Chapter 12: - Evil Power Party (မေကာင္းဆိုးဝါးပါတီ)

4.6K 662 6
                                    

True Star_ Volume - 3 _Chapter 12: - Evil Power Party (မေကာင္းဆိုးဝါးပါတီ)


Charles က ခက္ထန္တင္းမာတတ္တဲ့ လူမ်ိဳးမဟုတ္ဘူး။ သူက Su Qi cheng နဲ႕ ဓါတ္ပံုေခ်ာင္းရိုက္တဲ့ ေက်ာငး္သားေလး Li Xi ကို ဘာမွ မလုပ္ေပမယ့္ တခန္းတည္းမွာ နွစ္ေယာက္လံုးကို အတူတူထည့္ပိတ္ထားလိုက္ျပီး ကိုယ္ရံေတာ္ေတြနဲ႕ 24 နာရီေစာင့္ႀကပ္ထားတယ္။ 

Charles က ဒီလူနွစ္ေယာက္ကို သြားႀကည့္ခြင့္ Tang Feng ကိုေပးထားတဲ့အတြက္ သူက အခန္းတံခါးကိုဖြင့္လိုက္ခ်ိန္မွာ ဒီလိုျမင္ကြင္းကို ေတြ႕လိုက္ရတာပဲ။ Su Qi cheng က ဘုရင္တစ္ပါးလိုမ်ိဳး အခန္းအလယ္က စားပြဲခံုနိမ့္ေလးေပၚမွာ ေျခေထာက္နွစ္ေခ်ာင္းကို ခ်ိတ္ထိုင္ထားျပီး သူ႕လက္ထဲက Remote control နဲ႕ TV channel ေတြကို ေျပာင္းရင္း အခ်ိန္ကုန္ေအာင္ ေဆာ့ကစားေနတာကို ေတြ႕လိုက္ရတယ္။ ေက်ာင္းသားေလး Li Xi က ေဘးမွာ ေႀကာက္ေႀကာက္ လန္႕လန္႕နဲ႕ရပ္ေနရင္း Su Qi cheng ရဲ႕ေက်ာက စီးက်ေနတဲ့ ေခ်ြးေတြကို ဆက္တိုက္ သုတ္ေပးေနတာကို ေတြ႕လိုက္ရတယ္။ သူ႕ပံုစံက စိတ္မသက္မသာနဲ႕ အနိုင္က်င့္ခံေနရတဲ့ ပံုေပါက္ေနတယ္။

ဒီျမင္ကြင္းကို ေတြ႕ေတာ့ Tang Feng က မရယ္ခ်င္ေပမယ့္ မေအာင့္နုိင္ပဲ ရယ္ေမာလိုက္မိတယ္။ သူကေတာ့ Su Qi cheng and Li Xi ကို တခန္းတည္း အတူတူေသာ့ခတ္ထားတယ္လို႕ သိသိရခ်င္းမွာ ဒီလူနွစ္ေယာက္ ထုိးႀကိတ္ေနႀကမလား၊ ရန္ျဖစ္ေအာ္ဟစ္ေနႀကမလားလို႕ ေတြးပူေနေပမယ့္ အခုျမင္ကြင္းအရေတာ့ သူတို႕ အဆင္ေျပေနပံုရတယ္။

Tang Feng ရဲ႕ရယ္ေမာသံကို ႀကားႀကားခ်င္းမွာပဲ Li Xi က ခ်က္ခ်င္း ေခါင္းကို ခ်ာခနဲလွည့္ႀကည့္လိုက္ျပီး ႀကမ္းေပၚ ဒူးေထာက္ထုိင္ခ်လိုက္ျပီး အားကိုးတႀကီးနဲ႕ေျပာလိုက္တယ္။

" အကိုႀကီး  Tang  ကြ်န္ေတာ့္ကို မႀကာမႀကာ လာၿကည့္ေပးပါဦး"

Su Qi cheng က ဒီနွစ္ရက္လံုးလံုး Li Xi ကို ပညာေကာင္းေကာင္းေပးထားတယ္။ သူက Tang Feng ကိုေတြ႕ေတာ့ လက္ထဲက Remote control ကို ခ်လိုက္ျပီး ဒူးေထာက္ေနတဲ့ Li Xi ကို ဆြဲထူရင္း ေျပာင္ေျပာင္တင္းတင္းျပံဳးႀကည့္ျပီး ေျပာလိုက္တယ္။

" ဟိုေန႕က မင္းဆီေရာက္ေတာ့ မင္းအိပ္ေပ်ာ္ေနတာ ေတြ႕ရလို႕ မင္းကို အေနွာက္ယွက္မေပးပဲ ျပန္ခဲ့တယ္။  Charles နဲ႕ မင္း အလုပ္ေတြ အရမ္းလုပ္ေနရတယ္ထင္တယ္  "

