Chapter (23) - အထူးေလလံပြဲ(Z+U)

3.3K 580 15
                                    

Chapter (23) - အထူးေလလံပြဲ

Jason လိုပဲ ေနာက္ပိုင္းမွာလည္း လူေတြကို ဆက္ၿပီး ေလလံတင္ေရာင္းခ်ၾကသည္။ ကံမေကာင္းစြာႏွင့္ ထိုလူမ်ား၏မိသားစုမ်ားက ေလလံကိုရေအာင္ဆြဲကာ လူမ်ားကို ကယ္တင္ႏိုင္ခဲ့သည္။

လူႏွင့္ေငြၾကားက ေ႐ြးခ်ယ္မႈအေၾကာင္းကို Albert က Tang Feng ကို ဆက္လက္ျပသခဲ့သည္။ အဆုံးသတ္မွာ ဘာကိုရလိုက္သလဲ။
တရားမွ်တမႈလား..၊ ညီမွ်ျခင္းလား..။ ဥပေဒကို သတ္မွတ္သူက ျပႆနာမ်ားကို ဟန္ခ်က္ညီေအာင္ ထိန္းေပးေနၿပီး လူေတြကေတာ့ ၾကားခံတစ္စိတ္တစ္ေဒသသာ ျဖစ္လာၾကသည္။

"ခင္ဗ်ား ခုလိုေတြလုပ္ေနတာ ရဲလာဖမ္းမွာ မေၾကာက္ဘူးလား.."

ဒီေမးခြန္းကိုေမးၿပီးမွ သူဘယ္ေလာက္တုံးသည္ကို Tang Feng သတိရသြားသည္။ Albert သာ ရဲကိုေၾကာက္ရင္ ႏိုင္ငံတကာရဲတပ္ဖြဲ႕ Interpol ၏ England ဌာနခြဲက Ivan ႏွင့္ ဘယ္လိုပူးေပါင္းၿပီး Charles ကို ဂြင္ဆင္ဖမ္းပါ့မလဲ။ Interpol ကလူေတြကိုေတာင္ ပူးေပါင္းႏိုင္တယ္ဆိုကတည္းက Albert ေနာက္ခံက ေပါ့ေသးေသးေတာ့ ျဖစ္မည့္ပုံမေပၚေပ။

"လူေတြက အျမင့္ကိုေရာက္ေလ သူတို႔စည္းစိမ္ဥစၥာ၊ ပိုင္ဆိုင္မႈအတြက္ ပိုစိုးရိမ္လာၾကေလပဲ.. ဆင္းရဲသားေတြက စားဝတ္ေနေရးအတြက္ မာနကိုခ်ၿပီး ဦးၫြတ္ၾကတာ ရွက္စရာမဟုတ္ဘူး.. အသက္ရွင္ဖို႔နဲ႔စာရင္ ဒူးေထာက္ဦးၫြတ္တာ ဘာမွမဟုတ္ေတာ့ဘူး.."

Albert က ႏႈတ္ခမ္းေထာင့္ေတြ တြန႔္ေကြးလာေအာင္ ၿပဳံးလိုက္သည္။

"အိုး.. အထက္တန္းလႊာဆိုတဲ့လူတန္းစားက အိမ္မွာဘယ္ေလာက္ေတာင္ ဆာေလာင္ေနပါေစ၊ လူျမင္ကြင္းမွာ ဟန္မပ်က္ေအာင္ ဝတ္စားၿပီး သြားလာေနၾကတယ္ေလ.. လူေတြက ပိုစိတ္ပူေလ သူတို႔က ပိုၿပီးအထိအခိုက္မခံႏိုင္ေလပဲ.."

Albert က message တခ်ိဳ႕ေပးေနေပမယ့္ Tang Feng ဘာမွနားမလည္ေပ။

"ဒီမွာ ထူးထူးျခားျခားကိစၥ မရွိဘူးလား.."

"တကယ္လို႔ မင္းၾကားခ်င္တဲ့ ထူးထူးျခားျခားကိစၥဆိုတာ မိသားစုနဲ႔ စီးပြားေရးလုပ္ငန္းကို လ်စ္လွ်ဴရႈတဲ့လူမ်ိဳး၊ ေလွာင္ခ်ိဳင့္ထဲမွာပဲ ေနရေတာ့မယ့္လူမ်ိဳးကိုဆိုရင္ ငါေျပာျပမယ့္အေၾကာင္းအရာက မင္းကို စိတ္ပ်က္ေစလိမ့္မယ္.."

