Vol 4 _ Chapter (6) — မင်းကို ကိုယ်ဆက်ပြီး မနှောက်ယှက်တော့ဘူး....
"ခဏလောက် ဖက်ထားပါရစေဦးကွာ...ဒီရက်တွေထဲ မင်းကို ကိုယ် ဘယ်လောက်တောင် လွမ်းနေမိမှန်းတောင် မသိတော့ဘူး။ ကိုယ်မပါပဲ မင်း ပျော်နေတာကို မြင်ရတော့ ကိုယ့်ရင်ထဲမှာ ဟာလာဟင်းလင်းဖြစ်ပြီး ဘာလုပ်ရမှန်းကို မသိတော့ဘူး"
Lu Tian chen က ညည်းညူရင်း ဖက်ထားလိုက်သည်။
"အဲ့လို မပြောပါနဲ့။ ခင်ဗျားက ကျွန်တော့်ကို ဘယ်လိုမျိုး ဖြစ်စေချင်တာလဲ"
Tang Feng က Lu Tian chen ရဲ့ လက်နှစ်ဖက်ကို ဖြည်းညှင်းစွာ ဖယ်ချလိုက်ချိန် သခင်စွန့်ပစ်ခံ လိုက်ရတဲ့ ခွေးလေးလို နာကျင်သည့်အကြည့် တွေနဲ့ Lu Tian chen က နောက်ကို ဆုတ်ကာ သူတို့နှစ်ယောက်ကြား အကွာဝေးတစ်ခု ခြားပေးလိုက်တော့သည်။
"ခင်ဗျားတို့ နှစ်ယောက်လုံးကို တစ်ပြိုင်နက်တည်း ဆုံးရှုံးလိုက်ရလို့ ကျွန်တော့်က နေ့တိုင်း စိတ်ပျက်လက်ပျက်နဲ့ မှိုင်တွေနေရမှာလား။ ဒါဆို ကျွန်တော်က လောဘအရမ်းကြီးလွန်းပြီး အဓိပ္ပာယ်မရှိ၊ ရယ်စရာကောင်းတဲ့ အခြေအနေတွေကို အဆိုပြုခဲ့လို့ နေ့တိုင်း မျက်မှောင်ကြုတ်ပြီး ညည်းတွားနေရတော့မှာပေါ့... ကျွန်တော်က ကိုယ်ချထားတဲ့ဆုံးဖြတ်ချက်ကို ဘယ်တော့မှ နောင်တ မရတတ်တဲ့ လူမျိုးဆိုတာ ခင်ဗျားတို့ သိသင့်တယ်"
Tang Feng က ခေါင်းခါလိုက်ပြီး အေးဆေးစွာ ပြောလိုက်တော့ Lu Tian chen က တိုးတိုးလေး သက်ပြင်းချလိုက်တယ်။ ဒီလူငယ်လေးကို နေ့တိုင်းမြင်နေရပြီး ဘာကြောင့် နေ့တိုင်း မထိတွေ့၊ မချစ်နိုင်ရတာလဲလို့ သူ့ကိုယ်သူ နေ့တိုင်း မေးမိနေတယ်။ Tang Feng ကို မထိရတာ တစ်ရက် နှစ်ရက် မဟုတ်ဘူး၊ ရက် တော်တော်ကြာနေပြီ။
Tang Feng က သူတို့ကြားက အခြေအနေများကို ပြတ်ပြတ်သားသား ပြောလိုက် သည်။ သူတို့က ရွေးချယ်မှုလုပ်ပြီးနောက် နောင်တမရှိဘဲ နောက်တစ်လမ်းကို ဆက်လျှောက်စေချင်သည်။
သူတို့ ဘယ်သူတွေမို့လဲ? Tang Feng ပြောတာ မှန်တယ်၊ လက်ရှိရွေးချယ်မှုက သူ့လက်ထဲမှာ မဟုတ်ဘူး၊ Lu Tianchen နဲ့ Charles ရဲ့လက်ထဲမှာပဲ ရှိတယ်။