သူ႕လက္တစ္ဖက္ကို ဆန္႕ထုတ္ျပီး Tang Feng ဆီကိုေျပးသြားဖုိ႕ျပင္ေနတဲ့ ေကာင္ေလး Li Xi ရဲ႕လက္ကိုလည္း လွမ္းဆြဲျပီး တားထားေသးတယ္။

" Su Qi cheng ခင္ဗ်ားက အျခားလူကို အျမဲတမ္းေဘးကို ေခၚထားတာပဲ... "

Su Qi cheng က ဒီစကားကို ႀကားေတာ့ သူ႕ေဘး အတင္းအႀကပ္ရပ္ဖို႕ ဖိအားေပးခံရတဲ့ ေကာင္ေလးကို စိုက္ႀကည့္ျပီး ေမးလိုက္္တယ္။
 
" ငါ့ေဘးနားမွာ ေနဖို႕ မင္းကို အတင္းအႀကပ္ တြန္းအားေပးထားမိလား "

" မလုပ္ပါဘူး။ အလုပ္ပါဘူးခင္ဗ်ာ.. "

" ငါ ေပ်ာ္ရဖို႕ မင္းကို တခုခုလုပ္ထားေသးလား.. "

" မလုပ္ပါဘူးခင္ဗ်ာ။ ကြ်န္ေတာ့္ သေဘာနဲ႕ ကိုယ့္ဖာသာ လုပ္ေပးတာပါ ခင္ဗ်ာ... "

Su Qi cheng ရဲ႕ျပန္ေပးဆြဲျခင္းကို ခံရဖူးတဲ့  Tang Feng ရဲ႕ အေတြ႕အႀကံဳအရ ဒီ္လိုေတြကို Su Qi cheng မလုပ္ဘူးဆိုတာ လံုးဝကို မယံုႀကည္ဘူး။ သူက ေသခ်ာေပါက္က Li Xi  ကို အေနရႀကပ္ေအာင္ နွိိိိပ္စက္မွာပဲ။ Li Xi က ေက်ာင္းတက္ေနရင္း အပိုဝင္ေငြရေအာင္ နာမည္ေက်ာ္ေတြရဲ႕ ဓါတ္ပံုကို ခိုးရိုက္ျပီး ေငြရွာဖုိ႕ ႀကိဳးစားေပမယ့္ လူ႕အကဲခတ္တဲ့ေနရာမွာ၊ ဟန္ေဆာင္တဲ့ေနရာမွာ ဒီေျမေခြးအိုႀကီး Su Qi cheng ရဲ႕ အရည္ခ်င္းကို ဘယ္လိုမွ လိုက္မွီမွာ မဟုတ္ဘူး။ 

Tang Feng ဒီကိုလာခဲ့တယ္ဆိုတာ Li Xi နဲ႕စကားေျပာစရာရွိလို႕ျဖစ္တယ္။ ဒါေႀကာင့္ သူက ေက်ာင္းသားေလးကို လွမ္းေခၚလို္က္ေတာ့ ေက်ာင္းသားေလးက ေရွ႕ကိုနွစ္လွမ္းတိုးလာတယ္။ ဒါေပမယ့္ Su Qi cheng က Li Xi ရဲ႕ လက္ကို ဆုပ္ကိုင္ထားရာက မလႊတ္ေပးဘူး။ ေက်ာငး္သားေလးက ေႀကာက္ေႀကာက္လန္႕လန္႕နဲ႕ Su Qi cheng ကို လွည့္ႀကည့္ လိုက္ခ်ိန္ မွာ Su Qi cheng ရဲ႕နူတ္ဖ်ားက စကားတလံုးပဲ ထြက္လာတယ္။  

" ဒါ ေနာက္ဆံုး အႀကိမ္ပဲ "

ျခိမ္းေျခာက္ေငြ႕အျပည့္ပါတဲ့ ဒီစကားကို ႀကားေတာ့ Li Xi က ခ်က္ခ်င္း ႀကမ္းျပင္ေပၚ ဒူးေထာက္ခ်လိုက္ျပီး Tang Feng ကို အသနားခံဟန္လွမ္းႀကည့္လိုက္တယ္။ Tang Feng က ျခိမ္းေျခာက္ေနတဲ့ Su Qi cheng နဲ႕ အေႀကာက္လြန္ေနတဲ့ Li Xi ကိုႀကည့္ျပီး ဘယ္လိုမွ မေနနုိင္ေတာ့တာနဲ႕ ဒူးေထာက္ေနတဲ့ ေကာင္ေလးကို အတင္းဆြဲထူျပီး အခန္းျပင္ကို ဆြဲထုတ္လာခဲ့တယ္။


