True Star _Volume (4) _ Chapter (45)- မွေးနေ့ပါတီ

356 68 1
                                    


True Star _Volume (4) _ Chapter (45)- မွေးနေ့ပါတီ

လူငယ်ပါတီတွေက Tang Feng အတွက် မသင့်လျော်လှပေ။ ဒါမှမဟုတ် Tang Fengက ဒီလိုပါတီတွေနဲ့  လိုက်လျောညီထွေမဖြစ်တော့တာထင်ပါရဲ့....  ငယ်ရွယ်ပြီး တက်ကြွနေတဲ့ အလှလေးတွေ၊ ဆူညံပူလောင်တဲ့ အကတီးလုံးတွေက Tang Feng အတွက် အရမ်းကို စိတ်ကျဉ်းကျပ်စေပြီး နားမခံသာအောင် လုပ်နေသလိုပင်...

သူ ငယ်တဲ့အချိန်တုန်းကတော့ ဒီလို ပါတီရဲ့ အကကြမ်းပြင်မှာ အားရပါးရ ကပြနိုင်တဲ့ အခြားသူတွေကို မနာလိုဖြစ်ခဲ့ဖူးပေမယ့်  သူ့ရဲ့  ပင်ကိုယ်စရိုက်နှင့် ကျန်းမာရေးမကောင်းလို့ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းတာကို မလုပ်နိုင်ပဲ လှည့်ပတ်ကြည့်ရုံသာ တတ်နိုင်ခဲ့သည်။

ရင်ဘတ်မှာ အောင့်တယ်လို့ခံစားလာတာနဲ့ သူ ဒီလိုပါတီမျိုးကနေ စောစောထွက်လာနိုင်ဖို့ အချိန်သိပ်မယူလိုက်ရပေ။

အခုတော့ သူနဲ့ စကားပြောနေတဲ့ လူငယ်တွေ အများကြီး မရှိတော့ပေမယ့် စိတ်ဓါတ် သိမ်ဖျင်းပြီး နုံအလွန်းတဲ့ မျိုးဆက်သစ် သရုပ်ဆောင် လူငယ်တချို့ကို ရင်ဆိုင်ရတဲ့ အခါမှာတော့ Tang Feng က သူ့မှာ  ခံနိုင်ရည် သိပ်မရှိတော့တာကို တွေ့လိုက်ရသည်။

အခုလည်း မွေးနေ့ပါတီကို တက်လာချိန် သူ့ဘေးနှစ်ဖက် ဘယ်နဲ့ညာမှာ  Charles နှင့် Lu Tian chen တို့က ခြံရံပြီး လိုက်လာခဲ့သည်။ တစ်နေ့နေ့မှာတော့  သူက ဒီ လူနှစ်ယောက်နဲ့ မခွဲနိုင်လောက်အောင် ဖြစ်လာတော့မယ်လို့   Tang Feng ခံစားမိလာသည်။

ဒီနေ့ Gino  ရဲ့ မွေးနေ့ပါတီက Tang Feng စိတ်ကူးထားသလောက် လန်းဆန်း တက်ကြွမှုမရှိလှပေ။  ကခုန်သည့် နေရာများ နှင့် အချို့သော တိတ်ဆိတ်သောနေရာများတော့ ရှိသည်။ အဲ့ဒီနေရာတွေက သူငယ်ချင်းများစွာ စုပြီး စကားပြောရန် သင့်တော်လှသည်။

"ထျန်း!"

