volume 4_ Chapter (25) - လုထျန်းချန် မရှိဘဲ သူ ဆက်နေမှာ မဟုတ်ဘူး

872 153 2
                                    

True Star - volume 4_  Chapter (25) -  လုထျန်းချန် မရှိဘဲ Tianchen Entertainment မှာ သူ ဆက်နေမှာ မဟုတ်ဘူး။


အစည်းအဝေးခန်းမှ မထွက်ခွာမီ လုထျန်းကျီသည် Tang Feng ကို နာမည်ကျော် Brand တစ်ခုမှ ထုတ်ဝေသည့် အကန့်အသတ်ဖြင့် ထုတ်သည့် တန်ဖိုးကြီး လက်ပတ်နာရီတစ်လုံးကို ပေးခဲ့သည်။

Tang Feng ကလည်း ပြုံးပြီး ယဉ်ယဉ်ကျေးကျေး ယူလိုက်သည်။ လုထျန်းကျီက ပေးသည်ကို ယူလိုက် သည့် သရုပ်ဆောင် ထိုအမျိုးသား၏ကို  ရွှင်မြူးသော  အမူယာဖြင့် ပြုံးကာကြည့်လျက် ကုမ္ပဏီမှ သူ့အပေါ် ဆိုးဆိုးရွားရွား ဆက်ဆံမည်မဟုတ်ကြောင်း ကတိပြုခဲ့သည်။

သို့သော် လုထျန်းကျီ၏ စော်ကားသော စကားကြောင့် Tang Feng သည် နာရီကို စတိုးဆိုင်သို့ ချက်ချင်း ပြန်ရောင်းကာ ပရဟိတ အဖွဲ့ထံသို့ ငွေကို တိုက်ရိုက်လှူဒါန်းခဲ့သည်။

လုထျန်းကျီနှင့် ပထမဆုံး ထိပ်တိုက်ရင်ဆိုင်ရာတွင် မှာ ယခုအချိန်အထိ မည်သူမျှ မအောင်မြင်သေးပေ။ လူတိုင်းက ပြုံးပြီး လုထျန်းကျီ၏ မျက်နှာသာပေးမှုကိုရရန် တစ်ယောက်နဲ့တစ်ယောက် ကြိုးစားနေ ကြသည်။ Tang Feng သည် လုထျန်းကျီ၏ လူကြီးလူကောင်းသဖွယ် သရုပ်ဆောင်သည်ကို  မထီမဲ့မြင် မပြုခြင်းကြောင့် တစ်ဖက်လူက သူ့ကို ဘာမှ မလုပ်ပဲ လွှတ်ပေးခဲ့သည်။ မြေခွေးအိုကြီး နှယ် ကောက်ကျစ်သည့် ထိုလူက သူ့ကို သတိမပြုမိအောင် လုပ်ဖို့ဆိုတာ အတော့်ကို ခက်ခဲလှသည်။
 
 Charles နဲ့ အတူ  နေထိုင်သည့်နေရာကို ပြန်ရောက်ပြီးနောက်၊ Tang Feng က မနက်ခင်းတွေ့ဆုံမှု အကြောင်းအရာအကြောင်း Charles နဲ့ လုထျန်းချန် ကို ရိုးရိုးရှင်းရှင်းပြောပြခဲ့ပြီး လုထျန်းကျီရဲ့ လုပ်ရပ်နဲ့ပတ်သတ်ပြီး အဓိပ္ပါယ်ဖွင့်ဆိုနေကြသည်။

"သူက ငါ့ကိုစိတ်မဆိုးဘူး"
Tang Feng က ဖအေရင်း လက်ချက်ကြောင့် သေလုမျောပါး ဒဏ်ရာရလုနီးပါးဖြစ်နေတဲ့ လုထျန်းချန် ကို ကြည့်ကာ ပြောလိုက်သည်။
 "ခင်ဗျား အဖေရဲ့ အာရုံစိုက်မှုက အခု ခင်ဗျား အပေါ်မှာပဲ ရှိတာဆိုတော့  ဒီလို ဆက်လက်ဖုံးကွယ်ထားဖို့ စိတ်ကူး ရှိနေတုန်းလား။"

"ကိုယ် မင်းကို ဒုက္ခမပေးပါဘူး၊ ကိုယ့် ဒဏ်ရာပျောက်သွားတာနဲ့ ထွက်သွားပါ့မယ်"