" မင္းကို  သူ အနုိင္က်င့္ေသးလား။ ဒီရက္အတြင္းသူ မင္းကို ဘယ္လိုနွိပ္စက္တာလဲ... "

" မလုပ္ပါဘူး။ တကယ္ ဘာမွမလုပ္ပါဘူး "

Li Xi က ေခါင္းကို ငံု႕ျပီး တြင္တြင္သာ ရမ္းရင္း ျငင္းဆန္ေနတယ္။ သူ႕ပံုကို ႀကည့္ရတာ အရမး္ကိုေႀကာက္ေနပုံရလို႕ Tang Feng ကိုယ္ခ်င္းစာစိတ္ေႀကာင့္ ကူညီေပးဖို႕ ေမးလိုက္တယ္။

" မင္း သူ႕ကို အရမ္းေႀကာက္စရာမလိုပါဘူး။ သူလည္း မင္းလိုပဲ အခန္းထဲ ပိတ္ခံထားရတာပါ။ တကယ္လို႕ သူ မင္းကို တခုခုလုပ္မယ္ဆိုရင္ ငါ မင္းကို လက္တုန္႕ျပန္ေပးမယ္။ မင္းတို႕ကို ပိတ္ထားတဲ့လူကို ငါသိတယ္။  သူ မင္းကို အနုိင္က်င့္တယ္ဆုိရင္ မင္းအတြက္ ငါ သူ႕ကိုလက္တုန္႕ျပန္ေပးမယ္"


" အနိုင္မက်င့္ပါဘူးခင္ဗ်ာ။ သူက ေငြေပးျပီး သူ႕အတြက္ အလုပ္လုပ္ခိုင္းဖို႕ ေျပာတာပါ.... အျခား ဘာမွ မလုပ္ပါဘူး  "

" ဒါဆိုရင္ မင္း လက္ဖဝါးက ဒဏ္ရာက ဘာေႀကာင့္ ျဖစ္လာတာလဲ...။ သူ႕ေႀကာင့္ဆိုရင္   ငါ အထဲကို ဝင္ျပီး သူ႕ကို လက္သီးနဲ႕ နွစ္ခ်က္ေလာက္ ထိုးေပးမယ္ "

" အဲ့ဒါက သူ႕ကို ေရေႏြးထည့္ေပးရင္း ေရေႏြးပူေလာင္သြားတာပါ။ တကယ္ပါ။ သူက သူ႕ေက်ာက စီးက်တဲ့ ေခြ်းေတြကို ကူသုတ္ေပးခုိင္းရံုတင္ပါ... ကြ်န္ေတာ္က Ge Chen နဲ႕ ဟို ေကာင္ေလး Lee Dong လို ရုပ္မွ မေခ်ာတာ။ သူက ကြ်န္ေတာ့္ကို ဘယ္လို စိတ္ဝင္စားမွာလဲ။ "

Tang Feng က ဒီေက်ာင္းသားေလးကိုသနားစြာစိုက္ႀကည့္ျပီး ေဖ်ာ္ရည္တစ္ခြက္ကမ္းေပးရင္း ေျပာလိုက္တယ္။

" မင္းရဲ႕မ်က္မွန္အထူႀကီးကို ခြ်တ္လိုက္ျပီး အဝတ္စား သပ္သပ္ရပ္ရပ္ဝတ္လိုက္ရင္ မင္းလည္း ေခ်ာတဲ့ ေကာင္ေလး ျဖစ္လာမွာပါ...  "

" ကြ်န္ေတာ္ Lee Dong လိုမ်ိဳး သူနဲ႕ မေနရဲပါဘူးဗ်ာ။ "

ဒီေကာင္ေလးရဲ႕စကားအရ Su Qi cheng က ဒီနွစ္ရက္ အေတာ္ေလးကို ျခိမ္းေျခာက္ထားမွန္း Tang Feng သိလိုက္ျပီး ကူကယ္ရာမဲ့စြာနဲ႕ ေဖ်ာ္ရည္ကို တငံုေသာက္လိုက္တယ္။


" ဒီနွစ္ရက္ သူ တကယ္ မင္းကို အနုိင္က်င့္ခဲ့ေသးလား.. "


"အစပိုင္းတုန္းကေတာ့ ကြ်န္ေတာ္လည္း သူ႕ကို အေတာ္ေလးကို ေႀကာက္မိတယ္။ ဒါေပမယ့္ နွစ္ရက္ေလာက္ႀကာေတာ့ အရမ္းႀကီး မေႀကာက္ေတာ့ဘူး။   "

Su Qi cheng လိုလူက သူ႕ကို တခ်ိန္္ခ်ိန္မွာ ဘာမွ မလုပ္ပါဘူးရယ္လို႕ အာမ မခံနုိင္ဘူး။ ဒါေႀကာင့္ Su Qi cheng နဲ႕ ေကာင္ေလးကို ခြဲထားဖုိ႕လို္ေနျပီ။

