True Star - volume 4 _ Chapter (22) - ရုပ်ဖျက်ခြင်း

1.4K 196 10
                                    

True Star – volume 4 _ Chapter (22) - ရုပ်ဖျက်ခြင်း


Tang Feng တွေးထားသလိုပဲ ဂျာမနီနိုင်ငံ ဘာလင်ရုပ်ရှင်ပွဲတော်မှာ သူတို့ဘာဆုမှ မရခဲ့ပေ။  "Slayer" ဇာတ်ကား၏ ပထမဆုံး ဆုရလဒ်က ကျေနပ်ဖွယ်မရှိသော်လည်း သူတို့ အဖွဲ့သားများကို အလုပ်ကို ပျက်ပြားစေမည်မဟုတ်ပေ။ ဝန်ထမ်းတွေနဲ့ ကုမ္ပဏီရဲ့ အထက်က အုပ်ချုပ်သူတွေရဲ့ ခံစားချက်အရ  တကယ်တော့ Tang Feng က ရုပ်ရှင်ရဲ့ Box Office ကောင်းကောင်းရအောင် လုပ်ပေးခြင်းက လူတော်တော်များများကို ပျော်ရွှင်စေခဲ့ပုံရသည်။

ဇာတ်ကားတစ်ကားရိုက်ကူးရတဲ့ ရည်ရွယ်ချက်က ဘာလဲ၊ တစ်ချို့က ဆုတွေရဖို့အတွက် ဦးစားပေးတာကလွဲရင်  ပွင့်ပွင့်လင်းလင်းပြောရရင် အမြတ်များများပြန်ရဖို့ပဲလေ။ ရုပ်ရှင်ရင်းနှီးမြှုပ်နှံသူအများစုသည် သူတို့၏ ရင်းနှီးမြှုပ်နှံမှုများကို အများဆုံး ပြန်လည်ရရှိနိုင်မည်ဟု မျှော်လင့်ကြသည်။

Box Office ရုံတင် ဝင်ငွေ နှင့်  Awards ဆုများကို ရခြင်းဆိုတဲ့ နှစ်ထပ်ကွမ်း အကျိုးကျေးဇူးကို ရရှိဖို့က မလွယ်ကူပေ။


မူလအစီအစဉ်အရ Tang Feng သည် ရုပ်ရှင်ပွဲတော်ပြီးဆုံးပြီးချင်း အန်နီထံ သို့သွားရောက်လည်ပတ်ဖို့ ကြံထားပေမယ့်  Lu Tian Chen က ရက်အနည်းငယ်ကြာအနားယူရမည်ဟု တွေးကာ Tang Feng က ဂျာမနီတွင်  Charles နှင့် ဟန်းနီးမွန်ခရီးအဖြစ်ပဲ လည်ပတ်ခဲ့သည်။

ယေဘုယျအားဖြင့် Lu Tian Chen လုံလောက်စွာ အနားယူရန် စောင့်ပေးရန် ဒါက လုံလောက်နေပြီ။  ယေဘူယျအားဖြင့်၊ သူသည် သူတို့အား အာရုံစိုက်ကြည့်နေသော လူအချို့ကို လှည့်စားဖို့ အကွက်လေးတွေလည်း  ဖန်တီးပေးသည်။ Tang Feng သည် ယခု Charles ကို ချစ်နေပြီဖြစ်ပြီး Lu Tian Chen နှင့် ဆက်ဆံရေးမရှိတော့ပေ။

ဟုတ်တာပေါ့...Charles က အဲဒါကို အလွယ်တကူ လက်ခံလိုက်တယ်လေ။  Tang Feng ၏ ဆုံးဖြတ်ချက်ကြောင့်  Lu Tian Chen ကိုတွေ့သောအခါ နေ့တိုင်း သူလုပ်ဖို့ အကြိုက်ဆုံး အရာမှာ Tang Feng ကို ချက်ချင်း နမ်းလိုက်ခြင်းဖြစ်သည်။

"အင်း ငါ သိတယ်။ ရက်အနည်းငယ်ကြာရင် ငါပြန်လာမယ်။ ငါနောက်ကျမှာမဟုတ်ဘူး။"

ဖုန်းချလိုက်ပြီး Tang Feng က သူ့ဘေးမှာထိုင်နေတဲ့ Lu Tian Chen ကို ပြန်လှည့်ကြည့်လိုက်သည်။

