Chapter (58) - Tang Feng ကို ပြန်လည် ဖမ်းမိခြင်း

1.7K 348 12
                                    

Chapter (58) -  Tang Feng ကို ပြန်လည် ဖမ်းမိခြင်း



  ကောင်းကင်ကြီးဟာ ကျယ်ပြောနေပြီး အနက်ရောင်သစ်တောတွေ အပေါ်မှာ ဖုံးအုပ်နေတယ်။


 ကံကောင်းထောက်မစွာပဲ Albert က သူ့ရဲ့ နောက်လိုက်ခွေးတွေကို Tang Feng ကို ထိခိုက်အောင် လုပ်ခွင့်မပေးခဲ့ဘူး။   သူက နေ့ခင်းဘက်မှာ အိပ်ရေးဝဝ အိပ်ခဲ့ရလို့သာပေါ့။ မဟုတ်ရင် ခုလို တောထဲ ပြေးနေဖို့  ခွန်အားမရှိတော့ဘူး။


 ငါးမိနစ်ခြောက်မိနစ်လောက် ပြေးခဲ့ပြီးနောက် သူ့နောက်ကနေ  ကားနဲ့ လူတွေရဲ့ အသံတွေက ပိုနီးကပ်လာတယ်။ ရံဖန်ရံခါတွင် တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကို သူ ခံစားမိသည်။ အသက်လုပြေးနေရချိန် သူ့ရင်ထဲက  တင်းမာမှုက တင်းကျပ်နေတဲ့ ကြိုးတစ်ချောင်းလိုပါပဲ။ ဒီလိုပဲ ဆက်ပြေးနေရရင် သူ့ရင်တွေ  ကွဲသွားလိမ့်မယ်။


တောထဲလျှောက်ပြေးရင် သေချာပေါက် သူ့ကို ရှာတွေ့ သွားလိမ့်မယ်။



"အဟွတ်....အဟွတ်!"

အကြာကြီးပြေးပြီးနောက် သူ့လည်ချောင်းက အဆင်မပြေတော့ဘူး။ သူ နှစ်ကြိမ်လောက် ချောင်းဆိုးပြီး တောက်ပသော ဓါတ်မီးရဲ့  အလင်းတန်းတစ်ခုက သူ့ဆီသို့ ကျရောက်လာသည်။ Tang Feng က အောက်ကိုငုံ့ပြီး  ဆက်ပြေးရင်း ကျိန်ဆဲလိုက်တယ်။



သူတို့လက်က လွတ်ဖို့ သူက
သစ်ပင်ပေါ် တက်ပုန်းရင်ပုန်း၊  ဒါမှမဟုတ် မြစ်ထဲခုန်ချဖို့ လမ်းနှစ်လမ်းပဲ ရှိတော့တယ်။



မင်းရှေ့က မြစ်တစ်စင်းမရှိရင်၊ အကောင်းဆုံးနည်းက သစ်ပင်ပေါ်တက်ဖို့ပဲ။  အနည်းဆုံးတော့ ချက်ချင်း ဖမ်းမမိပဲ  မိနစ်အနည်းငယ်လောက် နှောင့်နှေးသွားနိုင်ပေမယ့် Tang Feng က ဒီက သစ်ပင်တွေက ဒီအရွက်ခြောက်ကိုင်းတွေရှိနေတာကို တွေ့လိုက်ရတယ်။ သူ့ဝိတ်နဲ့ အပေါ်တက်ရင် အလေးချိန်ကြောင့်  ပြုတ်ကျမှာကို စိုးရိမ်စပြုလာသည်။



သူတက်နိုင်ရင်တောင် တခြားသူတွေက သူ့ကို အလွယ်တကူ မြင်နိုင်မယ်လို့ ခန့်မှန်းလို့ရတယ်။