လုထျန်းချန် က သူ့ဘက်မှ အရင် ကမ်းလှမ်းခဲ့သည်။

Charles က ခပ်မြန်မြန်ပဲ ပြောလိုက်သည်။
 "ချစ်သူငယ်ချင်းကြီး၊ မင်းရဲ့ ဒဏ်ရာပျောက်ဖို့အတွက် အကောင်းဆုံးဆေးကို ငါ သေချာရှာပြီး သုံးပေးပါ့မယ်။"

Tang Feng က Charles ကို စိုက်ကြည့်လိုက်သည်။ ဒီလူက ဝင်မရှုပ်ပဲ မနေနိုင်ဘူးလား..

 " တခြားအကြောင်းတွေ နောက်မှပြောကြတာပေါ့...အရင်ဆုံး ခင်ဗျား ရဲ့ဒဏ်ရာတွေကို အရင်ကုရမယ်။"

နေ့ရက်တွေက အရင်တုန်းကနဲ့မတူတော့ပေ။ ထိပ်သီးပိုင်းအုပ်ချုပ်သူ သူဌေး အပြောင်းအလဲရှိသော်လည်း ကုမ္ပဏီသည် ဥက္ကဌလုကို သိပ်မတွေ့ရသဖြင့် ကနဦး အထိတ်တလန့်ဖြစ်နေသည့် ကုမ္ပဏီက တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာသည်။

ထွက်သွားဖို့ အချိန်ရောက်ပြီဆိုပေမယ့် လုထျန်းချန် ထွက်သွားမယ့်အကြောင်း ထပ်မပြောတော့ပေ။ တစ်ခါတစ်လေ သူ့ချစ်ရသူလေးက အလုပ်ထဲ   အဆင်မပြေတာတွေကြားနေရသည်။  ဥပမာအားဖြင့်၊ Tang Feng နှင့် ဥက္ကဌသစ်တို့သည် ရုံးခန်းတွင် နှစ်ယောက်တည်း စကားပြောနေတတ်သည့် အကြောင်းရာမျိုးဖြစ်သည်။ ဒါပေမယ့် တကယ်တော့    လုထျန်းကျီ (Lu Tian Ji ) က Tang Feng ကို   လုထျန်းချန် (Lu Tian Chen) အနား  မချဉ်းကပ်ရန် ခေါ်ပြီး သတိပေးနေခြင်းသာ ဖြစ်သည်။

ဒါနဲ့ ကုမ္ပဏီမှာ ဘယ်သူက တိတ်တဆိတ် သတင်းပေးနေသလဲ မသိတော့ပေ။   လုထျန်းချန် ၏ဖခင်က  လုထျန်းချန် နှင့် ထျန်းဖုန်း (Tang Feng) တို့ကြားက ပတ်သတ်မှုကို သိနေသည်။ ဒါကြောင့် သူ့ဖခင်က ချစ်ရသည့် လူငယ်လေးကို တခုခု လုပ်မည်စိုးသဖြင့် လုထျန်းချန်က သူ ကုမ္ပဏီမှ ထွက်ခွာခဲ့သည်။ လုထျန်းချန် ၏ စေ့စပ်ပွဲ အခမ်းအနား မစမီကပင် Tang Feng က သူနှင့်မပတ်တော့ကြောင်း ပြသဖို့ တမင်သက်သက် လမ်းခွဲခဲ့သည်။
 
ကမ္ဘာပေါ်တွင် လူတွေကို တိုက်ခိုက်ဖို့ အလွယ်ဆုံးနှင့် အသက်သာဆုံးနည်းလမ်းမှာ တုံးအသည့် ကောလဟာလကို လွှင့်ထုတ်ခြင်းဖြစ်သည်။ လောကမှာ ဘယ်သူမှ ကောလဟာလနှင့် မကင်းပေ။  ဒါပေမယ့် Tang Feng သည် ရင်ခုန်စိတ်လှုပ်ရှားဖွယ်နှင့် ခွေးသွေးဇာတ်လမ်းလို ကောလဟာလ  သတင်းအတုက လူတွေကြား လျှင်မြန်စွာ ပျံ့နှံ့မည်ကို မယုံကြည်ပေ။

