Volume (4) _ Chapter (44)- ဘယ်ညာ တစ်ယောက်စီ ခြံရံလျက်

631 102 2
                                    

True Star _Volume (4) _ Chapter (44)- ဘယ်ညာ တစ်ယောက်စီ ခြံရံလျက်

"ဘာလို့လဲ! ဘာလို့လဲ! ငါက တကယ့် ဇာတ်ဆောင်ပဲ၊ ငါက စူပါစတားပါ-အား....-"

ဒေါသူပုန်ထနေသော သရုပ်ဆောင် ကြယ်ပွင့်လေးက ချော်လဲသွားခဲ့သည်။ သူ့ရဲ့ ကံကြမ္မာ၏သောက်လက်က သူ့ကို ညင်သာစွာ တွန်းလိုက်သကဲ့သို့ သူ့ခန္ဓာကိုယ်သည် စွန်ရဲ ကဲ့သို့ အမြင့်မှ အောက်ကို ပြုတ်ကျသွားခဲ့သည်။

အဖြူရောင် ဆံနွယ်ရှည်ရှည်တို့က လေထဲ ဝဲပျံ့သွားစဉ် သရုပ်ဆောင်ထျန်းက လက်ကို ဆန့်တန်းကာ သူ့ရှေ့က သူ့တွဲဖက်ကို အမှတ်တမဲ့ ဆွဲမိကာ ထိုလူလည်း အောက်ကို ပြုတ်ကျမလို ဖြစ်သွားစေခဲ့သည်။ ဒါပေမယ့် သူက ထိုလူရဲ့ အဝတ်စွန်းကိုသာ ဆုပ်ကိုင်မိပြီး နောက်ဆုံးတွင် အထပ်မြင့်ကြီးမှ အောက်ကို ပြုတ်ကျသွားတော့သည်။

ရုပ်ရှင်၏အဆုံးတွင်၊ သူရဲကောင်းသည် မကောင်းသောစွမ်းအားများကို အနိုင်ယူလိမ့်မည် သို့မဟုတ် ကမ္ဘာကြီးကိုကယ်တင်မည် သို့မဟုတ် အခြားသူများ၏အသက်ကို ကယ်တင်မည်မှာ မပြောင်းလဲနိုင်သော ဇာတ်လမ်းအကြောင်းအရာဖြစ်သည်။

Tang ကို ချောက်ထဲတွန်းချမည့်အစား နောက်ဆုံးတွင် လူဆိုးကိုကိုယ်စားပြုသည့် မင်းသားက သူ့ကိုယ်သူ မကောင်းဆိုးဝါး၏ စွမ်းအင်ထဲ ထိုးဆင်းသွားပြီး အကျခံလိုက်သည်။

တရားမျှတခြင်းဆိုတာ ဘာလဲ။ ၊ မကောင်းမှုဆိုတာ ဘာလဲ.....

ဘယ်သူက သူရဲကောင်းလဲ ဘယ်သူက အပြစ်သားလဲ။

ဒါက ရုပ်ရှင်ထဲက Tangက ပရိတ်သတ်ကြီးကို မေးတဲ့ မေးခွန်းပါ။ သူသည် ပန်းပုရုပ်ကဲ့သို့ ခေတ်မီမြို့ကြီး၏ အထပ်မြင့်ပေါ်တွင် ရပ်နေသော်လည်း လေအေးကြောင့် အဖြူရောင် ဝတ်ရုံက တုန်ခါသွားခဲ့သည်။

အနက်ရောင် ဆံပင်ကောက်များက လူ၏နောက်တွင် မီးခိုးပြာရောင် ကောင်းကင်ကြီးကို အပိုင်းပိုင်း ချန်ထားခဲ့သကဲ့သို့ ဖြတ်တောက်ပစ်လိုက်သည်။

ဘယ်သူကမှ သူရဲကောင်း မဟုတ်သလို အပြစ်သားဆိုတာလည်း မရှိပါဘူး။ လူတွေ မထိန်းချုပ်နိုင်တဲ့ ဆန္ဒတွေပဲ ရှိတယ်။

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now