ထို့ကြောင့် Tang Feng သည် အခု မေးခွန်းကို ဖြေပေးမယ့်အစား မေးခွန်းနဲ့ တဖက်ကို ပြန်မေးလိုက်တယ်။ ဒီပြဿနာကို အနှေးနဲ့ အမြန် ဖြေရှင်းရ တော့မယ်။ ဒါကြောင့် နာကျင်ရမယ့်အတူတူ ခပ်မြန်မြန် ဆုံးဖြတ်လိုက်တာ ပိုကောင်းပါတယ်။ အခု နာကျင်ပေမယ့် နောက်ပိုင်းမှာ ဆက်ပြီး နာကျင်စရာ မလိုပါဘူး။
"လူတိုင်းက ကလေးဆန်တာတော့ မဟုတ်ဘူး၊ Charles က ဒီလိုမျိုး နောက်နောက်ပြောင်ပြောင်နဲ့ ပျော်ပျော်နေတတ်တဲ့ စရိုက်လို့ မင်း ထင်ပေမယ့် မင်း သူ့ကို ရွေးချယ်တာတော့ မဖြစ်သင့်ဘူးထင်တယ်။"
Tang Feng က ပြုံးပြီး တဖက်ကို ပြန်ပြောလိုက်သည်။
"မင်း သူ့ကို နှိမ့်ချလို့ မရဘူးလေ။ ခင်ဗျားလည်း ကျွန်တော့်ကို မဆုံးရှုံးချင်ပါဘူး။"
ခါးသီးသော အပြုံးဖြင့် ထိုလူက ဆက်ပြောခဲ့သည်။
"ကိုယ်က ကိုယ့်ရွေးချယ်မှုကို လိုက်နာပါတယ်။ ချားလ်စ်ကလည်း လက်လျှော့လိုက်ပြီ"
"ခင်ဗျားက လက်လျှော့လိုက်တာ မဟုတ်လား?"
Tang Feng သက်ပြင်းချရင်း ပြောလိုက်တယ်။
"ကိုယ် နည်းနည်းတစ်ကိုယ်ကောင်းဆန်မှန်း သိပါတယ်၊ ဒါပေမယ့် လူတွေက တစ်ကိုယ်ကောင်းဆန်တယ်၊ ကိုယ် မင်းကိုချစ်တယ်၊ ကိုယ် မင်းကို တကယ်ချစ် တယ်၊ အချစ်ဆိုတာ တစ်ကိုယ်ကောင်းဆန်တာချည်းပဲ၊ မင်းကို ဘယ်သူ့လက်ထဲ ကိုမှ မပေးချင်ဘူး၊ ဘယ်သူနဲ့မှ မဝေမျှချင်ဘူး။"
Lu Tian chen က ရင်ထဲက စကားကို ပြောချလိုက်ပြီး နောက်လှည့်ပြီး ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။
ယနေ့ တင်းနစ်ကစားရန် အကြောင်းမရှိလို့ Tang Feng က Lu Tian chen နှင့် မျက်နှာချင်းဆိုင် မြေပြင်ပေါ်တွင် ထိုင်ချလိုက်သည်။
"တစ်ခုခု သောက်မလား?" Tang Feng က မေးလိုက်သည်။
"မင်းနဲ့ ယှဉ်ရင် ငါ တကယ်ကို အရွယ်မရောက်သေးတာပဲ။"
Lu Tian chen က ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီး ခပ်တိုတိုပဲ ပြောလိုက်သည်။
" ကော်ဖီ ပဲပေးပါ"
"ခင်ဗျားက အရမ်းကံကောင်းတာပဲ၊ မနေ့ကမှ ကျွန်တော်က ကော်ဖီစေ့လေးတွေ ဝယ်ပြီး လတ်လတ်ဆတ်ဆတ် လှော်ထားခဲ့တယ်။"
မြေပြင်ပေါ် ထိုင်နေရာမှ မတ်တပ်ရပ်ပြီး Tang Feng က ကော်ဖီစက်ဆီ သွားပြီး ကော်ဖီစေ့တချို့ကို ကြိတ်စက်ထဲကို ထည့်လိုက်တယ်။ ခလုတ်ကို ဖွင့်လိုက်ချိန်မှာ ကြိတ်စက်က အသံမြည်လာသည်။ ရုတ်တရက် ကြိတ်စက်ကြောင့် တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ ဆူညံနေတယ်။