လူတစ်ယောက်ရဲ့ ကျော်ကြားမှုနဲ့ တိုးမြင့်လာတာနဲ့အမျှ သူ့ပတ်ဝန်းကျင်က လူတွေရဲ့ မတူ ကွဲပြားတဲ့မျက်လုံးတွေနှင့် ကြည့်သည်ကို ရင်ဆိုင်ရမှာပဲ ၊ တစ်ချို့က လေးစားမှုရှိသလို၊ တစ်ချို့က မနာလိုမယ်၊ တချို့က အားကျပြီး၊ တချို့က မုန်းတီးကြမယ်။

နှစ်တွေကြာလာတာနဲ့အမျှ ကျော်ကြားသူတွေ တဖြည်းဖြည်း အကျပိုင်းကို ရောက်လာကြသည်။  တစ်ချို့သော နာမည်ကြီးတွေက  ပြင်ပမှ လူတွေရဲ့ စုံစမ်းနှောင့်ယှက်မှုတွေကို ခံနိုင်ရည်မရှိကြသလို တချို့ကလည်း မီဒီယာသတင်းတွေကြောင့် ထိခိုက်နစ်နာမှုတွေ ရှိလာကြသည်။ ဒါကြောင့် သူတို့က ဒီလို    အန္တရာယ်ရှိသော ဖျော်ဖြေရေးလောကမှ ထွက်ခွာချင်ကြသည်။

သတင်းထောက်ဘယ်နှစ်ယောက်က ကိုယ့်အိမ်အပြင်မှာ ထိုင်စောင့်နေနိုင်တာကြောင့် အိမ်က ပြတင်းပေါက်တွေဖွင့်ဖို့ စိတ်ပင်မကူးရဲကြပေ။

အပြင်သွားတဲ့အခါ paparazzi တွေရဲ့ တောက်လျောက် ခြေရာခံလိုက်မှုကို ခံနိုင်ရည်ရှိဖို့လည်း လိုသည်။ ကိုယ့်ရှေ့မှာ မကောင်းသည့် စကားတွေ ပြောကာ မေးမြန်းတတ်သည့် သတင်းထောက်တွေ အမြဲရှိနေလိမ့်မည်။    သူတို့ လိုချင်တာက သူတို့ သတင်းစာ၊ ဂျာနယ်ပိုရောင်းရဖို့ လူပြိန်းကြိုက် သတင်းတွေ ပိုရလာစေဖို့ပဲဖြစ်သည်။ နာမည်ကျော် သရုပ်ဆောင်က လူ တယောက်ယောက်ကို ဒေါသထွက်သွားသည့် သတင်းမျိုး ဒါမှမဟုတ် ရိုက်နှက်လိုက်သည့် သတင်းမျိုးကို လိုချင်နေ ကြခြင်းဖြစ်သည်။ သရုပ်ဆောင်ဘက်က ဒေါသတကြီးဖြင့် တခုခု တုန့်ပြန်မိလျှင် နာမည်ကျော် ကြယ်ပွင့် သရုပ်ဆောင်က ဒေါသထွက်ပြီး တစ်စုံတစ်ဦးကို နာကျင်ထိခိုက်စေသည် ဆိုသည့် သတင်းမျိုးကို  ပြောကြလိမ့်မည် ။

ဒါပေမယ့် အများပြည်သူတွေက ပါပါရာဇီနှင့် သတင်းထောက်တွေရဲ့ အုပ်လိုက် နှောက်ယှက်ခြင်းကို ခံနေရသည့် သရုပ်ဆောင်တွေရဲ့ တကယ့် ဖြစ်ရပ်မှန်ကို မသိနိုင်ပဲ သတင်းထဲမှာ ရေးသားထားည်ကို ယုံကြည်ကာ သရုပ်ဆောင်တွေက ဆိုးဝါးသည်ဟု ယုံကြည်ခဲ့ကြသည်။

နာမည်ကျော်ကြားမှုအတွက် သရုပ်ဆောင်တွေဘက်ကလည်း ပြန်လည်ပေးဆပ်ရသည်က ကြီးမားလှသည်။ အထူးသဖြင့် လတ်တလောနာမည်ကြီးလာသည့် အနုပညာ ကြယ်ပွင့်များအတွက် သူတို့ပတ်ဝန်းကျင်ရှိ အန္တရာယ်များကို အမြဲသတိထားနေရမည် ဖြစ်သည်။

