Chapter (56)_ ရွေးချယ်မှု

1.8K 374 10
                                    

Chapter (56)_ ရွေးချယ်မှု



"ဒီလိုမျိုး ငါ့ကို သတိနဲ့ ကြည့်နေစရာ မလိုပါဘူး။ ငါ ဒီကို ရည်ရွယ်ချက် နှစ်ခုနဲ့ လာခဲ့တာ၊ ပထမ တစ်ချက်ကတော့ အင်တာပိုလ် အနေနဲ့ လက်နက်ကိုင် အဖွဲ့တွေရဲ့ ဖမ်းဆီးထားတဲ့ ဓားစာခံ တွေကို ကယ်တင်ဖို့ အမိန့်ပေး လိုက်တာ၊ ဒုတိယ အနေနဲ့ ရိုးရိုးသားသား ညှိနှိုင်းဖို့ ဖြစ်ပါတယ်။ "

ဂူထဲက ခြောက်သွေ့တဲ့မြေပေါ်မှာ ပေါ့ပေါ့ပါးပါးထိုင်ပြီး အိုင်ဗင်ဟာ မြေပြင်ပေါ်က သစ်ကိုင်းခြောက်တွေနဲ့ သစ်ရွက်တွေကို သုံးပြီး မီးတောက်အောင် လုပ်ဖို့ ကြိုးစားလိုက်တယ်။ မီးတောက်လာတော့မှ

မီးရောင်နဲ့ Tang Feng က သူတို့ရောက်နေတဲ့ ဂူကို လှမ်းကြည့်လိုက်သည်။ ဒီဂူက အတော်လေးနက်သည်။ အထဲမှာ မီးထွန်းထားရင်တောင် အပြင်က မမြင်ရပေ။

သူတို့ဝင်လာတဲ့အချိန်တုန်းက အိုင်ဗန်နဲ့ နတ်ဆိုးလေးက ဂူဝင်ပေါက်ကို ပိတ်ဖို့ ပေါင်းပင်ခြောက်တွေကို သုံးပြီး ဖုံးအုပ်ထားခဲ့သည်။

လှိုဏ်ဂူထဲက မြေပြင်က အတော်လေး သန့်ရှင်းပြီး အနည်းငယ် သန့်စင်သွားပုံရသည်။ ကြည့်ရတာ အိုင်ဗန်က သူတို့ကို ရည်ရွယ်ချက်ရှိရှိနဲ့ ခေါ်ခဲ့ပြီး ဒီကို အရင်က သူ ရောက်ဖူးတယ်ဆိုတဲ့ သဘောပဲ။

"ဒီလှိုဏ်ဂူကို မင်းဘယ်လိုတွေ့တာလဲ။"

Tang Feng က အိုင်ဗင်ကို မေးလိုက်သည်။

အိုင်ဗင်က မီးကို တောက်လာအောင် အနည်းငယ်မှုတ်လိုက်ပြီး Tang Feng ကို ကြည့်ပြီး ပြောသည် ။

"ကျွန်တော် မနေ့က ဒီကို ရောက်လာခဲ့တယ်၊ နေရာအနေထားကို သေချာလေ့လာပြီး ကြိုတင်ပြင်ဆင်ထားခဲ့တာပဲ။ ကျားတွင်းထဲကို ဖောက်ဝင်ဖို့ စိတ်စောနေတဲ့သူတွေနဲ့ မတူဘူး။"

အိုင်ဗင်က စစ်သွေးကြွတွေရဲ့စခန်းကို ဖောက်မဝင်ခင် ဒီ ်ပတ်ဝန်းကျင်နဲ့ သူ့ကိုယ်သူ အရင်ရင်းနှီးအောင် သေ ချာ လေ့လာခဲ့ပြီး မှောင်မိုက်တဲ့ညမှာတောင် အလွယ်တကူ ဖောက်ထွက်နိုင်မယ့် လမ်းကြောင်းတွေကို ကြိုတင်အတည်ပြုခဲ့ပြီးလို့သာပေါ။ ဒီလိုမှမဟုတ်ရင် Tang Feng နဲ့ နတ်ဆိုးလေးကို စစ်သွေးကြွတွေ လက်ထဲကနေ ကယ်တင်ပြီး ဒီလောက်မြန်မြန်ဆန်ဆန် ခေါ်ဆောင်လာနိုင်မှာ မဟုတ်ဘူး။

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now