Tang Feng က ၂ဘဝတိတိရွင္သန္ကာ လူမ်ားစြာကိုႀကဳံခဲ့ဖူးေပမယ့္ Albert လိုလူကို သူမေတြ႕ဖူးေပ။ သူ႔ေရွ႕ကလူငယ္နဲ႔ပတ္သက္ၿပီး သူဘာမွ ႀကိဳတင္မခန႔္မွန္းႏိုင္ေသးေပ။

Ivan က Albert နဲ႔ပူးေပါင္းဖို႔ သူ၏သိကၡာကို စြန႔္လႊတ္ခဲ့သည္။ Albert ကလည္း အင္တာပိုကိုကူညီေပးတာ သူ႔အတြက္ ထိုက္တန္ေသာရလဒ္ေၾကာင့္လား..။ ဒါေပမယ့္ Tang Feng လိုလူအတြက္ သူဒီလိုလုပ္တာက မတရားဘူးလို႔ ခံစားရမလား။

"မင္းကိုၾကည့္ရတာ သိပ္ေနေကာင္းပုံမရဘူး.. တကယ္လို႔ မင္းက စိတ္ပ်က္စရာျမင္ကြင္းကိုၾကည့္ရတာ သေဘာမက်ရင္ ခုကတည္းက ျပန္တာပိုေကာင္းမယ္.. စိတ္မေကာင္းစရာက ေနာက္ေလလံပြဲမွာ ကိုယ္က သီးသန႔္ေလလံဆြဲဖို႔ ျပင္ထားတာ.."

Albert က Tang Feng ၏လက္ကို ညင္သာစြာဆုပ္ကိုင္ကာ ေျပာလိုက္သည္။

"ဒီေလလံပစၥည္းေတြက မင္းပိုင္တဲ့ဟာမဟုတ္လား.. ဘာေၾကာင့္ ကိုယ့္ပစၥည္းကိုယ္ ေလလံျပန္ဆြဲမွာလဲ.."

Albert ေျပာလိုက္သည့္စကားမ်ားက Tang Feng ကို သံသယဝင္လာေစသည္။ ေလာေလာဆယ္ ေလလံက လူေတြကိုပဲ ေလလံပစ္ေနတာျဖစ္သည္။ ဒါေပမယ့္ Albert ရဲ႕စကားက Tang Feng ရဲ႕သိလိုစိတ္ကို ႏႈိးဆြေပးေနသည္။ Tang Feng က Harvey ကို သတိရသြားသည္။ Harvey က ဒီကို ေလလံဆြဲဖို႔ ေရာက္ေနတာလား။ ဒါမွမဟုတ္ Harvey က Albert ရဲ႕ဖမ္းဆီးတာမ်ား ခံလိုက္ရတာလား။

"ကေန႔ႂကြေရာက္လာတဲ့ ဂုဏ္သေရရွိဧည့္သည္ေတာ္မ်ား ခင္ဗ်ာ.. ဒီေလလံပြဲကို ပါဝင္သူအားလုံး အထူးအခြင့္အေရးကို ရႏိုင္ပါေတာ့မယ္.. ဒီမွာရွိတဲ့လူအားလုံး ေလလံပစ္ဖို႔ အခြင့္အေရးေတြရွိပါတယ္.. တကယ္လို႔ လူႀကီးမင္းတို႔ ႐ုပ္ရွင္ၾကည့္ဖူးၾကမယ္ဆိုရင္ ဒီေလွာင္ခ်ိဳင့္ထဲကလူကို ေကာင္းေကာင္းသိၾကမွာပါ.."

လူေတြက စင္ျမင့္ေပၚက ေၾကျငာသူ၏စကားေၾကာင့္ ခန႔္မွန္းေျပာဆိုေနခိုက္ ေလွာင္ခ်ိဳင့္ကိုအုပ္ထားသည့္အစကို ဆြဲဖယ္လိုက္သည္ႏွင့္ Tang Feng က ထိတ္လန႔္တၾကား ထိုင္ခုံမွထရပ္လိုက္မိကာ ေနာက္ေက်ာမွ ေခြၽးေတြစီးက်လာခဲ့သည္။

ေလွာင္ခ်ိဳင့္ထဲမွာရွိေနသည့္လူက Michael Gino ျဖစ္ၿပီး သူ႔ပါးစပ္ကို ပိတ္စည္းကာ လက္မ်ားကိုတုပ္ေႏွာင္ထားသည္။ အျခားလူမ်ားႏွင့္စာရင္ Gino ၏အမူအယာက တည္ၿငိမ္ေနၿပီး စိတ္လႈပ္ရွားပုံမေပၚေပ။ သူက ႐ုတ္တရက္ျဖာက်လာသည့္ မီးေရာင္ေၾကာင့္ မ်က္လုံးကို ၾကည္လင္လာေအာင္ ခဏေစာင့္ေနစဥ္ သူ႔ကိုေစာင့္ေနသူႏွင့္ မ်က္လုံးခ်င္းဆုံသြားခဲ့သည္။

Gino က တျခားလူႏွင့္မတူေပ။ သူက ေကာင္းမြန္သည့္မိသားစုကလာၿပီး နာမည္ႀကီး ႐ုပ္ရွင္မင္းသားတစ္ဦးလည္းျဖစ္သည္။ သူ႔ကို ဒီလိုေလလံစင္ျမင့္ေပၚက ေလွာင္ခ်ိဳင့္ထဲမွာေတြ႕ရေတာ့ Tang Feng က စိတ္လႈပ္ရွားစြာျဖင့္ ခုံကိုက်စ္က်စ္ပါေအာင္ ဆုပ္ကာ ေမးလိုက္သည္။

"ဒါ.. ဘယ္လိုျဖစ္ရတာလဲ.. Gino က ရာဇဝတ္မႈတစ္ခုခုကို က်ဴးလြန္ခဲ့မိလို႔လား.."

