Volume III- Chapter (63) - End (ဇာတ်သိမ်း /ဇာတ္သိမ္း)

2.4K 377 20
                                    



Volume III- Chapter (63) -  ပြီးပြည့်စုံသောအဆုံးသတ်




 "ခေါင်း...ကိုက်လိုက်တာ..."


 သူ့ရင်ဘတ်ကို မို့တက်လာအောင် အသက်ရှုသွင်းရင်း Tang Feng က သူ့ကိုယ်သူ သက်သာရာရစေဖို့  နားထင်ကို လက်နှင့် ဖိလိုက်သည်။

 



သူ၏ မျက်လုံးများကို မှိတ်ထားရင်း Tang Feng သည် မသက်မသာ အိပ်ရာပေါ်တွင် လှဲလျောင်းနေခဲ့သည်။ မနေ့ညက အရမ်းစိတ်လှုပ်ရှားနေခဲ့ကြပြီး  အဖွဲ့သားအားလုံးနှင့်  ဒါရိုက်တာက အရမ်းသောက်ဖြစ်ကြတယ်။ နောက်ပိုင်းတွင် ရှောင်ယု နှင့် နတ်ဆိုးလေး က သူ့ကို ပြန်ခေါ်လာသည် ။  


"အရမ်းသောက်ပြီးရင် ခေါင်းကိုက်နေလိမ့်မယ်၊ ထပြီး ရေသောက်လိုက်ဦး"

လူတယောက်က ဖြူစင်တဲ့အသံနဲ့ ပြောလိုက်တာကို ကြားလိုက်ရတယ်။ တယ်။
တဖက်လူ၏ ရုပ်သွင်အပြင်ကို မမြင်မီတွင် Tang Feng က မသိစိတ်ဖြင့် ခေါ်လိုက်မိသည်။

 "ချားလ်စ်၊ လာကူညီပေးပါဦး"

ထိုလူရောက်လာပြီး သက်ပြင်းချကာ Tang Feng ကို ကူညီရန် သူ့လက်ကို ဆန့်လိုက်သည်။

"ကျေးဇူးပြုပြီး မျက်လုံးဖွင့်ပြီး ငါဘယ်သူလဲဆိုတာ ကောင်းကောင်းကြည့်လိုက်ပါဦး။ မင်းအတွက် မျှော်လင့်ချက်မရှိတော့ပေမယ့် မင်းက ငါ့တစ်ယောက်လုံးကို ရှေ့မှာ ထားခဲ့ပြီး အခြားလူ နာမည်ကို ခေါ်နေတာက ငါ့ကို စိတ်ထိခိုက်စေတယ်"

   "အိုး၊"

Tang Feng က သူ့ခေါင်းတစ်ခုလုံး ထိုးကိုက်နေလို့ ဘာမှ သိပ်မတွေးနိုင်ပဲ တခွန်းပဲ ပြောလိုက်မိတယ်။

  Tang Feng က ခေါင်းခါလိုက်ပြီး မျက်လုံးတွေကို ညင်သာစွာ ပွတ်သပ်လိုက်တော့ သူ့ကုတင်ဘေးမှာ မတ်တပ်ရပ်နေတဲ့ လူတစ်ယောက်က သောက်ရေခွက်တစ်လုံးနဲ့ ရပ်နေတာကို တွေ့လိုက်ရသည်။
Tang Feng က တောင်းပန်တဲ့ အပြုံးဖြင့်ပြောလိုက်သည်။

 "Gino မင်း အခု ဘယ်လိုလုပ်ပြီး ပေါ်လာတာလဲ။  ဒါပေမယ့် အကြမ်းဖက်သမားတွေ လွတ်မြောက်ပြီးတဲ့ နောက်မှာ မင်းက ငါ့ကို ပထမဆုံး လာတွေ့မယ်လို့ ထင်ခဲ့တာ၊ မင်းက အခုမှလာတွေ့တဲ့အတွက် ငါ ဝမ်းနည်းတယ်။"

"ဟုတ်တယ် မင်းစိတ်မကောင်းဖြစ်နေတော့ ငါ့နှလုံးသားကို အခုချက်ချင်း ထိခိုက်အောင်လုပ်လိုက်တာပေါ့လေ......"

