True Star _Volume (4) _ Chapter (43) ငါ့ကို ယုံကြည်ဖို့ မျှော်လင့်တယ်

484 96 4
                                    


True Star _Volume  (4) _ Chapter (43) ငါ့ကို ယုံကြည်ဖို့ မျှော်လင့်တယ်


Tang Feng သည် အိပ်ခန်းတံခါးဝတွင် မလှုပ်မယှက် ရပ်နေပြီး ကုတင်ပေါ်တွင် အိပ်ပျော်နေသော Lu Tian chen ကို သူ့မျက်လုံးများဖြင့် မမှိတ်မသုန် စိုက်ကြည့်နေသည်။

Lu Tian chen သည် မနေ့ညက အမေရိကန်သို့ လေယာဉ်ဖြင့် ရောက်ရှိလာပြီး လေယာဉ်ပေါ်မှ ဆင်းပြီးနောက် အနားယူခြင်းမရှိဘဲ သူရှိရာကို တစ်ချိုးတည်း ထွက်လာခဲ့သည်။ Tang Feng က Lu Tian chen သူရှိသည့်နေရာကို ဘယ်လိုရှာတွေ့မှန်း မသိပေမယ့် အဲဒီလူက တစ်ညလုံး မအိပ်ပဲ သူ့ကို စောင့်ပေးနေခဲ့သည်။

ဟိုတယ်ကိုပြန်ရောက်တော့ Lu Tian chen က ရေချိုးခန်းထဲဝင်သွားပြီး Tang Feng က  အခြားအခန်းတွင် ရေချိုးပြီး  သူ့အတွက် အဝတ်အစားတွေ ပေးဖို့ လာခဲ့ချိန် ထို အမျိုးသားသည် သူ၏   အိပ်ယာပေါ်တွင် စောင်ခြုံကာ အိပ်ပျော်သွားနှင့်သည်ကို တွေ့ခဲ့ရသည်။

လုထျန်းချန်၏ ကိုယ်က ပိုမိုပိန်ပါးလာသည်ဟု ခံစားလိုက်ရပြီး သူ့ရဲ့မျက်လုံးတွေအောက်နားမှာ  အိပ်ရေးပျက်ရလွန်းလို့ အပြာရောင်သဲ့သဲ့ပင် သန်းနေခဲ့သည်။   Lu Tian chen ဟာ ပုံမှန်ဆိုလျှင် ဒီလိုအချိန်မျိုးမှာ အိပ်မောကျသွားလေ့မရှိပေမယ့် သူလည်း လူသားတစ်ယောက်ဖြစ်သဖြင့်   သူ့ခန္ဓာကိုယ်က ဘယ်လောက်တောင် ပင်ပန်းနွမ်းနယ်နေသလဲဆိုတာ ဒါက ပြသနေသည်။ သူ့ရဲ့ ပင်ပန်းမှုကို နံဘေးမှ Tang Feng ကဲ့သို့သော သာမန်လူများပင် ခံစားနေရသည်။ .

"သူ့ကို မကြည့်နဲ့တော့ ။ မဟုတ်ရင် ကိုယ် သဝန်တိုမိလိမ့်မယ်။"

Charles က  ထျန်းဖုန်း၏ကိုယ်ကို  အနောက်ကနေ ညင်သာစွာ ပွေ့ဖက်လိုက်ပြီး Tang Feng ရဲ့ပါးပြင်ထက်မှ အနမ်းတစ်ခုခိုးယူပြီး  အက်ရှစွာပြောလိုက်သည်။

"တစ်ခုခုစားဖို့ ထွက်လာတော...ကိုယ် မင်းကို မနက်စာစားဖို့  လာခေါ်တာ"

အော်စကာဆုပေးပွဲပြီး နောက်တစ်နေ့မှာတော့ သတင်းစာတွေက မနေ့ကအကြောင်းတွေ အကုန်လုံးကို ရေးသားဖော်ပြခဲ့သည်။

