True Star _ Vol.3 _ Chapter (38-1) -New Movie-1

2.3K 409 1
                                    

True Star _ Vol.3 _ Chapter (38) -New Movie


 "ဒါတွေက ကျွန်မ အရင်ကရွေးခဲ့တဲ့ဇာတ်လမ်းတွေပါ။ "
အစည်းအဝေးခန်းမတွင် ရှောင်ယု သည်ထူးခြားသော script များကို Tang Feng ရှေ့တွင် ချ၍ သီးခြားစီရှင်းပြခဲ့သည်။

"ဒီဇာတ်ညွှန်းက မြို့ပြဟာသဇာတ်လမ်းတစ်ခုပဲ။ ဒါပေမယ့်ယောက်ျားတစ် ဦးတည်းကို ဦးစားပေး တယ်လို့မရှိဘူး။   ဇာတ်လမ်းတွဲတွေနဲ့ ဆက်နွှယ်နေတဲ့ ဇာတ်လမ်းသေးသေးလေးတွေ အများကြီးနဲ့ ပေါင်းစပ်ထားတယ်။  ကျွန်မ ပြောခဲ့သလိုပဲ။ ဝေတောက်မင်းကိုယ်တိုင်  ထုတ်လုပ်သူလုပ်ပြီး ရိုက်ကူးမယ့် ဇာတ်လမ်းတွဲဖြစ်လို့ အဓိက မင်းသားရယ်လို့မပါပေမယ့် သူက တစ်ယောက်တည်းသော အမျိုးသား သရုပ်ဆောင်ဖြစ်တယ်။  "

ရှောင်ယုက ဝေ့တောက်မင်ကို သဘောမကျဘူး။

  "ဒုတိယဇာတ်ညွှန်းကတော့ လေးနက်တဲ့ဘဝသရုပ်ဖော် တွေ ကို ရိုက်ကူးတတ်တဲ့ ဒါရိုက်တာတစ် ဦး ရဲ့လက်ရာဖြစ်တယ်။ အခုအချိန်မှာတော့ ကျွန်မတို့ဟာ ဒါကိုဖယ်ရှားပစ်မှဖြစ်မယ်ထင်တယ်။"
 
ရှောင်ယွီက ဒီဇာတ်ညွှတ်ကို လက်သည်းနီဆိုးထားတဲ့ လက်သည်းရှည်တွေနဲ့ တဒေါက်ဒေါက်ခေါက်ရင်း ဆက်ပြောတယ်။

"ဒီဇာတ်ညွှန်းကို ငါ ကြည့်လိုက်တော့  သိပ်မခက်ဘူး၊  သိပ်မဆိုးဘူးထင်တယ်။ "

Tang Feng ခေါင်းမာစွာခေါင်းညိတ်ပြလိုက်သည်။ အရင်ဘဝတွင် ဒီလို ဘဝသရုပ်ဖော်ရုပ်ရှင် ဇာတ်ကားမျိုးကို သူရိုက်ကူးရန် အခွင့်အရေးမရှိခဲ့ပါ။
တကယ်တော့ Tang Feng သည် တရုတ်နိုင်ငံသို့ ရောက်လာတာ နှစ်ဝက်ကျော်လောက်သာရှိသေးသည်။

  "ဘာကြောင့် ဒီဇာတ်လမ်းကို ပယ်ရမှာလဲ? ဒါရိုက်တာက တရုတ်ပြည်မှာ အတော်အတန် ကျော်ကြားသူလို့ ငါ ထင်တယ်။"


ရှောင်ယူက ခေါင်းကိုခါပြီး ပြောလိုက်သည်။

: "မဟုတ်ဘူး၊ အဓိက တရုတ်ပြည်ထဲမှာ ရှင့်ကို ရုပ်ရှင်ရိုက်ခွင့်ပိတ်ထားလို့ပဲ။ ပြီးတော့ ဒီရုပ်ရှင်ထဲက အကြောင်းရာက  လိင်တူရုပ်ရှင်ထက် ပိုပြီး ပြင်းထန်တယ်။ ရုပ်ရှင်ပွဲတော်နဲ့ နိုင်ငံခြားမှာ  ပြသခွင့်ကို ပိတ်ဆို့ထားနိုင်ချေရှိတယ်။ ရှင် ဒီဇာတ်ကားကို ရိုက်ရင် ဝေ့တောက်မင်က ရှင့်ကို တိုက်ခိုက်ဖို့ အခွင့်ရေးရသွားလိမ့်မယ်"
 
"ဒါပေမယ့် ဒီရုပ်ရှင်ရဲ့ဒါရိုက်တာက တရုတ်ပြည်မှာ ကျော်ကြားတယ် မဟုတ်လား"

