Volume_ (4) Chapter (32): မိုးပျံချားရဟတ်

791 126 6
                                    

Volume_ (4) Chapter (32): မိုးပျံချားရဟတ်


နွေဦးရာသီဖြစ်လို့ အအေးဓာတ်က တဖြည်းဖြည်းလျော့လာပြီး ရာသီဥတုက ပူနွေးလာသဖြင့် နေရတာ အဆင်မပြေသိပ်မဖြစ်တော့ပေ။ ရံဖန်ရံခါတွင် လေပြေသည် တိုက်ခတ်လာကာ သာယာလွန်းလှသည်။

နွေဦးရာသီမှာ ခရီးသွားဖို့ အသင့်တော်ဆုံးအချိန်ပဲ၊ စိမ်းစိုနေတဲ့ မြက်ခင်းပြင်ပေါ် လျှောက်လှမ်းရင်း ကြည်လင်တဲ့မြစ်ရေကို လက်နှစ်ဘက်နဲ့ ဆော့ကစားကာ မြက်ခင်းပြင်မှာ စောင်တွေခင်းပြီး လှပတဲ့ရှုခင်းတွေနဲ့ လယ်ကွင်းပြင်တွေမှာ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ စကားစမြည်ပြောရင်း ထမင်းစားရင်း၊ ကင်မရာကိုင်ပြီး   လှပတဲ့ ရှုခင်းတွေကို   ဓာတ်ပုံရိုက်ရတာ အံ့သြစရာမြင်ကွင်းတစ်ခုပင်။

ဒါပေမယ့် "သူငယ်ချင်းတစ်စု" ဆိုတဲ့ နေရာမှာတော့ Tang Feng ဟာ Albert လို့ အမည်ပေးထားတဲ့ လူတစ်ယောက် ရှိလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဘဲ အခုအချိန်မှာ Albert က သူ့အနားမှာ ရှိနေခဲ့တယ်။

Tang Feng ရုတ်တရက် ဘာလုပ်ရမှန်းမသိတော့ပေ။ အရင်ကတော့ Albert ဟာ သူ့ရှေ့မှာ အကြာကြီး မပေါ်ဘဲ၊ ရက်အနည်းငယ်သာကြာပြီး ထွက်သွားခဲ့တာ၊ ဒါမှမဟုတ် အကြောင်းအမျိုးမျိုးကြောင့် သူ့နားက ခွာသွားစမြဲပင်။

ဒါပေမယ့် ဒီတစ်ခါတော့ မထင်မှတ်ဘဲ တိတ်ဆိတ်စွာနဲ့ သူက ထျန်းဖုန်းနားမှာ ကပ်နေပြီး သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ဘယ်သူမှ စကားမစကြသလို ဘယ်သူမှ လာမနှောင့်ယှက်ကြပေ။ Tang Feng သည် နတ်ဆိုးလေးလို လုထျန်းချန်၏ လျှို့ဝှက် သက်တော်စောင့်ကို မတွေ့ရသလို   Charles ထံမှ ဖုန်းခေါ်ဆိုမှုကိုလည်း မရခဲ့ပေ။

သူ့ကို အဲလ်ဘတ်ဘေးကနေ ကယ်တင်ဖို့ တစ်ယောက်ယောက်ကို စောင့်နေတာ မဟုတ်ပေမယ့် အခုလို တိတ်ဆိတ်နေတာက   ထူးဆန်းလွန်းတယ်၊ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ငြိမ်နေဖို့ Albert က Charles နဲ့ သဘောတူညီချက်တစ်ခု လုပ်ခဲ့သလား ဒါမှမဟုတ် သူ့ဘက်က အဲလ်ဘတ်ကို ဘယ်လိုတုန့်ပြန် မလဲဆိုတာ  သိချင်နေလို့ တမင်သက်သက် စောင့်ကြည့်နေတာလား...

