True star _ Volume III- Chapter (44)- ကိုယ်အလေးချိန်တက်ခြင်း

2.1K 447 19
                                    

True star _ Volume III- Chapter (44)- Gaining Weight -  ကိုယ်အလေးချိန်တက်ခြင်း



Lu Tian chen သည်မြေအောက်ကားပါကင်သို့ တိုက်ရိုက်သွားပြီးကားကို ယူလာကာ Tang Feng ကိုပြန်ခေါ်ခဲ့သည်။

"သူက မင်းကိုဘာအကြောင်းတွေ ပြောနေတာလဲ"

 သူကရှေ့ ထိုင်ခုံတံခါးကိုဖွင့်ရင်းမေးသည်။

"ချားလ်စ်အကြောင်းကလွဲရင် အိုင်ဗန်က ကျွန်တော့်ကို တခြားအရာနဲ့လာတွေ့မှာမဟုတ်ဘူး။

Tang Feng က ခါးထောက်ပြီး ကားတံခါးကိုမှီလိုက်တယ်။ Lu Tian chen သည် အခြားတစ်ဖက်သို့လျင်မြန်စွာ တက်လိုက်သည်။

"သူက မင်းကို Charles ဘယ်မှာလဲလို့ ထပ်မေးနေ တာလား။ "

ကားသော့ကိုဖွင့်လိုက်ပြီး  Lu Tian chen သည် ကားကိုအဆောက်အ ဦးထဲ မှမောင်းထွက်လာခဲ့သည်။ စည်ကားနေတဲ့မြို့ကြီးရဲ့ အထက် ညကောင်းကင်တွင် နီယွန်မီး အလင်းတန်းများနှင့် ကြယ်ရောင်တွေက ထင်ဟပ်နေသည်။  

"ဒီအကြောင်းရာမှာ Charles အကြောင်းပါနေတယ် ဆိုတာကို ကျွန်တော် မသိတာ သနားစရာဘဲ။ ကောင်းပြီ၊ ဒီခေါင်းစဉ်အကြောင်းပြောနေတာကို ရပ်လိုက်ကြ ရအောင်၊  ဒီအကြောင်းကိုပြောတဲ့ အခါမကြာခင် ကျွန်တော် မူးလာတော့မယ်  "

ထိုင်ခုံနောက်ဘက်တွင်ခေါင်းကိုမှီကာ Tang Feng သည်ပြတင်းပေါက်ကိုဖွင့်ကာအသက်ပြင်းပြင်းရှူလိုက်စဉ် အေးမြသောညလေနုအေးသည် သူ့ဆံပင်ကို လေထဲ တလွှင့်လွှင့်ဖြစ်လာစေသည်။

 

"ပြတင်းပေါက်ပိတ်လိုက်တော့...မိုးရွာနေတယ်။"

သူ့ရှေ့တွင် လက်ကိုကိုင်ကာ Tang Feng က မျက်လုံးကိုအနည်းငယ်ဖွင့်လိုက်ပြီး လမ်းဘေးတွင်  မရေမတွက်နိုင်သောငွေရောင်အပ်များက လွင့်မျောနေသလို ရှုခင်းကို ငေးကြည့်နေလိုက်သည်။  

"ခင်ဗျား ညမောင်းတာ အဆင်ပြေရဲ့လား။ ဘာမှ ထူးခြားတာမရှိဘူး ဆိုရင်တော့ မောင်းပါ၊ ကျွန်တော့်ကို အလျင်စလို ပြန်ပို့စရာမလိုဘူး  "

 သူတို့ကားက စည်ကားလှသော စီးပွားရေးလုပ်ငန်း များစွာရှိသည့် လမ်းများကိုဖြတ်သန်း ခဲ့သည်။ နီယွန်မီးများအောက်တွင် မြို့၏ညဉ့်အချိန်ကို ပျော်မွေ့နေကြသူများ၊ မိုးဖွဲလေးများကြားတွင် ရယ်မော။ ပြေးလွှားနေသောငယ်ရွယ်လှပသော မိန်းကလေးငယ်များ၊ သို့မဟုတ် ချစ်ခင်သောအမျိုးသားနှင့်အမျိုးသမီးနှစ် ဦး သည် တစ် ဦး ကိုတစ် ဦး ငေးကြည့်နေကြသည်။

