True Star_ Volume_ 4 - Chapter (2): - င့ါချွေးမ ဖြစ်ပေးပါ....

1.8K 325 24
                                    

True Star_ Volume_ 4 - Chapter (2): - င့ါချွေးမ ဖြစ်ပေးပါ....



တကယ် တိုက်နိုင်တဲ့သူတွေဟာ ကိုယ်ခံပညာနည်းပြဆရာတွေနဲ့ မတူဘူး။

ထို့ကြောင့် Tang Feng သည် Lu Tian chen က သူ့ရှေ့တွင်ရပ်နေသည်ကိုမြင်သောအခါ သူ အနည်းငယ်စိုးရိမ်သွား သော်လည်း Lu Tian chen သည်  ခေါက်ယယ်တောင်ကို သုံးပြီး တိုက်ခိုက်နည်းလမ်းအစုံကို ပြသလိုက်သောအခါ သူ ထင်တာ မှားမှန်းသိလိုက်သည် ။ Lu Tian chen သည် သူထင်သည်ထက် စွယ်စုံရသူဖြစ်သည်။

"ဝိုး၊ ကျွန်တော်က ယပ်တောင်ဆိုတာ မိန်းကလေးတွေ အလှဆင်ရုံပဲ သုံးတယ် ထင်ထားတာ။ ယပ်တောင်ကို သုံးပြီး တိုက်တဲ့ ခင်ဗျားရဲ့ တိုက်ခိုက်နည်းတွေက ဒီလောက်  ဒီလောက်စမတ်ကျပြီး ကြည့်ကောင်းမယ်လို့ မထင်ခဲ့ဘူး။"

" Tang Feng ရဲ့ တွေးခေါ်ပုံက တခါတလေ အနောက်တိုင်းသားတချို့နဲ့ ဆင်တူတယ်"
 

  Lu Tian chenက ယယ်တောင်နှင့် တိုက်ခိုက်နည်းကို သရုပ်ပြပြီးနောက်  အနားကို ရောက်ရှိလာပြီး ခေါက်ယပ်တောင်ကို Tang Feng အား ပေးအပ်လိုက်သည်။ သူက ပြုံးပြီးပြောတယ်။
 "မင်းမမျှော်လင့်ထားတဲ့အရာတွေ အများကြီးရှိတယ်။ ငါမင်းကို ဖြည်းဖြည်းချင်း သင်ပေးနိုင်တယ်။ ရုပ်ရှင်ထဲမှာ တကယ့်ရန်ပွဲဆိုတာ မရှိဘူး။ မင်းရဲ့လုပ်ရပ်က လူတွေကို ထိတ်လန့်စေလောက်အောင် ချောမောပြီး လန်းနေသရွေ့တော့ အားလုံးအဆင်ပြေတယ်"


"Heavenly Son" ဇာတ်ကား၏ ဇာတ်ညွှန်း ကို Tang Feng ကြည့်ပြီးပြီဖြစ်သည်။ ထို ဇာတ်ညွှန်းကို နောက်ပိုင်းတွင် ထပ်မံမွမ်းမံရန် လိုအပ်သော်လည်း၊ ဇာတ်ကွက်တစ်ခုလုံးသည် များစွာမပြောင်းလဲသင့်ပေ။

Tang Feng ပါဝင် သရုပ်ဆောင်ရမယ့် ဇာတ်ကောင်ကို ထျန်းကျစ် ဟုခေါ်သည်။ ဒီဇာတ်ကားထဲမှာ တရုတ်ရိုးရာ လက်နက်မျိုးစုံကို အသုံးပြုထားပါတယ်။ အခြေခံအကျဆုံးသော လက်နက်ကိရိယာမှာ လေးများနှင့်မြှားများအပြင် ဓားရှည်တစ်လက်ဖြစ်ပြီး မျက်စိပသာဒအဖြစ်ဆုံးက ခေါက်ယပ်တောင်ဖြစ်သည်။
 

ယပ်တောင်သည်  ခပ်လိုက်ရင် လေသိပ်မရပေမယ့် ယပ်တောင်ထဲမှာ ဝှက်ထားသော အဆိပ်ပြင်းသော လျှို့ဝှက်လက်နက်ပုံး အဆိပ်အပ်တွေ ပါရှိသည်။
 