ရေနွေးကျိုပြီးနောက် လတ်လတ်ဆတ်ဆတ် ကြိတ်ထားသည့် ကော်ဖီမှုန့်ကို ပြင်သစ် ပေါင်ချိန်အိုးထဲသို့ လောင်းထည့်ပြီးနောက် ရေနွေးကိုအပေါ်မှ ဝေ့ကာ လောင်းလိုက်သည်။ ပြီးတော့ သစ်သားချောင်းဖြင့် ညင်သာစွာ မွှေပေးလိုက်ချိန် မွှေးကြိုင်လွန်းသည့် ကော်ဖီရနံ့က အခန်းတစ်ခုလုံးကို လျင်မြန်စွာ လွှမ်းခြုံသွားတော့သည်။
"မင်း ကိုယ်နဲ့ အတူရှိဖို့က မဖြစ်နိုင်တော့ဘူးလား " Lu Tian chen က ကော်ဖီဖျော်နေသည့် လှပတင့်တယ်လွန်းသည့် ကောင်လေးကို ငေးကြည့်ကာ မေးလိုက်သည်။
"နို့ ဒါမှမဟုတ် သကြားထည့်မလား။ နှစ်ခုလုံးထည့်မလား?"
Tang Feng က စစ်ထုတ်ထားတဲ့ ကော်ဖီကို ခွက်နှစ်ခွက်ထဲ လောင်းထည့်ကာ မေးလိုက်သည်။
"ဘာမှ ထည့်ဖို့ မလိုဘူး"
"နည်းနည်းတော့ ခါးတယ်။"
သူက Lu Tian chen ကိုအငွေ့တထောင်းထောင်းထနေသည့် နို့မပါတဲ့ ခွက်ကို ပေးလိုက်တယ်။ Tang Feng က ကော်ဖီနံ့ကို ရင်ထဲရောက်အောင် ခပ်ပြင်းပြင်းလေးရှူပြီး ဖြည်းညှင်းစွာ ပြောလိုက်တယ်။
Tang Feng - " ဒီပြဿနာက ဆက်ပြီးဆွေးနွေးဖို့ သိပ်အရေးမပါ ပါဘူး"
Lu Tian chen - "ဘာလို့ ကိုယ့်မျက်လုံးကို စေ့စေ့ မကြည့်တာလဲ"
Tang Feng က Lu Tianchen ကို ဖြည်းညှင်းစွာ မော့ကြည့်ကာ ပြောလိုက်သည်။
" Tian chen၊ ဒီကိစ္စကို ဆွေးနွေးနေတာ ရပ်လိုက်ကြရအောင်။"
Lu Tianchen - "မင်း ကိုယ့်ကိုချစ်လား? "
ဆန့်ကျင်ဘက်မှာ ထိုင်နေတဲ့ လူငယ်က ထူးမခြားနားဟန်ဖြင့် ပြန်မေးလိုက်သည်။
"ခင်ဗျားကော ချစ်ဖူးလား၊ အရင်တုန်းကပဲဖြစ်ဖြစ်၊ အခုပဲဖြစ်ဖြစ်၊ တစ်ယောက် ယောက်ကို ချစ်ခဲ့ဖူးလား "
ကော်ဖီခွက်ကို ကိုင်ထားတဲ့ လက်ချောင်းတွေက နည်းနည်း တင်းကျပ်လာ ပြီးနောက် Tang Feng က ခေါင်းညိတ်ကာ ဆက်ပြောခဲ့တယ်။
" ကျွန်တော် ချစ်ခဲ့ဖူးတယ်။"
Tang Feng က သူ့ခံစားချက်တွေကို တခြားသူတွေကို ပြောပြတာ ဒါ ပထမဆုံး အကြိမ်ပါပဲ။ Charles လည်း ဒီမေးခွန်းကို မေးခဲ့ပေမယ့် မကြာခဏဆိုသလို သူတို့ ရခဲ့တဲ့ အဖြေက သူတို့လိုချင်တဲ့ အဖြေမဟုတ်မှာကို ကြောက်ရွံ့နေကြတယ်။ သူတို့က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိကြဘူး။ .