" အပြင်လောကကိုကြည့်ရတာ တခါတလေကျရင် ကျွန်တော့် အတွက် အစစ်အမှန် မဟုတ်ဘူးလို့ခံစားရတယ်။"

 Tang Feng က လေအေးကို မှုတ်ထုတ်ကာ ပြောလိုက်သည်။

"အအေးမိ လိမ့်မယ်။ "

ကားဘေးရှိပြတင်းပေါက်နားမှာ ပါးကို အပ်ကာ အပြင်ကို ကြည့်နေသည့် လူရှိသလို ကား စတီယာရင်ဘီးကို လက်တစ်ဖက်တည်းနှင့်ဆုပ်ကိုင်ထားပြီး ဘေးကလူငယ်လေးကို ငေးကြည့်ကာ မောင်းနေသည့်လူတစ်ယောက်လည်း ရှိသည်။

 ကားထဲက ငြိမ့်ညောင်းသည့် သီချင်းသံက လွှင့်ပျံနေပြီး  မိုးစက်တွေပက်ဖြန်းသည့် ညအချိန်က လူကို ခံစားချက်တခုဖြစ်လာစေသည်။
 
Tang Feng ရုတ်တရက် မျက်လုံးမှိတ်ချင်လာပြီး ညရဲ့အိပ်မက်ထဲကို တဖြည်းဖြည်းရောက်သွားတယ်။

"Lu Tian chen၊ ခင်ဗျားကို မးခွန်းတစ်ခုမေးပါရစေ"

"အိုကေ "

" လူဆိုတာ တစ်သက်လုံးမငယ်ရွယ် မနုပျိုနိုင်ဘူး။ ဆယ်စုနှစ်များစွာကြာသောအခါ  တစ်နေ့ ကျွန်တော် အသက်ကြီးလာပြီး ဖျားနာလာမယ်  ဒါမှမဟုတ် အဝလွန်ပြီး ဆံပင်ပြောင်ပြီး ရုပ်ရည်ကျသွားတဲ့ သတ်လတ်ပိုင်းလူဖြစ်လာမယ်ဆိုရင်လည်း အဲ့အချိန်ကျရင် ခင်ဗျားက ကျွန်တော့်ကို အခု ဆက်ဆံသလို ဆက်ဆံပေးနိုင်ရဲ့လား "
 

Tang Feng ကခေါင်းကိုနည်းနည်းစောင်းလိုက်ပြီး မေးစေ့ကို လက်တစ်ဖက်နဲ့အုပ်ပြီးမေးလိုက်တယ်။

 
"ငါ မင်းကို တသက်လုံး ကောင်းကောင်းဆက်ဆံမှာပါ  "

"ဒါကငွေကြေးအကူအညီပေး မယ်ဆိုတဲ့သဘောပေါ့။ စိတ်ခံစားချက်ကော ပြောင်းသွားနိုင်လား၊ အဲဒါကို ခင်ဗျား စဉ်းစားပြီးပြီလား။"

Tang Feng သည် အနာဂတ်၌ Lu Tian chen နဲ့ ဝေးကွာသွားခဲ့ရင်  Lu Tian chen သည် တစ်စုံတစ်ဦး သူ ချစ်ခင်သူအား ငွေကြေး ထောက်ပံ့ကူညီရန်  ရှက်ရွံ့လိမ့်မည် မဟုတ်ပေ။

အရိုးရှင်းဆုံး အကူအညီသည်ငွေပေးရန်ဖြစ်သည်၊ သို့သော် Tang Feng က နောင်အနာဂတ်တွင် သူငွေပြတ်တော့မည် မဟုတ်ဟု ခံစားရသည်။