အပင် မင့်မြင့်နဲ့ အကိုင်းအခက်တွေရှိတဲ့ သစ်ပင်ကြီးတစ်ပင်ကို
Tang Feng  ရွေးလိုက်တယ်။ Tang Feng အသက်ပြင်းပြင်းရှူပြီး သူ့လက်နှစ်ဖက်နဲ့  ပင်စည်ကို တွယ်ပြီး အပင်ပေါ် တက်လိုက်တယ်။ အခုဆို သစ်ပင်တက်တာလိုမျိုး သူ့ဘဝမှာ မလုပ်ဖူးတဲ့ အရာဖြစ်ပြီး တရွေ့ရွေ့နဲ့ သူက   မြေပြင်မှ ငါးမီတာ ခြောက်မီတာအထိ မြင့်တက်လာခဲ့သည်။


 ခိုင်ခံ့သောမေပယ်တစ်ပင်ပေါ်တွင် မတ်တပ်ရပ်ကာ မောဟိုက်နေသောလူသည် အောက်သို့ ငုံ့ကြည့်လိုက်ရာ အနက်ရောင် အပိုင်းအစကလွဲပြီး ဘာကိုမှ မမြင်ရပေ။ ပြုတ်ကျသွားသည်နှင့် တပြိုင်နက် အမှောင်က ဝါးမြိုသွားမယ့်ပုံရသည်။


ခပ်လှမ်းလှမ်းတွင် သူ့ကိုလိုက်ရှာနေသည့်  မီးရောင်များ တဖြည်းဖြည်းနီးကပ်လာကာ လူအုပ်ကြီးက တောနင်း ရှာဖွေနေသည့်အသံကြောင့် Tang Feng သည် ထိုမီးရောင်မှိန်မှိန်ဖြင့် အပင်ပေါ် ဆက်တက်ကာ မြေပြင်မှ ခုနစ်မီတာ သို့မဟုတ် ရှစ်မီတာအမြင့်အထိ ရပ်တန့်ကာ ပြန်တက်ခဲ့ပြန် သည်။  အပေါ်ရောက်လေ  ပင်စည်က ပိုပါးလာပြီး အကိုင်းအခက်တွေက သူ့ကို ဖုံးကွယ်ထားဖို့  မကူညီနိုင်တော့ဘူး။


သူ၏ ရည်ရွယ်ချက်မှာ Albert သူ့ကိုရှာတွေ့တာ နှောင့်နှေးရန် ဖြစ်သော်လည်း သစ်ပင်ပေါ်မှ ပြုတ်ကျကာ သူ့ကိုယ်သူ အသေသတ်အောင်လည်း မလုပ်နိုင်ပေ။

 


ခန္ဓာကိုယ်ဟန်ချက်ထိန်းရန် ပင်စည်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း Tang Feng သည် သစ်ကိုင်းပေါ်တွင် ရိုးရိုးလေးပဲ ဖင်ချ ထိုင်နေသည်။ သစ်ပင်ပေါ်တက်ပြီး သိပ်မကြာခင်မှာပဲ အမှောင်ရိပ်က သူ ရပ်နေတဲ့နေရာကို အမြန်ရောက်လာတယ်။ အစောပိုင်း သူနဲ့ နတ်ဆိုးလေးကို လိုက်ဖမ်းခဲ့တဲ့ အနက်ရောင်ဝတ်ထားတဲ့  လူသည် သူ တက်ပုန်းနေတဲ့ သစ်ပင်အောက်တွင် ရောက်လာခဲ့သည်။


 

 အသက်မရှုဝံ့ဘဲ၊ Tang Feng သည် သစ်ပင်အောက်ရှိ လူ၏လှုပ်ရှားမှုတိုင်းကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ ကံကောင်းထောက်မစွာ၊ အနက်ရောင် ဝတ်စုံနဲ့လူတွေသည် သစ်ပင်အောက်တွင် ခဏမျှ ရှာဖွေသွားပြီးနောက် အမြန်ထွက်သွားခဲ့သည်။