ဤအရာအားလုံးက ဖီးနစ်ထျန်းနှင့် ပတ်သတ်သည့် နောက်ဆုံး သတင်းဖြစ်မည်ဟု ထင်သည်။ နောင်ဆိုှလျှင် ကွယ်လွန်သွားပြီးသည့် သရုပ်ဆောင် ဖီးနစ်ထျန်းအကြောင်းကို သတင်းစာတွေထဲမှာ ခုလို ဝေဝေဆာဆာ အပြိုင်ဆိုင်ဖော်ပြသည်ကို မြင်ရဖို့ ခက်ခဲလိမ့်မည် ထင်သည်။
 
ထိုသတင်းများကို နည်းနည်းကြည့်ပြီးနောက် ထျန်းဖုန်းက သတင်းစာကို ဘေးကို ချကာ ဖျော်ရည်ကို တစ်ငုံသောက်လိုက်သည်။
  "Lu Tian chen လာမှာကို ခင်ဗျား  ကြိုသိထားတာလား?"

Charles က ထိုသတင်းမရဘူးဆိုတာ သူ လုံးဝ မယုံပေ။ ဒါကြောင့် မနေ့က  တညလုံးအပြင်မှာထိုင်ပြီး ပြန်မလာတာကြောင့် Charles က နည်းနည်းလေးတောင် အံ့သြသွားပုံမပေါ်ခဲ့ပေ။

သူနဲ့ Lu Tian chen က မနက်မိုးလင်းလို့ အပြင်ကနေ  အတူတူ ပြန်လာတဲ့အခါ Charles က  သိပ်ပြီး ထွေထွေထူးထူး တုံ့ပြန်မှု မရှိဘဲ လုထျန်းချန်ကို ပြောလိုက်သည်။
 
 "ငါ့ဘေဘီထျန်းရဲ့ လက်ကို မှုတ်ပေးလိုက်ဦး။ အပြင်မှာ ဒီလောက်အေးနေတာ... လက်တွေ အေးစက်နေတာ ကြည့်စမ်း...."
 
"ငါ့ခွင့်ပြုချက်မရှိရင် ဒီကောင် မင်းနဲ့ စင်တီမီတာဝက်လောက်တောင် မကပ်ရဲဘူး"

Charles ရဲ့ စကားအရ သူ့ခွင့်ပြုချက်မရှိရင် ဘယ်ယောက်ျားမှာ သူ့နားကို ကပ်ခွင့်မရသလို....
ဒါကိုကြားတော့ Tang Feng က မျက်စောင်းထိုးကာ  မျက်နှာချင်းဆိုင်က ချားလ်ကို  စိုက်ကြည့်ရင်း မေးလိုက်သည်။

"ခင်ဗျားရဲ့ ခွင့်ပြုချက် ဟုတ်လား...? ခင်ဗျားက  Lu Tian chen ကို ကျွန်တော့်နား ချဉ်းကပ်ခွင့်ပေးတာတဲ့လား "

Tang Feng က နူတ်ခမ်းထောင့်ကို တွန့်ကာ ပြုံးလိုက်ပြီး စားပွဲမျက်နှာပြင်ပေါ် လက်ညှိုးဖြင့် ညင်သာစွာ တဟ်ဒေါက်ဒေါက် ခေါက်လိုက်သည်။

  "  တွန့်တိုတတ်တဲ့ Charles က ဘယ်တုန်းက ဒီလောက် ရက်ရောတတ်သွား ခဲ့တာလဲ"

Charles က ပြုံးကာ မျက်လုံးတစ်ဖက်ကို မှိတ်လိုက်ကာ ပြန်ဖြေခဲ့သည်။

 "ကိုယ်က အမြဲတမ်း ရက်ရောတဲ့သူပါ အချစ်လေး.... မင်းကိုယ့်ကို ဒီလောက်နားလည်မှုလွဲနေတာ ကိုယ် ဘယ်လိုလုပ်ရပါ့မလဲ။ ကိုယ့်လို သန်မာတဲ့ ကောင်လေးကို မစားချင်တဲ့သူ ဘယ်သူ ရှိမလဲ။  ကိုယ့်ကို ကြည့်စမ်းပါ... မင်းရဲ့  အတွင်းခန်းထဲက အေးစက်စက် ကောင်လေးက စိတ်ဝင်စားဖို့ မလိုပါဘူး။ မင်းရဲ့ပျော်ရွှင်မှုအတွက် ကိုယ် အားလုံးတာဝန်ယူထားတယ် မဟုတ်လား။ !! "