ကားသည် လူနေထူထပ်သည့်  ရပ်ကွက်မှ တဖြည်းဖြည်း မောင်း ထွက်လာပြီး လမ်း၏နှစ်ဘက်သာတွင် လူကျဲပါးလာခဲ့သည်။

 မိုးကသည်းထန်စွာရွာသွန်းနေပြီး မရပ်တန့်မီရက်အနည်းငယ်လောက် စွေနေဦးမည့်ပုံပေါ်သည်။

 
"တိတိကျကျ ပြောရရင်.... ခင်ဗျား ဘယ်လို ခံစားရမလဲ"

Tang Feng က အဓိက အချက်ကို ထပ်ပြောလိုက်သည်။
 

"ငါ မသိဘူး။"

Lu Tian chen သည် စက္ကန့်ပိုင်းမျှတုံ့ဆိုင်းသွားပြီး နောက်ဆုံးတွင် Tang Feng အား အမှန်အတိုင်းပြောခဲ့သည်။

 
"အနာဂတ်အကြောင်းကို ငါ သေချာမသိဘူး။ အနာဂတ်မှာ ငါရွေးချယ်မယ့်အရာတွေကို ငါ မသိဘူး၊ ဒါကြောင့် ငါ အခု မင်းကို အဖြေပေးခဲ့ရင်တောင် အနာဂတ်မှာ ငါက ကွဲပြားခြားနားစွာပြုမူတာ ဖြစ်နိုင်တယ်"


စကားကို တဖြည်းဖြည်းချင်းပြောနေစဉ် Lu Tian chen သည် ကား၏လမ်းဘေးမီးတိုင်အောက်၌  ကားကိုဖြည်းဖြည်းနှေးကာ ရပ်တန့်လိုက်သည်။

သူတို့မှာခံစားချက်တွေရှိနေရင်တောင် တစ်ယောက်ကို တစ်ယောက် တန်ဖိုးထားလေးစားမှုရဲ့အောက်မှာသာ ရှိနေတယ်။ တန်ဖိုးထားမှုနှင့် မူလ လှုပ်ရှားတက်ကြွတဲ့ စိတ်ဆန္ဒများမပါဝင်တော့ဘူးဆိုရင် သူတို့ကြားမှာ ဘာကျန်ခဲ့ဦးမှာလဲ...

  Lu Tian chen ဖြစ်စေ Charles သို့မဟုတ် Albert ဖြစ်စေ ဘာထူးမှာလဲ...

ဒါက Tang Feng  ရှင်းရှင်းလင်းလင်းမြင်နိုင်တဲ့ အခြေအနေတစ်ခုပါ။ သူတို့နှင့် သူ၏ရောယှက်နေသောခံစားချက်ထဲမှာ အကြောင်းအချက် အမျိုးမျိုးရှိသော်လည်း ဤအရာများသည် သူ့ကိုနှင့် သူတို့နဲ့ သေတပန် သက်တဆုံး အဆုံးစွန်ထိ အထူထူ ထိန်းထားရန်မလုံလောက်ပေ။

ဒါကြောင့် သူ့ရွေးချယ်မှုက ကြိုက်ရင် အတူနေဖို့၊ မကြိုက်တာရှိရင် ခွဲခွာဖို့ဘဲ။

လူတစ် ဦး က မင်းကို မချစ်တော့ရင် မင်းလုပ်သမျှက အဲ့ဒီလူရဲ့ မျက်လုံးထဲမှာ မိုက်မဲပြီးပျင်းစရာကောင်းနေ လိမ့်မယ်။ သူ့ရင်ထဲမှာ  အချစ်မရှိတော့ဘူး၊ စာနာစိတ်နည်းနည်းပဲ ကျန်တော့မယ်။

 ဝမ်းနည်းစရာနှင့်ချည်နှောင်ထားတဲ့ ဘ ၀ က သူ့လို ပြန်လည်မွေးဖွားလာတဲ့လူက လိုချင်တပ်မက်နေရမယ့် အရာမဟုတ်ပေ။