 Tang Feng တစ်ယောက် ဘယ်ညာ ချစ်သူနှစ်ယောက် ခြံရံပြီး မွေးနေ့ပွဲကို ရောက်လာသည်နှင့်   Gino  က အကြည့်တစ်ချက်နဲ့ ချက်ချင်း သတိပြုမိပြီး   သူ မျှော်လင့်ထားသည့်အတိုင်း ချက်ချင်း လာ နှုတ်ဆက်ခဲ့သည်။

မဖြစ်သင့်တဲ့အရာတွေကို ရှောင်ရှားဖို့အတွက် Tang Feng က လူနှစ်ယောက်ကို ညင်သာစွာ ပထုတ်လိုက်သည်။
 

"ကျွန်တော်  ဝိုင်တစ်ခွက်လိုချင်တယ် "


Lu Tian chen သည် Tang Feng ကို သီးသန့် ပြောချင်တာ ပြောပါစေဆိုပြီး ရှောင်ပေးချင် စိတ်ရှိခဲ့သည်။ ဒါကြောင့် သူက ဘားကို ထွက်သွားကာ ထိုနေရာက ဘားသမားက အရက်စပ်နေသည်ကို စိတ်ဝင်တစား ကြည့်နေခဲ့သည်။

"ဒီနေ့ ကံကောင်းတယ်လို့ ခံစားရတယ်၊ အိုး၊ ဟိုမှာ ဖဲချပ်တွေ တကယ်ရှိနေတယ်၊ တစ်ခုခုဖြစ်ခဲ့ရင် ကိုယ့်ကို လှမ်းခေါ်လိုက်နော်။ ကိုယ် ဖဲကစားတဲ့နေရာကို တစ်ချက်လောက် သွားကြည့်လိုက်ဦးမယ်"

ထျန်းဖုန်း က Gino  မရောက်လာခင် Charles ကို အကြည့်ဖြင့် သတိပေးလိုက်တော့ ချားလ်က ထိုသို့ပြောကာ ထွက်သွားပေးခဲ့သည်။

"ကျွန်တော်က သူငယ်ချင်းနှစ်ယောက်ကို စားသောက်ဖို့ ခေါ်လာတာကို မင်း စိတ်မဆိုးဘူးလို့ မျှော်လင့်မိတယ်။"

Tang Feng က ပြုံးပြီး ရှေ့ကို တိုးလာကာ Gino  ကို ညင်သာစွာ ပွေ့ဖက်ကာ တစ်ယောက်ကို တစ်ယောက် ပုခုံးချင်း ပုတ်လိုက်ကြပြီး ပြောလိုက်သည်။ အခု သူတို့ နှစ်ယောက်သားက ရှားရှားပါးပါး အခင်မင်ဆုံး သူငယ်ချင်းများ ဖြစ်သွားပုံရသည်။

"မင်း ပါဝင်သရုပ်ဆောင်ထားတဲ့ " Heavenly son " က စံချိန်တင် ရုံတင်ဝင်ငွေ ရထားပြီ။  မင်းက ငါ့ မျက်နှာကို ဖြတ်ရိုက်ဖို့ ဒီလောက်တောင် အလုပ်ကြိုးစားတုန်းလားး!"

Tang Feng ကို တင်းတင်းကြပ်ကြပ်ဆွဲရင်း၊ Gino  သည် ခင်မင်စွာပြောလိုက်သည်။ သူ ဖက်လိုက်မိစဉ် သိသာစွာ ပိန်ပါးကျသွားသည့်  Tang Feng ကို ခဏလောက် စုန်ဆန်ကြည့်ကာ စိတ်မကောင်းစွာဖြစ်သွားမိသည်။

Tang Feng က "မင်း ငါ့ကို တိတ်တိတ်လေး ချစ်နေတာ ငါ သိပါတယ်၊ ဒါပေမယ့် မင်း ငါ့ကို ဒီပုံစံနဲ့ ကြည့်နေရင် ငါ ရှက်သွေးဖြာလာမိလိမ့်မယ်။"

"ကောင်းပြီ ...ကောင်းပြီ.... မင်းက ရှက်နေသေးတာလား။   မင်းက ပိုပိုပြီး ချစ်စရာကောင်းလာတာကို ငါ သိလိုက်ပါပြီ"

ဂျီနိုက ယဉ်ကျေးစွာဖြင့် အပြုံးလေးနဲ့ ပြောလိုက်တယ်။

"မင်း ခုတစ်လော အချစ်ဆက်ဆံရေး လုပ်နေတာလား။ "