" အခုသတင်းဆိုးကို အတည်ပြုလိုက်ပြီ။ ရှောင်ယု က ဖုန်းခေါ်ပြီး တစ်လခွဲအကြာတွင် ကုမ္ပဏီတွင်း အစည်းအဝေးကျင်းပမယ်လို့ ပြောခဲ့တယ်။ ခင်ဗျား အဖေရဲ့ပွဲဦးထွက် တိုက်ကွက် ဖြစ်လိမ့်မယ်လို့ ခန့်မှန်းရတယ်။ မင်းရဲ့ ဝမ်းနည်းစရာ ထွက်ပေါက်ကို စောင့်မျှော်နေဦးမလား။ "

" ငါ့ဒဏ်ရာကို ဆားပက်ပေးနေတာလား"

သူ့ပါးစပ်ထောင့်က တွန့်သွားပြီး Lu Tian Chen ရဲ့အမူအရာက တဖြည်းဖြည်းလေးနက်လာသည်။

" ကောင်းပါတယ်၊"

Tang Feng က Lu Tian Chen ရဲ့ အိမ်တွင်းရေးကိစ္စတွေကို မေးရတာ အဆင်မပြေဘူး၊ ဝင်စွက်ဖက်ဖို့ လည်း မသင့်တော်ဘူး။ အခု သူ  ဦးစားပေး လုပ်နိုင်တဲ့အချက် Lu Tian Chen ဒဏ်ရာမရအောင် ဒီလူကို ကာကွယ်ဖို့ ကြိုးစားရုံပဲလေ။

"သားအဖနှစ်ယောက်ကြား ရင်ကြားစေ့ဖို့ မဖြစ်နိုင်ဘူးလား။ နောက်ဆုံးတော့ ခင်ဗျား တို့က  မိသားစုတစ်ခုလေ။"

"မင်းရဲ့စိုးရိမ်မှုအတွက်ကျေးဇူးတင်ပါတယ်။ ငါ မင်းကို ဒုက္ခမပေးချင်ပါဘူး"

Lu Tian Chen က အဲဒီလူငယ်လေးကို ကြည့်ပြီးပြောလိုက်သည်။


"ခင်ဗျား ကျွန်တော့်ကို ဒုက္ခအများကြီး ပေးခဲ့တယ် ဟုတ်ပြီလား၊ ဒီအဓိပ္ပါယ်မဲ့ စကားတွေ မပြောပါနဲ့၊ ဆွေမျိုးတွေကြားမှာ တစ်ယောက်ကိုတစ်ယောက် ထိခိုက်စေတဲ့အရာတွေကို မမြင်ချင်ဘူး။"

Tang Feng မတ်တပ်ထရပ်ပြီး ထုပ်ပိုးထားတဲ့ ခရီးဆောင်အိတ်ကို လှမ်းကြည့်ရင်း သူမေ့သွားခဲ့တာ တစ်ခုခုရှိ၊မရှိ စစ်ဆေးလိုက်သည်။ Tang Feng ရယ်မောလိုက်ရင်း ရုတ်တရက်ပြောလိုက်သည်- "တောင်းပန်ပါတယ်။"

"မင်း ငါ့ကိုဘာတွေပြောနေတာလဲ"

"ကျွန်တော်က အရမ်းတစ်ကိုယ်ကောင်းဆန်သွားမိတယ်၊ ကျွန်တော်က  စကားကောင်း မပြောတတ်ဘူး။ ပြီးတော့ ကျွန်တော်က ထိန်းချုပ်မှုအောက်မှာရှိတဲ့ဘဝကို မကြိုက်ဘူး၊ အဖေနဲ့သားကြားဆက်ဆံရေးကို ဖြေလျှော့ဖို့ စိတ်ရှည်သည်းခံတယ်ဆိုတဲ့ အချက်ကို  မသုံးတတ်ဘူး။"

Lu Tian Chen က ထိုလူအား စကားတစ်ခွန်းတည်း ပြောခဲ့သည်။

"ဒီလူက  အရမ်းအန္တရာယ်များတယ်။"

"လူတိုင်းဟာ သူတို့ရဲ့ကိုယ်ပိုင်ခံယူချက် နဲ့ စိတ်ကူးတွေ ရှိကြပါတယ်။"