 
Gino က ကုတင်ပေါ်ထိုင်ပြီး Tang Feng ကို ဖန်ခွက်ကို ကမ်း ပေးရင်း၊ပြောခဲ့သည်။

  "မင်း အရမ်းကြောက်စရာကောင်းတဲ့ Tang Feng ပဲ။ ပထမတော့ မင်းပြန်ပေးဆွဲသွားတာ ငါကြားလိုက်ရတယ်။ မင်း သေမှာကို ငါ အရမ်းစိုးရိမ်ခဲ့ရတယ်။ မင်းက သူရဲကောင်းတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကို ရဲရဲဝံ့ဝံ့ သတ္တိရှိရှိနဲ့ လွတ်အောင်လုပ်ခဲ့တယ်"

"ကျေးဇူးတင်ပါတယ်။"


ရေတစ်ငုံသောက်လိုက်၊ Tang Feng က ခွက်ကို ကုတင်ဘေးမှာ ထားလိုက်တယ်။

" တကယ်တော့ လိမ္မော်သီးဖျော်ရည်ဆိုရင် ပိုကောင်းမယ်။ ငါ ခေါင်းကိုက်သက်သာအောင်  သစ်သီးဖျော်ရည် နည်းနည်းသောက်ချင်ပါတယ်။"

"မင်းဟာ လူတွေကို ပိုချစ်လာအောင် လုပ်ပြနေတာပေါ့လေ "


Gino က ပြောလိုက်ပေမယ့် Tang Feng သောက်ချင်တာကို ချက်ချင်း ဟိုတယ်အိပ်ခန်းတွင်း ဝန်ဆောင်မှုကို ဖုန်းဆက်ကာ မှာပေးလိုက်သည်။

  ဟိုတယ်မှာ တည်းခိုးတာ ဒီလိုအကျိုးကျေးဇူးတွေရှိတယ်။ တော်တော်များများကို ဖုန်းခေါ်ဆိုရုံနဲ့ ဖြေရှင်းလို့ရပါတယ်။
"ငါက လူနာတစ်ယောက်ပါ။"

Tang Feng က သူ့ခေါင်းကို အုပ်ပြီး စိတ်မသက်မသာ ဟန်ဆောင်လိုက်တယ်။ တကယ်တော့  ဟန်ဆောင်မှုတောင် မဟုတ်ဘူး။ သူတကယ် ခေါင်းကိုက်နေတယ်။
"ကောင်းပြီ၊ ဟိုနေ့က ငါက အဖွဲ့သားတွေနဲ့ ရုပ်ရှင် ရိုက်နေတုန်းဆိုတော့ မင်းကိုတွေ့ဖို့ ငါ တကယ် ရုန်းထွက်ပြီး မထွက်လာနိုင်ခဲ့ဘူး။"


Gino ၏ မျက်လုံးများက တောင်းပန်ဟန်ဖြင့်ပြောပြီး ရယ်မောလိုက်သည်။


 "ကြည့်၊ မင်းအမေရိကန်ကို လာမယ်ဆိုတာ ငါ သိတယ်။ မင်း အချိန်ရရင် မင်းနဲ့တွေ့ဖို့ ငါ ချက်ချင်း ပြေးလာတာပဲ မဟုတ်လား"


တကယ်တော့ သူတို့ အရင်က ဖုန်း အဆက်သွယ်ရှိကြတယ်။ Tang Feng က သိမ်ဖျင်းလွန်းတဲ့ စကားပြောတာကို မကြိုက်ဘူး။ သူက ဘာမှလုပ်စရာမရှိဘူး ဆိုပြီး ဖုန်းချသွားတယ်၊ တစ်ခါတလေကျတော့လည်း ဒီလိုမျိုး အရေးမပါတာကို ပြောနေရတာကို သူက သိပ် မကြိုက်ဘူး။ အထူးသဖြင့် ရုပ်ရှင်ရိုက်တဲ့အခါ လူတွေရဲ့စကားတွေပြောတဲ့ အတင်းအဖျင်းကို ကြားရတာမျိုးကို ပိုမကြိုက်ဘူး။
 