ထျန်းဖုန်း - "အင်း...  "

ဂျီနို - " ဒါကြောင့်ကိုး.... အခု မင်း တစ်ကိုယ်လုံးက 'အို၊ ငါ အရမ်း ခံစားလို့ကောင်းနေတယ်' လို့ ပြောသလိုမျိုး ပျော်ရွှင်ပြီး မွှေးပျံ့တဲ့ အချစ် ရနံ့တွေ ထွက်နေတယ်။"

  Gino  ရဲ့ ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်နိုင်တဲ့ အပြောဆိုကြောင့် ထျန်းဖုန်းက သူ့ကို ရှက်ရှက်နဲ့ လက်သီးနဲ့ ထိုးချင်စိတ်ပေါက်လာတော့သည်။

"မင်း အချစ်ထဲ ကျဆင်း ရူးသွပ်တာ မကြာသေးဘူးဆိုတာ ငါ မြင်နေရတယ်၊ မင်း တစ်ကိုယ်လုံး အချစ်ထဲ ပျော်ဝင်နေပြီ!"

သူတို့နှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက် ပေါ့ပေါ့ပါးပါး စကားစဖြည်ပြောပြီးနောက် မကြာသေးမီက အလုပ်နှင့် ဘဝအကြောင်း ဆွေးနွေးခဲ့ကြသည်။

"Heavenly Son" မှာ နောက်ဆက်တွဲ ဇာတ်ကားတစ်ခု ပေါ်လာမယ်လို့ ငါ မျှော်လင့်မိတယ်။ တကယ်တော့ ရောဘတ်ရဲ့ ရိုက်ကူးရေးက စွန့်စားပြီး  တချို့ အခန်းကို ဖြုတ်ချလိုက်တယ်ဆိုပေမယ့် အပြင်မှာ အာရှလူမျိုး သရုပ်ဆောင်တွေအပေါ် သံသယရှိပြီး သီးသန့်သဘောထားရှိတဲ့ လူတချို့လည်း အမြဲ ရှိနေတယ်ဆိုတာ မင်း လည်း သိပါတယ်။ ဒီအတွက် ငါ အရမ်းဝမ်းနည်းရပြီး အဲဒီလူဖြူ ကြီးစိုးရေး အမြင်ဟောင်းတွေက ငါ့ကို တကယ် ရှက်ရွံ့စေတယ်။"

  စားပွဲထိုး၏ လင်ဗန်းထဲမှ ရှန်ပိန်တစ်ခွက်ကို ယူလိုက်ပြီး Tang Feng ကို ပေးခဲ့ပြီး Gino  က Tang Feng က အရင်က မသိတဲ့အရာတစ်ခုကို ပြောခဲ့သည်။

"ကံကောင်းထောက်မစွာနဲ့ပဲ  Box Officeက တကယ့်ကို ကြီးမားတဲ့ ရိုက်ချက်တစ်ခုဖြစ်ခဲ့တယ်။ ၊ မဟုတ်ရင် Robert ရဲ့ ယုံကြည်မှုနဲ့  ထောက်ခံမှုကို ငါ ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ မသိတော့ဘူး"

Robert က Tang Feng ကို မပြောပေမယ့် Tang Feng က  နားလည်ပေးနိုင်ပါတယ်။ ရုပ်ရှင်ရိုက်တုန်းက သူ့ကို ဒီအကြောင်းပြောပြရင် Tang Feng ရဲ့ စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကို ပိုတိုးစေလိမ့်မယ်။