"ဒီတခေါက် ကုမ္ပဏီမှာ ကောလဟာလကို ဘယ်သူတွေ ဖြန့်နေလဲ မသိပေမယ့် စီမံခန့်ခွဲရေးဌာနက သတိပေးချက် ထုတ်ပြန်ပြီးတဲ့နောက် နောက်ဆုံးတော့ ကောလဟာတတွေ ပျောက်သွားတယ်။"

ရှောင်ယု  ရုံးခန်းထဲမှာထိုင်ပြီး သက်ပြင်းချလိုက်ကာ  Tang Feng ကိုပြောပြခဲ့သည်။
"ရှင် နာမည်ကြီးဖို့ မြန်လိုက်တာ၊ ကုမ္ပဏီက ရှင်နဲ့ အတူ အနုပညာလောကထဲ ဝင်လာတဲ့ လုပ်ဖော်ကိုင်ဖက်တွေ သည်းမခံနိုင်မှာကို ကျွန်မ စိုးရိမ်မိတယ်၊ အဲဒီသတင်းတွေကို  ကုမ္ပဏီထဲက အနုပညာရှင် တချို့က ဖြန့်နေတာ ဖြစ်နိုင်တယ်။ အနည်းဆုံး  ရှင်က အမှန်တရားကို သိထားတယ်ဆိုတော့ စိတ်ကို ကြိုတင်ပြင်ဆင်ထားပေါ့"

Tang Feng က သူ့နှလုံးသားက ကောလဟာလပြောသည်ကို ခံနိုင်ဖို့ အတော်လေးကို ခံနိုင်ရည်ရှိသည်ဟု ခံစားမိသည်။

" ဒီလို ကောလဟာလကို ဖြန့်နေတာ ဘယ်သူဆိုတာ မင်းတွေ့ခဲ့ရင်တောင် င့ါကို ပြန်မပြောနဲ့။ ဒါက တစ်ဖက်လူကို သတိပေးလိုက်သလိုဖြစ်လိမ့်မယ်။ အခု   လုထျန်းချန်က  ကုမ္ပဏီကို စီမံခန့်ခွဲနေတာ မဟုတ်တော့ ကုမ္ပဏီရဲ့ အခြားမန်နေဂျာတွေက သိပ်မငြိမ်သက်ချင်တော့ဘူး"

Tang Feng က တိုးတိုးလေးရယ်ကာ ဆက်ပြောခဲ့သည်။

" ဘယ်သူကမှ သူတော်စင်မဟုတ်တဲ့အတွက် သူ့ကို လုပ်ချင်တာ လုပ်ဖို့ အခွင့်အရေးပေးလိုက်ပါ။"

"ဆိုလိုတာက မင်းမှာ စိတ်ရင်းကောင်းရှိတယ်။ တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင် တစ်ယောက်ယောက်က မင်းရဲ့ အောင်မြင်မှုကို သိမ်းယူလိုက်တယ်၊ ကုမ္ပဏီက အချိန်အတော်ကြာ ဖရိုဖရဲဖြစ်နေဦးမယ်လို့ တစ်ဖက်လူက ခန့်မှန်းလိမ့်မယ်။ သူတို့ စိတ်ချလက်ချ မကောင်းမှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တဲ့အခါမှ ကောလဟာလလွှင့်တဲ့လူကို တစ်ခါတည်း အမိဖမ်းရမယ်။ အဲဒီလို လူကို ဖမ်းမိရင် တစ်သက်လုံး Block ထားလိုက်လို့ရပြီ"

ထိုစကားကို ကြားပြီးနောက် ရှောင်ယု  က Tang Feng က  တစ်ဖက်လူကို အခွင့်အရေးပေးဖို့ ဆန္ဒရှိနေတယ်ဆိုတာ ပြောနိုင်သည်။

"အခုချိန်မှာ ကုမ္ပဏီက ရှင့်ရဲ့ရုပ်ရှင်ကို တန်ဖိုးထားတယ်။ ဥက္ကဌ Lu က ရှင့်အတွက် ခရီးတစ်ခု စီစဉ်ထားတယ်"

 Tang Feng နဲ့ ဆက်ဆံရေးက ပိုကောင်းသည့်  ရှောင်ယုက  ထိုလူငယ်လေးကို သူမအထင်ကို တိတ်တဆိတ် ပြောပြလိုက်သည်။

"ဥက္ကဌ Luက ရှင့်ကို မျက်နှာသာ မပေးလို့ စိတ်မပူပါနဲ့။ ဘာပဲဖြစ်ဖြစ် အခုချိန်မှာ ရှင့်အောင်မြင်မှုကို သူက  တန်ဖိုးထားနေတုန်းပါပဲ။"

"လုထျန်းချန် ထက် ပိုလက်တွေ့ကျတဲ့ စီးပွားရေးသမားတစ်ယောက်က သူ့ကုမ္ပဏီမှာ ငွေရှာပေးနိုင်ဆုံး  ကြယ်ပွင့်ကို ဘယ်လို စွန့်လွှတ်နိုင်မလဲ။"

 .........