 
" မနေ့တစ်နေ့က အမေရိကန်ထုတ်လုပ်ရေးက ကမ်းလှမ်းတဲ့ ဇာတ်ကားငယ်တစ်ကားကို ပါဝင်မယ်လို့ ကျွန်တော် ကတိပေးခဲ့တယ်။"

Tang Feng ကပြောလိုက်သည်။

Lu Tian chen သည် သံသယအချို့ကိုပြခဲ့ပြီး Tang Feng က ဆက်ပြောသည်။

 "ကျွန်တော့်ကို ယွမ် တစ်သန်း ကမ်းလှမ်းလို့ လက်ခံလိုက်တယ်။ ကျွန်တော့်  ရွေးချယ်မှုကို ခင်ဗျား သဘောတူလိမ့်မယ်လို့မျှော်လင့်ပါတယ်။ "

"ဒါ မင်းရဲ့ရွေးချယ်မှုဖြစ်ရင် ငါ သဘောတူပါတယ်"

တစ်စက္ကန့်နှစ်စက္ကန့်မျှ တိတ်ဆိတ်နေသည့် Lu Tian chen သည် သူ့ဘက်သို့အနည်းငယ်လှည့်ကာ ပေါင်ပေါ်တင်ထားသော Tang Feng ၏လက်ကို ဆုပ်ကိုင်လိုက်သည်။

"ငါ အခုမေးခွန်းတစ်ခုကို ထပ်ဖြည့်ချင်တယ်၊ အနာဂတ်အကြောင်း ငါ သေချာမသိလို့ ငါ ကတိမပေးနိုင်ဘူး၊ ဒါပေမယ့် မင်းနဲ့အတူ ငါ အကောင်းဆုံးကြိုးစားပါ့မယ်။"

အခြားလူတစ် ဦး ၏မျက်လုံးများသည် မှိန်ဖျော့သောပတ်ဝန်းကျင်တွင်ညအချိန်တွင်ကြောင်မျက်လုံးကဲ့သို့တောက်ပပြီး ကောင်းကင်မှ ဆင်းသက်သော မသေမျိုး တစ်ယောက်ကဲ့သို့ သူ့ အသံနှင့်စကားများသည် အထူးနက်နဲပြီး လေးနက်သောခံစားချက်ကိုဖြစ်စေသည်။

"ကျွန်တော် အသက်မကြီးသေးပေမယ့် ခင်ဗျားု ပြောတာကို ကျွန်တော် နားလည်နိုင်ပါတယ်"

သူသည် ငယ်ရွယ်စဉ်ကကဲ့သို့ ယခင်အချစ်ဟောင်းကို ရရှိလိုသောစိတ်ရှိတော့မည် မဟုတ်ပါ၊ သို့သော် လူငယ်များ သည်နောက်ဆုံး၌ စစ်မှန်သောချစ်ခြင်း မေတ္တာရရှိရန် မျှော်လင့်နေကြသည်။


----*--


ရုပ်ရှင်သစ်သည် သူဘဝအတွက် စိန်ခေါ်မှု အသစ်တစ်ခု မဟုတ်ပေ။ Tang Feng သည် ဤရုပ်ရှင်ရိုက်ကူးသည့်အတွက်  Lu Tian chen, Charles နှင့် Albert တို့ကို နားလည်ပေးနိုင်လိမ့်မည် ဟုမျှော်လင့်ရင်း တိတ်ဆိတ်စွာပြုံးလိုက်သည်။ သူတို့ ထင်တာက Tang Feng ကိုသာ လိုက်ဖမ်းနေတယ် ဆိုရင်၊ ရိုက်ကူးရေးပြီးသွားရင် သူတို့နှစ်ယောက်ကြားက အရာအားလုံး အဆုံးသတ်သွားနိုင်တယ်။

မဟုတ်သေးဘူး၊ ရိုက်ကူးမှုပြီးသည်အထိ ဖြစ်နိုင်သည်။

"ဘာလဲ ?!"