ရုပ်ရှင်ဆက်ရိုက်ဖို့က ဘယ်လိုမှ မဖြစ်နိုင်လောက်ဘူး။

Tang Feng က Robert တစ်ယောက် သူ့အပေါ် ယုံကြည်မှုထားပေးတဲ့အတွက် ရင်ထဲကနေ ကျေးဇူးတင်ပါတယ်။ ဒီအတွက်၊ ပြန်ပေးဆပ်ဖို့ အကောင်းဆုံးနည်းလမ်းက အစကတည်းက မလိုမုန်းထားသူတွေကို ပြောပြလိုက်ဖို့ပါပဲ။ တောက်ပသောရလဒ်တွေနဲ့ အတူ   Robert တစ်ယောက်  ကုမ္ပဏီ၏ အကြီးအကဲ အစီအစဉ်မှူးဖြစ်ရန် ထိုက်တန်ပြီး တစ်ဖက်သားအပေါ်  နှိမ့်ချခြင်းမရှိခဲ့ပေ။ .

အဖြစ်မှန်မှာတော့ ဘယ်နေရာမှာမဆို လူမျိုးရေးဝါဒ တစ်ဖက်စွန်းရောက်သူတွေက  ကြီးစိုးနေဆဲပဲ...

"အစကတည်းက မင်းကို အရမ်း မလိုလားပဲ စိုက်ကြည့်နေတဲ့ လူကြီးတွေက  အခုတော့ အဲ့လို မကြည့်တော့ဘူး!"
Gino  က ပြောခဲ့သည်။

Tang Feng ပြုံးလိုက်သည်။ အကျိုးစီးပွားရလဒ်ကို ရှေ့တန်းတင်သူတွေက ဒီလိုပါပဲ။   အရင်က သူ့ကို နှိမ့်ချပြီး အထင်သေးထားသူတွေက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်ဖို့ မထိုက်တန်ဘူးလို့ ထင်ခဲ့ပေမယ့်    ဇာတ်ကားက ရလဒ်ကောင်းတွေ ရလာတဲ့အခါ သူတို့ ပျော်ရွှင်နေကြဆဲပါပဲ။  အခုလည်း သူနဲ့ အလုပ်ဆက်လုပ်ရဖို့ မျှော်လင့်နေကြသည်။

ပိုက်ဆံကို နှစ်သက်သူတွေအတွက် သူတို့လိုချင်တဲ့ ငွေကို ရှာပေးတဲ့ သူတွေကို ဘယ်တော့မှ  ငြင်းပယ်မှာ မဟုတ်ပေ။

"ဒီကိစ္စမှာ၊ မင်းရဲ့ကိုယ်ခန္ဓာမှာ နောက်ဆက်တွဲ သက်ရောက်မှုတွေ ရှိနိုင်တယ်။ အိုးမိုင်ဂေါ့... "Slayer" ကိုသာ ဇာတ်ရိုက်ဦးမယ်ဆိုရင်  ဇာတ်ကားနှစ်ကားကို မင်း တစ်ယောက်တည်း ရိုက်နိုင်မှာ မဟုတ်ဘူး။ ဇာတ်ကားတစ်ခုကိုတော့  တစ်ယောက်ကိုတစ်ယောက် ပေးစေချင်မှာ မဟုတ်ဘူးလား"

Gino  က Tang Feng ရဲ့ ပခုံးကို လှမ်းဆွဲလိုက်ပြီး တွေ့ရှိမှု အသစ်ကို ရှာဖွေတွေ့ရှိသလို စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်တယ်။

 "မင်းရဲ့သရုပ်ဆောင်ကြေးက  ငါ့ကို  လိုက်မီမယ်လို့ ငါ မထင်ထားမိဘူး"

 "ဒါ အမှန်ပဲမဟုတ်လား? မင်း ဒီလောက်ကြီး လန့်သွားစရာလိုလို့လား...."
 Tang Feng က ရယ်မောရင်း သူ့သူငယ်ချင်းဟောင်း Gino ကို ပြောလိုက်သည်။  
 