" ေနာက္ရက္မွာ ဖူးခက္ကို သြားတဲ့ သေဘာၤနဲ႕ မင္းကို ထည့္လႊတ္လိုက္မယ္။ တကယ္လို႕ မင္း ဟုိကိုျပန္ေရာက္ရင္ အခုျဖစ္ပ်က္ခဲ့တာကို ဘယ္သူ႕ကိုမွ တခြန္းမွ မဟဖို႕ လိုတယ္။ ငါ ေျပာတာ မင္းသေဘာေပါက္ရဲ႕လား။ "

Charles နဲ႕ Su Qi cheng က ဒီအေႀကာင္းရာေတြ အျပင္မွ ပြထေနတာကို လိုခ်င္မွ မဟုတ္တာ ေသခ်ာတယ္။ ဒါေႀကာင့္ ဒီေကာင္ေလးက ဘယ္သူေတြ ဘယ္လိုဖိအားေပးေပး ဒီအေႀကာင္း ဖြင့္မေျပာျပဖို႕ အေရးႀကီးတယ္။

Li Xi လို ဘယ္သူ႕ကိုမွ ရန္မျပဳတတ္တဲ့ လူငယ္ေလးကို Tang Feng ေဘးတခုခု မက်ေရာက္ေစခ်င္ဘူး။ ဒါေႀကာင့္ အထပ္ထပ္ သတိေပးရျခင္းျဖစ္တယ္။


" စိတ္ခ်ပါ။ ကြ်န္ေတာ္ ဘယ္သူ႕ကိုမွ မေျပာပါဘူး။ တကယ္လို႕ေျပာမိရင္ တသက္လံုး အိမ္ေထာင္မက်ပါေစနဲ႕ "

ေကာင္ေလးက အထပ္ထပ္က်ိန္တြယ္ျပီး ေျပာလုိက္တယ္။

" အကိုႀကီးကေရာ...ဘယ္လို လုပ္မလဲ... "

" ျဖည္းျဖည္းခ်င္းေပါ့... မင္းသာ အရင္ရေအာင္ သြားပါ... "

တကယ္လို႕ ဒီေကာင္ေလးဆီက သတင္းက အျပင္မွာေပါက္ႀကားသြားတယ္ဆိုရင္ သူက ဒီျပသနာေတြထဲ ပါဝင္ေနျပီဆိုတာ ေသခ်ာတယ္။ ဒီလိုဆိုရင္ Charles က ေအးေအေဆးေဆး ႀကည့္ေနမွာ မဟုတ္ဘူး။ တခုကံေကာင္း တာက Charles က ရုပ္ရွင္ဇာတ္ကားေတြထဲက လူဆိုးလိုမ်ိဳးေတာ့ မဟုတ္ဘူး။
=================
ည ကပြဲကို တက္ဖို႕ Tang Feng စိတ္မပါေပမယ့္ Charles က အရမ္းတက္ႀကြေနျပီး ဝတ္စံုနဲ႕ မ်က္နွာဖံုးကို ယူလာျပီး နားပူေနလို႕ ေနာက္ဆံုး Tang Feng သေဘာတူလိုက္ရတယ္။

" ဒါက မ်က္နွာဖံုးတပ္ ကပြဲတစ္ခုပါပဲေလ... "

Charles ရဲ႕မ်က္နွာဖံုးက မ်က္နွာတစ္ဝက္ဖံုးတဲ့ ေရႊေရာင္နဲ႕ ေက်ာက္မ်က္ရတနာေတြစီျခယ္ထားျပီး လူႀကားထဲ အရမ္းကို ထင္းေနမွာ ေသခ်ာတယ္။ ဒီမ်က္နွာဖံုးကို ႀကည့္လိုက္တာနဲ႕ ဘယ္ေလာက္ေတာင္ ဝံံ့ႀကြားတယ္ဆုိတာ သိနို္င္တယ္။ အျခားလူေတြရဲ႕ မ်က္နွာဖံုးက တကယ္ပဲ သာမန္ေတြျဖစ္တယ္။ Charles က မ်က္နွာဖံုးကို တပ္ထားျပီး ဂုဏ္ယူစြာနဲ႕ ေႀကြးေႀကာ္လုိက္တယ္။

" ကိုယ္က ဘုရင္ပဲ... "

Tang Feng ရဲ႕မ်က္နွာဖံုးက အရမ္းဝံံ့ႀကြားတာမဟုတ္တဲ့ ရိုးရိုးရွင္းရွင္း ေငြေရာင္မ်က္နွာဖံုးျဖစ္ျပီး Tang Feng
ကို စိတ္ေက်နပ္သြားေစတယ္။ ဒါေပမယ့္ သူ႕မ်က္နွာဖံုးက Charles ရဲ႕ မ်က္နွာဖံုးနဲ႕ တကယ္ကို လိုက္ဖက္ေနတယ္။