လူတိုင်းဟာ ကိုယ့်ကိစ္စနဲ့ကိုယ် အလုပ်ရှုပ်နေကြပြီး ဒါဟာ အကြမ်းဖက် ဖြစ်ရပ်ပြီးရင် သူတို့ရဲ့ ပထမဆုံး တွေ့ဆုံမှုပဲဖြစ်တယ်။
အခန်းတွင်းရှိ လူနှစ်ဦးသည် သူတို့၏ လက်ရှိရိုက်ကူးနေတဲ့ ရုပ်ရှင်များအကြောင်း ပြောဆိုနေကြသော်လည်း ဟိုတယ်အတွင်းမှ လူတစ်ဦးသည် ပြတင်းပေါက်နောက်တွင် ပုန်းနေပြီး မှန်ဘီးလူးဖြင့် သူတို့ကို စောင့်  ကြည့်နေသည်။

ညဝတ်အင်္ကျီနှင့် ဖိနပ်တစ်ရံကို ဝတ်ဆင်ထားသည့် ချောမောသော ပုံစံနှင့် ကပြားပုံစံ အမျိုးသားသည် အဝေးကြည့်မှန်ပြောင်းနောက်သို့ မှီကာ သူ့ဘေးနားရှိ အခန်းတစ်ခုကို စိုက်ကြည့်ကာ ရံဖန်ရံခါ ပါးစပ်မှ ကြိမ်းမောင်းနေသည်။
"မိုက်မိုက်ကယ်ဂျီနို...မင်း လက်ဖျားနဲ့တောင် ငါ့အချစ်ကလေးကို မထိနဲ့။  မင်းကို လက်ညှိုးနဲ့ ငါ ခုတ်လိုက်မယ်!"


 "Ahhh...ငါ အရမ်းဝမ်းနည်းတာပဲ...ငါ့ရဲ့ Tang လေးက ဟိုကောင် Gino ကို ပြုံးပြနေတယ်။ သွားပါပြီကွာ.... ငါ့  Tang လေးက အားနည်းနေတာ။ ဒီအချိန် ငါ သူ့ကို လုံးဝ ဂရုစိုက်ပေးရမှာကွ။ Ginoက ငါ့ ဘေဘီလေးကို ခေါ်သွားလိုက်ရင် ဘယ်လိုလုပ်မလဲ။ ငါ အခုလိုပဲ ကြည့်နေရတာ စိတ်မသက်သာလိုက်တာကွာ..... အား...ငါ့   Tang လေး ငါ့နှလုံးသားလေးရေ....  ... "

ချားလ်က လင်ယောကျာ်းစွန့်ပစ်ခံရတဲ့ အမျိုးသမီးတစ်ယောက်လို   အော်ဟစ်လိုက်ပြီး   မှန်ပြောင်းကို တခါပြန်ကြည့်ကာ အော်လိုက်ပြန်သည်။


  "ငါ သေတော့မယ် ထင်တယ်!"

"ဘော့စ်၊ ဘာလို့ သူ့ဆီကို  မသွားသေးတာလဲ။"