"မင်းတစ်ခုခုကို လေးလေးနက်နက် စဉ်းစားတဲ့အခါ တစ်နေရာရာကို အမြဲစိုက်ကြည့်နေတတ်တယ်၊ ခေါင်းနည်းနည်းငုံ့ပြီး မျက်မှောင်ကြုတ်ထားသေးတယ်။"

Albert သည် Tang Feng ၏ မျက်နှာချင်းဆိုင်တွင် ထိုင်ကာ သူ့ကို လက်ရာမြောက် အနုပညာလက်ရာတစ်ခုလို ကြည့်နေသလို တစိမ့်စိမ့်နဲ့ ကြည့်နေလေ့ရှိသည်။

ရယ်စရာဖြစ်ပေမယ့် အခု သူတို့နှစ်ယောက်က တကယ်တော့ မိုးပျံ ချားရဟတ်ပေါ်မှာ ရှိနေပြီ။

Tang Feng သည် ပြတင်းပေါက်အပြင်ဘက်တွင် မြင်နေရသည့် ကျယ်ပြန့်ပြီး လှပသော သဘာဝရှုခင်းကို ကြည့်လိုက်သည်။ တစ်ဖက်တွင် တိုးတက်ဖွံ့ဖြိုးနေသည့် မြို့ပြရှုခင်းရှိနေပြီး တစ်ဖက်တွင် သဘာဝဆန်သည့် စိမ်းလန်းသည့် သစ်တောရှုခင်းရှိသည်။ သူက  ချားရဟတ်ကို လာစီးချင်သော်လည်း ယခင် သူလာတုန်းက ရုပ်ရှင်ရိုက်နေရသည့်အတွက် အားလပ်ချိန်ရယ်လို့ မရှိခဲ့ပေ၊

အခုအခွင့်အရေးရှိပေမယ့် Albert နဲ့ အတူတူ ချားရဟတ်စီးဖြစ်သွားတယ်။

Tang Feng က Albert ကို အတူ ချားရဟတ်စီးရာတွင် အတူလိုက်ဖို့ ဖိတ်ခေါ်မထားပေမယ့် ဒီလူက တကယ်ပဲ လိုက်လာခဲ့သည်။

"ခင်ဗျား ကျွန်တော်နဲ့ လိုက်လာမယ့်အစား မြင်းစီးတာ၊ အပျော်စီးလေယာဉ်မောင်းတာ ဒါမှမဟုတ် ဂေါက်ရိုက်သင့်တယ်။"

Tang Feng က ခုနက ဝယ်ထားတဲ့ ဘလူးဘယ်ရီသီးခြောက်တွေကို ထုတ်ယူကာ စားသောက်ရင်း  ရှုခင်းကြည့်မည်ဟု တွေးလိုက်သည်။

"အရသာရှိလား?"
Albert သည် Tang Feng ၏ ဘလူးဘယ်ရီသီးခြောက်များကို ကြည့်လိုက်သည်။

Tang Feng က အိတ်ကို တခါတည်း ဖွင့်ကာ ကမ်းပေးရင်း ပြောခဲ့သည်။
 "ကျွန်တော် အရင်က မစားဖူးလို့ မသိဘူး။"

"ကိုယ် ဘလူးဘယ်ရီကို ကြိုက်တယ်။"

အဲလ်ဘတ်က အိတ်ထဲကနေ  နှစ်လုံးထုတ်ကာ  ပါးစပ်ထဲကို အသီးခြောက် တစ်လုံးထည့်လိုက်ပြီး ကျန်တစ်လုံးကို လက်ထဲမှာကိုင်ထားသည်။
 
သူတို့နှစ်ယောက်၏ စကားဝိုင်းက တကယ့်ကို ငြီးငွေ့စရာကောင်းလှသည်။ Tang Feng သည် အဲလ်ဘတ်ကို ကြည့်ပြီး ဟာသများ မပြောသော်လည်း ရယ်စရာကောင်းသော အရာကို မြင်သော်  ရုတ်တရက် ရယ်မောလိုက်သည်။

"မင်းက ဘာလို့ရယ်တာလဲ" အဲလ်ဘတ်သည် သံသယအချို့ဖြင့် မေးလိုက်သည်။

အထက်တန်းလွှာ အမျိုးကောင်းသားတစ်ယောက်ကဲ့သို့ တင့်တယ်စွာ ထိုင်နေသည့် အဲလ်ဘတ်က   တည်ငြိမ်ပြီး လျှို့ဝှက်ဆန်းကြယ်သည့်ပုံရိပ်ပေါ်နေပြီး သူက မြင်သမျှ  ရှုခင်းအားလုံးကို ဘာမှမထူးခြားသော အမူအရာဖြင့် ကြည့်နေသည်။