Tang Feng က တခြားသူတွေကို အတင်းအကြပ် ခိုင်းစေမှာ မဟုတ်ပေ။  သူ့ ဘဝလိုပါပဲ၊ သူက မိသားစု သဟဇာတဖြစ်အောင် ထိန်းသိမ်းဖို့ ကြိုးစားမှာပဲဖြစ်သည်။  ဘာဖြစ်လို့လဲဆိုတော့ မိသားစုဘဝဆိုတာ သူ့လို မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာတဲ့ လူတစ်ယောက်အတွက် အလေးနက်အထားဆုံး အရာဖြစ်လို့ပါပဲ။

ဒါပေမယ့် Lu Tian Chen လို ယောက်ျားတစ်ယောက်က ထိုအချက်ကို  လက်ခံဖို့က ဒီလောက်မလွယ်ဘူး။

Tang Feng သည် Lu Tian Chen တွေ့ကြုံခဲ့သလို မတွေ့ကြုံခဲ့ရသောကြောင့် သူတော်စင်ကဲ့သို့   တစ်ဖက်လူအား သူဖြစ်စေချင်တာကို တောင်းဆိုဖို့ မဖြစ်နိုင်ပေ။

"ခင်ဗျား မှန်တယ်ထင်ရင် နောင်တမရမယ့် အလုပ်တွေကို လုပ်ချင်တာလုပ်လို့ ရတယ်"
Tang Feng က ပြုံးပြီး ပြောလိုက်သည်။

Lu Tian Chenက လူငယ်လေးထံမှာ ထိုစကားကို ကြားတော့  အနည်းငယ်ပြုံးလိုက်သည်။

............

 ဂျာမဏီမှာ ရက်အနည်းငယ်ကြာအောင်နေထိုင်ပြီးနောက် Tang Feng နဲ့ အန်နီလေး က  တွေ့ဖို့ချိန်းဆိုထားပေမယ့် ပြသနာဖြစ်မှာစိုးလို့မလာဖို့တားပေမယ့် အန်နီကို တားမရခဲ့ပေ။

ခရီးစဉ်သည် စီစဉ်ထားသည့်အတိုင်း အဆင်ပြေနေပုံရသည်။

Lu Tian Chen သည် Charles နှင့် Charles တို့၏ ကိုယ်ရံတော်အဖြစ် အသွင်ဆောင်ကာ လိုက်လာခဲ့သည်။ ကံကောင်းထောက်မစွာ၊ Charles မကြာခဏ ခေါ်ဆောင်လာသော ကိုယ်ရံတော်များသည် သန်မာလွန်းလှသည်။

နည်းပညာမြင့်  မျက်နှာဖုံးကို ဝတ်ဆင်ထားသည့် Lu Tian Chen သည် ကိုယ်ရံတော်အစစ်တွေကြား ဝင်ရောက်ရောနှောလိုက်ပြီးနောက် ဘယ်သူမှ သတိမထားမိတော့ပေ။   နောက်ဆုံးတော့ သူက ပရော်ဖက်ရှင်နယ် လူသတ်သမားအဖြစ် လေ့ကျင့်ထားတဲ့ လူတစ်ယောက်ပါ။ သူတကယ်ပဲ နောက်ထပ် သက်တော်စောင့်ဖြစ်လာရင်တောင် မေးခွန်းထုတ်စရာမရှိပါဘူး။

သူဌေးကို သူ့ကိုယ်ရံတော်အဖြစ် ထားရတာ တကယ်ကို ကောင်းတဲ့ခံစားချက်ပဲလေ။

Charles နှင့် သူ၏ကိုယ်ရံတော်နှစ်ယောက်နှင့်အတူ Tang Feng သည် လမ်းပေါ်တွင် မိန်းကလေးနှစ်သက်သော အချိုပွဲများနှင့် လှပသောအဝတ်အစားအချို့ကို ဝယ်ပြီး အန်နီလေး၏အိမ်သို့ ရောက်လာခဲ့သည်။ တံခါးဝကို မရောက်သေးခင်  Tang Feng က ကားပေါ်ကနေ ဆင်းလိုက်သည်နှင့် အန်နီလေးက ဝမ်းသာအားရနဲ့ သူတို့ကို မျက်နှာမူကာ ပြေးလာသည်ကို တွေ့လိုက်ရတယ်။

"အန်ကယ်ထျန်း အန်ကယ်  အရမ်းဆိုးတယ်။ အန်နီကို တွေ့ဖို့ လာမယ်လို့ ကတိပေးထားပြီး အခုမှ လာတယ်။ အန်ကယ့်ကို  မုန်းတယ် မုန်းတယ်!" လက်သီးသေးသေးလေးက မိုးရွာသလိုပဲ Tang Feng ကို ထိသွားတယ်။