"မင္း ဘယ္လိုထင္သလဲ.."

Albert က တိုက္႐ိုက္မေျဖဘဲ ျပန္ေမးလိုက္သည္။

Tang Feng က သူ႔စိတ္ကို ၿငိမ္ေအာင္ထိန္းကာ ျပန္ထိုင္ခ်လိုက္သည္။ ေလလံပြဲစေတာ့ ယြမ္ 100000 ႏွင့္စတင္သည္။ ထိုေဈးကိုစဖြင့္သူက Harvey ျဖစ္သည္။ ဒါေၾကာင့္ Harvey က ဒီေနရာကိုေရာက္လာရသည္ကို Tang Feng သေဘာေပါက္သြားခဲ့သည္။ Harvey က Gino တို႔၏ မိသားစုဆရာဝန္ျဖစ္သည္။ Gino ကိုကယ္ဖို႔ သူ႔မိသားစုကိုယ္စား ဒီကိုေရာက္ေနတာျဖစ္မည္။ မဟုတ္လွ်င္ Harvey လို စိတ္ထားႏူးညံ့ၿပီး တရားမွ်တမႈကို လိုလားသည့္ဆရာဝန္က ဒီလိုတရားမဝင္၊ လူကိုေလလံတင္ေရာင္းသည့္ ေမွာင္ခိုေဈးကြက္ေနရာကို ေရာက္ေနစရာ အေၾကာင္းမရွိေပ။

ဒါေပမယ့္ Gino က ဒီလိုမေကာင္းသည့္အရာကို လုပ္မည့္သူမ်ိဳးမဟုတ္ေပ။

Tang Feng က အေစာပိုင္းက Albert ေျပာခဲ့သည့္စကားမ်ားကို ေသခ်ာျပန္စဥ္းစားလိုက္သည္။ ဒါဆို သူေလလံပစ္မည့္သူက Gino ပဲေပါ့။

"သူက မင္းကို ဆန႔္က်င္ခဲ့ဖူးလို႔လား.."

Tang Feng က ဒီလိုပဲေတြးႏိုင္ေတာ့သည္။ မဟုတ္လွ်င္ ထင္ရွားသည့္ သ႐ုပ္ေဆာင္ Gino ႏွင့္ Albert ကို ဆက္စပ္ၾကည့္လို႔မရေပ။

"ဟား.. ဟား.."

Albert ကသူ႔ေဘးကလူ႐ြယ္၏စကားကို သေဘာက်စြာရယ္လိုက္ၿပီး နားၾကပ္ထဲမွ တစ္စုံတစ္ခု တီးတိုးေျပာလိုက္သည္။ ထို႔ေနာက္ တစ္စုံတစ္ဦးက Harvey ႏွင့္စတင္ကာ ေလလံၿပိဳင္ဆြဲေတာ့သည္။

ဒါကေတာ့ မတရားေပ။ သူ႔ပစၥည္းကို သူျပန္ၿပီးေလလံပစ္ေနေသာ Albert က ေဈးကိုစိတ္ႀကိဳက္တိုးေပးႏိုင္ၿပီး သူ႔လက္ထဲကေန ဘယ္သူမွအႏိုင္မရႏိုင္ေပ။ ဒီအခ်ိန္မွာ ေလလံေဈးက သန္း 70 ထိျမင့္တက္သြားေလၿပီ။ Harvey က ေလလံကဒ္ကို ဆက္လက္ကိုင္ထားဆဲျဖစ္သည္။ ဒါေပမယ့္ Gino မိသားစု၏ပိုင္ဆိုင္မႈက Gino ကိုေလလံဆက္ဆြဲဖို႔ မလုံေလာက္ႏိုင္ေပ။ ဒီျပႆနာရဲ႕အေျခအေနက Tang Feng ရဲ႕ေဘးမွာထိုင္ေနေသာ သူထံတြင္သာရွိသျဖင့္ Tang Feng က Albert ကိုလွည့္ကာ ေျပာလိုက္သည္။

"Gino က ငါ့သူငယ္ခ်င္းပါ.. မင္းကို သူ ဘယ္လိုေဒါသထြက္ေအာင္ လုပ္ခဲ့မိတယ္ဆိုတာ ငါ့ကို ေျပာျပလို႔ရမလား.."