နောက်ဇာတ်ကားက ရတော့ Tang Feng  အရမ်းပျော်တယ်။ သူသည် စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံထားတာ လုံးဝမရှိပေ။  တကယ်တော့၊ သူ့ရဲ့အဓိက စီးပွားရေးလုပ်ငန်းက ရုပ်ရှင်ရိုက်ခြင်းသာ ဖြစ်သည်။   ရုပ်ရှင်တွေ ဆက်တိုက်ရိုက်နေပါက၊ သူ့ဈေးနှုန်းက လျင်မြန်စွာ တက်လာနိုင်ပြီး၊   ပျော်ရွှင်မှုကို ယူဆောင်လာပေးနိုင်မယ်ဆိုရင် အကောင်းဆုံးပေါ့။

မင်း ငွေများများဝင်ချင်တယ်ဆိုရင် လူကြိုက်များပြီး ပေါက်လောက်တဲ့ ဇာတ်ကားထဲ ဝင်ရောက်ရင်းနှီး မြှုပ်နှံနိုင်တယ်။ ဒါပေမယ့် တကယ့် အနှစ်သာရကို ရိုက်ပြတဲ့ လေးနက်တဲ့ ဇာတ်ကားမျိုးနဲ့ ပေါ်ပင် လူကြိုက်များတဲ့ ဇာတ်ကားမျိုးမှာ ဘယ်ဟာကိုရွေးရမလဲဆိုတာ ဒွိဟဖြစ်စရာပါပဲ။

 
လူနှစ်ဦးသည် ကိုယ်ခံပညာကို လေ့ကျင့်နေကြသောကြောင့် တစ်ခါတစ်ရံတွင်  ရင်းနှီးသော ထိတွေ့မှုတွေကြုံရမည်မှာ    မလွဲမသွေပင်။

"ယပ်တောင်ကို ဒီနည်းနဲ့ ကိုင်ချင်တယ်ဆိုရင်တော့ တည်ငြိမ်စွာ ကိုင်ထားနိုင်တယ်။ တစ်ချိန်တည်းမှာပဲ ယပ်တောင်ကို ဖွင့်ရတာ ပိုလွယ်ကူပြီး ပိုကောင်းတယ်။"

Lu Tian chen သည် Tang Feng ၏လက်ကို ကိုင်ထားပြီး ယပ်တောင် ကိုင်နည်း၊ ယပ်တောင်ဖွင့်နည်း နှင့် ယပ်တောင်ကို လှလှပပဖွင့်နည်းတို့ကို   သင်ပေးနေသည်။

Tang Feng က Lu Tian chen ပြောတဲ့အတိုင်း တစ်ကြိမ်လောက် စမ်းကြည့်ပေမယ့် ကံမကောင်းစွာပဲ အသံထွက်နေပေမယ့် ယပ်တောင်က တစ်ဝက်တစ်ပျက် ပွင့်နေတာကြောင့် ပြုံးပြီး ပြောလိုက်သည်။

"ကျွန်တော်  အကြိမ်အနည်းငယ် လေ့ကျင့်ရဦးမယ်။"

Lu Tian chen သည် Tang Feng ၏နောက်တွင်ရပ်နေပြီး မကြာမီမှာပင် Tang Feng သည် အနည်းငယ်မှားယွင်း နေတာကို  ခံစားလိုက်ရသည်။ ဥပမာအားဖြင့်၊ Lu Tian chen သည် တည်ငြိမ်သောလေသံဖြင့် ပြောသောအခါတွင် တစ်စုံတစ်ခုက သူ့အနောက်ဘက် တင်ပါးနေရာကို လာထောက်နေသည်ကို သိလိုက်ရသည်။  

Tang Feng သတိပြုမိပြီး သိပ်မကြာခင်မှာပဲ Lu Tian chen ကိုယ်တိုင်လည်း သူတို့ "ချစ်သူဟောင်း" နှစ်ယောက် ခုလို ပူးကပ်နေမိတဲ့အတွက် သူ့ အောက်ပိုင်းက ညီလေးက ထကြွလာတာကို ရှက်စရာကောင်းဖွယ်တွေ့လိုက်ရသည်။
 

"ဒီနေ့ ဒီလောက်နဲ့ တော်ကြတာပေါ့..."