ဒါပေမယ့် အနက်ရောင် ဝတ်ထားတဲ့ အမျိုးသားက ထွက်သွားပြီးနောက် တခြားနောက်လိုက်တွေက သူ့ကို ဓာတ်မီးကိုင်ပြီး နေရာအနှံ့   နောက်က လိုက်ရှာရန် ရောက်လာပြန်တယ်။ ဒီအချိန်မှာ တစ်စုံတစ်ယောက်က မီးအလင်းရောင်ကို အပေါ်ကို ထိုးလိုက်လျှင်  သစ်ပင်ပေါ်မှာ ထိုင်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရမည်ဖြစ်သည်။

 

လူအများစုသည် မြေပြင်ပေါ်တွင် အာရုံစိုက်နေကြပုံရပြီး အချိန်အတော်ကြာထိ ဘယ်သူမှ အပင်ပေါ်မှာ လူတစ်ယောက်ရှိနေမည်ဟု မထင်ထားကြပေ။ ဒါကြောင့်  Tang Feng သည် ကံအားလျော်စွာ ပထမရှာဖွေသူများကို ရှောင်ရှားခဲ့သည်။

အနီးနားရှိ မီးရောင်များနှင့် လူသံများသည်  မကြာခဏ ပေါ်လာပြီး အဝေးကြီးလမ်းမကြီးကနေ
Tang Feng  မပြေးနိုင်မှန်း သူတို့ သိပုံရပြီး ရှေ့သို့ လမ်းကြောင်းတစ်ခု လျှောက်လိုက်ပြီးနောက် ပိုက်ကွန်ကြီးတစ်ခုလို ပိုပို များလာခဲ့သည်။ အချိန်ကြာလေ သူကို လိုက်ရှာတဲ့လူတွေ ပိုများလာလေဖြစ်သည်။

 


Albert ကို သူ အာရုံလွှဲပေးခဲ့တာ  နာရီဝက်ကျော်သွားပြီလို့  Tang Feng   ခန့်မှန်းခဲ့သည်။

အိုင်ဗန်အတွက် နာရီဝက်အချိန်အတွင်း   လူများကို ဂူထဲမှ တယောက်ပြီး တယောက် ခေါ်ထုတ်နိုင်မယ်လို့ မျှော်လင့်ရတာပဲ။

 သစ်ပင်ပေါ်မှာ တောင့်တောင့်ကြီး မလှုပ်မယှက်  အကြာကြီးထိုင်နေသည့် Tang Feng သည် အနည်းငယ် တောင့်တင်းလာပြီး တတ်နိုင်သမျှ နိုးနေအောင် ကြိုးစားသော်လည်း အသက်ပြင်းပြင်းရှူလိုက်စဉ် လေအေးတွေက လည်ချောင်းဝင်သွားကာ ချောင်းဆိုးချင်ခဲ့သည်။



Tang Fengက ပါးစပ်ကို လက်နဲ့ အလျင်အမြန် အုပ်ထားပေမယ့်  မအောင့်နိုင်ပဲ ချောင်းဆိုးမိလိုက်ပြီး ပါးစပ်ကို အမြန် အုပ်လိုက်မိသည်။

 

သူ့ချောင်းဆိုးသံထွက်လာပြီးသည်နှင့်  ဝီစီသံနှင့်အတူ၊ ပျောက်ကွယ်သွားသော အနက်ရောင်အဝတ်အစားနှင့် လူများသည် သစ်ပင်အောက်သို့ ရုတ်တရက် ရောက်ရှိလာပြီး Tang Feng ကို ရှာတွေ့ခဲ့တယ်။

Tang Feng သည်  အဝတ်အစားအနက်ရောင်ကို ဝတ်ထားသည်။ သူ အနည်းငယ် ထိတ်လန့်သွားပုံရသည်။ လူတစ်ယောက်က သစ်ပင်ပေါ်ပြေးပြီး သစ်ပင်ပေါ်ရှိနေဆဲ မော့ကြည့်လိုက်သည်။