 " ကျော်ကြားတော့လည်း ဘာဖြစ်လဲ။ သူက ဒါရိုက်တာကို တိုက်ခိုက်ချင်တာ မဟုတ်ပဲ ရှင့်ကို တိုက်ခိုက်ချင်နေတာလေ။ ပြီးတော့ ဝေ့တောက်မင်ရဲ့ နောက်ကွယ်မှာ ရှိတဲ့သူ နိုင်ငံရေးလောကမှာ သြဇာလွှမ်းပြီး ကိုင်တွယ်ရခက်လိ့်မ်မယ်။ သူတို့က ရှင့်ကို တရုတ်ပြည်ထဲမှာ ရုပ်ရှင်ရိုက်ခွင့်ကို မပေးချင်ကြတာ"

ရှောင်ယုက ကျန်ဇာတ်လမ်းကို ရည်ညွှန်းကာ ဆက်ပြောလိုက်သည်။
 "ရှင် ဒီဇာတ်ညွှန်းကိုသဘောကျတယ်ဆိုတာ သိပေမယ့် လောလောဆယ် ခဏ လက်ရှောင်နေတာ ပိုကောင်းမယ်။   "


Tang Feng ခေါင်းညိတ်လိုက်သည်။ သူကဆင်ခြင်ဉာဏ်မရှိသူ မဟုတ်ဘူး။ ရှောင်ယု ပြောတာ မှန်တယ်။ သူကသာခေတ္တလောက် ဇာတ်ညွှန်းကို စွန့်လွှတ်ဖို့ပဲ ရွေးလိုက်ရတော့တယ်။  
 သူ့ရှေ့မှောက်အခြားရွေးချယ်စရာ script များကို လှန်ကြည့်လိုက်သောအခါ Tang Feng သည် သူ့ကို မနှစ်သက်သောလူ အနည်းငယ်သည် မည်သို့မည်ပုံ ရှိသည်ကို သိခဲ့သည်။


"ဒါဟာက နည်းနည်း ပျောက်ဆုံးနေပုံရတယ်"

""  မှန်တယ်။ ဇာတ်ညွန်းက နည်းနည်း ပျောက်နေတယ်။ ဒါပေမယ့် ဒီဇာတ်လမ်းကို ရှင်ရိုက်လို့မရနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒါရိုက်တာက ရှင့်ကို မကမ်းလှမ်းထားဘူး။ ဒါရိုက်တာတွေက ရှင်နဲ့ ဘယ်အချိန်မှာ ပတ်သတ်ရမယ်ဆိုတာ သိကြတယ်။ ရှင့်ကို ပိတ်ဆို့ထားတဲ့ လူကြီးရှိတယ်ဆိုတာ သိပြီးတော့ သူက နောက်ဆုတ်သွားခဲ့တယ်။   script ကိုလည်းပြန်လည်ရုပ်သိမ်းသွားခဲ့တယ်"

 
"နောက်ဆုံးတော့ ငါဆိုတဲ့ Tang Feng ကို ရုပ်ရှင်ထဲမှာ ပေါ်လာမှာကို လုံးဝကို ကြောက်နေကြတာကိုး။"

 
"ကောင်းပြီ၊ စိတ်မဆိုးပါနဲ့တော့။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ လုပ်ဖို့အကြောင်းပြချက်တွေရှိတယ်။ ကျွန်မတို့ တစ်ယောက်တည်းနဲ့ ဒီလောက်စွန့်စားဖို့ မလိုဘူး။"


Tang Feng ကပြုံးပြီးဆက်ပြောခဲ့သည်။ "ဒီမှာကောင်းတဲ့ script တွေမရှိတော့ဘူးလား၊ နောက်တစ်ခါထပ်ကြည့်ရအောင်။ "

"ကျန်တဲ့ဇာတ်ညွှန်းကိုရွေးပြီးကြည့်လိုက်ပေါ့"

 Tang Feng က သိပ်မကြာခင်မှာပဲ ကျန်တဲ့ ဇာတ်ညွှန်းတွေက ဇာတ်ပို့တွေ၊ ဇာတ်ညွှန်းညံ့တာနဲ့ ဒါရိုက်တာ ညံ့တဲ့ဇာတ်လမ်းတွေ ဖြစ်နေတာကို တွေ့လိုက်ရသည်။

ဒီဇာတ်ညွှန်းတွေကိုသာ ဒါရိုက်တာ လီဝေ့ကို သွားပေးလိုက်ရင် သေချာပေါက် အမှိုက်ပုံးထဲ ပစ်လိုက်မှာ ဖြစ်တယ်။.