 နောက်ဆုံးတော့ ညီငယ်ဖြစ်သူက အနေနိုင်ပဲ မေးလိုက်သည် ။


ယနေ့ သူ လုပ်နေပုံက ဖောက်ပြန်သူနောက်ကို လိုက်ချောင်းနေတာနဲ့ တူသည်။

  သူတို့က Tang Feng နောက်ကို တကောက်ကောက်လိုက်တာ  တနေကုန် လိုက်ကြည့်ပြီး မှန်ပြောင်းနဲ့လည်း ချောင်းမြောင်း ကြည့်နေတယ်။ မနေ့က Tang Feng ရဲ့ "မကောင်းဆိုးဝါးလူသတ်သမား" ရုပ်ရှင်ကို ရုံတင် ပြသခဲ့ပြီး Charles က   ရုပ်ရှင်ရုံမှာ  မိသားစုဝင်တွေအားလုံးကို ရုပ်ရှင်ကြည့်ဖို့ ခေါ်သွားခိုင်းတယ်။ ဆောင်းရာသီသည် နံနက်စောစောပွဲစဉ်ကတည်းက သွားကြည့်ခိုင်းခဲ့တာဖြစ်ပြီး   ကံကောင်းထောက်မစွာ၊ ဒီဇာတ်ကားက  သရုပ်ဆောင်ကြတဲ့အတွက် ကြည့်ရဖို့ တကယ့်ကို  ထိုက်တန်ပါတယ်။
အထူးသဖြင့် ရုပ်ရှင်ရဲ့နောက်ဆုံးဇာတ်ဝင်ခန်းဖြစ်တဲ့ Tang Feng က ပြုံးပြလိုက်တဲ့ အခန်းကဆိုရင် တကယ်ကို ကြည့်ရှုသူအားလုံးကို စွဲမက်သွားစေသည်။

  ဇနီးသည်နှင့် အတူလာကြည့်တဲ့ အိမ်ထောင်သည် ယောကျာ်းတွေတောင် ဒီလူရဲ့ အပြုံးကြောင် ရင်ခုန်သွားမိသေးတာပဲ။ ဝါရင့်ငပွေကြီး ချားလ်က  Tang Feng ကို ချစ်မိသွားတာ အံ့သြစရာမရှိပါဘူး။


"ဟမ်..."  သက်ပြင်းချရင်း Charles က ဆိုဖာပေါ်တွင် ထိုင်ချလိုက်ပြီး သူ့ပါးကို ပွတ်သပ်လိုက်သည်။


သူလည်း တွေးကြည့်ပေမယ့် ဘာမှ  မတတ်နိုင်ဘူး ။ စည်းကမ်းကို ဖောက်လိုက်ပြီး လှုပ်ရှားလိုက်ရင်  သူ့အောင်မြင်မှု အားလုံးကို ဆုံးရှုံးရလိမ့်မယ်။
Tang Feng ၏ ယခင်က  အဆိုပြုချက်တွေကြောင့်အခု သူ့ရင်မှာ ကျလိကျလိနှင့် အူယားလို့နေသည်။

  သူသည် Tang Feng ကို အများအားဖြင့် ကြည့်ပြီး  ကံကောင်းမှုကို  ခံစားချင်သည်။ သူနှင့် Lu Tian chen တို့က Tang Feng ရဲ့ တောင်းဆိုမှုကို လက်ခံခဲ့သည်။

သူတို့က ရိုးရိုးရှင်းရှင်းပဲတွေးပြီး Tang Feng နားကပ်နေခွင့်ကို  စွန့်လွှတ်လိုက်မိတဲ့အတွက် ချားလ် က အခု နောင်တရသွားတယ်၊ Tang Feng ထွက်သွားတဲ့အချိန်မှာ အဲဒီလူက ဒါကို တွေးပြီး Tang Feng ရဲ့ နောက်ဆုံးရွေးချယ်မှုဟာ သူပဲဖြစ်ရမယ်၊ လုံးဝ သေချာပေါက် မမှားနိုင်ဘူး၊ သူတို့က အကောင်းဆုံးပွဲပဲလို့ အမြဲပြောနေခဲ့တယ်။
ဒါပေမယ့်လည်း Tang Feng က သူ့ကို ရွေးဖို့ ဖြစ်နိုင်ချေရှိပါတယ်၊ အဲဒီအချိန်မှာ ပြတင်းပေါက်ကနေ Tang Feng ရှိနေတဲ့ အခန်းထဲကို ဝင်သွားခဲ့ရင် ဘာဖြစ်ကုန်မလဲ။ သေချာပေါက် သူ့စိတ်ကို မထိန်းနိုင်ပဲ Tang Fengကို ချစ်တင်းနှောမိလိမ့်မယ်။  ထို့ကြောင့် Charles သည် အနီးကပ် စောင့်ကြည့်နေရုံသာ ရှိတော့သည်။