 

အနက်ရောင်မျက်နှာဖုံးအောက်က နှုတ်ခမ်းပါးပါးလေးက ကော့တက်စွာ ပြုံးလိုက်ပြီး   Tang Feng က အရင်ကလို စိတ်ဝင်စားဖို့ကောင်းနေဆဲပဲဟု ထိုလူက တွေးနေသည်။

 

တယောက်ပြီး တယောက် အနက်ရောင်ဝတ်ထားလူတွေက သူရှိတဲ့ သစ်ပင်အောက်ကို ရောက်လာကြပြီးနောက်  တစ်စုံတစ်ယောက်က သစ်ပင်ပေါ်တက်ဖို့ ကြိုးစားခဲ့တယ်။

"တက် မလာနဲ့!"  


Tang Feng က အော်ဟစ်ကာ ငုံ့ကာ သူ့ဖိနပ်ကို ချွတ်ကာ သစ်ပင်ပေါ်သို့ တက်မည့်သူဆီသို့ ပစ်ချလိုက်သည်။

"ထွက်သွားကြ!"

 
အနက်ရောင် ဝတ်ထားသော အမျိုးသားသည် စကားမပြောဘဲ အခြားလူများကို  ဘေးနားတွင် ရပ်နေရန်  အချက်ပြဖို့  သူ့လက်များကို ဝှေ့ယမ်းလိုက် သည်။ ဒီအခြေအနေက တော်တော် ခမ်းနားပုံပေါက်ပါတယ်၊ အထူးသဖြင့် မြင့်မားတဲ့သစ်ပင်ကို ငုံ့ကြည့်တဲ့အခါ လူတွေက ပုရွက်ဆိတ်တွေလို သေးသေးလေး မြင်နေရပြီး သူတို့က သစ်ပင်ပေါ် တက်ဖို့ ကြိုးစားနေကြတာကို တွေ့ရတယ်။


"မရှုပ်နဲ့။"

အနက်ရောင်ဝတ်လူထားတဲ့လူက  တမင်တကာနှိမ့်လိုက်သလိုမျိုး သူ့အသံက အနည်းငယ် ပြာသွားသည် ။


ဟုတ်ပါတယ်။  Tang Feng က သူတို့ကို မနှောင့်ယှက်ပါဘူး၊ သူ့ရည်ရွယ်ချက်က အချိန်ကို နှောင့်နှေးစေဖို့၊ ဖြစ်ပြီး လွတ်အောင် လုပ်ဖို့  မဟုတ်ပါဘူး။


Albert က သူ့ကို သိပ်အကြာကြီး မစောင့်ရဘဲ လူအုပ်ထဲက ထွက်လာတယ်။ သူတို့နှစ်ယောက် နောက်ဆုံးဆုံတွေ့တာ လအတော်ကြာခဲ့ပြီ။ လမ်းခွဲခဲ့တုန်းက အရာအားလုံးဟာ ဝမ်းနည်းစရာ၊ အမှတ်ရစရာတွေ ပြည့်နှက်နေခဲ့တာ မဟုတ်ပါဘူး။


Lu Tian chen ပြောခဲ့သလိုပဲ Albert ဟာ ရူးနေတဲ့ကောင် ဖြစ်ပြီး သာမန်လူတွေက သူ့ကို နားမလည်နိုင်တဲ့ သူတစ်ယောက်ပါ။