Lu Tian chen သည် Tang Feng ကို ပြန်သားစွာပြောကာ  နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်သည်။ တကယ်တော့ သူ့ဘောင်းဘီက ချောင်ကျနေပြီး အောက်ပိုင်းက ထောင်မတ်နေတာကို အခြားသူတွေ  မမြင်နိုင်ခဲ့ပါဘူး။

Tang Feng က Lu Tian chen ကို ဒီလိုလုပ်ခွင့်ပေးဖို့ အစီအစဉ်မရှိပါဘူး။ သူက အလုပ်က ပထမ ဦးစားပေး ဆိုတဲ့ ပုံစံနဲ့  ပြောလိုက်သည်။


"မစ္စတာလု....ခင်ဗျား ကျွန်တာ့်ကို လူကိုယ်တိုင် သင်ပေးစရာ မလိုဘူး။ ဒါက ကျွန်တော်တို့အတွက် နည်းနည်းရှက်စရာကောင်းပုံပေါက်နေလို့ နောက်ပိုင်း အတူ ဆက်ပြီး လေ့ကျင့်မှုကို လုပ်လို့ မဖြစ်နိုင်တော့ဘူး"
 

 Tang Feng က ပြောလိုက်ပြီး Lu Tian Chen ရဲ့ အရှေ့အလယ်ပိုင်းက မတ်နေတဲ့ နေရာကို တချက် ကြည့်လိုက်သည်။

"အခုစားဖို့အချိန်ရောက်ပြီမို့ ရပ်လိုက်တော့နော်"

Lu Tian chen က Tang Feng ရဲ့လက်ကို ကိုင်ပြီး သူ့ရဲ့ မာနေတဲ့ နေရာကို အသာယာ ဖိလိုက်ပြီး အသံတိုးတိုးနှင့် စိုက်ကြည့်ကာ ပြောလိုက်သည်။
  "မင်း ငါ့ကို အခုယုံနိုင်လား? ငါ့ထက် ကိုယ်ခံပညာ နည်းပြအလုပ်အတွက် ဘယ်သူကမှ ပိုသင့်တော်မှာမဟုတ်ဘူးလို့   ပြောနိုင်တယ်။"

"အိုး...  ကျွန်တော် ယုံပါတယ်။ "

  Tang Feng က ပြောလိုက်ပြီး သူ့လက်ကို တိတ်တဆိတ် ပြန်ရုတ်လိုက်တယ်။

"မနက်ဖြန် မနက် ရှစ်နာရီအချိန်မှာ ဒီကိုလာခဲ့မယ်။"

"ကောင်းတယ်။"

Tang Feng က ကန့်ကွက်ခြင်းမရှိပါ။

မထွက်ခွာမီတွင်၊ Tang Feng သည် Lu Tian chen က သူ့ ထကြွနေမှုကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို တွေးနေမိသေးသည်။
   Lu Tian chen က လေ့ကျင့်ချိန်တိုင်း အလိုလို တုံ့ပြန်မှု ရှိခဲ့ရင် Lu Tian chen အတွက် အရမ်းခက်ခဲမှာ မဟုတ်ဘူးလား။ မေ့လိုက်ပါတော့....  အဲဒီလူရဲ့ လမ်းညွှန်မှုကို လိုက်နာရမှာပဲလေ။ ဘာပဲဖြစ်ဖြစ် ခုလို အဖြစ်ကို   တစ်ယောက်နဲ့တစ်ယောက်  မပြောနိုင်ဘူး။

ညစာအတွက် Tang Feng သည် အရသာရှိသော အစားအစာများကို အိမ်သို့ ဝယ်ကာ ပြန်လာဖို့  ပြင်ဆင်နေသည်။ သူက နတ်ဆိုးလေးနှင့် အတူ နေနေဆဲဖြစ်သည်။ နတ်ဆိုးလေး ဘယ်အချိန်ထိ သူနဲ့ အတူနေနေမယ်ဆိုတာ  သူလည်း တကယ်မသိပါဘူး။ Lu Tian chen သည် နတ်ဆိုးလေး သူနှင့်အတူ ရှိနေကြောင်း သိမနေနိုင်ဘူးလား....

   စူပါမားကတ်ထဲတွင် Tang Feng ဟာ နေကာမျက်မှန်ကြီးတစ်ရံကို ဝတ်ထားပြီး အိတ်ကြီးတစ်လုံးနဲ့ သူ့ဘာသာသူ လမ်းလျှောက်လာခဲ့တယ်။ ကုမ္ပဏီက သူ့ကို ကားတစ်စီးနဲ့ ပေးထားပေမယ့် သူနေထိုင်တဲ့ နေရာက ကုမ္ပဏီနဲ့ မဝေးတာကြောင့် လမ်းလျှောက်ပြီး ရောက်အောင် သွားနိုင်ခဲ့ပါတယ်။ သူက ခရီးနီးနီးလေးကို ကားမစီးချင်ဘူး . လမ်းလျှောက်တာက လေ့ကျင့်ခန်းလုပ်ရာလည်းကျတယ် မဟုတ်လား။