ဒါတွေအားလုံးက Tang Feng အတွက် ရယ်ချင်စရာ ဖြစ်စေတယ်။

"အင်း... ထူးဆန်းတယ်ထင်တာပဲ...။"

ဘလူးဘယ်ရီသီးခြောက်တွေကို ဝါးရင်း Tang Feng က ပြုံးပြီး ခေါင်းခါလိုက်သည်။
" မဟုတ်ဘူး၊ အဲဒါ ဘာမှမဟုတ်ဘူး။ ရယ်ချင်လို့  ရယ်လိုက်ရုံလေးပဲ"

Albert သည် Tang Feng ကိုကြည့်ရင်း တစ်ဖက်သားပြောသည်ကို မယုံသည့်ပုံပင်။
 

"ခင်ဗျားက  ဒီလောက်ပျင်းစရာကောင်းတဲ့လူမှန်း မသိခဲ့ဘူး။"

Tang Feng က ထိုစကားကို ပြောနေဆဲဖြစ်သည်။ လူတိုင်း တရွေ့ရွေ့သာ သွားနေသည့် ချားရဟတ်ပေါ်တွင် အောက်ကို ပြန်ဆင်းသည့်အထိ ထိုင်နေကြသောကြောင့်   အသံတိတ် နေတာက အရမ်းကို ငြီးငွေ့ဖွယ်ကောင်းလှသည်။

"ပျင်းစရာကြီး။"

Albert သည် Tang Feng ၏ အကဲဖြတ်ချက်ကို ပွင့်ပွင့်လင်းလင်း လက်ခံလိုက်သကဲ့သို့ အံ့အားသင့်ခြင်း သို့မဟုတ် စိတ်ရှုပ်ထွေးခြင်းမပေါ်ဘဲ ထိုစကားကိုသာ ပြောလိုက်သည်။
 
"ဘယ်သူ့ကိုမှ ကျေနပ်အောင် လုပ်ပေးဖို့ မလိုဘူး။ မင်းက ဘယ်သူ့ကိုမှ ကျေနပ်ဖို့ မလိုဘူး၊ ငါလုပ်ချင်တာကို လုပ်ဖို့ပဲလိုတယ်။ "

 Albert က ထိုသို့ပြတ်သားစွာ ရှင်းပြထားပြီးဖြစ်သည်။

အဲလ်ဘတ်သည် အရာအားလုံးကို ပိုင်ဆိုင်ထားသည့် ရှင်ဘုရင်နှင့်တူသောကြောင့် လူတိုင်းနှင့် လုံး၀ ပတ်သတ်မှု မရှိပဲ လုပ်ကိုင်ပြောဆိုသမျှတိုတိုင်းက အမှီအခိုကင်းသည်။ ဘဝတစ်လျှောက်လုံး သူ့လက်အောက်ခံများနှင့် ကောင်းမွန်သောဆက်ဆံရေးရှိရန် မလိုအပ်သလို အထူးမိတ်ဆွေကောင်းလည်း မလိုအပ်ပေ။

သူ့လက်ထဲတွင် စည်းစိမ်ဥစ္စာနှင့် တန်ခိုးအာဏာကသာ သူ့ကို လူသားအားလုံး၏ ထိပ်ဆုံးကို  ထာဝရရပ်တည်နေစေခဲ့သည်။

အဲလ်ဘတ်နှင့် ထျန်းဖုန်းတို့သည် ကစားကွင်းထဲမှာ ပေါ့ပေါ့ပါးပါး အေးအေးဆေးဆေး လမ်းလျှောက်ခဲ့တယ်။ Tang Feng ကဲ့သို့သော လူကြီးတစ်ယောက်က ကလေးတွေ ကစားသည့် အချို့ကစားနည်းကို စိတ်မဝင်စားပေမယ့်   စိတ်လှုပ်ရှားစရာကောင်းလွန်းသော ကစားနည်းများက  ယခုအချိန်တွင် ကျန်းမာသောနှလုံးကိုပိုင်ဆိုင်ထားသည့် ထျန်းဖုန်းအတွက်ပင်   မူးဝေအော့အန်လုမတတ်  တုန်လှုပ်သွားစေခဲ့သည်။

"ခက်ဗျားရဲ့ သေနတ်ပစ် စွမ်းရည်က ဘယ်လိုလဲ။"