မဟုတ်ဘူး၊ လုံးဝမဟုတ်ဘူး။  ထျန်းဖုန်းတစ်ယောက်  ဝက်ဝံကြီးတစ်ကောင်ကို နှိပ်စက်ရတာတွေ ဒါမှမဟုတ် အေးစက်စက်နဲ့ ရေခဲတုံးလို အမျိုးသားလေးကို ပွေ့ဖက်ခြင်းမပြုချင်သော်လည်း ဝင်ရိုးစွန်းဝက်ဝံနှင့် ရေခဲတောင်ကြီးတို့နှစ်ဦး သူ့ဘေးမှာ ရှိတာက လိုက်လျောညီထွေဖြစ်လွန်းသည့် အနေထားကို သူ တကယ် နှစ်သက်သည်။

............
တကယ့်ကို သူတို့သုံးယောက်က သဟဇာတဖြစ်အောင် နေထိုင်နိုင်ခဲ့သည်။

ရန်လိုခြင်း၊  အချင်းချင်းမုန်းတီးခြင်း မရှိပေ။ ရံဖန်ရံခါ  စကားများ ရန်ဖြစ်နေကြသော်လည်း ပတ်ဝန်းကျင်တစ်ခုလုံးသည် အခြေခံအားဖြင့် နွေးထွေးပြီး သဟဇာတဖြစ်နေကြသည်။

လိုက်လျောညီထွေရှိလွန်းသဖြင့် Tang Feng သည် သူတို့နှစ်ဦး က မတည့်ပေမယ့် ဘာကြောင့် အခုလို သူ့နံဘေးမှာ အတူတူ လာနေဖြစ်သွားသည်ကို နားမလည်ဖြစ်နေမိသည်။ သူ နားလည်ဖို့  တစ်နာရီခွဲခန့်ကြာအောင် စဉ်းစားလိုက်ရသည်။

ဒါနဲ့ လူသုံးယောက် ညစာစားပြီးခါနီး အချိန်မှာ Tang Feng က ရုတ်တရက်  ပြောလိုက်သည်။

"ခင်ဗျားတို့နှစ်ယောက်က အမုန်းနဲ့ အချစ် ဒွန်တွဲနေတဲ့အတွက်ကြောင့် အခုလို အတူတူနေဖို့ ဆုံးဖြတ်ခဲ့တာလား။"


"အဟွတ်...အဟွတ်....!"

 ဝိုင်သောက်နေသော Lu Tian chen ကို ထိုစကားကို ကြားလိုက်ချိန် ဝိုင်သီးကာ သေမတတ် ချောင်းဆိုးသွားခဲ့သည်။

"ဟမ်--"

အမဲသားကို ဝါးနေဆဲ Charlesက ထိုစကားကို ကြားသော် လန့်ကာ မြိုချလိုက်မိသဖြင့် လည်ပင်းတွင် တစ်နေပြီး    သူ့ပါးစပ်ကို လက်သုတ်ပဝါဖြင့် အလျင်အမြန် ဖုံးကာ ရေချိုးခန်းဘက် ထွက်ပြေးသွားခဲ့သည်။

"ခင်ဗျားးရဲ့တုံ့ပြန်မှုက အရမ်းပြင်းထန်တယ်ဆိုတော့ ကျွန်တော့် အထင်က မှန်တယ်"

  သူ့လက်ကို သုတ်လိုက်ပြီး Tang Feng က စားပွဲပေါ်က ဝိုင်ကို အသာယူ သောက်လိုက်ပြီး သဘောထားကြီးစွာ ပြောလိုက်သည်။