နားကြပ်တပ်ထားရင်း သီချင်းကို နားထောင်ရင်း Tang Feng သည် ရံဖန်ရံခါ စာသား အနည်းငယ် ကို လိုက်ညည်းလိုက်သည် ။ သူသည် အရိပ်ထဲတွင် အေးအေးလူလူ လမ်းလျှောက်သွားကာ ကင်မရာကို တမူထူးခြားစွာ အာရုံခံနိုင်စွမ်းရှိသော သရုပ်ဆောင်တစ်ယောက်လား မသိတော့ပေ။ Tang Feng က သူ့နောက်ကို တစ်ယောက်ယောက် လိုက်နေသလို ခံစားရဖို့ အချိန်သိပ်မကြာလိုက်ဘူး။

အစတုန်းကတော့ paparazzi လို့ထင်ခဲ့ပေမဲ့ ရှည်လျားပြီး အရွယ်အစားကြီးမားတဲ့ ဆီဒင်ကားတစ်စီး သူ့နောက်ကို လိုက်လာနေတာကို တဖြည်းဖြည်း သိလိုက်ရပါတယ်။  ဒီလောက် ပေါ်တင်လိုက်နေတာကို မတွေ့စရာ အကြောင်းလည်း မရှိပေ။
 

ဤအနက်ရောင်ဇိမ်ခံကားသည် Tang Feng ၏နောက်သို့ ဆယ်မိနစ်ကျော်ကြာအောင် လိုက်ပါလာခဲ့သော်လည်း မည်သည့်ကုမ္ပဏီမှ ပါပါရာဇီများက သူ့နောက်ကို ဇိမ်ခံကားတစ်စီးဖြင့် မလိုက်ဖူးပေ။  ဒီကားက သူ့နောက်ကို လိုက်နေတာကြောင့် လမ်းသွားလမ်းလာ တော်တော်များများက သူ့ကို လှည့်ကြည့်ကြတယ်။

Tang Feng သည် နားကြပ်ကို ချွတ်လိုက်ပြီး လမ်းဘေးသို့ လျှောက်သွားသည်။ သူရပ်လိုက်သည်နှင့် ကားလည်း ရပ်သွားသည်။

အိုကေ၊ မင်းရှေ့မလာရင် ငါ လာမယ်။ Tang Feng သည် ဇိမ်ခံကားဆီသို့ လျှောက်သွားသည်။ ကားက စထွက်ချင်ပုံပေါ်ပေမယ့် Tang Feng က အမြန်ဆုံးအရှိန်နဲ့ ပြေးပြီး ပြတင်းပေါက်ကို ခေါက်လိုက်တယ်။

"ကျေးဇူးပြုပြီး တံခါးဖွင့်ပါ။"

ကားထဲမှာ ဘယ်သူမှ ပြန်မဖြေဘဲ ပြတင်းပေါက်ကို မချပေးပဲ နေနေသည်။

Tang Feng သည် ကားရှေ့မှ ယာဉ်မောင်းကိုကြည့်လိုက်တော့ ယာဉ်မောင်းက ပခုံးတွန့်ကာ ပြုံးပြသည်။

"ခွင့်လွှတ်ပါ။ မင်းက ဘာလို့ငါ့နောက်လိုက်နေတာလဲ"

Tang Feng က ကားပြတင်းပေါက်ကို တစ်ချက်ခေါက်လိုက်ပြီး  ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

  "ကျွန်တော် ရဲကိုခေါ်လိုက်ရမလား"
 

ဒီအချိန်မှာ၊ ပြတင်းပေါက်က ဖြည်းညှင်းစွာ လှိမ့်ဆင်းလာပြီး အမျိုးသမီးတစ်ယောက်ဆီက နူးညံ့တဲ့ ခံစားချက်ဖြင့် ပြောလိုက်သည့် အသံတစ်ခု ထွက်လာတယ်

-" မင်း Tang Feng လား။ "

အခု သူဘာလို့ ကားထဲမှာ ထိုင်နေတာလဲ....