ဒီနေ့ Tang Feng ရဲ့ ဖွင့်ဟစကားကို ကြားလိုက်ရပြီးနောက် သူ လိုချင်တဲ့ ကတိကို မပေးပေမယ့် Lu Tianchen ကျေနပ်သွားခဲ့သည်။ သူ အရင်တုန်းက
Tang Feng အပေါ် ကြောက်စရာကောင်းသော အရာတစ်ခု ပြုလုပ်ခဲ့သည်။ သူ ဘာကြောင့် ဒီနေ့ Charles နဲ့ ရှိနေတာလဲ....ဒါက သူ စိုက်ပျိုးတာကို သူ ရိတ်သိမ်းရတာပဲလေ...
တကယ်လို့ သူက Tang Feng ကို Charles ဆီ ခေါ်သွားပေးဖို့ အဲ့ဒီအေးဂျင့်ကို အမိန့်မပေးခဲ့ရင် Tang Feng သည် Charles နှင့် တစ်ခါမှ မတွေ့နိုင်တော့သလို Charles နှင့် Tang Feng အကြား တစ်လတာ သဘောတူညီမှုဆိုတာ ဖြစ်မလာ နိုင်ဘူး။ ဒီလိုဆိုရင် အခု အခြေအနေမှာ လုံးဝကွဲပြားသွားမည်ဖြစ်သည်။
အခုတော့ အရာအားလုံးက လွန်ကုန်ုပီ။ အခု Tang Feng က သူ့ကို ချစ်တယ်ဆိုရင်တောင် ဒီအချစ်က သူတစ်ယောက်တည်း ပိုင်မှာမဟုတ်ဘူး။
Lu Tian chen က Tang Feng ရဲ့လက်ကို လှမ်းကိုင်လိုက်ပြီး လေးလေးနက်နက်ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်။"
"ဒီလို မလုပ်ပါနဲ့၊ ဒီလို အရာမျိုးအတွက် ကျေးဇူးတင်တယ်လို့ ခင်ဗျား ဘယ်ပြောလို့ ရမလဲ"
Tang Feng သည် သူ့လက်ဖမိုးပေါ် အုပ်မိုးထားသည့် Lu Tian chen ၏ လက်ကို ငြင်သာစွာ ဖယ်လိုက်သည်။
"ခင်ဗျားက ကျွန်တော့်ကို ချစ်တဲ့ ပထမဆုံးလူပါပဲ။"
Lu Tian chen သည် တွန့်ဆုတ်ခြင်းမရှိ သူ့ထိုင်ခုံသို့ ဖြည်းညှင်းစွာ ပြန်ထိုင်ကာ ကော်ဖီခွက်ကို မြှောက်ကာ Tang Feng ၏ အာရုံစိုက်မှုအောက်တွင် ခါးသက်နေသည့် အနက်ရောင်ကော်ဖီရည်ကို ဖြည်းညှင်းစွာ သောက်လိုက်သည်။
ထိုအချိန်တွင် အချိန်စည်းမျဉ်တွေက ရပ်ဆိုင်းသွားပုံရပြီး နွေဦးပေါက်ကာလ၏ နွေးထွေးသော နေရောင်ခြည်သည် Lu Tian chen ၏ ကိုယ်အပေါ်သို့ ဖြန်းခနဲဖြာကျလာသည်။ ထိုလူသား၏ခန္ဓာကိုယ်သည် နေရောင်ထဲတွင် ကြာရှည်စွာ သွားလာခြင်းမပြုသကဲ့သို့ အသားအရေက ဖြူဖွေးလို့နေသည်။
"Tian chen၊ ကျွန်တော်..."