တကယ္လို႔ သူ႔ကိုလႊတ္ေပးေစခ်င္ရင္ အရင္ဆုံး အေျခအေနကို သိရဖို႔လိုသည္။ Tang Feng က Albert စိတ္ဆိုးသြားၿပီး အေျခအေနပိုဆိုးသြားမွာစိုးလို႔ အလ်င္စလိုမလုပ္ခဲ့ေပ။ Albert က Lu Tian Chen နဲ႔ Charles လိုမဟုတ္လို႔ Tang Feng သူ႔ကိုမယုံၾကည္ေပ။

Albert က သူ႔ေမးခြန္းကိုမေျဖဘဲ သူ႔လူေတြကို ဆက္လက္ေလလံဆြဲဖို႔ ၫႊန္ၾကားလိုက္ေသာေၾကာင့္ ေဈးက သန္း 100 ထိေရာက္သြားသည္။
Harvey က စိတ္အေႏွာင့္အယွက္ျဖစ္သြားပုံေပၚသည္။

"Albert.."

Tang Feng က Albert ၏လက္ကိုဆုပ္ကိုင္ကာ ေမးလိုက္သည္။
ဒီတစ္ခါေတာ့ Albert က သူ႔ကိုၿပဳံးကာ ေျပာလိုက္သည္။

"စိတ္မပူပါနဲ႔.."

"သူ႔အေျခအေနက ဘယ္လိုလုပ္ စိတ္မပူဘဲရွိမွာလဲ.. Gino က တစ္ခုခုလုပ္ခဲ့မိတယ္ဆိုရင္ေတာင္ သူက လူဆိုးလို႔ငါမထင္ဘူး.."

Albert က ေလွာင္ရယ္ရယ္ပစ္လိုက္သည္။

"ဟား.. ဟား.. သူက ငါ့ကိုလာၿငိတာကိုး.. ဒါက သူက်ဴးလြန္မိတဲ့ အဓိကျပစ္ခ်က္ပဲ.."

"ဘယ္ေနရာမွာ Gino က မင္းကိုၿငိမိတာလဲ.. Gino က ငါနဲ႔ ႐ုပ္ရွင္ဇာတ္ကားတစ္ခုထဲမွာ သ႐ုပ္ေဆာင္ေနခဲ့တာ.. သူက မင္းကို ဘယ္အခ်ိန္မွာမ်ား သြားၿငိမိတာလဲ.."

သူ႔ေဘးကလူက ဘာမွမေျပာေတာ့ေပမယ့္ သူ႔မ်က္ဝန္းထဲမွာ အလိုမက်ဟန္တို႔ ေပၚလြင္ေနသည္။ Tang Feng က ဇာတ္ကားထဲ သ႐ုပ္ေဆာင္စဥ္ Gino က တကယ္ပဲ သူ႔အေပၚစိတ္ထလာၿပီး ႐ိုက္ကြင္းမွာ သုတ္လႊတ္ခဲ့မိသည္ကို သတိရသြားသည္။ Tang Feng ကူကယ္ရာမဲ့စြာ ခံစားလိုက္ရသည္။

"သူက ငါ့ကို ဒီကိစၥနဲ႔ပတ္သက္ၿပီး ေတာင္းပန္ၿပီးပါၿပီ.."

"မင္းက ေတာင္းပန္စကားကို လက္ခံခဲ့ေပမယ့္ ငါလက္မခံဘူး.."

Albert က ေအးစက္စက္ေျပာလိုက္သည္။

"Albert.. Gino ကို သြားခြင့္ေပးလိုက္ပါ.."

Tang Feng က Albert ကို တိုက္႐ိုက္ပဲ ေတာင္းဆိုလိုက္သည္။ ေဈးက ဆက္ၿပီးျမင့္တက္လာရင္ Gino မိသားစုကပဲ ပိုမိုထိခိုက္ေပလိမ့္မည္။

"Albert.."

Tang Feng က Albert ၏လက္ကိုဆုပ္ကိုင္ကာ လႈပ္ယမ္းလိုက္သည္။

"မင္းက ငါ့ကို အခက္ေတြ႕ေအာင္လုပ္ေနတာပဲ.. သူ႔ကိုလႊတ္ေပးဖို႔ ေတာင္းပန္ပါတယ္.. Gino က ခုလိုမ်ိဳး ဆက္ဆံမခံရသင့္ပါဘူး.."

"စိတ္ေအးေအးထားပါ အခ်စ္ေလး.."

Albert က Tang Feng ၏လက္ကိုျပန္ဆုပ္ကိုင္ထားၿပီး ၿပဳံးကာေျပာလိုက္သည္။


"Gino ကိုေလလံဆြဲတာ မင္းအတြက္ပါပဲ.. ငါက မေကာင္းတာလုပ္မယ့္ပုံ ေပၚေနလား.. ေက်းဇူးျပဳၿပီး ငါ့ကိုယုံၾကည္စမ္းပါ.. မင္းသာ သူ႔ကို သြားခြင့္ျပဳေစခ်င္ရင္ သြားခြင့္ျပဳမွာပါ.. Gino က မင္းပိုင္ဆိုင္တဲ့လူ ျဖစ္သြားၿပီ.. ငါက မင္းကို စိတ္ပ်က္ေအာင္ ဘယ္လိုလုပ္ရက္မွာလဲ.."

