True Star _ Vol 4_ Chapter (13): စီးနင်းခံလိုက်ရသည့် Charles

1.5K 262 14
                                    

True Star _ Vol 4_ Chapter (13): စီးနင်းခံလိုက်ရသည့် Charles



"ဘေဘီ....ကိုယ် ဘာလုပ်ပေးနိုင်တယ်ဆိုတာ ကြည့်ပါဦး"

Charles က သူ့လက်ဖဝါးကိုဖွင့်ကာ ရေချိုးခန်းထဲ ဝင်ဝင်ချင်းပြောလိုက်သည်။ ထိုအချိန် Tang Feng က ရေချိုးကန်ထဲမှာ ငုတ်တုတ်ထိုင်ပြီး ရုပ်ရှင်ကြည့်နေတာပဲဖြစ်သည်။ ချားလ်စ် တစ်ယောက် ရေချိုးခန်းတံခါးကို ဖွင့်လိုက်တာပဲ၊ Tang Feng မှာ သူ ရေချိုးတဲ့အချိန် လာမနှောက်ယှက်နဲ့ ပြောခဲ့တာကို သူ မေ့သွားတာလားလို့ တွေးနေသည်။

Charles က သူ့စကားကို မေ့မထားရင်တောင် သူက မထင်မှတ်တဲ့ ပျော်ရွှင်မှု တစ်ခုခုကြောင့် အံ့သြသွားပြီး ခုလို ဝင်လာတာ ဖြစ်လိမ့်မယ်။

"ခင်ဗျားပါ ရေအတူလာချိုးဖို့ ခုလို အကြောင်းပြချက် ပေးလိုက်တာ မဟု်တရင် ပိုကောင်းပါတယ်။"

Tang Feng သက်ပြင်းချကာပြောလိုက်မိသည်။ သူ့ရဲ့ ရှားရှားပါးပါး ရေချိုးရင်း ဇာတ်ကားကြည့်ရသည့် ဇိမ်ကျသည့် ကိုယ်ပိုင်အချိန်လေးများက ဒီဝက်ဝံကြီးကြောင့် ပျက်စီးသွားခဲ့လေပြီ။ ရေချိုးကန်ရဲ့ အစွန်းကို မှီပြီး ထထိုင်လိုက်စဉ် Tang Feng က ခေတ္တရပ်ရန် ခလုတ်ကို နှိပ်လိုက်သည်။ သူက ရုပ်ရှင် ကြည့်နေတာ ဇာတ်ကား တစ်ဝက်ကျိုးနေပြီး အခုက ဇာတ်ရှိန်အမြှင့်ဆုံးအပိုင်းကို ရောက်နေပြီလေ။

ဇာတ်ကားကြည့်တယ်ဆိုတာ ရိုလာကိုစတာစီးနေသလိုပဲ။ အရှိန်နှေးနှေးနဲ့ တဖြည်းဖြည်း အမြင့်ကို တက်လာပြီး နောက်ဆုံး ထိပ်ကိုရောက်လာချိန်....ရင်ခုန်လှုပ်ရှားဖို့ အသင့်ဖြစ်နေပြီ။ အဲ့ဒီအချိန် ခုလို နှောက်ယှက်ခံလိုက်ရတာ စိတ်ထဲမှာ သိပ်တော့ မသက်မသာ ဖြစ်မိတာ အမှန်ပဲ။

Tang Feng သည် တရားခံကို ခေါင်းစောင်းကာ ကြည့်လိုက်ပြီး စိုစွတ်နေသော သူ့ ဆံပင်များကို နဖူးပေါ် လှန်တင်လိုက်သည်။ Tang Feng ရုပ်ရှင်ကြည့်နေတာကြောင့် ရေချိုးခန်းထဲက အလင်းရောင်ကို မှိန်ထားသည်။ ရေချိုးခန်းထဲမှာ အဖြူရောင် ရေခိုးလေးတွေ လွှမ်းနေပြီး မထင်မှတ်ပဲ ဒီနေရာက အိပ်မက်ထဲ ရောက်နေသလို ခံစားချက်ကိုပေးစွမ်းနိုင်သည်။

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now