နှစ်ယောက်သား စကားစမြည်ပြောပြီး ရယ်မောလိုက်ကြသည်။ ယနေ့မွေးနေ့ပွဲ၏ အဓိက လူဖြစ်သည်။  Gino  သည် Tang Feng တစ်ယောက်တည်းကို ဆက်လက် ဧည့်မခံအားတော့ပေ။   ခဏကြာ စကားပြောပြီးနောက် Tang Feng က Gino  ကို တွန်းထုတ်လိုက်သည်။

"ဒီနေ့ရဲ့ အဓိက မွေးနေ့ရှင် ဖြစ်တဲ့ မင်းကို ငါ သိမ်းပိုက်ထားမိပြီ။ ဒါဆိုရင် မင်းရဲ့ တခြားသူငယ်ချင်းတွေက ငါ့ကို သတ်ချင်နေလိမ့်မယ်။ ဟိုမှာ ချောမောလှပတဲ့ ကောင်မလေးတချို့ကို ကြည့်လိုက်ဦး... သူတို့က  မင်းကို အမြဲတမ်း စောင့်ကြည့်နေတယ်။"

"ကောင်းပြီ၊ ငါ တစ်ချက်လောက် ရှိုး လိုက်မယ်၊ ဒါပေမယ့် ငါ မင်းကို ခဏလောက်ဖမ်းထားပေမယ့် မင်းကို  ငါ့ရဲ့ အရှုပ်အထွေးတွေကို နားထောင်စေခဲ့တာပဲ၊ ဟား....ဟား"

Tang Feng ရဲ့ ပုခုံးကို ဖြည်းညှင်းစွာ ပုတ်လိုက်ပြီး Gino  က အဲဒီ လူငယ်လေးကို မျက်တောင်ခတ်ပြလိုက်တယ်။

" ကောင်းပြီ၊ မင်းတို့သုံးယောက် ပျော်လိုက်ကြဦး"
နောက်ဆုံးစကားက ရှင်းရှင်းလင်းလင်းလေးပါပဲ။

Tang Feng က ဂျီနို ကို တကယ်ကန်ပစ်လိုက်ချင်တော့သည်။
 

............

Lu Tian chen  တစ်ယောက် ဘားထဲက ယမကာစပ်သည့်  bartender နှင့် အတူ ရှိနေသေးသည်။ သူက ဝိုင်အကြောင်းနဲ့ ပတ်သက်ပြီး ဘားတင်ဒါနဲ့ စကားစမြည်ပြောနေပုံရတယ်။ ဘားတင်ဒါရဲ့ ကော့တေး လက်ရာများစွာကို သူ့ရှေ့တွင် တင်ထားသည်။

Charles က ဟိုမှာ အော်ပြီး ရယ်နေလေရဲ့... သူသည် အမြင့်ဆုံး ဖဲချပ်များစွာကို ရယူ နိုင်ခဲ့ပြီး အရမ်းပျော်သွားကာ ထိုင်ခုံမှ ပြုတ်ကျလုနီးပါးဖြစ်သွားသည်။

Tang Feng က သူတို့ကို အနှောက်အယှက်မပေးဘဲ လမ်းလျှောက်ထွက်ပြီး လူနှစ်ယောက်ကို ရှာဖို့ စီစဉ်ခဲ့တယ်။

သူငယ်ချင်းများ ပျော်ရွှင်လွတ်လပ်စွာ ပျော်ရွှင်စေရန်အတွက် Gino  သည် မွေးနေ့ပါတီတွင် သူ့ဖခင်ကို ဖိတ်ကြားခြင်းမပြုခဲ့ပေ။ ဖိုအရာများကို Tang Feng မသိသော်လည်း သူ မှန်းဆနိုင်ခဲ့သည်။

Gino  ၏ ဖခင်သည် ရှေးရိုးဆန်သောလူတစ်ဦးဖြစ်သည်ကို ထျန်းဖုန်း ကြားဖူးသည်။ သူ့သားအား စားသောက်ရန် နှင့် ပျော်ရွှင်ရန် "ပေါက်ကရ လုပ်တတ်သည့်" သူငယ်ချင်းများကို ဖိတ်ခေါ်ခြင်းကို နှစ်သက်လိမ့်မည်လို့တော့  မထင်ပေ။