Tang Feng က ဘာမှပြောချိန်မရလိုက်ဘူး။ Lu Tian chen က ကော်ဖီသောက်ပြီး ခွက်ကို စားပွဲပေါ်တင်ပြီးနောက် သူက အေးဆေးစွာ ပြောခဲ့သည်။
"ငါ ထွက်သွားပြီးနောက်ပိုင်း မင်းနဲ့ Charles ကို မနှောင့်ယှက်ဘူးလို့ ကတိပေး ပါတယ်။"
Tang Feng ကြိုမခန့်မှန်းနိုင်တဲ့ အရာတစ်ချို့ရှိနေခဲ့တယ်။ သူကတော့ အဖြေနဲ့ ရလဒ်တွေအကြောင်းကို တွေးနေပေမယ့် အခု Lu Tian chen ပြောခဲ့တာကတော့ သူ စိတ်ကူးထားတဲ့အတိုင်း မဟုတ်တာတော့ သေချာပါတယ်။
ကော်ဖီက သူ့ဗိုက်ထဲကို ရုတ်တရတ်ကျဆင်းသွားတယ်ဆိုပေမယ့် သူ့ကိုယ်ကို ပူနွေးမသွားစေခဲ့ဘူး။ အဲ့ဒီအစား သူ့ဗိုက်ထဲက အစိတ်အပိုင်းတစ်ခုခုကို ထိလိုက်သလို ခံစားလိုက်ရပြီး ဗိုက်ကလည်း အက်ဆစ်နဲ့ ပြည့်နေသလို ချဉ်စူးသွားခဲ့သည်။
Lu Tianchen က သူ နုတ်ထွက်ပြီး အရှုံးပေးမယ်လို့ ပြောခဲ့တယ်။
Tang Feng သည် Lu Tian chen အကြောင်းကို သူက အသိဆုံးလို့ အမြဲယုံကြည်ခဲ့သည်။ အခု သူ့ကို တကယ်ကော သိရဲ့လား။
ဒါက သူ စိတ်ကူးထားတဲ့ ရလဒ်မဟုတ်ဘူးလား။ သူ့ကို တခြားသူတွေနဲ့ မျှဝေ ချစ်ရမှာကို လက်မခံနိုင်လို့ ထွက်သွားခဲ့တာကို ကြားပေမယ့် သူက ဘာကြောင့် မပျော်သလို ခံစားနေရတာလဲ။
Tang Feng၊ Tang Feng၊ မင်းက တကယ် တစ်ကိုယ်ကောင်းဆန်တဲ့သူပဲ....
သူ့စိတ်ထဲတွင်တွေးရင်း ခါးသီးသော အပြုံးဖြင့် Tang Feng က သူ့နှုတ်ခမ်းကို အနည်းငယ် ပွတ်သပ်ပြီး တိုးတိုးလေးမေးလိုက်သည်။
"ခင်ဗျား ဆုံးဖြတ်ပြီးပြီလား"
"ကိုယ် ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို နောင်တရနေမှာ မဟုတ်ပါဘူး။"
Tang Feng ဘာမှ မတုံ့ပြန်နိုင်ခင် Lu Tian chen အမြန်ထရပ်ပြီး ပြောခဲ့သည်။
"မင်းမှာ လုပ်စရာရှိရင် အဲ့ဒါကို အရင်လုပ်ထားလိုက်ဦး။ ကိုယ်က မနက်ဖြန်က စပြီး ကုမ္ပဏီကနေ ခဏလောက် ထွက်သွားဦးမယ်။ မင်းကို သင်ပေးမယ့် နည်းပြသစ်တစ်ယောက် ရောက်လာလိမ့်မယ်။ ကိုယ် ပြန်တော့မယ်"
"Lu Tian chen..."