"မင္း ငါ့ကို မယုံဘူးလား.."

Albert က Tang Feng ၏ပါးျပင္ကို ဖြဖြပြတ္သပ္ကာ ႏႈတ္ခမ္းေပၚ ေပါ့ေပါ့ပါးပါးအနမ္းေပးရင္း ဆက္ေျပာလိုက္သည္။

"ငါ မင္းကို မလွည့္စားပါဘူး.."

===========================

Chapter (23) - အထူးလေလံပွဲ

Jason လိုပဲ နောက်ပိုင်းမှာလည်း လူတွေကို ဆက်ပြီး လေလံတင်ရောင်းချကြသည်။ ကံမကောင်းစွာနှင့် ထိုလူများ၏မိသားစုများက လေလံကိုရအောင်ဆွဲကာ လူများကို ကယ်တင်နိုင်ခဲ့သည်။

လူနှင့်ငွေကြားက ရွေးချယ်မှုအကြောင်းကို Albert က Tang Feng ကို ဆက်လက်ပြသခဲ့သည်။ အဆုံးသတ်မှာ ဘာကိုရလိုက်သလဲ။
တရားမျှတမှုလား..၊ ညီမျှခြင်းလား..။ ဥပဒေကို သတ်မှတ်သူက ပြဿနာများကို ဟန်ချက်ညီအောင် ထိန်းပေးနေပြီး လူတွေကတော့ ကြားခံတစ်စိတ်တစ်ဒေသသာ ဖြစ်လာကြသည်။

"ခင်ဗျား ခုလိုတွေလုပ်နေတာ ရဲလာဖမ်းမှာ မကြောက်ဘူးလား.."

ဒီမေးခွန်းကိုမေးပြီးမှ သူဘယ်လောက်တုံးသည်ကို Tang Feng သတိရသွားသည်။ Albert သာ ရဲကိုကြောက်ရင် နိုင်ငံတကာရဲတပ်ဖွဲ့ Interpol ၏ England ဌာနခွဲက Ivan နှင့် ဘယ်လိုပူးပေါင်းပြီး Charles ကို ဂွင်ဆင်ဖမ်းပါ့မလဲ။ Interpol ကလူတွေကိုတောင် ပူးပေါင်းနိုင်တယ်ဆိုကတည်းက Albert နောက်ခံက ပေါ့သေးသေးတော့ ဖြစ်မည့်ပုံမပေါ်ပေ။

"လူတွေက အမြင့်ကိုရောက်လေ သူတို့စည်းစိမ်ဥစ္စာ၊ ပိုင်ဆိုင်မှုအတွက် ပိုစိုးရိမ်လာကြလေပဲ.. ဆင်းရဲသားတွေက စားဝတ်နေရေးအတွက် မာနကိုချပြီး ဦးညွတ်ကြတာ ရှက်စရာမဟုတ်ဘူး.. အသက်ရှင်ဖို့နဲ့စာရင် ဒူးထောက်ဦးညွတ်တာ ဘာမှမဟုတ်တော့ဘူး.."

Albert က နှုတ်ခမ်းထောင့်တွေ တွန့်ကွေးလာအောင် ပြုံးလိုက်သည်။

"အိုး.. အထက်တန်းလွှာဆိုတဲ့လူတန်းစားက အိမ်မှာဘယ်လောက်တောင် ဆာလောင်နေပါစေ၊ လူမြင်ကွင်းမှာ ဟန်မပျက်အောင် ဝတ်စားပြီး သွားလာနေကြတယ်လေ.. လူတွေက ပိုစိတ်ပူလေ သူတို့က ပိုပြီးအထိအခိုက်မခံနိုင်လေပဲ.."

Albert က message တချို့ပေးနေပေမယ့် Tang Feng ဘာမှနားမလည်ပေ။

"ဒီမှာ ထူးထူးခြားခြားကိစ္စ မရှိဘူးလား.."

"တကယ်လို့ မင်းကြားချင်တဲ့ ထူးထူးခြားခြားကိစ္စဆိုတာ မိသားစုနဲ့ စီးပွားရေးလုပ်ငန်းကို လျစ်လျှူရှုတဲ့လူမျိုး၊ လှောင်ချိုင့်ထဲမှာပဲ နေရတော့မယ့်လူမျိုးကိုဆိုရင် ငါပြောပြမယ့်အကြောင်းအရာက မင်းကို စိတ်ပျက်စေလိမ့်မယ်.."