ကုမ္ပဏီမှ ပြန်လာပြီးနောက် Tang Feng သည် ရှောင်ယုက ထုတ်ပေးသည့် အလုပ် အချိန်ဇယားကို အမြန်ရရှိခဲ့သည်။

"ခင်ဗျား အဖေက ကျွန်တော့်ကို အတော်သည်းခံပေးနေတာပဲ"

Tan Feng က စာအုပ်ကို ပေါ့ပေါ့ပါးပါး လှန်ကြည့်ပြီး လုထျန်းချန်ကို ပြောပြလိုက်သည်။

"ရုပ်ရှင်ရိုက်ဖို့ ဟောလီးဝုဒ်ကို မသွားခင်မှာ ကြော်ငြာအနည်းငယ်နဲ့ တီဗီရှိုး အချို့မှာ မျက်နှာပြဖို့ပဲလိုတယ်"

"သူက ဖျော်ဖြေရေးကဏ္ဍကို နားမလည်ဘူး။"

လုထျန်းချန် က ယဉ်ကျေးစွာဖြင့် သူ့အဖေ၏လုပ်ရပ်ကို အကဲဖြတ်ပေးသည်။

Tang Feng က မော့ကြည့်ကာ ပြုံးကာ ပြောလိုက်သည်။

 "ခင်ဗျားနဲ့ အတူတူတော့ မဟုတ်ဘူး၊ ခင်ဗျားက အလုပ်တစ်ခုလုပ်ရင် ဘာကြောင့် အဲ့ဒါကို လုပ်တယ်ဆိုတာတော့ သိသေးတယ်။ ပြီးတော့ "ငွေ" က  ပြဿနာအများစုကို ဖြေရှင်းပေးနိုင်တယ်လေ။ "

လုထျန်းချန် က ဒါကို ကြားတော့ ကျေကျေနပ်နပ်ကြီး ပြောလိုက်သည် ။

"ကိုယ် ဝန်ခံပါတယ်၊ ဒါပေမယ့် ဖျော်ဖြေရေး ကုမ္ပဏီတွေမှာ လုပ်နေတဲ့သူတွေ အများစုဟာ ငွေရှာဖို့ဆိုတာ ဘာ အတွက်လုပ်ကြတာလဲ ဆိုတာ မင်းသိသားပဲ"

လုထျန်းချန် က  ငွေမည်းမှ ငွေဖြူပြောင်းသည့် ငွေခဝါချမှုလို့ ပြောနေတာကို Tang Feng သတိထားမိသွားသည်။

လုမိသားစု ၏ကိုယ်ပိုင်အလုပ်မှ ရသည့် ဝင်ငွေနှင့်နှိုင်းယှဉ်ပါက၊ ရုပ်ရှင်ရိုက်ကူးရေးတွင် ရင်းနှီးမြုပ်နှံ ထားသော ငွေအနည်းငယ်သည် တကယ်ကို ဘာမှမဟုတ်ပါ၊ တစ်ခါတစ်ရံတွင် ထိုငွေပမာဏ သည် သူတို့ မိသားစု၏ လုပ်ငန်းထဲတွင်   ရင်းနှီးမြှုပ်နှံသလောက် ပြောပလောက်သည့် အမြတ်စွန်းမရနိုင်ပေ။

"ဘေဘီ၊ ဒီကောင်က ကုမ္ပဏီကို စတင်တည်ထောင်ခဲ့တာ၊ သူ့ရဲ့ မသန့်ရှင်းတဲ့ ပိုက်ဆံတွေကို လျှော်ဖွပ်ပြီး သူ့လက်ထဲက ကြယ်ပွင့်တွေကို သူ့ကိုယ်ကျိုးအတွက် လူတချို့နဲ့ အိပ်ဖို့  လွှတ်နေကျပဲ။"

Charles က လုထျန်းချန်ရဲ့ လုပ်ရပ်ကို ယဉ်ကျေးစွာပင်  ထုတ်ဖော်ခဲ့သည်။

Tang Feng က ခေါင်းညိတ်လိုက်သည် -

 "မင်းနဲ့ အိပ်ဖို့ ငါ လိုက်ခဲ့တာဆိုတာ ဒါကို  ငါ သိပါတယ်။"

"ဟား...ဟား...ဟား...ဟား...."