"ကျွန်တော်က ဉာဏ်ကောင်းပြီး သဘောထားကြီးတဲ့သူတစ်ယောက်ပါ။ ခင်ဗျားတို့ တစ်ယောက်နဲ့တစ်ယောက် တကယ်ချစ်ရင် ကျွန်တော် ခင်ဗျားတို့ကို တားမှာမဟုတ်ဘူး။"

"မင်း အရမ်း အတွေးလွန်နေပြီ  "

Lu Tian chen သည် နှစ်ကြိမ် ညင်သာစွာ ချောင်းဆိုးလိုက်ပြီး Tang Feng ၏ ကြောက်စရာကောင်းသော စိတ်ကူးယဉ်ဆန်သော အတွေးများကို တိုက်ရိုက်ငြင်းဆိုလိုက်သည်။

"ဘေဘီ... မင်း ငါ့ကိုသေအောင်ခြောက်နေတာလား။ အဲ့ဒီရေခဲတုံးကို ငါစိတ်ဝင်စားတယ်ဆိုရင် လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက ယူပြီးပြီပေါ့။ ဘယ်လိုလုပ် အခုအချိန်အထိ စောင့်နေမှာလဲ"

 Charles ရေချိုးခန်းထဲက ပြန်လာပြီး  အံ့အားသင့်စွာပြောလိုက်သည်။

သူ့လက်တွေကို ဖြန့်ထားရင်း Tang Feng က ကုလားထိုင်ကို မှီပြီး သူတို့ကို ပြုံးပြုံးရွှင်ရွှင်နဲ့ ကြည့်ပြီး ဆက်ပြောလိုက်သည်။

 "ဒါက ကျွန်တော့်ကို  ဖွင့်ပြောတာထက် ပိုကောင်းတယ်။ အခု အတူနေဖို့ အရမ်းသဟဇာတဖြစ်နေပြီ မဟုတ်လား၊ ဒါမှမဟုတ် တကယ် ပြန်ဖို့ ဆုံးဖြတ်လိုက်တာလား။"

"Lu Tian chen ကို  မင်းကိုယ်တိုင်ပဲ မေးလိုက်တော့.. သူက  အမှန်အတိုင်းမပြောပဲ မနေဘူး့!"

 Charles က အစပြုပြီး ပြဿနာကို Lu Tian chen ဘက်ကို တိုက်ရိုက်ပစ်ချလိုက်သည်။
 

Charles ကို မထီမဲ့မြင် တစ်ချက်ကြည့်လိုက်ပြီး Lu Tian chen က ဖြည်းညင်းစွာပြောသည်။၏
 "မင်းစောစောက တောင်းဆိုချက်အတွက် သေချာစဉ်းစားပြီးမှ ကိုယ်တို့ အတူတူ နေသွားမယ့်အဖြစ်ကို သဘောတူဖို့ ဆုံးဖြတ်လိုက်တာပါ။"
 
"စောစောက တောင်းဆိုခဲ့တာလား? " Tang Feng က အဲဒါကို အချိန်အတော်ကြာ စဉ်းစားနေခဲ့တယ်။
 
အိုး၊ အဲဒါကို စဉ်းစားကြည့်တဲ့အခါ သူက Charles နဲ့ Lu Tian chen ကို တချိန်တည်း လက်ခံခဲ့တယ်လို့ ပြောခဲ့ဖူးသလိုပဲ....

 အခု အဖြေ.ကို သိပြီ။ ဒါက .. နည်းနည်း လောဘကြီးပြီး လက်တွေ့မကျပေမယ့် Tang Feng က   သူ့လက်ကို ကိုင်ပြီး ပြုံးပြနေဆဲဖြစ်သော ချားလ်ကို ကြည့်လိုက်၊  Lu Tian chen ကိုကြည့်လိုက် လုပ်နေမိသည်။
 
 "အခု ကျွန်တော် ဘာတွေးနေတာလဲ သိလား။ "

Lu Tian chen သေသွားဖို့ တွေးနေတာ မလား။ ဒါမှ  အခု ကိုယ့် ဘေဘီကို ကိုယ် တစ်ယောက်တည်း ပိုင်ဆိုင်ခွင့်ရတော့မယ်  "
  Charles က သူ့မေးရိုးကို အနည်းငယ်မြှင့်လိုက်ကာ ပြောခဲ့သည်။