ရှောင်ယု သည် ချက်ချင်းခုန်ထလိုက်ပြီး Tang Feng ၏အေးဆေးတည်ငြိမ်သောအကြည့်ဖြင့် ငေးစိုက်ကြည့်ကာ ခံစရတော့ ချက်ချင်းပင် အာဏာမဲ့သွားသလို ခံစားလိုက်ရသည်။

သူမသည် ရုပ်ရှင်ရိုက်ရန်နှင့်ပွဲများသို့ တက်ရောက်ရန် စီစဉ်ပေးရသူဖြစ်ပြီး အခုတော့ သူမရဲ့ အနုပညာရှင်က သူကဖာသာနိုင်ငံခြားမှာ ရိုက်မယ့် ဇာတ်ကားတစ်ကားကို ယူလာပြီး သူမ သဘောတူအောင် ထိုင်စောင့်နေတယ်တဲ့...

 
"ငါ ထုတ်လုပ်သူနဲ့ ဒါရိုက်တာနဲ့စကားပြောပြီးပြီ၊ နောက်တစ်လအကြာမှာ ရိုက်ကူးရေး စလိမ့်မယ်  "

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဒါကပြသနာမဟုတ်ဘူး။ Tang Feng ရှင်... ရုပ်ရှင်အကြောင်း ဘယ်အချိန်မှာပြောမှာလဲ။ ဘယ် အဖွဲ့နဲ့ရိုက်ကူးမှာလဲ။ ရှင့်ရဲ့တောင်းဆိုချက်က ဘာတွေတဲ့လဲ... အဲ့ဒါကိုပဲ ပြောပြပေးပါ   "

အသက်ပြင်းပြင်းရှူလိုက်ပြီး ရှောင်ယုက အမြန်မေးလိုက်ရသည်။

 "ကျွန်မတို့က ရှင့်အတွက်ဇာတ်ညွှန်းတစ်ခုကို တက်တက်ကြွကြွရှာနေတယ်။ ရှင်က ရုပ်ရှင်လောကထဲကို ၀ င်နှင့်နေပြီ။ ရှင့် ဒီလောက်စိတ်မရှည်နိုင်တော့ဘူးလား "

ရှောင်ယုက Tang Feng က ဇာတ်ညွှန်း ကောင်းကောင်းမတွေ့တာ လအနည်းငယ် ရှိပြီ၊ ဒါကြောင့် သူ ကိုယ်တိုင်ရုပ်ရှင်ရိုက်ဖို့နိုင်ငံခြားကိုသွားခဲ့တယ်လို့ ထင်နေတယ်။

"ငါက ရုပ်ရှင်ကောင်းတစ်ကားလို့ထင်တယ်။ ရုပ်ရှင်ရဲ့ ဒါရိုက်တာက တရုတ်မှာ လူသိ မများပေမဲ့နိုင်ငံခြားမှာ နာမည်ကြီးပြီး ထက်မြက်တဲ့ဒါရိုက်တာတစ် ဦး ဖြစ်တယ်။ ဒါပေမယ့် ဒါရိုက်တာရဲ့  ရိုက်ဟန်က စိန်ခေါ်မှုရှိတယ်၊ ငါကြိုးစားကြည့်ချင်တယ်။ "

သူက ရုပ်ရှင်ထဲမှာ  သရုပ် မဆောင်တာ လအနည်းငယ်ရှိပြီ၊ သူ တော်တော်စိတ်ကုန်နေပြီ။

Tang Feng သည် ထူးထူးခြားခြား သရုပ်ဆောင်ဖြစ်ပြီး ကြယ်ပွင့် သေးသေးလေးမဟုတ်ပါ။ သူ၏အားသာချက်မှာ နာမည်ကျော်ကြားရန် အလွန်အကျွံမလိုက်ဘဲ အနာဂတ်အလုပ်အကိုင် လမ်းကြောင်းကို သူ ကိုယ်တိုင်စီစဉ်နိုင်သည်။
 
"ဒါဆို ရှင် ကျွန်မတို့နဲ့တော့ အနည်းဆုံး စကားပြောသင့်တယ်လေ"