Tang Feng က ၂ဘဝတိတိရှင်သန်ကာ လူများစွာကိုကြုံခဲ့ဖူးပေမယ့် Albert လိုလူကို သူမတွေ့ဖူးပေ။ သူ့ရှေ့ကလူငယ်နဲ့ပတ်သက်ပြီး သူဘာမှ ကြိုတင်မခန့်မှန်းနိုင်သေးပေ။

Ivan က Albert နဲ့ပူးပေါင်းဖို့ သူ၏သိက္ခာကို စွန့်လွှတ်ခဲ့သည်။ Albert ကလည်း အင်တာပိုကိုကူညီပေးတာ သူ့အတွက် ထိုက်တန်သောရလဒ်ကြောင့်လား..။ ဒါပေမယ့် Tang Feng လိုလူအတွက် သူဒီလိုလုပ်တာက မတရားဘူးလို့ ခံစားရမလား။

"မင်းကိုကြည့်ရတာ သိပ်နေကောင်းပုံမရဘူး.. တကယ်လို့ မင်းက စိတ်ပျက်စရာမြင်ကွင်းကိုကြည့်ရတာ သဘောမကျရင် ခုကတည်းက ပြန်တာပိုကောင်းမယ်.. စိတ်မကောင်းစရာက နောက်လေလံပွဲမှာ ကိုယ်က သီးသန့်လေလံဆွဲဖို့ ပြင်ထားတာ.."

Albert က Tang Feng ၏လက်ကို ညင်သာစွာဆုပ်ကိုင်ကာ ပြောလိုက်သည်။

"ဒီလေလံပစ္စည်းတွေက မင်းပိုင်တဲ့ဟာမဟုတ်လား.. ဘာကြောင့် ကိုယ့်ပစ္စည်းကိုယ် လေလံပြန်ဆွဲမှာလဲ.."

Albert ပြောလိုက်သည့်စကားများက Tang Feng ကို သံသယဝင်လာစေသည်။ လောလောဆယ် လေလံက လူတွေကိုပဲ လေလံပစ်နေတာဖြစ်သည်။ ဒါပေမယ့် Albert ရဲ့စကားက Tang Feng ရဲ့သိလိုစိတ်ကို နှိုးဆွပေးနေသည်။ Tang Feng က Harvey ကို သတိရသွားသည်။ Harvey က ဒီကို လေလံဆွဲဖို့ ရောက်နေတာလား။ ဒါမှမဟုတ် Harvey က Albert ရဲ့ဖမ်းဆီးတာများ ခံလိုက်ရတာလား။

"ကနေ့ကြွရောက်လာတဲ့ ဂုဏ်သရေရှိဧည့်သည်တော်များ ခင်ဗျာ.. ဒီလေလံပွဲကို ပါဝင်သူအားလုံး အထူးအခွင့်အရေးကို ရနိုင်ပါတော့မယ်.. ဒီမှာရှိတဲ့လူအားလုံး လေလံပစ်ဖို့ အခွင့်အရေးတွေရှိပါတယ်.. တကယ်လို့ လူကြီးမင်းတို့ ရုပ်ရှင်ကြည့်ဖူးကြမယ်ဆိုရင် ဒီလှောင်ချိုင့်ထဲကလူကို ကောင်းကောင်းသိကြမှာပါ.."

လူတွေက စင်မြင့်ပေါ်က ကြေငြာသူ၏စကားကြောင့် ခန့်မှန်းပြောဆိုနေခိုက် လှောင်ချိုင့်ကိုအုပ်ထားသည့်အစကို ဆွဲဖယ်လိုက်သည်နှင့် Tang Feng က ထိတ်လန့်တကြား ထိုင်ခုံမှထရပ်လိုက်မိကာ နောက်ကျောမှ ချွေးတွေစီးကျလာခဲ့သည်။

လှောင်ချိုင့်ထဲမှာရှိနေသည့်လူက Michael Gino ဖြစ်ပြီး သူ့ပါးစပ်ကို ပိတ်စည်းကာ လက်များကိုတုပ်နှောင်ထားသည်။ အခြားလူများနှင့်စာရင် Gino ၏အမူအယာက တည်ငြိမ်နေပြီး စိတ်လှုပ်ရှားပုံမပေါ်ပေ။ သူက ရုတ်တရက်ဖြာကျလာသည့် မီးရောင်ကြောင့် မျက်လုံးကို ကြည်လင်လာအောင် ခဏစောင့်နေစဉ် သူ့ကိုစောင့်နေသူနှင့် မျက်လုံးချင်းဆုံသွားခဲ့သည်။

Gino က တခြားလူနှင့်မတူပေ။ သူက ကောင်းမွန်သည့်မိသားစုကလာပြီး နာမည်ကြီး ရုပ်ရှင်မင်းသားတစ်ဦးလည်းဖြစ်သည်။ သူ့ကို ဒီလိုလေလံစင်မြင့်ပေါ်က လှောင်ချိုင့်ထဲမှာတွေ့ရတော့ Tang Feng က စိတ်လှုပ်ရှားစွာဖြင့် ခုံကိုကျစ်ကျစ်ပါအောင် ဆုပ်ကာ မေးလိုက်သည်။

"ဒါ.. ဘယ်လိုဖြစ်ရတာလဲ.. Gino က ရာဇဝတ်မှုတစ်ခုခုကို ကျူးလွန်ခဲ့မိလို့လား.."