ချားလ်က အတိတ်က သရုပ်ဆောင်ငယ်လေးများကို ခြေတော်တင်ခဲ့သည့် သူ့လုပ်ရပ် ပေါ်သွား သည့်အတွက် သူက ခြောက်ကပ်ကပ်ရယ်မောကာ စကားလျှောချရန်   ကြိုးစားခဲ့သော်လည်း လုထျန်းချန် သည် တိတ်ဆိတ်စွာပင် သူပြောခဲ့သည်ကို မကြားချင်ယောင်ဆောင်ခဲ့သည်။

ဒီလိုနဲ့ ရက်တချို့ ကုန်လွန်သွားခဲ့သည်။  Tang Feng သည် အိမ်မှာနားတာ နှစ်ရက်ကြာပြီးနောက်  လုထျန်းကျီက ရှောင်ယုမှတဆင့် Tang Feng ကို ရုပ်ရှင်အကြောင်းပြောဖို့ ကုမ္ပဏီကို ခေါ်ခိုင်းခဲ့သည်။

လွန်ခဲ့သည့်ရက်အနည်းငယ်က   လုထျန်းကျီဘက်မှ ငြိမ်သက်နေသလို Company ကို မလာပဲ နေသဖြင့် သူနှင့်   လုထျန်းချန် နှင့် လမ်းခွဲကြောင်းကို ထိုလူက သိထားသည်ဟု Tang Feng က အမှန်တကယ်ထင်သွားခဲ့သည်။ အခုလည်း သူက Charles နှင့် ကောင်းမွန်စွာ အတူနေသည်ကို သိသဖြင့် လုထျန်းကျီက သူ့ကို ပစ်မှတ်မထားတော့သည်ဟု ထင်လိုက်သည်။

Tang Feng က လုထျန်းကျီနဲ့ နောက်တစ်လကျော်ကြာမှာ ရိုက်ကူးမယ့် "Heaven" ဇာတ်ကားအကြောင်း ဆွေနွေးရန် ခေါ်လိုက်သည်ဟု ထင်ပေမယ့်  လုထျန်းကျီ၏အတွင်းရေးမှူးက သူ ကုမ္ပဏီသို့ရောက်သည်နှင့် ကုမ္ပဏီ၏ စားသောက်ဆိုင်ရှိ သီးသန့်ခန်းသို့ ခေါ်ဆောင်သွားခြင်းခံခဲ့သည်။ စားပြီး စကားပြောကြမှာလား...

အလုပ်အကြောင်းပြောရင်း စားသောက်တာလား...ဒီလိုဆိုလည်း   Tang Feng က စိတ်အနှောက်ယှက်မဖြစ်ပေ။  စားရင်း ပြောမယ်ဆိုလည်း ရပါတယ်....

အထူးသဖြင့် သူ သီးသန့်ခန်းထဲ  လှမ်းကြည့်လိုက်တော့ လုထျန်းကျီအပြင် အလွန်ရင်းနှီးသော လူတစ်ယောက်ထိုင်နေသည်ကို တွေ့လိုက်ရသောအခါ Tang Feng သည် ထိုစားသောက်ဖို့ ဖိတ်ခေါ်ခြင်းက မရိုးရှင်းမှန်း သိလိုက်သည်။

"မင်းတို့ တစ်ယောက်နဲ့တစ်ယောက် သိပြီးသားမို့ မိတ်ဆက်ပေးစရာ မလိုတော့ဘူးထင်တယ်"

လုထျန်းကျီက ပြုံးပြီး Tang Feng ကို လှမ်းခေါ်လိုက်သည်။

"မြန်မြန်လာ၊ နေ့လည်စာ စားပြီးပြီလား။ အတူတူ စားရအောင်"

"ဥက္ကဌလု ကျွန်တော်တို့ အလုပ်အကြောင်း ပြောမယ်လို့ ကျွန်တော်က ထင်နေခဲ့တာ။"