" ခင္ဗ်ား ပြဲအတြင္း ကြ်န္ေတာ့္ကို ေတာက္ေလွ်ာက္ဆြဲမထားနဲ႕ဗ်ာ။ ကိုယ့္ဖာသာ သြားစရာရွိတာ သြားပါ။  "

Tang Feng ကမွန္ေရွ႕မွာ ရပ္ရင္း မ်က္နွာဖံုးကို တပ္ျပီးေျပာလုိက္တယ္။ သူ႕ပံုက သူနဲ႕ရင္းနွီးသူ မဟုတ္ရင္ သူမွန္း ဘယ္သူမွ မသိနုိင္ေတာ့ဘူး။ ဒါေပမယ့္ Charles ရဲ႕ ႀကံ႕ခိုင္တဲ့ ကိုယ္ဟန္အေနထားေႀကာင့္ သူက မ်က္နွာဖံုးတပ္ထားရင္ေတာင္ Charles ဆိုတာ ခ်က္ခ်င္း သိနုိင္တယ္။


" ေဘဘီ သူမ်ားေတြ မင္းကို အခြင့္ေရးယူမွ ကိုယ္ခြင့္မျပဳနုိင္ဘူး။ ျပီးေတာ့ မင္းက ကိုယ့္ရဲ႕တစ္ဦးတစ္ေယာက္တည္းေသာ ကေဖာ္ျဖစ္တယ္။ "

ဘယ္သူမွ အခြင့္ေရးမယူေစဖို႕ Charles ကပဲ အခြင့္ေရးယူမယ့္သေဘာျဖစ္တယ္။ သူက Tang Feng ရဲ႕ခါးကို လက္နဲ႕သိုင္းဖက္ျပီး ေျပာလိုက္တယ္။

Tang Feng က မ်က္ခံုးကို ပင့္ျပီးေျပာလုိက္တယ္။


" ခင္ဗ်ား ဒီအေႀကာင္းကို ဘာမွမေျပာထားပါလား။ ကြ်န္ေတာ္က ကရတာကို စိတ္မရွိေပမယ့္ ေယာက်ာ္းနွစ္ေယာက္ တခ်ိန္လံုးတြဲကေနတာ ရယ္စရာျဖစ္မေနဘူးလား "

Tang Feng က ျငင္းဆန္ခ်ိန္မရလုိက္ေသးခင္ Charles က သူ႕ကို ဆြဲေခၚျပီး အခန္းတစ္ခုထဲကို ေခၚသြားတယ္။ ခန္းမႀကီးရဲ႕တံခါးကို ဖြင့္လုိက္ခ်ိန္မွာ လူအုပ္ႀကီးကို ေတြ႕လိုက္ရျပီး ဝတ္ေကာင္းစားလွေတြ ဝတ္ထားႀကတယ္။ သူတို႕နွစ္ေယာက္ရဲ႕ေျခေထာက္ေအာက္မွာ ေကာ္ေဇာနီကို ခင္းထားျပီး လူအားလံုးက သူတို႕ အထဲကို ဝင္လိုက္တာနဲ႕ ေခါင္းေတြ ခ်ာခနဲလွည့္ႀကည့္လာႀကတယ္။ လူအုပ္ႀကီးက ခ်က္ခ်င္း ေကာ္ေဇာနီလမ္းေဘးမွာ နွစ္တန္းခြဲရပ္ျပီး ႀကိဳဆိုေနပံုက မသိရင္ သူတို႕နွစ္ေယာက္က ဘုရားေက်ာင္းထဲ မဂၤလာေဆာင္ဖို႕ ဝင္လာတဲ့ မဂၤလာသတိုးသားေတြလိုပဲ။

ဝင္ဝင္ခ်င္းမွာ လူဝဝႀကီးနဲ႕ အနီေရာင္ဂါဝန္ကို ဝတ္ထားတဲ့ မိန္းမလွတစ္ဦးကိုေတြ႕လိုက္ရတယ္။

" ဘာေတြျဖစ္ေနတာလဲ... "

Tang Feng က Charles ရဲ႕ခါးကို ဆြဲလိမ္လိုက္တယ္။

" နာတယ္ ေဘဘီရ... မင္းက လူႀကားထဲ ကိုယ့္ရဲ႕ဆြဲလိမ္လိုက္တာ ကိုယ့္ရဲ႕.........ကိုပါ တင္းလာေစျပီေနာ္...  "

Charles က Tang Feng ရဲ႕ခါးကို ခပ္တင္းတင္းဖက္ထားျပီး အခန္းထဲ ဝင္လာရင္း ေတြ႕တဲ့လူေတြကို အဆက္မျပတ္ လက္ယမ္းျပီး နုတ္ဆက္ေနတယ္။