Tang Feng သည် လုူကြီး ကစားနည်းတစ်ခုမှ ဆင်းလာပြီး သူ့ဘေးက အဲလ်ဘတ်ကို   ကြောက်ရွံ့မှုမပြေသေးသော အသက်ရှုသံဖြင့် မေးလိုက်သည်။

Albert ၏ကျေးဇူးကြောင့် Tang Feng သည် လူစည်ကားသော ကစားကွင်းတွင် အခြားလူဆီက တက်နင်းမခံရ၊ ပုခုံးကို တိုးတိုက်မခံရပဲ ကာကွယ်ပေးခြင်းခံခဲ့ရသည်။

အဲလ်ဘတ်သည် အခြားသူများကို နှစ်သက်ခြင်းမရှိသလို သူငယ်ချင်းများမရှိသည့်အတွက် သူ့ဘဝက ကစားကွင်းထဲ လာလည်သည့်တိုင် ပျင်းစရာကောင်းလွန်းသောကြောင့် Tang Feng သည် သူ့အတွက် လုပ်စရာတစ်ခုခုကို ရှာဖွေပေးဖို့ကြိုးစားနေသည်။ မဟုတ်ရင် သူတစ်ယောက်တည်း ကစားနေတာက ထူးဆန်းနေသည်။

"ကောင်းနေတုန်းပဲ။" Albert က ဖြေလိုက်သည်။

နှစ်မိနစ်အကြာမှာ Tang Feng က အရုပ်သေနတ်ကို Albert လက်ထဲကို  ပေးခဲ့ပြီး သူ့ရှေ့က ပစ်မှတ်ကို ညွှန်ပြပြီး   Albert ကို မေးခဲ့သည်။


"ခင်ဗျား Mr and Mrs Smith ဇာတ်ကားကို ကြည့်ဖူးတယ်မဟုတ်လား"
 

Albert သည် Tang Feng ကို တစ်ချက်ကြည့်လိုက်ကာ အေးဆေးစွာ  ဖြေခဲ့သည်။

 "ဟင့်အင်း...ငါ မင်းရဲ့ရုပ်ရှင်ကိုပဲ ကြည့်ဖူးတယ်။"

"ဝိုး၊ ဒီလိုကြားရတာ ကျွန်တော့်အတွက် ဝမ်းသာစရာပဲ။"

Tang Feng က ဆက်ပြောခဲ့သည်။

"ခင်ဗျား မကြည့်ဖူးလည်း အရေးမကြီးဘူး။ ခင်ဗျား ဟိုးက ပစ်မှတ်ကို ထိလိုက်တာနဲ့  ဆုတစ်ခုရမယ်ဆိုတာ တော့ သေချာသိတယ်မလား"

"အဲ့ဒီ ငတုံး အရုပ်တွေကိုလား? "

အဲလ်ဘတ်ပြောခဲ့သည့် စကားလုံးများတွင် အထင်အမြင်လွဲမှားမှုများ ရှိနေသည်။

ဟုတ်တာပေါ့...Tang Feng က ပြန်ရှင်းပြရမှာကို အရမ်းပျင်းတဲ့သူဖြစ်လို့ ဒီအတိုင်းပြောလိုက်သည်။
 "ခင်ဗျား ပြိုင်မယ် မဟုတ်လား"

  "ကောင်းပြီ။" အဲလ်ဘတ်က ပြောခဲ့သည်။

 
Tang Feng ဘေးနားက ရပ်လိုက်ပြီး အဲဒါကို ကြည့်လိုက်တယ်။ Albert သည် အခြားခရီးသွားများကဲ့သို့ ချိန်ရွယ်ပြီး ပစ်ခတ်သည့်ပုံစံကို မပြုလုပ်ခဲ့ပေ။ သူသည် အရုပ်သေနတ်ကို တခါတည်း ကောက်ကိုင်လိုက်ပြီး မျက်လုံးကို အနည်းငယ်မှိတ်ကာ ပစ်မှတ်ဆီသို့ ပစ်ချက်ပေါင်းများစွာ ပစ်လွှတ်လိုက်သည်။

ကွင်းလယ်ခေါင်မှာ ရှိသည့် ပစ်မှတ်ကို အားလုံး ထိမှန်ခဲ့ကာ တစ်ချက်လေးပင် လွဲချော်သွားခြင်း မရှိခဲ့ပေ။
 
..
ကစားကွင်းမှ ပြန်လာသည့် လမ်းတွင် ကားနောက်ခန်းထဲမှာ ထျန်းဖုန်းက တစ်ဖက်တွင် ထိုင်ပြီး ကျန်တစ်ဖက်တွင် အဲလ်ဘတ်ကို အရုပ်ကြီးဖြင့် အတူတူ ထိုင်ခိုင်းခဲ့သည်။

 "မင်း ဒါတွေကို ကြိုက်လား?"

