True Star _ Volume -3 Chapter- 1 (ZawGyi+Uni)

33.3K 1K 47
                                    

True Star
Volume - 3 , Chapter - 1

အရင်တုန်းက Tang Feng က တစ်ယောက်တည်းနေတယ်။ ပိုပြီးလွတ်လပ်ပြီး  သူလုပ်ချင်တာလုပ်နိုင်တယ်။ ဒါပေမယ့် သူတယောက်တည်းနေတာက ကလေးဘ၀ကတည်းက အကျင့်ဖြစ်နေလို့ပဲဖြစ်တယ်။  ဒီလို တယောက်တည်း နေတဲ့အတွက် သူ့မှာ ဝမ်းနည်းစရာ ၊ ပျော်စရာရယ်လို့ ဘာမှမရှိပါဘူး၊  အပေါင်းအဖော်၊ မိသားစုနဲ့နေတာ ပျော်စရာ ရှိတယ်ဆိုပေမယ့် မိသားစုဝင်တိုင်းမှာ တစ်ယောက် တစ်မျိုးဆီ ပြသနာရှိကြတာပဲ။ တစ်ယောက်နဲ့ တယောက်စိတ်သဘော မတိုက်ဆိုင်တာတွေ၊ စိတ်ဝမ်းကွဲတာတွေရှိနိုင်တာပဲလေ။

တရုတ်ပြည်သို့ပြန်ရောက်ပြီးနောက် Lu Tian chen သည် Tang Feng ၏ခရီးဆောင်အိတ်များကို သူ့အိမ်သို့ ချက်ချင်းယူဆောင်လာခဲ့တယ်။ Tang Feng လည်း သူ့နောက်ကို လိုက်လာခဲ့တယ်။ အဲ့အခန်းက သူနေခဲ့ဖူးတဲ့ အခန်းဖြစ်လို့ သူ့အတွက် ဘာမှ ထူးခြားတယ်လို့ မရှိဘူး။ ဒီနေရာကို ရောက်တော့ အားလုံး အတူတူပဲ။ ဘာမှ မပြောင်းလဲဘူးလို့ ထင်ရတယ်။ တကယ့် အပြောင်းလဲက လူကိုယ်တိုင်တွေဆီမှာပဲဖြစ်တယ်။ 

Lu Tian chen က အရင်တုန်းက Tang Feng ကိုကတိပေးခဲ့ပြီး Tang Feng အတွက် ဘော်ဒါဆောင်ကိုပေးခဲ့ တယ်ဆိုတဲ့ အချက်က သိပ်ပြီး ကျေနပ်စရာ မရှိဘူးလို့ ထင်ရတယ်။ Lu Tian chen က ဒီနေရာကို " ခေတ္တတည်းခိုခြင်း" လို့ နာမည်တပ်ပေမယ့် သူ ဒီနေရာမှာ ဘယ်လောက်ကြာကြာနေရမယ်ဆိုတာ Tang Feng က မသိခဲ့ဘူး။  ဒါပေမယ့် အနည်းဆုံး လ၀က်လောက်ပဲ ဖြစ်မယ်ထင်တယ်။ သူက ဟောလိဝုဒ် မှာ ရုပ်ရှင်ကား ရိုက်ရင်း  ငွေရှာနိုင်ခဲ့တယ်။ Los Angeles က ဟိုတယ်ခတွေကို ရှင်းပေးပြီးတဲ့နောက် အခုခါ သူ အိမ်တစ်လုံး ၀ယ်လို့ လုံလောက်တဲ့ ငွေတော့ ရှိပေမယ့် လောလောဆယ် နေရာကို အရင်ရှာရမှာ ဖြစ်တယ်။

အိမ်ဌားဖို့အတွက် သူ့မှာ ငွေလုံလောက်နေသေးတယ်။ ဒါပေမယ့်  Tang Feng က Lu Tian chen နှင့်အတူနေထိုင် တာက ဘာမှမဖြစ်ဘူးလို့ ခံစားရတယ်။ တစ်ယောက်တည်း စားသောက်လိုက်၊ သရုပ်ဆောင်ဖို့အတွက် စကားပြောကျင့်လိုက် လုပ်တာထက်စာရင် အဖော်တစ်ယောက်နဲ့ စကားပြောခြင်းနှင့် သောက်ခြင်းက ပိုကောင်းတယ်လို့ ထင်တယ်။
လူတွေကသူတို့ရဲ့လျှို့ဝှက်ချက်များကိုဝေမျှပြီးတာနဲ့လူနှစ် ဦး ကြားက ကာရံထားတဲ့ နံရံ က ပါးလွှာသွားသလိုပဲ။

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now