Tang Feng မတ်တပ်ရပ်လိုက်သော်လည်း ထိုလူက ရှောင်ထွက်သွားပြီးဖြစ်သည်။
အဖြစ်ပျက်အချို့က ရုတ်တရက်ဖြစ်ပျက်လာတာက မသင်္ကာစရာ ဖြစ်နေသည်။
ဖြည်းညှင်းစွာ ခုံမှာ ပြန်ထိုင်ရင်း Tang Feng သက်ပြင်းချလိုက်ပြီး သူ့လက်တွေကို ငုံ့ကြည့်ကာ တစ်ယောက်တည်း ပြောနေမိသည်။
"Tang Feng၊ Tang Feng ... ဒါတွေအားလုံးက မင်းရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ မင်းရဲ့ရွေးချယ်မှုပဲ၊ အခု မင်းနောင်တရနေပြီလား"
Lu Tianchen က ဒီအတိုင်း ထွက်သွားသလို မနက်ဖြန် သင်တန်းနည်းပြ နေရာကိုလည်း အခြားလူနဲ့ အစားထိုးမှာ ဖြစ်ပါတယ်။ တဖက်လူက သူ့ကိုတောင် မမြင်ချင်တော့ဘူးလား။
သူတို့ အိပ်ယာထဲ လူးလိမ့်တာတွေ လုပ်ထားပြီးသားဖြစ်ပြီး ပြန်ဆုံရတာ ရှက်စရာကောင်းနေပုံ ရတယ်။
တစ်ခါတရံမှာ နာကျင်ရမယ်ဆိုတာ သိလျက်နဲ့ ခွက်ထဲမှာ ကျန်နေတဲ့ ကော်ဖီကို အကုန်သောက်ရင်း Tang Feng ဟာ ဗိုက်ထဲက ချဉ်စူးတက်လာတဲ့ ခံစားချက်တွေကို လျစ်လျူရှုဖို့ ကြိုးစားပေမယ့် ဒီလောက် နာကျင်မယ်လို့ မမျှော်လင့်ထားပါဘူး။
လူတစ်ယောက်ကို ချစ်တာနဲ့ လူနှစ်ယောက်ကို ချစ်တာက အတူတူပဲ မဟုတ်ဘူးလား။ ဒါက ဘာကြောင့် ပိုပြီး ခံစားရတာလဲ။
ဒီပြဿနာက တခါလေ Tang Feng အနည်းငယ် ကြောက်လန့်လာစေသည်။ သူက လောဘကြီးတဲ့သူတစ်ယောက် မဟုတ်ပေမယ့် ဘာကြောင့် ဒီလို ဆက်ဆံရေးကို မထိန်းချုပ်နိုင်တာလဲ.... ။
ထိန်းချုပ်နိုင်တဲ့ ခံစားချက်ဆိုတာ နှလုံးသားထဲက ထွက်ပေါ်လာတဲ့ ခံစားချက်ရယ်လို့ပြောလို့မရတော့ဘူး...
ထွက်သွားချင်လည်း ထွက်သွားလိုက်... ခင်ဗျား... ထွက်သွားရင်တောင် ...