Tang Feng နှင့် Xiaoyu တို့သည် သူတို့နှင့်အတူ အမေရိကန်သို့ ရောက်လာသော်လည်း နောက်တစ်နေ့တွင် သူမ နှင့်  အခြားလူများ ပျောက်ကွယ်သွားခဲ့သည်။ သူတို့အားလုံး တခြားဟိုတယ်ကို ပြောင်းသွားတယ်လို့ ကြားခဲ့ရသည်။

Tang Feng သည် ဆိုးသွမ်းသော အေးဂျင့်ကုမ္ပဏီတစ်ခုဖြစ်သည့် ထျန်းချန် အင်တာတိန်းမန့် က နှစ်ပတ်အားလပ်ရက်ဟု အမည်ခံပြီး သူ့ကို အဲလ်ဘတ်ဆီ  ရောင်းစားခံရသကဲ့သို့ ခံစားခဲ့ရသည်။

Albert က သူ့လုပ်ရပ်တွေကို ကန့်သတ်မထားပေမယ့် Tang Feng နိုးလာပြီးနောက် သူ့ပတ်စပို့နဲ့ ပိုက်ဆံအိတ် ပျောက်ဆုံးနေတာကို တွေ့လိုက်ရပြီး အဲလ်ဘတ်တစ်ယောက်  Tang Feng ရဲ့ပါးစပ်ထဲမှာ "တစ်ကိုယ်ကောင်းဆန်တဲ့လူ" ဆိုတဲ့ ခေါင်းစဉ်တပ်ခံလိုက်ရသည်။ ထို့နောက် ထျန်းဖုန်းက မပျော်မရွှင်ဖြစ်ကာ အဲလ်ဘတ်နှင့် အိပ်ယာထဲ လူးလိမ့်သည့် လူကြီး ကစားနည်းကို    မကစားတော့ဘူး။ စိတ်ဓာတ်ကျနေသော Asimodo သည် Esmeralda ကို မချဉ်းကပ်ဝံ့တော့ပေ။

ဒါပေမယ့် ထျန်းဖုန်း သွားလာလှုပ်ရှားမှုကို အဲလ်ဘတ်က ကန့်သတ်ထားခြင်း မရှိသလို ဘေးကနေ တောက်လျှောက်လိုက်နေခဲ့သည်။

"ဒါက အန်နီအတွက်။"

Tang Feng သည် အဖြူရောင် ဝက်ဝံကို ညင်သာစွာ ပွတ်သပ်ပြီး ပြောခဲ့သည်။

"ဒီအရုပ်က ချစ်စရာကောင်းတယ် မဟုတ်လား?"

"ဒါကို သူမ မလိုအပ်ပါဘူး။"အဲလ်ဘတ်က အဲဒါကို တိုက်ရိုက် ငြင်းပယ်ခဲ့တယ်။

"ခင်ဗျားက  တာဝန်မဲ့ပြီး ငြီးငွေ့စရာကောင်းတဲ့လူပဲ၊ ခင်ဗျား သမီးကို ပျင်းစရာကောင်းတဲ့ ဘဝနဲ့ ကြီးပျင်းလာစေချင်တာလား"
ဝက်ဝံအရုပ်ကြီးကို ယူပြီး Tang Feng က   Albert နဲ့အတူနေသည့် ဟော်တယ်ခန်းဆီကို တခါတည်း လက်လာသည်။
 " ဒါက အန်နီလေးအတွက်ပါ၊ ခင်ဗျား အတွက်မဟုတ်ဘူး။"

"ဒါပေမယ့် ငါက သေနတ်နဲ့  ပစ်ပေးခဲ့တယ်လေ"