ရှောင်ယု သည် Tang Feng ကိုကြည့်ပြီး ဝေဖန်နေပုံရသည်။

Tang Feng က သူမ ကို လက် မြှောက်ပြကာ ရယ်လိုက်သည်

"ကောင်းပြီ၊ ငါ မှားသွားတယ်။ ဒီတခါ တော့ ခွင့်လွှတ်ပေး...  "

"ကောင်းပြီ၊ ကျွန်မက ဘာပြောနိုင်တော့မလဲ။ President  Lu ကိုယ်တိုင် ရှင့်ကို လွတ်လပ်စွာ လုပ်ခွင့်ပေးထားတယ်ဆိုပေမယ့် ကျွန်မတို့က တဖွဲ့တည်းလေ။  Tang Feng၊... ရှင် အပြင်ထွက်ပြီးရုပ်ရှင်ဇာတ်ကားရှာတယ်ဆိုတာ အကြောင်းပြချက်ရှိရမယ်။"

 
ရှောင်ယုက ငတုံးမဟုတ်ပေ။  Tang Feng က ရုပ်ရှင်ကို သူ ကိုယ်တိုင်ရုတ်တရက် ရွေးလိုက်တာက သေချာပေါက်  အထူးအကြောင်းပြချက်ရှိရမည်။

"ဘာလို့လဲဆိုတော့ မင်းက ငါ့ကို ဒီရုပ်ရှင်ကို ခွင့်မပြုလောက်ဘူးလေ။"

Tang Feng စကားပြောပြီးတာနဲ့ ရှောင်ယုက အော်တော့သည်။

 
"ကျွန်မတို့က ရှင့်ကိုခွင့်မပြု ဘူးလို့ ဘယ်လိုသိလဲ၊ ရှင်က" Satan's Alley " လို ရုပ်ရှင်ကားကြီးတွေတောင် ရိုက်ထားပြီးပြီ မဟုတ်လား။ ဒီထက် ကိုကြောက်စရာကောင်းတာ ရှိသေးလို့လား  "

သူပြောပြီးသည်နှင့် ရှောင်ယုက စိတ်ပူလာသည်။  

" မဟုတ်ဘူး။"

Tang Feng ကခေါင်းကိုခါလိုက်တယ်။ သူက ထိခိုက်လွယ်တဲ့ပစ္စည်းတွေပါ ၀ င်တဲ့ရုပ်ရှင်တွေ အများကြီးကို  မကြိုက်ဘူး။

သက်ပြင်းချလိုက်ပြီး ရှောင်ယု ကပြောတယ်။

"ဒီရုပ်ရှင်ကိုရိုက်ဖို့ ရှင် ဆုံးဖြတ်ပြီးကတည်းက အနည်းဆုံး ကျွန်မ တို့ကို  အကြောင်းကြားရင် အခုဆိုရင် အဆင်သင့်ဖြစ်လောက်ပြီ။"

Tang Feng ကအပြုံးနဲ့ပြောတယ်

"ငါ မင်းဆီကို လုပ်ရမယ့်အရာတွေ၊ လိုအပ်တာတွေကို email  ပို့ပေးမှာပါ။ တကယ်တော့ မင်းဘာမှ ပြင်ဆင်စရာ မလိုဘူး၊ မင်း ငါ့ကို ကယ်လိုရီမြင့်တဲ့ အစားအစာ  ၀ ယ်ပေးဖို့ပဲ လိုတယ်။ "

"ကယ်လိုရီမြင့်တဲ့အစားအစာလား?"

ရှောင်ယု နားမလည်တော့ဘူး။ Tang Feng ၏ခန္ဓာကိုယ်ပုံစံသည် မှန်ကန်နေတာပဲ မဟုတ်လား။ ပိုပိန်ဖို့၊ ပိုတုတ်ခိုင်ဖို့ မလိုအပ်ပေ။

 "အင်း၊ ငါ တစ်လအတွင် ပေါင်လေးဆယ်လောက် ဝိတ်တက်ချင်တယ်။"


**-***

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now