ချားလ်က အလုပ်အားလုံးကို သူ့ညီလေးဆီကိုလွှဲအပ်ပြီး Tang Feng နောက်ကို တကောက်ကောက်နဲ့ တိတ်တခိုးလိုက်နေတော့တယ်။
 
ရုံတင်သည့် ပထမနေ့၏ဝင်ငွေရလဒ်က  ကောင်းမွန်ပါတယ်။ ဒါက အင်တာနက်ပေါ်က ပြန့်နှံ့နေတဲ့ ရိုက်ကူးချိန်မှာ ပြန်ပေးဆွဲခံရခြင်းနှင့် Tang Feng က သူရဲကောင်းဆန်ဆန် ရန်သူတွေကို မျှားခေါ်ပြီး ဓါးဆာခံတွေကို ကယ်တင်နိုင်ခဲ့တဲ့ သတင်းတွေရဲ့ သက်ရောက်မှုကြောင့်လည်း ဖြစ်နိုင်တယ်။

 ရုံတင်တဲ့ရက်ကြာလာရင် ရုံတင်ဝင်ငွေက  တဖြည်းဖြည်း ကျဆင်းသွားသင့်ပေမယ့် မကောင်းဆိုးဝါး လူသတ်သမားရုပ်ရှင်ဇာတ်ကားကြီးရဲ့ ရုံတင်ဝင်ငွေက တရိပ်ရိပ်ဆက်လက်မြင့်တက်နေခဲ့တာက သရုပ်ဆောင်တွေရဲ့   ဂုဏ်သိက္ခာကောင်းမွန်မှုကြောင့်သာ ဖြစ်သည်ဟု ယူဆနိုင်သည်။ ရုပ်ရှင်နဲ့ ရုပ်ရှင်ဝေဖန်ရေးဆရာတွေရဲ့ ကြိုးစားအားထုတ်မှုတွေကလည်း ကောင်းမွန်တယ်။
 
ဒီဇာတ်ကားရဲ့ အောင်မြင်မှုအတွက် အကြောင်းပြချက်များစွာရှိပါတယ်။ Tang Feng ၏ ဖျော်ဖြေတင်ဆက်မှုများကို မျိုးဆက်သစ်လူငယ်များ၏ လမ်းပြမီးရှုးတန်ဆောင် အဖြစ်   ချီးကျူးဂုဏ်ပြု ခံခဲ့ရသည်။
မြောက်အမေရိက Box Office ရုံတင်ဝင်ငွေ ၏ အောင်မြင်မှုသည် ကမ္ဘာလုံးဆိုင်ရာ Box Office ကို ပိုမို မြင့်တက် လာစေခဲ့သည်။ တစ်ပတ်ကြာပြီးနောက် Tang Feng သည် တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့သည်။ ပြည်တွင်း Box Office သည် မြောက်အမေရိကလောက် မမြင့်မားပေမယ့်လည်း  ရလဒ်များမှာ အံ့သြဖွယ်ကောင်းသည်။ နောက်ဆုံးတော့၊ တရုတ်နိုင်ငံမှာ ရုံတင်တဲ့  "Slayer" ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတစ်ချို့ကို တရုတ်အာဏာပိုင်တွေက ဆင်ဆာဖြတ်တောက်ခဲ့ပေမယ့်လည်း   ကံကောင်းထောက်မစွာ၊ ဆင်ဆာဌာနကို ထိန်းချုပ်ပြီးနောက် အလုံးစုံသော အဓိက ဇာတ်ကွက်ကို များစွာ ထိခိုက်မှု မရှိသည့်အတွက် ကြည့်ရှုသူ ပရိသတ်၏ခံစားမှုကို   များစွာထိခိုက်စေမည်မဟုတ်ပေ။