ဝက်ဝံကြီးနောက်ကနေ ထျန်းဖုန်းရဲ့ ခေါင်းထွက်လာသည်။  Tang Feng နဲ့ စကားပြောတဲ့အခါ Albert က ထိုလူငယ်လေး၏မျက်နှာကို မမြင်ရတာကို မကြိုက်ဘူး။ သူက ပြုံးပြီး ထျန်းဖုန်းကို ပြောလိုက်သည်။

"မင်းက Annie ကို အရမ်းကြိုက်တာလား"

"ခင်ဗျားရဲ့ သမီးက ချစ်စရာကောင်းတယ်။"

အဖေလည်း  ချစ်စရာကောင်းတယ်ဆိုပေမယ့် အိပ်ယာထဲမှာ ကြမ်းတမ်းလွန်းတယ်...

"ခင်ဗျား သူ့ကို ဂရုစိုက်ပေးနိုင်သလို သူမကလည်း ခင်ဗျားကို သဘောကျတယ်။ သူမက ခင်ဗျားဆီကနေ    အများကြီး သင်ယူနိုင်တယ်၊ သားအဖ အတူတူနေတဲ့ ဗဟုသုတနဲ့ အတွေ့အကြုံက ဘယ်ဆရာက သင်ပေးတာထက် မဆို ပိုအသုံးဝင်တယ်။"

ဝက်ဝံကြီးကို ဘေးဖယ်ထားလိုက်ပြီး ထျန်းဖုန်းက ပြောလိုက်သည်။ ကံကောင်းလို့ ဓါတ်လှေကားက ကြီးလို့သာပေါ့။ မဟုတ်ရင်   အဲလ်ဘတ်တို့ နှစ်ယောက်အပြင် လူတစ်ရပ်လောက်ကြီးတဲ့ ဝက်ဝံကြီးကြောင့် ကျပ်ညှပ်နေလောက်သည်။
 
အဲလ်ဘတ်သည်  သာမန် သားအဖလို ဆက်ဆံရေးပုံစံကို ဖန်တီးဖို့ မဖြစ်နိုင်ပေ။ Albert တစ်ယောက် ထျန်းဖုန်းနှင့် အတူရှိနေစဉ် သူ့အကျင့်တွေကို ပြောင်းလဲထားပေမယ့် သူ့ရဲ့ မူလသွင်ပြင်  စရိုက်လက္ခဏာကို ပြောင်းလဲရန် မဖြစ်နိုင်ပေ။

"ခင်ဗျား စိတ်မဆိုးရင် အန်နီကို ကျွန်တော့်ကို အတူ နေခွင့်ပေးလိုက်ပါ။"

Tang Feng က   ကမ်းလှမ်းခဲ့သည်။

"ဟင့်အင်း..." Albert က ခေါင်းခါပြီး Tang Feng ကို ကြည့်လိုက်သည်။

 "မင်း သူ့ကို အရမ်းချစ်လို့ လွတ်လွတ်လပ်လပ်နေတတ်ပြီး  ရိုင်းစိုင်းလွန်းအောင် သင်ပေးလိမ့်မယ်။  ဒါပေမယ့် ငါအချိန်ရရင် မင်းကို သူမဆီ ခေါ်သွားပေးမယ်။"

"ဟုတ်ပြီ၊ လုံးဝ မတွေ့ရတာထက် ရံဖန်ရံခါတွေ့တာက ပိုကောင်းပါတယ်။ ဒါနဲ့ ခင်ဗျားရဲ့ အဖေက ဘယ်လိုပုံစံလဲ"

Tang Feng က စိတ်ဝင်တစား နဲ့ မေးလိုက်သည်။

"သေသွားပြီ"

ရိုးရှင်းစွာဖြင့် ဖြေကာ အဲလ်ဘတ်က ခေါင်းခါလိုက်သည်။

" အဲ့လိုအကြောင်းအရာက မင်းအတွက် အဓိပ္ပါယ်မရှိဘူး။ လုထျန်းချီလို ငါက မိသားစုရဲ့  လက်အောက်ခံ မဟုတ်ဘူး။ မင်း ငါနဲ့အတူရှိနေရလို့ ဘာအန္တရာယ်အတွက်မှ မင်း စိတ်ပူနေစရာ မလိုဘူး"