အချိန်တွေက တစ်မိနစ်ပြီးတစ်နစ် ကုန်သွားတော့ အဲလ်ဘတ်က စကားမပြောဘဲ ပင်စည်ပေါ်ထိုင်နေတဲ့ လူကို တိတ်တဆိတ် ကြည့်နေတယ်။  တိတ်ဆိတ်မှုသည် ငါးမိနစ်ခန့်သာရှိသည်။ Tang Feng သည် စက္ကန့်တိုင်း၊ ငါးမိနစ်တိုင်း သူ့နှလုံးသားထဲတွင် တွေးနေမိသည်။ Ivan အတွက် အချိန်ရပါသလား။ သူတို့သည် လူများကို ကယ်တင်ရန် သို့မဟုတ် ထွက်ခွာရန် အချိန်ပို ရှိပါ့မလား။

 

အဲလ်ဘတ် ငြိမ်သွားတာကို သူ စိတ်မဝင်စားပေမယ့် မကြာခင်မှာ ရုန်းရင်းဆန်ခတ် ဖြစ်သွားတယ်။ တချို့လူတွေက ဖျာထူထူတွေ ထမ်းပြီး သစ်ပင် တစ်ဝိုက်မှာ ဖြန့်ကြတယ်။ သို့သော်လည်း ခဏတာအတွင်း  Tang Feng သည် ယခု ရုန်းကန်နေရသော်လည်း ခုန်ချလိုက်လျှင်  နာကျင်လိမ့်မည်ဖြစ်ပြီး လူများသည် သူ့ ဝိတ်ကို ခံနိုင်မည်မဟုတ်ဟု  ခံစားခဲ့ရသည်။



"ပြန်ဆုံရပြီဗနာ်။  ဒီတစ်ခေါက် တွေ့ဆုံမှုပုံစံက အရမ်းမိုက်တယ်"

အဲလ်ဘတ်သည် နောက်ဆုံးတွင် စကားပြောဆိုခဲ့ပြီး နူးညံ့သိမ်မွေ့သော အမျိုးသားအသံသည် သိသိသာသာ ပင်   စင်မြင့်ထက်က အခမ်းနားမှုး တစ်ယောက်၏ ခန့်ညားသော နောက်ခံအသံနှင့် အတူတူပင် ဖြစ်သည်။


"ဒီလိုတွေ့ဆုံမှုမျိုးကို ကျွန်တော် လုံးဝမကြိုက်ဘူး"


ဖိနပ်တစ်ရံ ဆုံးရှုံးခဲ့ရပြီး ယခု လေအေးတွင် ခြေအိတ်ဖြင့် ထိုင်နေရသဖြင့်
Tang Fengရဲ့ ခြေထောက်တွေက အရမ်းကို  အေးစက်နေခဲ့သည်။


ဆံပင်ကို လေအေးတွေ တိုက်ခတ်နေတဲ့ သစ်ပင်ပေါ်မှာထိုင်နေချိန် သူ့ခေါင်းက နာကျင်လာပြီး အဖျားက မသက်သာသေးလို့ သတိမေ့  လုနီးပါးဖြစ်သွားတယ်။

သူ့အတွက် ဒီညက စိတ်လှုပ်ရှားစရာ ညတစ်ညဖြစ်ခဲ့သည်။

"ကောင်းပြီ... ဆင်းလာခဲ့တော့....မင်း မနာကျင်စေရဘူး"


Albert က ဖြည်းညှင်းစွာပြောသည်။

"သိပါတယ်၊ ဒါပေမယ့် မဆင်းချင်ဘူး"


တစ်မိနစ်လောက် အချိန်ဆွဲလို့ရမယ်ဆိုရင် သူ ဆွဲထားချင်သည်။

 တစ်မိနစ်ကြာတော့  Tang Feng သည် သူ့ခန္ဓာကိုယ် တောင့်တင်းမှု မဖြစ်စေရန် သူထိုင်နေတဲ့နေရာကို  အနည်းငယ်ရွှေ့လိုက်သည်။

ဘုရားသခင်....... အခု သူ ဘယ်လောက်တောင်   အိပ်ချင်နေသည်ကို ဘုရားသာ အသိဆုံးဖြစ်လိမ့်မည်။