"ပထမသုံးရက်အတွင်း မြောက်အမေရိကမှာ ရှိတဲ့ ရုံတင်ဝင်ငွေ Box Officeက သန်း 40 ရရှိခဲ့ပြီး ကုန်ကျစရိတ်နည်းပါးတဲ့ ဇာတ်ကားတွေရတဲ့ ဝင်ငွေ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တယ်။ နောက်ဆုံး Box Office က သန်း 100 အထိ မြင့်တက်လာနိုင်ပြီး သန်း 130 အထိရောက်ရှိဖို့ မျှော်လင့်ထားတယ်။  ဒီနှစ်ရဲ့ မြောက်အမေရိက အမျိုးသားကြယ်ပွင့်တွေထဲက ဝင်ငွေ အမြင့်ဆုံး ရှာနိုင်တဲ့ မင်းသားက မင်းပဲဖြစ်နိုင်လောက်တယ်။"

 
Lu Tian chen သည် Tang Feng နှင့် အတူ အမေရိကန်သို့ မသွားဘဲ Tang Feng ပြန်လာသောအခါ Lu Tian chen သည်   ကိုယ်ပိုင် လေယာဉ်ကိုလွှတ်ကာ ကြိုစေခဲ့သည်။


"ကျေးဇူးတင်ပါသည်။"

Tang Feng က  ရုတ်တရက် လေးလေးနက်နက် ပြောလိုက်တယ်။


"ဘာလို့ကျေးဇူးတင်တာလဲ"

 Lu Tian chen သည် ထိုလူကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက်ပြောလိုက်သည့် စကားကြောင့် အနည်းငယ် စိတ်ရှုပ်သွားသည်။


"မကြာသေးခင်က အမျိုးသားကြယ်ပွင့်တစ်ဦးနဲ့နောက်ကြောင်းကို အစိုးရက လိုက်စုံစမ်းနေပြီး အဲ့ဒါကို ဖယ်ရှားပစ်နိုင်တယ်လို့ ရှောင်ယုက ပြောတာကို ကြားခဲ့ရတယ်။ တကယ်တော့ ဝေ့တောက်မင်က ကျွန်တော့် လမ်းကြောင်းကို လိုက်ပိတ်ဆို့နေတဲ့အချိန်တုန်းက    ကုမ္ပဏီဘက်က ဘာ့ကြောင့် အရေးယူမှု များများစားစား မရှိခဲ့တာလဲဆိုတာ ကျွန်တော် နားမလည်ခဲ့ပါဘူး။ တကယ်တော့ နောက်ကွယ်ကနေ ဝေ့တောက်မင်ကို ကိုင်တွယ်ဖြေရှင်းဖို့ လျှို့ဝှက်အလုပ်လုပ်နေတယ်ဆိုတာ အခုမှ သိလာရတယ်။"


Lu Tian chen ကနူတ်ခမ်းထောင့်စွန်း မသိမသာမြင့်တက်သွားပြီး မေးလိုက်သည်။

  "မင်း ဘယ်လိုထင်လဲ"

 "ခင်ဗျားက Lu Tian chen ဆိုတော့..ဒီလောက်တော့ ရှိမှာပဲလေ"


တကယ်တော့ Tang Feng က သာမန်လူတွေလို  နေထိုင်ရတာကို သဘောကျပေမယ့် ဒီလူက နတ်ဆိုးလေးလို လူကိုတောင် ခိုင်းစေနိုင်လောက်အောင်   ပိုအစွမ်းထက်ပြီး သာမာန်လူတွေထက် အတွေးအမြင်ပိုများတဲ့သူ ဖြစ်တယ်။
Tang Feng အပေါ် Lu Tia nchen ၏ခံစားချက်တွေက ဝတ္ထုဇတ်လမ်းတွေထဲတွင်ဖော်ပြထားသော သူရဲကောင်းအချို့နှင့်တူသည်။ သူ့မှာ လက်တချက်ယမ်းရုံနှင့် အရာရာကို ပြီးမြောက်စေတဲ့  စွမ်းရည်ရှိပေမယ့် အမှောင်ထဲမှာ အလုပ်လုပ်ရတာကို နှစ်သက်ပါတယ်။ သူက မင်းကို တိတ်တိတ်လေး မသိအောင် သတ်ပစ်နိုင်တယ်။