Tang Feng သည် တံခါးဝတွင် ရပ်နေကာ လုထျန်းကျီနှင့်အတူ ထိုင်နေသည့် လူထံ စိုက်ကြည့်ရင်း လက်ပိုက်ရပ်လျက် အဲလ်ဘတ်  ကို တိတ်ဆိတ်စွာ ကြည့်နေလေသည်။

သူတို့နောက်ဆုံးတွေ့တာ တစ်လတောင်မပြည့်သေးဘူး။ ဒီလိုအခြေအနေမျိုးမှာ အဲလ်ဘတ်  နဲ့ ထပ်တွေ့ဖို့ မမျှော်လင့်ထားဘူး။  တစ်ခါက ချားလ်စ်က အယ်လ်ဘတ်ရဲ့ သမီးနှင့်တွေ့ရန် သူ့ကို ခေါ်သွားပေးခဲ့သည့်အချိန်ကလွဲပြီး   နောက်ပိုင်း  မတော်တဆ မတွေ့ခဲ့ရတော့ပေ။ အယ်လ်ဘတ် လိုလူနှင့် တွေ့ခဲ့သည်ဆိုပါက ဒါက  "ကြုံရာကျပန်း တွေ့ဆုံခြင်း" လုံးဝ မဟုတ်ပေ။

ဘယ်အချိန်ကတည်းက သူတို့ရဲ့ ဘဝလမ်းကြောင်းတွေက ပေါင်းစပ်သွားသလဲ မသိတော့ပေ။ ထျန်းဖုန်းရဲ့ ဘဝလမ်းကြောင်းက အယ်လ်ဘတ်နဲ့ ခွဲလို့မရသလို ဖြစ်နေသည်။
 
"ဒီနေ့ အလုပ်အကြောင်းပဲ ပြောမှာပါ"

လုထျန်းကျီအနည်းငယ်ပြုံးလိုက်သည်။

 "မင်းက မစ္စတာ အဲလ်ဘတ်နဲ့ သိပ်မရင်းနှီးဘူးထင်တယ်။ သူက  မကြာသေးမီက Tianchen Group ထဲမှာ  ရင်းနှီးမြှုပ်နှံခဲ့တယ်။  ဒီ ဒါရိုက်တာအသစ်ကို နောက်လမှာ အစုရှယ်ယာရှင်များ အစည်းအဝေးမှာ တရားဝင် မိတ်ဆက်ပေးလိမ့်မယ်။ Mr. အဲလ်ဘတ်  က မင်းကို အရမ်းကျေးဇူးတင်နေတယ်။ "

"မင်းရဲ့ သရုပ်ဆောင် စွမ်းရည်ကိုယုံလို့  အနာဂတ် ရိုက်ကူးရေးတွေမှာ ရင်းနှီးမြှပ်နှံဖို့ ကိုယ် ဆန္ဒရှိပါတယ်။" အယ်လ်ဘတ်က ဆိုသည်။

"ကျုပ်တို့ ကုမ္ပဏီက အကောင်းဆုံး ဝန်ထမ်းတွေ အနေနဲ့ ဒါရိုက်တာအသစ်နဲ့ ကောင်းကောင်း မွန်မွန်တဲ့ စကားပြောဖို့ ကျုပ်  မျှော်လင့်ပါတယ်။"

နာရီကို တစ်ချက်ကြည့်လိုက်ပြီး လုထျန်းကျီက မတ်တပ်ရပ်ကာ ပြောလိုက်သည်။

"ကျုပ်  မင်းတို့ကို မနှောင့်ယှက်တော့ဘူး၊ အရင် သွားနှင့်ပြီ"

"ဥက္ကဌ Lu..."

Tang Feng က သူ ကုမ္ပဏီကနေ စောစော မထွက်ခဲ့မိသည်ကို နောင်တရလာမိသည်။ အခု သူ့ရုပ်ရှင်ဇာတ်ကားအသစ်က စရိုက်တော့မည်။ အခုချိန်မှ နူုတ်ထွက်ပါက    ပြဿနာများစွာ ပေါ်လာနိုင်သည်။
 
  လုထျန်းချန် မရှိဘဲ Tianchen Entertainment မှာ သူ ဆက်နေမှာ မဟုတ်ဘူး။


*********-***********

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now