"နာတယ်ကွ..မင်းလေးက အန်ကယ့်ကို သတ်တော့မလို့လား "
 အဲဒီလူက Annie လေးကို ပြုံးပြီး ပွေ့ဖက်လိုက်သည်။

ချားလ်စ်သည် သူ့လက်ကို ကိုင်ကာ ပတ်ပတ်လည်ကို ကြည့်ကာ သက်တော်စောင့်အဖြစ် အသွင်ဆောင်ထားသော Lu Tian Chen နှင့် တိတ်တဆိတ် ပြောခဲ့သည်-

 "မင်း ဘာလို့ ကလေးတွေကို လုံးဝ မကြိုက်တာလဲ"

Lu Tian Chen သည် Charles ကို လျစ်လျူရှုပြီး Tang Feng နှင့် အန်နီလေးအိမ်ထဲသို့ ဝင်သွားသည်ကို တွေ့လိုက်ရတော့ နောက်ကလိုက်လာခဲ့သည်။

"သက်တော်စောင့်လို့ တကယ် ထင်နေတာလား"Charles က တိုးတိုးလေး ညည်းတွားတယ်။

သူမ အခန်းထဲဝင်လာပြီးတာနဲ့ Annie က Tang Feng ကို ဆွဲထုတ်ပြီး   သူမနဲ့အတူ အခန်းထဲသွားခိုင်းတယ်။

ခုနက ဝင်လာတဲ့ Charles က ပြောလိုက်သည်။

"အချစ်လေး... ဦးလေးက  မင်းနဲ့ အတူူ ကစားပေးမယ်လေ...ဘယ်လိုလဲ။"

 "မဟုတ်ဘူး! အန်ကယ်ထျန်းကိုပဲ လိုချင်တယ်။"

Charles ကို ငုံ့ကြည့်ရင်း Annie သည် Tang Feng ၏လက်ကို ဆွဲယူပြီး လှုပ်ခါလိုက်ပြီး မေးလိုက်သည်။

"အန်ကယ်ထျန်း... အပေါ်ထပ်ကို သွားကစားရအောင်၊ Annie မှာ ပြောစရာတွေ အများကြီးရှိတယ်၊ တခြားသူတွေ မဟုတ်ဘဲ အထူးသဖြင့် အန်ကယ်နဲ့ပဲပြောချင်တယ်"

အန်နီလေးက လက်ဆွဲနှုတ်ဆက်ပြီး Charles ကို တိုးတိုးလေးရယ်ပြီး ပြောလိုက်သည်။

 "အန်ကယ်တို့က သွားတော့။ သမီးတို့ကို အောက်ထပ်မှာစောင့်နေနော်"


"တောင်းပန်ပါတယ် Annie က ငါတို့ကြောင့် အရမ်းဆိုနေတယ်။  မင်း သူ့ကို စိတ်မဆိုးဖို့ ငါမျှော်လင့်ပါတယ်။"

အန်နီရဲ့အဖေက မတ်တပ်ရပ်ပြီး ပြောလိုက်သည်။

"အဆင်ပြေပါတယ် ကလေးတွေက ဒီလိုပဲ။ စိတ်အနှောက်အယှက်ဖြစ်စေတဲ့ အရာလေးတွေပါပဲ။"

Charles ၏စိတ်ဆိုးနေပေမယ့် ကြောင်သူတော်လို ဟန်ဆောင်သည်ကို ကြည့်ရင်း Tang Feng သည် အသံတိုးတိုးဖြင့်  ရယ်မောကာ Annie ၏ဖခင်ကို နှုတ်ဆက်ပြီး Annie နှင့် တစ်ယောက်တည်းနှင့် အပေါ်ထပ်သို့ တက်သွားသည်။

"အန်နီ ဘာကိစ္စပြောမလို့လဲ။ မင်းရဲ့ အမေကော"
 ဒီနေ့ အခန်းထဲမှာ Anne ရဲ့ အဖေတစ်ယောက်ပဲ မြင်ခဲ့ရသည်။

"အမေ..." ခေတ္တနားပြီး Annie က အော်လိုက်သည်။ "အန်နီက အမေ မလိုဘူး၊ အန်နီက အဖေပဲလိုတယ်။"