အချိန်အတော်ကြာ ကစားပြီးနောက် Tang Feng သည် သူနှင့်ရင်းနှီးသော အခြားသူငယ်ချင်းတစ်ဦးကို လျင်မြန်စွာတွေ့မြင်ခဲ့ပြီး ထိုလူဘေးမှာ ရောထွေးနေသော သူငယ်ချင်းအနည်းငယ်ရှိသည်။

"ဒေါက်တာ ဟာဗေး။"

 ဟာဗေးကို မြင်လိုက်ရတာ  Tang Feng အတွက် အံ့သြစရာတော့ မဟုတ်ပါဘူး။

သူနဲ့ Albert ကြားမှာ လျှို့ဝှက်ချက်တစ်ခု ရှိခဲ့တယ်။ အဲလ်ဘတ်သည် အစပိုင်းတွင် လွန်ကဲသော အရာအချို့ကို ပြုလုပ်ခဲ့ပြီး Tang Feng သည် Gino  နှင့် ပတ်သက်၍ အမြဲတမ်း အပြစ်ရှိသလို ခံစားရကြောင်း အနည်းငယ်ခံစားခဲ့ရပြီး Harvey သည် Albert နှင့် သူ အဆက်အသွယ်ရှိသည်ကို သိထားသော သူ ဖြစ်သည်။

နူးညံ့သိမ်မွေ့သော ရုပ်ရည်နှင့် ရည်မွန်သော ဤဆရာဝန်သည် Tang Feng နှင့် သူ့ရဲ့ကြားက သဘောတူညီချက်ကို ကောင်းစွာ ထိန်းသိမ်းထားပြီး Albert ၏ သင်္ဘောပေါ်တွင် ဖြစ်ပျက်ခဲ့သမျှကို Gino  နှင့် သူ့မိသားစုအား မပြောပြခဲ့ပေ။

အခုတော့ ဖီးနစ်ထျန်းရဲ့ ဘဝက အဆုံးသတ်သွားပြီးပြီဆိုတော့ သူလည်း အတိတ်ကို အရမ်းစွဲလန်း နေဖို့ မလိုတော့ပေ။

Tang Feng သည် Harvey နားကို ငြင်သာစွာ  ချဉ်းကပ်ခဲ့သည်။ Harvey သည် သူ့အနားတွင် လူအိုကြီး တစ်ဦးရှိ သော်လည်း တစ်ဖက်လူက Harvey ၏ အဖိုး မဟုတ်ကြောင်း Tang Feng  သိသည်။ သူ ဖီးနစ်ထျန်း ဘဝတုန်းက Harvey ရဲ့ အဖိုးကိုလည်း သိကျွမ်းခဲ့ဖူးတယ်။ ကြင်နာတတ်တဲ့ အဖိုး တစ်ယောက်ဖြစ်ပေမယ့်  ကံမကောင်းစွာဖြင့် ထိုအဖိုးအိုက လွန်ခဲ့သော နှစ်အနည်းငယ်က သေဆုံးသွားခဲ့သည်။

"Tang Feng? မင်း လာမယ်ဆိုတာ ငါသိတယ်။ Gino  က တခြားသူတွေကို ဖိတ်ဖို့ မေ့နေပေမယ့် မင်းကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး "

Harvey က အပြုံးနဲ့ ရောက်လာပြီး သူ့ဘေးက အဖိုးအိုကို မိတ်ဆက်ပေးဖို့ မမေ့ခဲ့ပေ။

" ဒါက (Ruth) ရုသ်ပါ"

"မင်္ဂလာပါ Ruth။"

Tang Feng က အတော်လေး စိတ်အခြေနေ ကောင်းစွာနဲ့ ထို အဘိုးအိုကို နှုတ်ဆက်လိုက်တယ်။

"ဟဲလို မင်းက Gino  ရဲ့ သူငယ်ချင်းလား။ မင်းကို အရင်က  မတွေ့ဖူးဘူး။"