လင်ဒါအမည်ရှိ ဆံပင်ရွှေရောင်နှင့် နွေးထွေးသော  အသွင်အပြင်ရှိသော အသက်သုံးဆယ်ကျော်အရွယ် လင်ဒါ ဆိုသည့် အမျိုးသမီးသည် အဘယ်ကြောင့် သူ့အား ချွေးမကို အကဲခတ်နေသည့် ယောက္ခမ တစ်ယောက်လို ကြည့်နေတာလဲ....
 

Tang Feng က ဒီအမျိုးသမီးက တွေ့တော့ ပြောလိုက်သည်။

 "ဟား....ဟား၊ မင်းက ငါ့ကိုကြည့်နေတဲ့ပုံက ငါက ကလေး တစ်ယောက်ရှိတဲ့ သူ ကျနေတာပဲ...  "

လင်ဒါသည် ပါးစပ်ကို အုပ်ကာ ရယ်သည်။ အမျိုးသမီးတစ်ဦးကို ရယ်မောစေရန်မှာ အလွန်စိတ်ဝင်စားစရာ ကောင်းသော်လည်း Tang Feng က ကမ္ဘာကြီးသည် ငလျင်လှုပ်သည်ဟု ခံစားရသည်။

"ချားလ်စ်လို ယောက်ျားလေးမှာပဲ မင်းလို ချောမောလှပတဲ့ ငယ်ရွယ်တဲ့ မိခင်တစ်ယောက် ရှိလိမ့်မယ်လို့ ငါ မထင်ထားဘူး။"

Tang Feng က အခုချိန်ထိ သူ့ကို လက်မခံနိုင်တဲ့အချက်လို့ ပြောနေတုန်းပါပဲ။

ဤအမျိုးသမီးသည် Charles နှင့် ဆက်ဆံရေးရှိကြောင်း သူ သိသောအခါတွင် သူမသည် Charles ၏အဖော်များထဲမှ တစ်ဦးဖြစ်သည်ဟု သူ ထင်ခဲ့သော်လည်း တဖက်လူက Charles ၏မိခင်ဖြစ်သည်ဟု ဆိုခဲ့သည်။

ငယ်ငယ်ရွယ်ရွယ်နဲ့ အရမ်းလှနေပြီးတော့ သူမက အရမ်းကို ဆက်ဆီကျပြီး ဟော့တဲ့ အမေ တစ်ယောက်ပဲ မဟုတ်လား။
 

"ငါ့သား ငတုံးလေး ချားလ်စ်က ငါ့ရှေ့မှာ မင်းအကြောင်းကို အမြဲတမ်းပြောပြောနေတာ။ ဘုရားရေ..မင်းက သူပြောတာထက်    ပိုကြည့်ကောင်းတယ်။ မင်းရဲ့ အနက်ရောင်ဆံပင်နဲ့ ကြည်လင်တဲ့ မျက်လုံးတွေကို သဘောကျတယ်။"

Linda သည် အလွန်စိတ်အားထက်သန်ပြီး ကျက်သရေရှိသော အမျိုးသမီးငယ်တစ်ဦးဖြစ်ပြီး အမြဲတမ်း ချိုမြိန်သော ကိုယ်ဟန်အနေအထားဖြင့်   ရင်ဘတ်ပေါ် လက်တင်ကာ ပြောခဲ့သည်။

 "ချစ်စရာ အရှေ့တိုင်းအရုပ်လေးတစ်ရုပ်ကို ငါက အမြဲလိုချင်ခဲ့တယ်၊ ဒါကြောင့် Charles ကို မွေးတဲ့အချိန် ငါ့ အသက်ဆယ့်ခြောက်နှစ်ပဲရှိသေးတယ်။ ဒါပေမယ့် ချားလ်ရဲ့ အဖေက မကျေမနပ်ဖြစ်နေခဲ့တယ်လေ"
 

"ဆယ့်ခြောက်နှစ်သားမှာ ..."
 Tang Feng က ထူးခြားတဲ့ တစ်ခုခုကို ကြားလိုက်ရသလို ခံစားရတယ်။

"ငါ မင်းကို Linda လို့ခေါ်လို့ရမလား" အထူးသဖြင့် လှပပြီး ဆွဲဆောင်မှုရှိတဲ့ Linda လိုမျိုး အမျိုးသမီးတွေကို "အဒေါ်" လို့ခေါ်တာကို ယေဘုယျအားဖြင့် အမျိုးသမီးတွေက မကြိုက်ကြပါဘူး။

သို့သော် လင်ဒါသည် ခြွင်းချက်ဖြစ်နေပုံရပြီး သူမ ပါးစပ်ဟပြီး ခေါင်းခါကာ "အိုး၊ မဟုတ်ဘူး၊ မင်း ငါ့ကို အမေလို့ ခေါ်မယ်လို့ မျှော်လင့်တယ်။"

"ဘာကြောင့်လဲ?"