"အန်နီက ဖေဖေ့ကို နည်းနည်း သဘောကျတယ်ပေါ့ ဟုတ်လား" "Tang Feng က လမ်းလျှောက်ရင်း မေးတယ်။

"အန်နီမှာ အဖေပဲရှိတယ်။"

သူမလေးရဲ့ အသံက တိုးနေပေမယ့် Annie က Tang Feng ၏လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားကာ ဆက်ပြောလိုက်သည်။

" ဒါပေမယ့် အခု Annie မှာ အန်ကယ်ထျန်း ရှိလို့ ဘာမှ မလိုတော့ဘူး။ အန်ကယ်ထျန်းက သမီးနဲ့အတူ တစ်သက်လုံး နေပေးမယ် မဟုတ်လား "
  ကလေးမလေးထံမှ တောင်းပန်သံကြားတော့ Tang Feng ၏ရင်ထဲ တကယ့်ကို စိတ်မကောင်းဖြစ်လာရသည်။

"အသေးလေး၊ အန်ကယ်ထျန်းက အလုပ်ရှိလို့ ပြန်သွားဖို့ လိုပေမယ့် အချိန်ရရင် ပြန်လာပါ့မယ်။"

  Tang Feng က ကလေးကို လက်တစ်ဖက်နဲ့ ကိုင်ထားပြီး တံခါးကို လက်တစ်ဖက်နဲ့ ညင်သာစွာ တွန်းဖွင့်လိုက်တယ်။

ကလေးမလေးများ၏အခန်းသည် မင်းသမီးလေး၏ အခန်းကဲ့သို့ အမြဲလှပစွာ အလှဆင်ထားပြီး ပန်းရောင်နှင့် အလှဆင်ထားကာ စိတ်ကူးယဉ်ဆန်လွန်းလှသည်။ ဒါပေမယ့် အန်နီလေး  ၏အခန်းသည် မိန်းကလေးအများစု၏အခန်းနှင့် မတူပါ။

ဒါပေမယ့် ဒါက Tang Feng ရဲ့ လှည့်စားခြင်းလား မသိဘူး။ အိမ်သည် မကြာခဏ လူနေပုံမပေါ်ဟု သူခံစားရသည်။

လူများနေထိုင်လေ့ရှိသောအိမ်တွင် နွေးထွေးသောခံစားမှု အမြဲရှိသော်လည်း ဤနေရာတွင် လူသားဆန်သည့် အရိပ်ငွေ့ကို မရပေ။ သူက လူအများကို ပြသဖို့ အလှဆင်ရုံသက်သက် ဖန်တီးထားသည့် အခန်းထဲ ရောက်နေသလို ခံစားရသည်။

"အန်နီ၊ မင်းဒီမှာနေလေ့ရှိလား" Tang Feng က Annie ကို ပွေ့ချီထားရာမှ ချပေးကာ  မေးလိုက်သည်။
Annie သည် အခန်းတံခါးကိုပိတ်ကာ ပြုံးကာ Tang Feng ၏လက်ကို ကိုင်ထားသည်-

 "အဖေက တုံးအတယ်။ ဒါပေမယ့် အန်ကယ်ထျန်းက အရမ်းဉာဏ်ကောင်းတယ်။  Annie ဒီမှာ သိပ်မနေဘူး"
 
  Tang Feng ကုတင်ပေါ်တက်ထိုင်လိုက်စဉ် Annie က အခန်းထဲက ဗီရိုကိုသွားပြီး ညင်သာစွာ ပုတ်ပြီးပြောသည်။

" ဖေဖေ၊ အန်ကယ်ထျန်းက ဒီမှာရောက်ပြီ"


"ဖေဖေ? "
Tang Feng ၏အကြည့်ကြောင့် ဗီရိုတံခါးကို တွန်းဖွင့်လိုက်သည်။ တံခါးဖွင့်ပြီးနောက်တွင် အဝတ်များပြည့်နေသော ဗီရိုမဟုတ်သော်လည်း အခြားအခန်းတစ်ခုဖြစ်နေသည်။ အန်နီလေးက  "အဖေ" ဟု ခေါ်သဖြင့် အောက်ထပ်တွင် အလွန်နူးညံ့သိမ်မွေ့သော သက်လတ်ပိုင်း အမျိုးသားတစ်ဦး၏ရုပ်သွင်ပေါ်လာသည်။ ထိုလူက  Tang Feng နှင့် မစိမ်းသည့် အမျိုးသားတစ်ဦး ဖြစ်သည်။
"Albert လား..."