အရင်ဘဝက ဟောလီးဝုဒ်က နာမည်ကျော်  ဖီးနစ်တျန်း အနေဖြင့်ကြည့်ရင်တော့ သူ လုပ်လို့မရနိုင်စရာ မရှိပေ။ ဒီတရုတ်ပြည်က စည်းကမ်းတွေက တင်းကျပ်ပြီး ဒါကို ယှဉ်ပြိုင်ပြီး ရအောင် ရိုက်ကူးရမည်ဖြစ်သည်။ ပြီးတော့ ဒီဘဝမှာ ဗင်းနစ်ရုပ်ရှင်ပွဲတော်က သရုပ်ဆောင်ဆုကို ရှိထားတဲ့ ရုပ်ရှင်ဧကရာဇ်ငယ်လေး တစ်ယောက်အနေနဲ့ သူ့ကို ဘယ်သူမှ တားမြစ်နိုင်မည် မဟုတ်ပေ။ သူ့ကို သရုပ်ဆောင်တာနဲ့ပတ်သတ်ပြီး ဘယ်သူကမှ ရိုက်ချနိုင်မည် မဟုတ်ဟု သူ ယုံကြည်သည်။

သူက   " Superstar Training Class" နှင့်" အိပ်မက်ချစ်သူ"  ရိုက်ကူးခြင်းဖြင့် သူ့ကို အားပေးထောက်ခဲ့တဲ့ ပရိသတ်များရှိနေပြီး သားဖြစ်သည်။   ပြည်တွင်းမှာ Lu Tian chen ကိုယ်တိုင် ရင်းနှီးမြှုပ်နှံကာ စင်တင်ပေးတဲ့ အနုပညာရှင်ကို တိုက်ခိုက်ရဲသူက သိပ်များများရှိမည် မဟုတ်ပေ။

 
ဒါကိုကြည့်ပြီး ဝေ့တောက်မင်ရဲ့မြို့ပြရင်ခုန်သံ ဟာသ ဇာတ်လမ်းတစ်ခုတည်းက လက်ရှိအချိန်မှာ ရိုက်ကူးနိုင်သော တခုတည်းသော ဇာတ်လမ်းဖြစ်နေသည်။

  "မြို့ပြရင်ခုန်သံ ဟာသဇာတ်လမ်းကို ကျွန်မ တို့ ရွေးလိုက်ရအောင်။ ဒီဇာတ်ညွှွန်းကို  နောက်တစ်ခေါက် ပြန်ကြည့် ရအောင်။ လူထုပွဲတွေကို တက်ရောက်ဖို့ ၂ လကျော်ပဲလိုတော့တယ်။ "

ရှောင်ယု က ဒါကိုတွေ့ပြီး သက်သောင့်သက်သာပြော ခဲ့သည်။ Tang Feng ခေါင်းညိတ်သော်လည်း ဝေ့တောက်မင် ၏ script ကို ရှောင်ယုဆီသို့ တိုက်ရိုက် တွန်းပေးခဲ့သည်။


"ဒီဇာတ်လမ်းထဲမှာ ဝေ့တောက်မင်လည်း ပါမှာလား။"

ရှောင်ယုက ဝေ့တောက်မင်ကို ရုပ်ရှင်ထုတ်လုပ်သူ အနေဖြင့် မုန်းပေမယ့်  ထိုလူနဲ့ပတ်သတ်တာကို သေချာရှာဖွေထားသည်။

"ဒီရုပ်ရှင်ထဲမှာ သူ ပါဝင်မှာ မသေချာပေမယ့် ဖြန့်ဖြူးရေးအပိုင်းမှာ သေချာပေါက် ကိုင်ထားလိမ့်မယ်။ ဒီဇာတ်ကားကို ပြည်သူကြား အတိအလင်း ထုတ်ဖော်ပြောထားပေမယ့် ပါဝင်မယ့် ဇာတ်ကောင်ကိုတော့ ရှင်းရှင်းလင်းလင်း မကြေငြာထားဘူး။ ရှင် ဒီဇာတ်ကားထဲ ပါရင် လူဘယ်လောက်က ရှင့်ကို ညှင်းပန်းဖို့ ပြင်နေမယ်ဆိုတာ ကျွန်မလည်း မသိနိုင်ဘူး။"


"မှန်တယ်။ ပြင်းထန်တဲ့တိုက်ခိုက်မှုကို အံတုကျော်လွှားနိုင်မှ အရည်အသွေးမြင့်မားတဲ့ စွမ်းရည်ကို ရနိုင်မယ်။ ဒီဇာတ်ကားကို ရိုက်ရင်း တဖက်လူရဲ့ ထောင်ချောက်ထဲ မ ၀ င်နိုင်အောင်ကြိုးစားနိုင်ခဲ့လျှင်ရင် နောက်ဆုံး ငါတို့ အသက်ရှင်နိုင်တယ်။ "


Tang Feng ၏ပြတ်သားသောသဘောထားကို ရှောင်ယု လက်ခံသွားသည်။

" အိုကေ၊ ရှင်ပြောသမျှကို ကျွန်မ အားလုံးနားထောင်ပါ့မယ် "


*****-*****

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now