 "မြင်မြင်ချင်း မင်းကို ငါ သဘောကျတယ်။ မိန်းမတစ်ယောက်ရဲ့ ဆဋ္ဌမအာရုံက မင်းက ငါ့ကလေးလို့ ပြောနေတယ်၊ မင်းနဲ့ ချားလ်စ်ဟာ ပြီးပြည့်စုံတဲ့ လိုက်ဖက်မှုတစ်ခုပဲ။ ငါ့ တစ်သက်တာမှာ  မင်းတို့နှစ်ယောက် အတူရှိနေတာကို မြင်နိုင်ရင် ငါ့ဘဝရဲ့ ပျော်ရွှင်မှုတစ်ခုပဲ၊"

အပြာရောင်မျက်လုံးများ ကြည်လင်ပြတ်သားစွာ တဖျတ်ဖျတ်ခတ်ကာ ပြောနေသည့် Linda သည် Tang Feng ကို မျှော်တလင့်လင့်ဖြင့် ကြည့်နေသည် ။

"Tang Feng၊ ငါ့သားကို လက်ထပ်ပါ။"

"လင်ဒါ၊ ငါ မင်းကို ကတိမပေးနိုင်လို့ တောင်းပန်ပါတယ်။ Charles နဲ့ ငါ လမ်းခွဲလိုက်ပြီ။"

Tang Feng ၏ တည်ငြိမ်သော တုံ့ပြန်မှုသည် ဆန့်ကျင်ဘက် အမျိုးသမီးအား ချက်ချင်း နာကြည်းစေခဲ့သည်။ ဘယ်အချိန်မဆို ငိုမဲ့မဲ့ အကြည့်တွေက တကယ်ကို သနားစရာ။

ဒါပေမယ့် Tang Feng က ဒီပရိယာယ်ထဲကို မကျသွားဘူး။ ဘာကြောင့်လဲဆိုတော့ သူ့အသက်နဲ့    Linda နဲ့ သိပ်မကွာပါဘူး။

"အိုး မင်း ငါ့နှလုံးသားကို ဒီလို နာကျင်စေခဲ့တာလား။"

 Linda သည် Tang Feng ၏လက်ကို ဆုပ်ကိုင်ထားသည်။

 "တကယ်ပဲ မင်းကို ပထမဆုံးတွေ့ဖူးတာ မင်းက ငါ့ချွေးမမှန်း ငါသိတယ်။

"ချွေးမ?"

"Charles နဲ့နေနိုင်သရွေ့ Charles ကို မင်းရဲ့မယားဖြစ်ခွင့်ပေးပြီး မင်းကို လက်ထပ်ခွင့်ပြုဖို့ ငါ စိတ်ကူးထားတယ်။ ဒါပေမယ့်...ဘုရားရေ...မင်္ဂလာဝတ်စုံဝတ်ထားတဲ့ Charles ကို ငါ  စိတ်ကူးတောင်မယဉ်နိုင်တော့ဘူး။ အဲ့ဒါက  ကမ္ဘာပျက်တာထက် ပိုကြောက်စရာကောင်းလိမ့်မယ်"
 

"လင်ဒါ မင်းနဲ့တွေ့ရတာဝမ်းသာပါတယ် ။ ဒါပေမယ့် မင်းနဲ့ ငါက အခုမှသိတာ။ ငါတို့က တစ်ယောက်နဲ့တစ်ယောက် မသိကြဘူး..."

 Tang Feng က စကားမဆုံးခင် တစ်ဖက်လူက စကားဖြတ်ပြောခဲ့သည်။

"ကျွန်မရဲ့ ပင်ကိုယ်အသိစိတ်ကို  ယုံကြည်တယ်။"

ထိုမိန်းမရဲ့ မျက်လုံးတွေက တောက်ပနေတယ်။

မဝေးသောနေရာတွင် ရပ်ထားသော ကားတစ်စီးတွင် Charles သည် သူ၏လက်သီးကို တိတ်တဆိတ်ဆုပ်လိုက်သည်-

အမေ၊ အမေ့ သားလေးရဲ့ပျော်ရွှင်မှုက အမေ့ အပေါ်မှာ မူတည်တယ်....ဖိုက်တင်း....


=================

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now