Lu Tian chen သည် Charles ကို ထပ်မံ စိုက်ကြည့်ရင်း အေးစက်စက် ဝင်ပြောလိုက်သည်။

 "နောက်ဆုံးတော့ ဆူညံနေတဲ့ Charles ကို ဖယ်ရှားဖို့ အချိန်တန်ပြီ။"

" မှားတယ်။"

Tang Feng က Charles ကို လက်ညှိုးဖြင့် ခေါင်းကို တွန်းဖယ်လိုက်သလို Lu Tian chen အား လှည့်ကာ ပြောလိုက်သည်။
 "ခင်ဗျားလည်း မှားတယ်။"

"ဒါဆို ဘေဘီက ဘာတွေးနေဘာလဲ? " ချားလ်စ်က စိတ်ဝင်တစား မေးလိုက်သည်။

Lu Tian chen က စကားမပြောသော်လည်း သူ့မျက်လုံးများတွင် သံသယများ ပြည့်နှက်နေကာ ထျန်းဖုန်းကို စိုက်ကြည့်နေသည်။

"ဒီည စွပ်ပြုတ် သောက်သင့်လား... ဒါမှမဟုတ် ကိုလာအေး တစ်ခွက် ရွေးရမလားလို့ တွေးနေခဲ့တယ်။"

Tang Feng ၏ မျက်လုံးများသည် အပြုံးတစ်ခုဖြင့် ကျဉ်းမြောင်းသွားကာ သူ့လက်ချောင်းများက အံ့အားသင့်နေသော Charles နှင့် Lu Tian chen အကြားတွင် ဆန့်တန်းကာ ပြောလိုက်သည်။

"ဧကရာဇ်ဖြစ်ရတာ ကောင်းပါတယ်။"

Charles က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး  ကျေနပ်စွာပြောလိုက်သည်။

"ကလေး၊ ကိုယ်  မင်းကို ကြည့်ရတာ မင်း တွေးတာ  တကယ်မှားနေပြီ!"

 Lu Tian chen ပြုံးပြီး မျက်ခုံးပင့်လိုက်သည်။

"ဝက်ဝံခြေသည်း စားရင်း ကိုလာအေး အေး သောက်လို့ရတယ်။"

".........ဘဝက ဘယ်တော့မှ မငြိမ်းချမ်းဘူး"
Tang Feng က သူလိုချင်တာမှန်သမျှကို ကြိုပြီး သိထားသလိုပင်...
 *******-*-****

"Slayer" သည် အော်စကာဆို မရခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် သူ လက်ရှိ ရိုက်လက်စ ဇာတ်လမ်းအပေါ် မည်သို့မျှ ထိခိုက်မည်မဟုတ်ပေ။ Tang Feng သည် "Heaven" ကိုရိုက်ကူးပြီးနောက် "Slayer" ၏နောက်ဆက်တွဲတွင်ရင်းနှီးမြှုပ်နှံနိုင်ခဲ့သည်။

"မင်းဆံပင်တွေ အရှည်ထားထားတာပဲ... အဲဒီညက မင်းကို ကိုယ် မမှတ်မိခဲ့ဘူး။"

Lu Tian chen သည် ရေချိုးကန်ဘေးတွင်ထိုင်ရင်း Tang Feng ၏ ဆံပင်ရှည်ကိုလျှော်ပေးနေသည်။ အခုနောက်ပိုင်းမှာ အဆင်မပြေဆုံးအရာက နေ့တိုင်း ဆံပင်ရှည်လျှော်ဖို့ပါပဲ။

"ကောင်းကင်ဘုံ၏သားတော်" သည် တစ်လခွဲအတွင်း အပြီး ရိုက်ကူးနိုင်တော့မည်။ ဒါပြီးရင် ဆံပင်ကို အတိုပြန်ထားနိုင်တော့မည်။ အခုတော့ ဆံပင်ရှည်ဖြင့်  ပူလွန်းလှသည်။