" သူတို႕က ဘယ္သူေတြလဲ... "

" ကိုယ္ မင္းကို တစ္ေယာက္ခ်င္း ျဖည္းျဖည္း မိတ္ဆက္ေပးမယ္.... ဟိုးနားက ခပ္ဝဝနဲ႕လူကိုေတြ႕လား။ သူက အေရွ႕အလယ္ပိုင္းက ေရနံနဲ႕ပတ္သတ္ျပီး ကိုယ္နဲ႕ တြဲလုပ္ေနတဲ့ ပါတနာတစ္ေယာက္ပဲ။ အေရွ႕အလယ္ပိုင္းက ေရနံကို ဝယ္လို႕ရဖို႕ သူ႕ကိုပဲ အားကိုးေနရတယ္။ အေမရိက က shells ဆီကို ေရနံေရာင္းတာက အျမတ္စြန္းရတယ္ဆိုေပမယ့္ သူက ကိုယ့္ဆီက လက္နက္တခ်ိဳ႕ဝယ္ခ်င္ေတာ့ ကိုယ့္ကို ေရနံေတြဝယ္လို႕ရေအာင္ လုပ္ေပးေနတယ္။ "

" အိုး...ဟိုးက ေမာ္ဒယ္တစ္ေယာက္လို ဝတ္ထားတဲ့ အမ်ိဳးသမီးေတြ႕လား။ သူက ေတာအာဖရိကတိုက္က စိန္လုပ္ငန္းက သခင္မပဲ... ဟုိနားက သပ္သပ္ရပ္ရပ္ဝတ္စားထားတဲ့ ပိန္ပိန္နဲ႕ေယာက္်ားက ဥေရာပတုိက္ စိန္ေစ်းကြက္အတြက္ ကိုယ့္ဆီက စိန္ကို ဝယ္သူေနတဲ့ အဓိက ေဖာက္သည္ပဲ။ ေလာေလာဆည္ သူတုိ႕က စိန္ကို သိပ္မဝယ္ႀကလို႕ ကိုယ့္မွာ ဒီရွယ္ရာေတြ ရေအာင္ လုပ္ေနတာ ရူးမလိုပဲ....  "


Charles ရဲ႕စကားကို ႀကားေတာ့ ဒီပါတီပြဲကမေကာင္းဆိုးဝါးေတြရဲ႕ ေတြ႕ဆံုပြဲဆုိတာ Tang Feng သိလုိက္တယ္။ ဒါေႀကာင့္ Charles က ဟို နွစ္ေယာက္ကို ေဆးခတ္ျပီး အခန္းထဲ ေလွာင္ထားရတယ္ဆိုတာ သေဘာေပါက္သြားတယ္။ ဒီလူအုပ္ႀကီးက ရုပ္ရွင္ထဲက လူဆိုးဂိုဏ္းေတြလိုေတာ့ မဟုတ္ေပမယ့္ သူတို႕အက်ိဳးျမတ္အတြက္ သူတို႕ မ်က္စိေရွ႕က ျမင္သမွ်ကို အားလံုး ရေအာင္ ယူမယ့္လူေတြဆိုတာ ေသခ်ာတယ္။

======================

True Star_ Volume - 3 _Chapter 12: - Evil Power Party (မကောင်းဆိုးဝါးပါတီ)


Charles က ခက်ထန်တင်းမာတတ်တဲ့ လူမျိုးမဟုတ်ဘူး။ သူက Su Qi cheng နဲ့ ဓါတ်ပုံချောင်းရိုက်တဲ့ ကျောင်းသားလေး Li Xi ကို ဘာမှ မလုပ်ပေမယ့် တခန်းတည်းမှာ နှစ်ယောက်လုံးကို အတူတူထည့်ပိတ်ထားလိုက်ပြီး ကိုယ်ရံတော်တွေနဲ့ 24 နာရီစောင့်ကြပ်ထားတယ်။ 

Charles က ဒီလူနှစ်ယောက်ကို သွားကြည့်ခွင့် Tang Feng ကိုပေးထားတဲ့အတွက် သူက အခန်းတံခါးကိုဖွင့်လိုက်ချိန်မှာ ဒီလိုမြင်ကွင်းကို တွေ့လိုက်ရတာပဲ။ Su Qi cheng က ဘုရင်တစ်ပါးလိုမျိုး အခန်းအလယ်က စားပွဲခုံနိမ့်လေးပေါ်မှာ ခြေထောက်နှစ်ချောင်းကို ချိတ်ထိုင်ထားပြီး သူ့လက်ထဲက Remote control နဲ့ TV channel တွေကို ပြောင်းရင်း အချိန်ကုန်အောင် ဆော့ကစားနေတာကို တွေ့လိုက်ရတယ်။ ကျောင်းသားလေး Li Xi က ဘေးမှာ ကြောက်ကြောက် လန့်လန့်နဲ့ရပ်နေရင်း Su Qi cheng ရဲ့ကျောက စီးကျနေတဲ့ ချွေးတွေကို ဆက်တိုက် သုတ်ပေးနေတာကို တွေ့လိုက်ရတယ်။ သူ့ပုံစံက စိတ်မသက်မသာနဲ့ အနိုင်ကျင့်ခံနေရတဲ့ ပုံပေါက်နေတယ်။