ယခုတစ်ကြိမ် ဝေ့တောက်မင် ၏ ကျောထောက်နောက်ခံကြောင့် တစ်စုံတစ်ခု ဖြစ်ပွားခဲ့ကြောင်း ခန့်မှန်းလို့ ရပြီး  Lu Tian chen က ထိုကျောထောက်နောက်ခံကို နောက်ကွယ်မှ  ဓားဖြင့်ထိုးခြင်းဖြစ်သည်ကို အဆိုပါလူမှ လုံးဝ မသိနိုင်ခဲ့ပေ။


Lu Tian chen က ပြုံးပြီး ပြန်မဖြေခဲ့ပေ။ ဒီသဘောက ထိုလူကို လုံးဝပျောက်ကွယ်သွားအောင် ကျူပင်ခုတ် ကျူငုတ်မကျန်အောင ်ရှင်းပစ်တာထက်  ပိုထိရောက်ဖို့ နည်းလမ်းမရှိဘူးဆိုတဲ့ သဘောပါပဲ။ ဤသည်မှာ Lu Tian chen ၏ အပြုအမူ အမှန်ပင် ဖြစ်သည်။


ပြည်တွင်းပြည်ပ နေရာအနှံ့မှာ အောင်မြင်မှု သတင်းတွေ ပျံ့နှံ့နေပြီး  လူသတ်သမား ရုပ်ရှင်ရဲ့ ကောင်းသတင်းတွေလည်း ဆက်လက်ထွက်ပေါ်နေပါတယ်။ "Slayer" သည် မြောက်အမေရိက Box Office ရုံတင်ဝင်ငွေ အများဆုံး ဆုကို ရရှိစေရုံသာမက ပထမဆုံး  ရုံတင်သည့်  သောကြာနေ့တွင်  ဝင်ငွေ 10 သန်းကို အောင်မြင်စွာ ရရှိခဲ့သည်။
တစ်လကြာသည်အထိ မြောက်အမေရိကတွင် ထိုဇာတ်ကားကို ရုံကြီးတွေပေါ်မှာ ဆက်လက်ပြသခဲ့ပြီး Box Office သည် အမေရိကန်ဒေါ်လာ သန်း 100 ကျော် အောင်မြင်ခဲ့ပြီး ပြည်တွင်းတွင်လည်း Tang Feng သည် ရလဒ်ကောင်းရရှိခဲ့ကာ သန်း 200 ဖြင့် ရှေ့ဆုံးမှ အောင်မြင်စွာ ရပ်တည်နိုင်ခဲ့သည်။
ဒီဆောင်းရာသီတွင် Tang Feng သည် သူ ပြန်လည်မွေးဖွားလာပြီးနောက် ပထမဆုံး အနေဖြင့် အောင်မြင်မှု အသီးပွင့်ကို ရရှိခဲ့တာ ဖြစ်သည်။ လူသစ် သရုပ်ဆောင်အနေဖြင့်     Tang Feng ဟာ ပြည်တွင်းစံချိန်ကိုချိုးပစ်နိုင်ပြီး အမြန်ဆုံး အောင်မြင်လာသည့် အမျိုးသားသရုပ်ဆောင်ဖြစ်လာခဲ့ပါတယ်။


