်မှာပဲ.. မင်းကို  သုံးရက်သုံးညလောက်ပဲ လုပ်နိုင်မယ် ထင်တယ်   "

"ငါ့ကို ချစ်တင်းမနှောနဲ့!"

မကောင်းတော့ဘူး၊ သေစမ်း.... Charles က သူ့ဘောင်းဘီကို ဘယ်တုန်းက ချွတ်လိုက်တာလဲ။

"ငါက ချစ်တင်းနှောတာ တစ်ခုတည်းဘဲ လုပ်ချင်တယ်၊ ကလေးလေး...  မင်း ဒါကို စိတ်ကူးယဉ်ဖူးလား။ ငါဒီလိုမျိုး လေးလကျော်တောင် မလုပ်ခဲ့ရဘူး။ မင်းကလွဲပြီး ဘယ်သူ့ကိုမှ စိတ်မဝင်စားဘူး။  အရင်က  မင်းပုံစံထက် အခုပုံကို ငါ ပိုစိတ်လှုပ်ရှားတယ်ကွ....."

****-***

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now