Tang Feng သည် ရေချိုးကန်အစွန်းတွင် မှီကာ သက်ပြင်းချလိုက်သည်။

ဧပြီလနှင့်မေလအစတွင်  ရာသီဥတုက ပိုမိုပူနွေးလာသဖြင့်   ဆံပင်ရှည်ထားရမည့် Tang Feng အတွက်မူ အနည်းငယ်ခက်ခဲလာသည်။

"သြော် တစ်လခွဲလောက်ရှိပြီပဲ။"

Lu Tian chen က ညင်ညင်သာသာ ရယ်မောရင်း ပြောခဲ့သည်။

" မင်းရဲ့ဆံပင်ကို နေ့တိုင်းမလျှော်ဘူးလား"

 တကယ်တော့ Charles ဟာ အရင်က စေတနာ့ဝန်ထမ်းလုပ်ခဲ့ပေမယ့် Tang Feng ရဲ့ဆံပင်တွေကို ပြတ်ထွက်စေသဖြင့်  Tang Feng က ရေချိုးခန်းထဲကနေ Charles ကို ကန်ထုတ်လိုက်ခြင်းနဲ့   အဆုံးသတ်သွားခဲ့တယ်။

"အရင်ကနဲ့ မတူတာကို သတိထားမိလား။"

Lu Tian chen ရုတ်တရက် ပြောလိုက်သည်။

"အိုး?" Tang Feng သတိဖြင့် နားထောင်လိုက်သည်။

 "ဘာထူးခြားလို့လဲ?"

 "အစတုန်းကတော့ မင်းက ကိုယ်တို့နဲ့ စကားအများကြီး မပြောချင်ဘူး။ အမြဲတမ်း ရင့်ကျက်ပြီး လူတွေနဲ့ မရင်းနှီးနိုင်ပေမယ့် အခု ဆံပင်ရှည်လို အသေးအမွှားကိစ္စလေးတွေကိုလည်း ရံဖန်ရံခါ ညည်းတွားပြီး ပြောပြလာခဲ့ပြီ"
 

Lu Tian chen က ထျန်းဖုန်း ရဲ့ဆံပင်ကို ညင်သာစွာ လျှော်ပေးနေသည်။
 " ဂုဏ်ယူပါတယ် မင်းရဲ့ ငယ်ရွယ်တက်ကြွတဲ့ ဘဝကို ပိုင်ဆိုင်လာခဲ့ပြီ"
 
""ကျွန်တော်က အသက်တော်တော်ကြီးပုံရတယ်ပေါ့။ ဟေး ခင်ဗျားးရဲ့စကားတွေကို ကျွန်တော် မကြိုက်ဘူး။"

ထရပ်ပြီး ရေချိုးကန်ထဲမှာ ထိုင်လိုက်စဉ်  Tang Feng က မျက်နှာသုတ်ပုဝါကို ယူလိုက်ပြီး သူ့မျက်နှာကို သုတ်လိုက်ကာ မေးခဲ့သည်။

" Charles ဘယ်တော့ပြန်လာမလဲ။ "

""ဒီကောင်က လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဥရောပကို ထွက်ပြေးသွားပြီ"
 

"ခင်ဗျား ဒီမှာရှိနေရင်  သူတတ်နိုင်သမျှ မြန်မြန်ပြန်ပြေးမှာ သေချာတယ်။"

Lu Tian chen က သူ့အဝတ်အစားတွေကို ကြယ်သီးတွေဖြုတ်ပြီး မကြာခင်မှာဘဲ သူ့အဝတ်တွေကို ချွတ်ပြီး ရေချိုးကန်ထဲမှာ ထိုင်လိုက်တယ်။

"လှည့်လိုက်... ကိုယ် မင်းရဲ့ နောက်ကျောကို ပွတ်ပေးမယ်"

