Chapter (62) - ရုပ်ရှင်ဇာတ်ကား ရုံတင်ဝင်ငွေ စံချိန်ချိုးခြင်း

2.3K 368 15
                                    

Chapter (62) - ရုပ်ရှင်ဇာတ်ကား ရုံတင်ဝင်ငွေ စံချိန်ချိုးခြင်း



"ဘာဖြစ်လို့လဲ။ ခင်ဗျား ကျွန်တော့်ကို သတ်မလို့လား။"

Tang Feng လည်း သူ့ကို ဖက်မပြောချင်တော့သဖြင့် အထုပ်ပိုးကိုချကာ ရေချိုးရန် ပြင်ဆင်ပြီး ရေချိုးခန်းထဲ ဝင်သွားလိုက်တော့သည်။

Tang Feng နှင့်အတူနေလာရင်း နတ်ဆိုးလေးက

သူ့လက်ထဲတွင်ကိုင်ထားသော လက်ကိုင်ဖုန်းဖြင့် သီချင်းဖွင့်နားထောင်စဉ် ဆိုဖာပေါ်တွင် ဝပ်ကာ ပိတ်ထားသော အိပ်ခန်းတံခါးကို ရံဖန်ရံခါ စိုက်ကြည့်နေသည်။

Tang Feng သည် ရေချိုးရန် ရေချိုးခန်းထဲ ဝင်သွားတာ တစ်နာရီပင်ရှိပြီ။

ဒါက အရာအားလုံးကို မြန်မြန်ဆန်ဆန် ဆုံးဖြတ်ချက်ချရကာ လုပ်ဆောင်တတ်သည့် နတ်ဆိုးလေးအတွက ်ရေချိုးချိန်အကြာကြီးယူတာက မယုံနိုင်စရာကောင်းပြီး နားမလည်နိုင်တဲ့ အရာတစ်ခုပါ။ ယောက်ျားတစ်ယောက်ဟာ ဘာပြဿနာမှမရှိဘဲ နေ့တိုင်း ရေချိုးခန်းထဲဝင်ပြီး အကြာကြီး ရေချိုးရတာကို နှစ်သက်ပြီး ဧည့်ခန်းထဲမှာ တီဗီကြီးကြီး ရှိပါလျက် ကြည့်မနေဘဲ ရေချိုးခန်းထဲမှာ တီဗီသေးသေးတစ်လုံးကို ရေစိမ်ရင်း ကြည့်နေတယ်ဆိုတာက... နည်းနည်းတော့...အင်း တမျိုးပဲ...

ဟုတ်ပါတယ်၊ အဲဒါက မျိုးဆက်ကွာဟချက် ကြောင့် မတူတာလည်း ဖြစ်နိုင်တာပဲ....

Tang Fengက နတ်ဆိုးလေးကို ထူးပြီး ရှင်းပြမနေတော့ပေ။

နတ်ဆိုးလေးက သူ့သူဌေးဆီကို စာပို့ အစီရင်ခံလိုက်သည်။

သူ့ သူဌေးက ဘယ်သူလဲဆိုတာ ပြောစရာမလိုအောင် လူတိုင်း သိနေတာပဲ။

"အားလုံး ရှုပ်နေတာပဲ။"

ဝမ်းနည်းစွာနဲ့ နတ်ဆိုးလေးဟာ ထိုင်ရာက ထပြီး သူရှုပ်ထားတဲ့ စားပွဲကို ရှင်းပစ်လိုက်တယ်။

Tang ဟု အမည်သစ်ပေးထားပြီး ယခုအခါ နိုင်ငံအတွက် ဂုဏ်ကျက်သရေရှိသော ကမ္ဘာ့သူရဲကောင်း Tang Feng ဆိုတဲ့ သရုပ်ဆောင်လူငယ်လေးက အပေါ်ယံမှာ ပေါင်းသင်းရလွယ်ပုံရပြီး သူ့စရိုက်က နူးညံ့သိမ်မွေ့တယ်၊ တကယ်တော့ ဒါဟာ အရေခြုံထားတဲ့ နတ်ဆိုးတစ်ကောင်ပါ။ Tang Feng ဟာ နေ့တိုင်း သူ့ကို မညှာမတာ အိမ်သန့်ရှင်းရေးလုပ်ခိုင်းတယ်၊ ကြမ်းပြင်ကို သုတ်ဖို့၊ စားပွဲကို သန့်ရှင်းရေးလုပ်ဖို့၊ အိမ်မှာ ထမင်းစားမယ်ဆိုရင် ထမင်းချက်ပေးရတယ်။ အိမ်မှာ ချက်မစားဘူးဆိုရင် မုန့်သွားဝယ်ခိုင်းပြီး စူပါမားကတ်ကို သွားခိုင်းတယ်။

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now