"မင်း ဘယ်လိုထင်သလဲ.."

Albert က တိုက်ရိုက်မဖြေဘဲ ပြန်မေးလိုက်သည်။

Tang Feng က သူ့စိတ်ကို ငြိမ်အောင်ထိန်းကာ ပြန်ထိုင်ချလိုက်သည်။ လေလံပွဲစတော့ ယွမ် 100000 နှင့်စတင်သည်။ ထိုဈေးကိုစဖွင့်သူက Harvey ဖြစ်သည်။ ဒါကြောင့် Harvey က ဒီနေရာကိုရောက်လာရသည်ကို Tang Feng သဘောပေါက်သွားခဲ့သည်။ Harvey က Gino တို့၏ မိသားစုဆရာဝန်ဖြစ်သည်။ Gino ကိုကယ်ဖို့ သူ့မိသားစုကိုယ်စား ဒီကိုရောက်နေတာဖြစ်မည်။ မဟုတ်လျှင် Harvey လို စိတ်ထားနူးညံ့ပြီး တရားမျှတမှုကို လိုလားသည့်ဆရာဝန်က ဒီလိုတရားမဝင်၊ လူကိုလေလံတင်ရောင်းသည့် မှောင်ခိုဈေးကွက်နေရာကို ရောက်နေစရာ အကြောင်းမရှိပေ။

ဒါပေမယ့် Gino က ဒီလိုမကောင်းသည့်အရာကို လုပ်မည့်သူမျိုးမဟုတ်ပေ။

Tang Feng က အစောပိုင်းက Albert ပြောခဲ့သည့်စကားများကို သေချာပြန်စဉ်းစားလိုက်သည်။ ဒါဆို သူလေလံပစ်မည့်သူက Gino ပဲပေါ့။

"သူက မင်းကို ဆန့်ကျင်ခဲ့ဖူးလို့လား.."

Tang Feng က ဒီလိုပဲတွေးနိုင်တော့သည်။ မဟုတ်လျှင် ထင်ရှားသည့် သရုပ်ဆောင် Gino နှင့် Albert ကို ဆက်စပ်ကြည့်လို့မရပေ။

"ဟား.. ဟား.."

Albert ကသူ့ဘေးကလူရွယ်၏စကားကို သဘောကျစွာရယ်လိုက်ပြီး နားကြပ်ထဲမှ တစ်စုံတစ်ခု တီးတိုးပြောလိုက်သည်။ ထို့နောက် တစ်စုံတစ်ဦးက Harvey နှင့်စတင်ကာ လေလံပြိုင်ဆွဲတော့သည်။

ဒါကတော့ မတရားပေ။ သူ့ပစ္စည်းကို သူပြန်ပြီးလေလံပစ်နေသော Albert က ဈေးကိုစိတ်ကြိုက်တိုးပေးနိုင်ပြီး သူ့လက်ထဲကနေ ဘယ်သူမှအနိုင်မရနိုင်ပေ။ ဒီအချိန်မှာ လေလံဈေးက သန်း 70 ထိမြင့်တက်သွားလေပြီ။ Harvey က လေလံကဒ်ကို ဆက်လက်ကိုင်ထားဆဲဖြစ်သည်။ ဒါပေမယ့် Gino မိသားစု၏ပိုင်ဆိုင်မှုက Gino ကိုလေလံဆက်ဆွဲဖို့ မလုံလောက်နိုင်ပေ။ ဒီပြဿနာရဲ့အခြေအနေက Tang Feng ရဲ့ဘေးမှာထိုင်နေသော သူထံတွင်သာရှိသဖြင့် Tang Feng က Albert ကိုလှည့်ကာ ပြောလိုက်သည်။

"Gino က ငါ့သူငယ်ချင်းပါ.. မင်းကို သူ ဘယ်လိုဒေါသထွက်အောင် လုပ်ခဲ့မိတယ်ဆိုတာ ငါ့ကို ပြောပြလို့ရမလား.."

တကယ်လို့ သူ့ကိုလွှတ်ပေးစေချင်ရင် အရင်ဆုံး အခြေအနေကို သိရဖို့လိုသည်။ Tang Feng က Albert စိတ်ဆိုးသွားပြီး အခြေအနေပိုဆိုးသွားမှာစိုးလို့ အလျင်စလိုမလုပ်ခဲ့ပေ။ Albert က Lu Tian Chen နဲ့ Charles လိုမဟုတ်လို့ Tang Feng သူ့ကိုမယုံကြည်ပေ။

Albert က သူ့မေးခွန်းကိုမဖြေဘဲ သူ့လူတွေကို ဆက်လက်လေလံဆွဲဖို့ ညွှန်ကြားလိုက်သောကြောင့် ဈေးက သန်း 100 ထိရောက်သွားသည်။
Harvey က စိတ်အနှောင့်အယှက်ဖြစ်သွားပုံပေါ်သည်။

"Albert.."