Annie ကို ပွေ့ထားရင်း Albert၏ တ်ခမ်းပေါ်မှ ခပ်ဖျော့ဖျော့ အပြုံးဖြင့် အေးဆေးစွာ အခန်းထဲဝင်ရောက်လာသည်-

"ငါတို့ မတွေ့တာ လနဲ့ချီနေပြီ။"

" မင်းရဲ့သမီးက Annie လေးပဲ"


အဲလ်ဘတ်က သူ့မှာ သမီးတစ်ယောက်ရှိတယ်လို့ ပြောတာကို Tang Feng မှတ်မိပေမယ့် Annie ဖြစ်ဖို့တော့ မမျှော်လင့်ထားမိဘူး။

အကြောင်းအရာများစွာကို တစ်ပြိုင်နက်တည်း ချိတ်ဆက်မိသွားသည်၊ Tang Feng သည် အိပ်ယာပေါ် ထိုင်နေရာမှထကာ Albert ဆီသို့ လှမ်းသွားသည်–

 "လူကြီးတွေက ကလေးတွေကို အသုံးမချသင့်ဘူး"

တကယ်တော့ အဲလ်ဘတ်က သူ့သမီးကို ရည်ရွယ်ချက်ရှိရှိ နဲ့ Tang Feng နားကို ချဉ်းကပ်လာဖို့ တမင် ခွင့်ပြုလိုက်ခြင်းဖြစ်သည်၊ ဒါက ဖခင်တစ်ယောက်အနေနဲ့ မလုပ်သင့်ဘူး။

"အန်နီ သွားတော့။"

အဲလ်ဘတ်သည် ဗီရိုတံခါးတစ်ဖက်ရှိ အခန်းကို ညွှန်ပြကာပြောလိုက်သည်။

Tang Feng နှင့် Albert ကို ကြည့်လိုက်တော့ Annie သည် သူမ ပါးစပ်ကို အနည်းငယ် စူထော်ကာ မကျေမနပ်ဖြစ်ဟန်ပြခဲ့သည်။
 

"အန်နီ။"

အဲလ်ဘတ်ရဲ့အသံက နည်းနည်းအေးစက်လာသည်။

"မင်းကလေးကို ဒီလိုစကားမျိုး မပြောပါနဲ့။"

Tang Feng မျက်မှောင်ကြုတ်လိုက်သည်။ "သူက မင်းရဲ့သမီးလေ။"

"ဟုတ်တယ်၊ သူက ငါ့သမီး။"

အဲလ်ဘတ်သည် သူမသည် ငါ့သမီးဟု ဆိုကာ ထိုလေသံက ကဲ့ရဲ့ဟန်တူပြီး မင်းမှာ ဝင်ပြောပိုင်ခွင့်မရှိဘူး ဆိုသည့် သဘောပါဝင်နေသည်။

အန်နီလေးသည် ဗီရိုတံခါးမှ အခြားအခန်းသို့ လိုက်သွားကာ မကြာမီ တစ်စုံတစ်ယောက်က တံခါးကို ပိတ်လိုက်သေးသည်။

"မင်းရဲ့သမီးကို ဘယ်လို လိမ်ညာခိုင်းရတာလဲ၊ မင်းရဲ့သမီးကို အရမ်းချစ်တယ်လို့ ငါထင်ခဲ့တာ။"

Albert သည် ပြတင်းပေါက်ဆီသို့ လှမ်းကြည့်လိုက်ပြီး ထိုလူနှင့် ဝေးရာသို့ လှမ်းကြည့်လိုက်သည်။
"ငါ့ရဲ့ သမီးလေးအနေနဲ့ မွေးကတည်းက သူမက တခြားကလေးတွေနဲ့ မတူဘူး။ သူရဲဘောကြောင်တဲ့လူတွေဟာ   အားကောင်းတဲ့ကမ္ဘာမှာ မရှင်သန်နိုင်ဘူး။"

Tang Feng ကို လှည့်ကြည့်လိုက်တော့ Albert က အနည်းငယ် ပြုံးလိုက်ပြီး ပြောလိုက်သည်။

 "ဘာလို့ မနှုတ်ဆက်ဘဲ အမြဲတမ်း ထွက်သွားတာလဲ။"



********-*************





(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now