Lu Tian chen သည် Tang Feng ၏ ပခုံးကို ပုတ်လိုက်သည်။

တစ်စုံတစ်ယောက်သည် Tang Feng ကို ပြုစုပေးမည်ဆိုပါက ထျန်းဖုန်း ငြင်းဆန်မည်မဟုတ်ပေ။ သူက လှည့်ကြည့်လိုက်ပြီး Lu Tian chen က သူ့နောက်ကျောကို သုတ်ပေးခိုင်းလိုက်တယ်။ သူက  အဝတ်ဖြင့် ညင်သာစွာ ပွတ်သပ်ပြီး မေးလိုက်သည်။

 "ခင်ဗျားတို့ မိသားစုကို ကျွန်တော် အရမ်းဝင်မစွက်ဖက်ချင်ဘူး၊ ဒါပေမယ့် ဒီကိစ္စက ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာလုံခြုံရေးနဲ့ သက်ဆိုင်တယ်ထင်လို့ မေးလိုက်ဦးမယ်။ ခင်ဗျား အဖေနဲ့ ခင်ဗျားကြားက ပဋိပက္ခကို ဖြေရှင်းပြီးပြီလား"

"50-50 ဆီကျန်သေးတယ်"

"50 ?" Tang Feng နားမလည်တော့ပေ။

"လောလောဆယ် အဖွဲ့ကို သူက တစ်ဝက်ပဲပိုင်တယ်။ ကိုယ်က  "

 Lu Tian chen က ဆက်မေးခဲ့သည်။

"Tang Feng၊ မင်းကြောက်လား?"

"အိုး  ကျွန်တော်က ဘာကြောက်ရမှာလဲ"

ထိုလူငယ်လေးက ပြုံးပြီး ပြန်မေးခဲ့သည်။

"ငါ့မှာ မသိနိုင်တဲ့ အန္တရာယ်တွေ ရှိလာလိမ့်မယ်။"

"ဒီကမ္ဘာမှာ 100 ရာနှုန်းပြည့် လုံခြုံတယ်ဆိုတာ မရှိပါဘူး။ Lu Tian chen ၊ ငါ တကယ်သေခဲ့ဖူးလို့  ငါ သေရမယ်ဆိုရင်တာင် အန္တရာယ်ကို မကြောက်ဘူး "

 Tang Feng က လှည့်ပြီး Lu Tian chen ရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး မျက်နှာချင်းဆိုင်ကာ လေးနက်စွာပြောလိုက်သည်။

 " မင်း ကိုယ့်သဘောနဲ့ကိုယ် လျှောက်မလုပ်နဲ့။ မင်းက  အချိန်အတော်ကြာအောင် ငါ့ကိုထားခဲ့ပြီးပြီ၊ ငါ့အတွက် ဘေးကင်းအောင် လုပ်တယ်ဆိုပေမယ့် မင်းရဲ့လုပ်ရပ်တွေက မင်း ငါ့ကိုမယုံဘူးလို့ ပြောနေသလိုပဲ။ လင်မယားတွေဆိုတာ တောထဲက  ဌက်တွေပဲ။ အကျပ်အတည်းနဲ့ ကြုံရင် တစ်ယောက်ကို တစ်ယောက် စွန့်ခွာသွားတတ်ကြတယ်ဆိုတဲ့ စကားပုံရှိပေမယ့် မင်းနဲ့ Charles ငါ့ကို ယုံကြည်နိုင်မယ်လို့ ငါမျှော်လင့်တယ်။"

Tang Feng က Lu Tian chen ရဲ့လက်ကို ဆုပ်ကိုင်ထားပြီး သူ့မျက်လုံးတွေက ခိုင်မာနေပေမယ့် နွေးထွေးတဲ့အပြုံးနဲ့ ပြောလိုက်သည်။

"ကျွန်တော့်ရဲ့ အရင်ဘဝက  သနားစရာကောင်းလောက်အောင် အထီးကျန်ဘဝနဲ့ သေဆုံးသွားခဲ့တယ်။ ဒီဘဝမှာ ဘာပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်က ကျွန်တော့်အနားမှာ နေနိုင်ဖို့ မျှော်လင့်ပါတယ်။"

=======

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now