ဒီမြင်ကွင်းကို တွေ့တော့ Tang Feng က မရယ်ချင်ပေမယ့် မအောင့်နိုင်ပဲ ရယ်မောလိုက်မိတယ်။ သူကတော့ Su Qi cheng and Li Xi ကို တခန်းတည်း အတူတူသော့ခတ်ထားတယ်လို့ သိသိရချင်းမှာ ဒီလူနှစ်ယောက် ထိုးကြိတ်နေကြမလား၊ ရန်ဖြစ်အော်ဟစ်နေကြမလားလို့ တွေးပူနေပေမယ့် အခုမြင်ကွင်းအရတော့ သူတို့ အဆင်ပြေနေပုံရတယ်။

Tang Feng ရဲ့ရယ်မောသံကို ကြားကြားချင်းမှာပဲ Li Xi က ချက်ချင်း ခေါင်းကို ချာခနဲလှည့်ကြည့်လိုက်ပြီး ကြမ်းပေါ် ဒူးထောက်ထိုင်ချလိုက်ပြီး အားကိုးတကြီးနဲ့ပြောလိုက်တယ်။

" အကိုကြီး  Tang  ကျွန်တော့်ကို မကြာမကြာ လာကြည့်ပေးပါဦး"

Su Qi cheng က ဒီနှစ်ရက်လုံးလုံး Li Xi ကို ပညာကောင်းကောင်းပေးထားတယ်။ သူက Tang Feng ကိုတွေ့တော့ လက်ထဲက Remote control ကို ချလိုက်ပြီး ဒူးထောက်နေတဲ့ Li Xi ကို ဆွဲထူရင်း ပြောင်ပြောင်တင်းတင်းပြုံးကြည့်ပြီး ပြောလိုက်တယ်။

" ဟိုနေ့က မင်းဆီရောက်တော့ မင်းအိပ်ပျော်နေတာ တွေ့ရလို့ မင်းကို အနှောက်ယှက်မပေးပဲ ပြန်ခဲ့တယ်။  Charles နဲ့ မင်း အလုပ်တွေ အရမ်းလုပ်နေရတယ်ထင်တယ်  "

သူ့လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး Tang Feng ဆီကိုပြေးသွားဖို့ပြင်နေတဲ့ ကောင်လေး Li Xi ရဲ့လက်ကိုလည်း လှမ်းဆွဲပြီး တားထားသေးတယ်။

" Su Qi cheng ခင်ဗျားက အခြားလူကို အမြဲတမ်းဘေးကို ခေါ်ထားတာပဲ... "

Su Qi cheng က ဒီစကားကို ကြားတော့ သူ့ဘေး အတင်းအကြပ်ရပ်ဖို့ ဖိအားပေးခံရတဲ့ ကောင်လေးကို စိုက်ကြည့်ပြီး မေးလိုက်တယ်။
 
" ငါ့ဘေးနားမှာ နေဖို့ မင်းကို အတင်းအကြပ် တွန်းအားပေးထားမိလား "

" မလုပ်ပါဘူး။ အလုပ်ပါဘူးခင်ဗျာ.. "

" ငါ ပျော်ရဖို့ မင်းကို တခုခုလုပ်ထားသေးလား.. "

" မလုပ်ပါဘူးခင်ဗျာ။ ကျွန်တော့် သဘောနဲ့ ကိုယ့်ဖာသာ လုပ်ပေးတာပါ ခင်ဗျာ... "

Su Qi cheng ရဲ့ပြန်ပေးဆွဲခြင်းကို ခံရဖူးတဲ့  Tang Feng ရဲ့ အတွေ့အကြုံအရ ဒီ်လိုတွေကို Su Qi cheng မလုပ်ဘူးဆိုတာ လုံးဝကို မယုံကြည်ဘူး။ သူက သေချာပေါက်က Li Xi  ကို အနေရကြပ်အောင် နှိပ်စက်မှာပဲ။ Li Xi က ကျောင်းတက်နေရင်း အပိုဝင်ငွေရအောင် နာမည်ကျော်တွေရဲ့ ဓါတ်ပုံကို ခိုးရိုက်ပြီး ငွေရှာဖို့ ကြိုးစားပေမယ့် လူ့အကဲခတ်တဲ့နေရာမှာ၊ ဟန်ဆောင်တဲ့နေရာမှာ ဒီမြေခွေးအိုကြီး Su Qi cheng ရဲ့ အရည်ချင်းကို ဘယ်လိုမှ လိုက်မှီမှာ မဟုတ်ဘူး။ 