အဖိုးအိုက Tang Feng ကို ခဏလောက် စိုက်ကြည့်ရင်း ခေါင်းခါပြပြီး ပြောခဲ့သည်။

 "ငါ့မှာ မှတ်ဉာဏ်မကောင်းပေမယ့် မင်းကို မတွေ့ဖူးတာတော့ သေချာတယ်။ မင်း အလုပ်အကိုင်က ဘာများလဲ? "

အဘိုးအိုက ခပ်ပေါ့ပေါ့ မေးခဲ့သည်။

"Tang Feng က သရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့် အရမ်းကောင်းတဲ့ ဇာတ်ကားအများကြီးမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။"

ဒေါက်တာ ဟာဗေးက ချက်ချင်း မိတ်ဆက်ပေးခဲ့သည်။

အဘိုးအိုက ခေါင်းခါပြလိုက်ပြီး "အိုး၊ မင်းကို ငါ မသိဘူး မင်းရုပ်ရှင်ကို မကြည့်ဖူးဘူး။"

"ဒေါက်တာ ဟာဗေး၊ Gino  ဆီကို သွားရအောင်။" အဖိုးအိုသည် Tang Feng ကို လျစ်လျူရှုကာ ပြောခဲ့သည်။

"မင်း စိတ်မဆိုးဖို့ ငါ မျှော်လင့်ပါတယ်။ Ruth ဟာ အမြဲတမ်း ရိုးရိုးရှင်းရှင်း စိတ်ထဲရှိတာပဲ ပြောတတ်တဲ့ သူမို့ပါ။ သူ့မှာ ရန်လိုတဲ့ ရည်ရွယ်ချက် မရှိပါဘူး။"

Harvey က Tang Feng ကိုအားနာစွာဖြင့်  တိုးတိုးပြောလိုက်သည် ။

Tang Feng က မျက်ခုံးပင့်လိုက်ပြီး "ငါ ဒါကို စိတ်ထဲ မထားပါဘူး။  Gino  က ခုနက ကပွဲကြမ်းပြင်ကို သွားနေတာ။ မင်း သူ့ကို ခေါ်ဖို့ တယောက်ယောက် ရှာတာ ပိုကောင်းလိမ့်မယ်။ အထဲကို  မဝင်တာ ပိုကောင်းမယ်ထင်တယ်။ ဆူဆူညံညံအသံကို အဖိုးအို မခံနိုင်လောက်ဘူး။

"ကောင်းပြီ ကျေးဇူးပါ။"

ဘာမှ ထပ်ပြောစရာ မလိုတော့လို့ Harvey က အဘိုးကြီးကို ပြောလိုက်သည်။

" Ruth ၊ ဒီမှာ စောင့်ရအောင်၊ စားပွဲထိုးတစ်ယောက်ကို Gino  ကို ခေါ်ခိုင်းလိုက်မယ်။"

"မဟုတ်ဘူး၊ ငါ သူတို့ကိုမယုံဘူး၊ ဒေါက်တာ Harvey၊ မင်း ဂျီနိုဆီကို လူကိုယ်တိုင်သွားလို့ရလား။ ဒီ အဖိုးကြီးက ဝိုင်တစ်ခွက်သောက်ရင်း စောင့်နေပါ့မယ်။ မင်း ငါ့ကို စောင့်မနေနဲ့။ အခြားလူတွေက ငါ ထိုင်နေတဲ့ နေရာကို ရောက်လာမှာ မဟုတ်ပါဘူး"

 
"ကောင်းပြီ ဒါဆို ကျွန်တော့်ကို စောင့်နေပါ"
 Harvey က ပြောပြီးတဲ့ နောက်မှာတော့ သူက အကကြမ်းပြင်ဆီ လျှောက်သွားခဲ့သည်။

==================

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now