Tang Feng က Albert ၏လက်ကိုဆုပ်ကိုင်ကာ မေးလိုက်သည်။
ဒီတစ်ခါတော့ Albert က သူ့ကိုပြုံးကာ ပြောလိုက်သည်။

"စိတ်မပူပါနဲ့.."

"သူ့အခြေအနေက ဘယ်လိုလုပ် စိတ်မပူဘဲရှိမှာလဲ.. Gino က တစ်ခုခုလုပ်ခဲ့မိတယ်ဆိုရင်တောင် သူက လူဆိုးလို့ငါမထင်ဘူး.."

Albert က လှောင်ရယ်ရယ်ပစ်လိုက်သည်။

"ဟား.. ဟား.. သူက ငါ့ကိုလာငြိတာကိုး.. ဒါက သူကျူးလွန်မိတဲ့ အဓိကပြစ်ချက်ပဲ.."

"ဘယ်နေရာမှာ Gino က မင်းကိုငြိမိတာလဲ.. Gino က ငါနဲ့ ရုပ်ရှင်ဇာတ်ကားတစ်ခုထဲမှာ သရုပ်ဆောင်နေခဲ့တာ.. သူက မင်းကို ဘယ်အချိန်မှာများ သွားငြိမိတာလဲ.."

သူ့ဘေးကလူက ဘာမှမပြောတော့ပေမယ့် သူ့မျက်ဝန်းထဲမှာ အလိုမကျဟန်တို့ ပေါ်လွင်နေသည်။ Tang Feng က ဇာတ်ကားထဲ သရုပ်ဆောင်စဉ် Gino က တကယ်ပဲ သူ့အပေါ်စိတ်ထလာပြီး ရိုက်ကွင်းမှာ သုတ်လွှတ်ခဲ့မိသည်ကို သတိရသွားသည်။ Tang Feng ကူကယ်ရာမဲ့စွာ ခံစားလိုက်ရသည်။

"သူက ငါ့ကို ဒီကိစ္စနဲ့ပတ်သက်ပြီး တောင်းပန်ပြီးပါပြီ.."

"မင်းက တောင်းပန်စကားကို လက်ခံခဲ့ပေမယ့် ငါလက်မခံဘူး.."

Albert က အေးစက်စက်ပြောလိုက်သည်။

"Albert.. Gino ကို သွားခွင့်ပေးလိုက်ပါ.."

Tang Feng က Albert ကို တိုက်ရိုက်ပဲ တောင်းဆိုလိုက်သည်။ ဈေးက ဆက်ပြီးမြင့်တက်လာရင် Gino မိသားစုကပဲ ပိုမိုထိခိုက်ပေလိမ့်မည်။

"Albert.."

Tang Feng က Albert ၏လက်ကိုဆုပ်ကိုင်ကာ လှုပ်ယမ်းလိုက်သည်။

"မင်းက ငါ့ကို အခက်တွေ့အောင်လုပ်နေတာပဲ.. သူ့ကိုလွှတ်ပေးဖို့ တောင်းပန်ပါတယ်.. Gino က ခုလိုမျိုး ဆက်ဆံမခံရသင့်ပါဘူး.."

"စိတ်အေးအေးထားပါ အချစ်လေး.."

Albert က Tang Feng ၏လက်ကိုပြန်ဆုပ်ကိုင်ထားပြီး ပြုံးကာပြောလိုက်သည်။


"Gino ကိုလေလံဆွဲတာ မင်းအတွက်ပါပဲ.. ငါက မကောင်းတာလုပ်မယ့်ပုံ ပေါ်နေလား.. ကျေးဇူးပြုပြီး ငါ့ကိုယုံကြည်စမ်းပါ.. မင်းသာ သူ့ကို သွားခွင့်ပြုစေချင်ရင် သွားခွင့်ပြုမှာပါ.. Gino က မင်းပိုင်ဆိုင်တဲ့လူ ဖြစ်သွားပြီ.. ငါက မင်းကို စိတ်ပျက်အောင် ဘယ်လိုလုပ်ရက်မှာလဲ.."

"မင်း ငါ့ကို မယုံဘူးလား.."

Albert က Tang Feng ၏ပါးပြင်ကို ဖွဖွပွတ်သပ်ကာ နှုတ်ခမ်းပေါ် ပေါ့ပေါ့ပါးပါးအနမ်းပေးရင်း ဆက်ပြောလိုက်သည်။

"ငါ မင်းကို မလှည့်စားပါဘူး.."

===========================


(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now