တစ်နှစ်အတွင်းမှာပင် အိုင်ဒယ်လ် အမျိုးသား အနုပညာရှင်တစ်ဦးသည် ယခုအခါ ရှေ့ဆုံးတန်း ဂျူနီယာလေးဦးနှင့် တန်းတူနေရာရသည့် လူဖြစ်လာခဲ့သည်။ မဝေးတော့သော အနာဂတ်တွင်၊ သူသည် နောက်ထပ် အဆင့် 4 ခုကို ကျော်ဖြတ်နိုင်သည်နှင့်  ပြည်တွင်းစူပါထိပ်တန်းကြယ်ပွင့်တစ်ဦးဖြစ်လာ လိမ့်မည်ဖြစ်သည်။


ယခုအချိန်တွင် Tang Feng သည် အကြမ်းဖက်သမားများ၏ရင်ဆိုင်မှုကို တွန်းလှန်ရာတွင် Tang Feng ၏သူရဲကောင်းဆန်ဆန် လုပ်ဆောင် မှုများအပြင် "Satan's Alley" နှင့် "Slayer" ရုပ်ရှင်များတွင်လည်း အစွမ်းပြ နိုင်ခဲ့သည်။ နိုင်ငံတကာ ရုပ်ရှင်ကြယ်ပွင့်ကြီး Gino နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိုခြင်း၊  အမေရိကန်ပြည်ထောင်စုမှရောက်လာသော ဇာတ်ဆောင်မှူး Robert နှင့် Tang Feng တို့ကြားု ကောင်းမွန်သော ဆက်ဆံရေးရှိခဲ့သည့်အပြင် ကုမ္ပဏီကြီးတစ်ခု၏ အတိုင်ပင်ခံ Robert သည် Gino မှတစ်ဆင့် Tang Feng သို့ အကောင်းဆုံး ကမ်းလှမ်းမှုတစ်ခုကို ပေးအပ်ခဲ့သည်။

 
Tang Feng ဟာ နိုင်ငံခြား ရုပ်ရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုအကြောင်း ဆွေးနွေးဖို့ အမေရိကန်ကို လောယာဉ်ဖြင့် ထပ်မံ နိုင်မယ်လို့ မျှော်လင့်မိနေတယ်။
Gino ပါဝင်သရုပ်ဆောင်ထားသည့် ဟီးရိုးရုပ်ရှင်ကို လာမည့်နှစ် ဧပြီလတွင် မြောက်အမေရိကတွင် ရုံတင်ပြသမည်ဖြစ်ပြီး ထုတ်လုပ်ရေးကုမ္ပဏီက နှစ်ပေါင်းများစွာစီစဉ်ထားသည့် ဟီးရိုးစီးရီးကို တရားဝင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ ယနေ့ ရုပ်ရှင်လောကကြီးက ကမ္ဘာလုံးကို ဖြန့်ဖြူးကာ အတူပူးတွဲရိုက်ကူးလာကြသဖြင့်   Robert သည်လည်း ထိုသူရဲကောင်းများထဲတွင် အရှေ့တိုင်းသား တစ်ဦးလည်း ရှိသင့်သည်ဟု ယူဆခဲ့သည်။  ကမ္ဘာကြီးကို အမြဲကယ်တင်နိုင်တဲ့ သူရဲကောင်းဆိုတာ အမြဲတမ်း အမေရိကန်လူမျိုးတွေတင် မဟုတ်နိူင်ဘူးမဟုတ်လား။


သရုပ်ဆောင်မှု သို့မဟုတ် ကျော်ကြားမှု မည်သို့ပင်ရှိစေကာမူ Tang Feng သည် အကောင်းဆုံး ကိုယ်စားလှယ်လောင်း တစ်ယောက် ဖြစ်လာသည်။ Tang Feng ပါဝင်ရိုက်ကူးပေးခဲ့သည့် ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာ သရုပ်ဆောင်ကြေးက  "Satan's Alley"  
ဇာတ်ကားတွင်  US$ 500,000 "Devil Slayer"ဇာတ်ကားတွင်  US$ 1 million ရရှိခဲ့တဲ့အပြင် အခုရိုက်ကူးမယ့် စူပါဟီးရိုး ဇာတ်ကားအတွက်   US$ 5 million ကိုရရှိခဲ့သည်။



***-****

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now