သူ သောက်ခဲ့ရတဲ့ အအေးမိပျောက်ဆေးက အရှိန်ပြလာခဲ့သည်။ သူ အိပ်ငိုက်နေလေပြီ။

 


"မင်း စိတ်တိုနေတာလား။"


လက်ရှိအခြေအနေက ဘယ်လိုပဲ ပြောဆိုနေပါစေ..သူတို့ ပြောဆိုပုံက  ချစ်သူနှစ်ဦးကြားက ပရောပရီလုပ်သလိုပါပဲ။

Albert-  "Tang Feng၊ မင်း ဆင်းလာပါ၊ မင်းကို ဒီကနေ ကယ်တင်ဖို့ ငါ လာခဲ့တာပဲ"

"ကူညီပေးဖို့ လာခဲ့တာ ဟုတ်လား? "

"မှန်တယ်"


 ဒီအကြောင်းအရာက နည်းနည်း ငြီးငွေ့စရာ ကောင်းပေမယ့် တစ်ဖက်လူနဲ့ စကားပြောတာက သင့်ခေါင်းကို နိုးဖို့ ပိုလွယ်ကူစေတယ်။


Tang Feng စိတ်ကူးထားတဲ့အတိုင်း Albert က သူနဲ့ စကားဆက် မပြောတော့ဘူး။ ထိုလူသည် ရုတ်တရက် သူ့လက်နှင့် ပင်စည်ကို တွယ်ဖက်ကာ  Tang Feng ၏ မျက်စိရှေ့တွင် သစ်ပင်ပေါ်သို့ တက်လာသည်။
သူ လုပ်သလို ဖြည်းဖြည်းချင်း တက်မယ့်အစား Albert က ဒီအရှိန်နဲ့ တကယ့် ပရော်ဖက်ရှင်နယ်  အေးဂျင့်တစ်ယောက်လို သစ်ပင်ကို အမြန်တက်လာခဲ့သည်။




ဒါပေမယ့် သိပ်မကြာခင်မှာပဲ Albert ဟာ Tang Feng ရဲ့နေရာကို ရောက်နေပြီး၊ အဲဒီလူက သူ့ဆီကို လက်လှမ်း ပြီး ငြင်သာစွာပြောလိုက်သည်။


"ကိုယ်နှင့်အတူလိုက်ခဲ့ပါ။"


"မဆင်းချင်ဘူး။"

Tang Feng သည် သူ့အနီးရှိ Albert ကို လှမ်းကြည့်ရင်း၊ ဒီလူသည် လွန်ခဲ့သော လအနည်းငယ်ကနှင့် မတူတော့သလို ခံစားလိုက်ရသည်။

 

သူ့မျက်လုံးထဲတွင် အလင်းရောင်တစ်ခု လင်းလက်လာသည်။ Tang Feng က စကား မဆုံးသေးခင် အဲလ်ဘတ်က  ရုတ်တရက် သူ့လက်တွေကို လွှတ်လိုက်ပြီး Tang Feng ဆီ ခုန်ဝင်ခဲ့သည်။



  သူ့ခန္ဓာကိုယ်သည် စွန်ရဲကဲ့သို့ ပျံသန်းသွားသည်ကို ရုတ်တရက် ခံစားလိုက်ရပြီး ခဏမျှ လှည့်ပတ်ကာ တုံ့ပြန်လိုက်သောအခါတွင် ထိုလူသည် သူ့ကို ဖက်ရင်း နှစ်ယောက်လုံး ပျော့ပျောင်းသော ကူရှင်ပေါ်တွင် ပြင်းထန်စွာ ပြုတ်ကျသွားသည်။


ဘုရားတချိန် မရသေးခင်
 သူနဲ့အတူ လဲကျလာတဲ့ အဲလ်ဘတ်က သူ့ကို ကူရှင်ပေါ်ကနေ ဆွဲချပြီး
Tang Fengက အဲလ်ဘတ်ရဲ့ ရင်ခွင်ထဲကို လဲကျသွားခဲ့တယ်။

အဲလ်ဘတ်က အရမ်းအေးနေရင်တောင်မှ နာရီဝက်နီးပါး လေအေးတိုက်တဲ့အထဲ ထိုင်နေရပြီး အေးခဲနေတဲ့  Tang Feng အတွက်တော့  နွေးထွေးတယ်လို့ ယူဆနိုင်ပါတယ်။

"နာနေတာလား?"