"ဒါကို ကျွန်တော်လည်း သိပါတယ်"

ဘာလို့လဲဆိုတော့ မင်းက အန္တရာယ်အရှိဆုံးလူဖြစ်နေလို့ပဲဟု ထျန်းဖုန်း ရင်ထဲမှ တိတ်တဆိတ် ဆက်ပြောလိုက်သည်။

"မင်း ငါ့ကို ပျင်းနေပြီလား"
အဲလ်ဘတ်သည် ယနေ့ ချားရဟတ်တွင် သူ့အပေါ် ထျန်းဖုန်း၏ အကဲဖြတ်ချက်ကို ရုတ်တရက် သတိရကာ မေးခဲ့သည်။

 "အနည်းဆုံးတော့ ငါက မင်းနားမှာ ရှိနေတာ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးတော့ ရှိတယ် မဟုတ်လား "

ထျန်းဖုန်း ဒီစကားကို ကြားတော့ ဘာ ထပ်ပြောနိုင်ဦးမလဲ။

"ငါ့ကို တစ်ခုခုမေးချင်ရင် မင်းစိတ်ထဲမှာ သိမ်းထားစရာ မလိုဘူး။"

Albert က လှမ်းပြီး Tang Feng ရဲ့လက်ကို ကိုင်လိုက်တယ်။ သူက စကားပြောတာ ရပ်လိုက်သည် ။ အမူအရာက ဒီအချိန်မှာ တစ်ယောက်နဲ့တစ်ယောက် လက်ချင်း ထိတွေ့ရတာ ကြည်နူးမှု ခံစားနေရသည့်ပုံပေါ်သည်။
 "အရမ်းကောင်းတယ်။"

  Tang Feng က Albert ရဲ့ စိတ်လက်ချမ်းသာနေသည့် ပုံကို အသုံးချကာ သိလိုသည်ကို မေးလိုက်သည်။

"ခင်ဗျား Charles နဲ့ သဘောတူညီမှု တစ်ခုခု လုပ်ခဲ့သလား၊ ဒါမှမဟုတ် တခြားအရာတွေ ရှိသေးလား"
အခုချိန်မှာတော့ တစ်ဖက်လူက ပြောပြီးပြီမို့ Tang Feng က ထိုပြဿနာကို စိတ်ထဲမှာ မထားဘူး။

"သူတို့က မင်းကို မပြောဘူးလား"

  Albert က သူ့ရှေ့က တင့်တယ်ကာ ဆွဲဆောင်မှုရှိသည့် ထိုလူငယ်လေးကို အပြုံးမပျက် ကြည့်ပြီး ငြင်သာစွာပြောလိုက်သည်။

" Tang Feng ..တကယ်လို့ အဲ့လို ဖြစ်ခဲ့မယ်ဆိုရင် မင်း စိတ်ပျက်သွားမှာလား။"

"အနည်းနဲ့အများဆိုသလိုပေါ့။"

"ငါနဲ့နေရတာ မင်းအတွက် အလုံခြုံဆုံးပဲ။"

Albert က ထိုစကားကို ငြင်သာစွာ ထပ်ပြောခဲ့သည်။

"Charles ဒါမှမဟုတ် Lu Tianchen နဲ့ အတူရှိနေရတာ မလုံခြုံဘူးလို့ ဆိုလိုတာလား။  ဒီကမ္ဘာမှာ လုံးဝ လုံခြုံမှု မရှိတော့ဘူးလား။"

သူ့လက်ကို ရုတ်လိုက်ပြီး Tang Feng က မေးလိုက်သည်။

"ဘာအတွက်လဲ၊ အဲဒါက လုထျန်းကျီ နဲ့  သက်ဆိုင်နေလို့လား" လို့ ထပ်မေးလိုက်သည် ။

 "Lu Tianchen မှာ ဒုက္ခပေးနေတဲ့ အဖေရှိတယ်။"

ထိုစကားကိုပြောနေချိန် အဲလ်ဘတ်၏လေသံထဲတွင် အထင်အမြင်သေးမှုအချို့ရှိခဲ့သည်။

"မင်း သူ့ကို ဘာမှ မကူညီနိုင်ဘူး၊ ငါနဲ့ အတူနေရုံနဲ့ မင်းဘဝ လုံခြုံတယ်။"

******-*********

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now