"ဟေ့ သူက မင်းနားက ထွက်သွားပြီ၊ မင်း ကြောင်တောင်တောင် ဖြစ်နေတုန်းလား"
တံခါးဝမှ လူငယ်လေးတစ်ယောက်၏ အသံထွက်လာပြီး အားကစားဝတ်စုံ ဝတ်ထားသည့် နတ်ဆိုးလေးသည် လက်ပိုက်ကာ တံခါးကို မှီလိုက်သည်။ သူက Tang Feng ကိုကြည့်ပြီး ခေါင်းခါပြရင်း ပြောလိုက်သည်။
"ဒီလိုမြင်ကွင်းက တကယ့်ကို ရှားတယ်၊ မင်းကို ဒီလို လက်တွဲပြုတ် သွားတဲ့စုံတွဲရယ်လို့ ငါ မြင်နေရတုန်းပဲ...."
"မင်းရော သွားတော့မလား။"
Tang Feng က ခံစားချက်ထဲ နစ်နေရာကနေ အမြန်ပြန်ကောင်းလာခဲ့ပြီ။ ဒါက နတ်ဆိုးလေးကို မသက်မသာ ဖြစ်စေတယ်။ သူက Tang Feng ဒီထက် ခံစားရဖို့ မျှော်လင့်ထားခဲ့ပေမယ့် ဒီလူငယ် စတားလေးက ဘယ်လိုတောင် စိတ်ဓါတ် မာကြောရတာလဲ...
စောစောက ဒီ Tang Feng က နည်းနည်း ဝမ်းနည်းနေပေမယ့် အခုတော့ မျက်နှာက ရုတ်တရက် ပြောင်းသွားတယ်။ သူက ဘာကြောင့် ခံစားချက်ကို
ကောင်းကောင်းဖုံးကွယ်ထား နိုင်ရတာလဲ။
နတ်ဆိုးလေးက Tang Feng ကို ကြည့်ကာ မပွင့်တပွင့် ပြောလိုက်သည်။
"မင်း သူ့ကို ချစ်တယ်ဆိုရင် ဘာကြောင့် သူနဲ့ အတူမနေနိုင်ရတာလဲ။ ထားလိုက်ပါ.... မင်းရဲ့ ခံစားချက်တွေကို ငါ နားမလည်ဘူး..."
အနားကို လျှောက်လာတဲ့အခါ နတ်ဆိုးလေးက နည်းနည်း စိတ်ဓါတ်ကျနေပုံရတယ်။ သူက ညည်းညူရင်း မရှင်းမရှင်း ပြောလိုက်သည်။
"အဲ့လိုဆို မတွဲတာ ပိုကောင်းတယ်..."
"မင်း ဘာပြောနေတာလဲ" Tang Feng နားမလည်လိုက်လို့ ပြန်မေးလိုက်သည်။
"ဘာပဲဖြစ်ဖြစ် မစ္စတာ Lu က စွန့်လွှတ်လိုက်တာ မဟုတ်ဘူး။ နောင်တရ စရာတွေ၊ အဆင်မပြေမှုတွေ မရှိဘူး။ မင်းအနေနဲ့ ပိုကောင်းတဲ့ဘဝနဲ့ နေနိုင်မယ်လို့ သူက မျှော်လင့်နေတယ်။"
နတ်ဆိုးလေးက ဒီစကားပြောပြီးနောက် အခန်းထဲက တိတ်ဆိတ် ခြောက်ကပ်သွားပြီး သူ့အသံက ဆက်လက်ထွက်ပေါ်လာခဲ့သည်။
"သူဌေးက ထွက်သွားပေမယ့်၊ ငါက မင်းနဲ့အတူ ထာဝရ နေနေဦးမှာပဲ။ တကယ်လို့ မင်းက Charles နဲ့ရှိနေရင်တောင် ငါလည်း မင်းရှိရာကို လိုက်လာနေမယ်"
*************-**********
YOU ARE READING
(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)
Romance(True Star _ Volume -3) Volume _ 1 https://my.w.tt/0VLPMBzaM0 Volume _2 https://my.w.tt/FiO6qMLaM0 https://www.rabbit-converter.org/Rabbit/ Because of my friend Shiroyuki, now i am ok to up my fiction with both myanmar font. Thanks Shiro.