Albert က ပြုံးပြီး မေးတယ်။


Tang Feng က သူ ထိုင်ခဲ့တဲ့ နေရာကို မော့ကြည့်လိုက်ပြီး   ပြုံးပြပြီး ပြောလိုက်သည်။



"ကျုပ်မှာ အသက်အပိုပါတယ်။ ဒီလောက်နဲ့ မသေလောက်သေးပါဘူး  "

"ပြန်ကြရအောင်။"


Tang Feng ကို လွှတ်ပေးလိုက်ပြီး အဲလ်ဘတ်က
Tang Fengရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး အေးစက်နေတဲ့ လက်ဖဝါးကို ဇွတ်အတင်း ညှစ်လိုက်တယ် ။


" မင်း ရုပ်ရှင်အတွက် ကိုယ်အလေးချိန် တက်လာတယ်လို့ ငါကြားတယ်။ အလုပ်က အရေးကြီးပေမယ့် မင်းရဲ့ ခန္ဓာကိုယ် ခုလို ဖြစ်နေတာကို မြင်ရတော့ ငါ ရင်နာတယ်"
 


"ဟားဟား၊ ငါ သူ့ကို ဖမ်းမိထားတုန်းပဲ"


ထိပ်ပြောင်သောလူသည် ကြီးမားသော အပြုံးဖြင့် ရောက်ရှိလာပြီး Tang Feng ကိုပင် မကြည့်ဘဲ Albert ကို ပြောသည်၊



 "ငါတို့ သဘောတူထားတဲ့အတိုင်း  သခင်ကြီးက  သဘောတူထားတဲ့ ရွှေကို ဘယ်အချိန်ပေးမလဲဆိုတာ သိပါရစေ"


အဲလ်ဘတ်သည် ထိပ် ပြောင်နေသောလူကို လျစ်လျူရှုလိုက်ပြီး သူ့ဘေးနားရှိ အနက်ရောင်ဝတ်စုံနဲ့လူက ရှေ့သို့တိုးလာကာ သူ့လက်မောင်းမှ သေနတ်တစ်လက်ကို သပ်ရပ်စွာ ထုတ်ယူလိုက်ကာ ထိပ်ပြောင်နဲ့လူကို ပစ်သတ်လိုက်သည်။


မာဖလာပတ်ထားပြီး ပစ်လိုက်သဖြင့် သေနတ်သံက မထွက်သလောက်ပင်။

 အသက်ရှင်နေသေးသူတစ်ဦးသည် Tang Feng ရှေ့တွင် ချက်ချင်းသေဆုံးသွားခဲ့သည်။ ဒီလို သတ်ဖြတ်တဲ့ မြင်ကွင်းကို ပထမဆုံးအကြိမ်မြင်ရခြင်းကို သူ  ရှောင်လွှဲ၍မရပေ။ Tang Feng သည် Albert လက်ကို အလိုလို ဆုပ်ကိုင်လိုက်ပြီး ခေါင်းကို တစ်ဖက်သို့ စောင်းထားလိုက်သည်။

"မင်း မကြောက်ဖို့မျှော်လင့်ပါတယ်။"



Albert က ခပ်တိုးတိုး ရယ်လိုက်ပြီး အရာအားလုံးကို သဘောမတူသလို ပြောလိုက်သည်။


******-****************

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now