Tang Feng ဒီကိုလာခဲ့တယ်ဆိုတာ Li Xi နဲ့စကားပြောစရာရှိလို့ဖြစ်တယ်။ ဒါကြောင့် သူက ကျောင်းသားလေးကို လှမ်းခေါ်လိုက်တော့ ကျောင်းသားလေးက ရှေ့ကိုနှစ်လှမ်းတိုးလာတယ်။ ဒါပေမယ့် Su Qi cheng က Li Xi ရဲ့ လက်ကို ဆုပ်ကိုင်ထားရာက မလွှတ်ပေးဘူး။ ကျောင်းသားလေးက ကြောက်ကြောက်လန့်လန့်နဲ့ Su Qi cheng ကို လှည့်ကြည့် လိုက်ချိန် မှာ Su Qi cheng ရဲ့နူတ်ဖျားက စကားတလုံးပဲ ထွက်လာတယ်။  

" ဒါ နောက်ဆုံး အကြိမ်ပဲ "

ခြိမ်းခြောက်ငွေ့အပြည့်ပါတဲ့ ဒီစကားကို ကြားတော့ Li Xi က ချက်ချင်း ကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်ပြီး Tang Feng ကို အသနားခံဟန်လှမ်းကြည့်လိုက်တယ်။ Tang Feng က ခြိမ်းခြောက်နေတဲ့ Su Qi cheng နဲ့ အကြောက်လွန်နေတဲ့ Li Xi ကိုကြည့်ပြီး ဘယ်လိုမှ မနေနိုင်တော့တာနဲ့ ဒူးထောက်နေတဲ့ ကောင်လေးကို အတင်းဆွဲထူပြီး အခန်းပြင်ကို ဆွဲထုတ်လာခဲ့တယ်။


" မင်းကို  သူ အနိုင်ကျင့်သေးလား။ ဒီရက်အတွင်းသူ မင်းကို ဘယ်လိုနှိပ်စက်တာလဲ... "

" မလုပ်ပါဘူး။ တကယ် ဘာမှမလုပ်ပါဘူး "

Li Xi က ခေါင်းကို ငုံ့ပြီး တွင်တွင်သာ ရမ်းရင်း ငြင်းဆန်နေတယ်။ သူ့ပုံကို ကြည့်ရတာ အရမ်းကိုကြောက်နေပုံရလို့ Tang Feng ကိုယ်ချင်းစာစိတ်ကြောင့် ကူညီပေးဖို့ မေးလိုက်တယ်။

" မင်း သူ့ကို အရမ်းကြောက်စရာမလိုပါဘူး။ သူလည်း မင်းလိုပဲ အခန်းထဲ ပိတ်ခံထားရတာပါ။ တကယ်လို့ သူ မင်းကို တခုခုလုပ်မယ်ဆိုရင် ငါ မင်းကို လက်တုန့်ပြန်ပေးမယ်။ မင်းတို့ကို ပိတ်ထားတဲ့လူကို ငါသိတယ်။  သူ မင်းကို အနိုင်ကျင့်တယ်ဆိုရင် မင်းအတွက် ငါ သူ့ကိုလက်တုန့်ပြန်ပေးမယ်"


" အနိုင်မကျင့်ပါဘူးခင်ဗျာ။ သူက ငွေပေးပြီး သူ့အတွက် အလုပ်လုပ်ခိုင်းဖို့ ပြောတာပါ.... အခြား ဘာမှ မလုပ်ပါဘူး  "

" ဒါဆိုရင် မင်း လက်ဖဝါးက ဒဏ်ရာက ဘာကြောင့် ဖြစ်လာတာလဲ...။ သူ့ကြောင့်ဆိုရင်   ငါ အထဲကို ဝင်ပြီး သူ့ကို လက်သီးနဲ့ နှစ်ချက်လောက် ထိုးပေးမယ် "

" အဲ့ဒါက သူ့ကို ရေနွေးထည့်ပေးရင်း ရေနွေးပူလောင်သွားတာပါ။ တကယ်ပါ။ သူက သူ့ကျောက စီးကျတဲ့ ချွေးတွေကို ကူသုတ်ပေးခိုင်းရုံတင်ပါ... ကျွန်တော်က Ge Chen နဲ့ ဟို ကောင်လေး Lee Dong လို ရုပ်မှ မချောတာ။ သူက ကျွန်တော့်ကို ဘယ်လို စိတ်ဝင်စားမှာလဲ။ "

Tang Feng က ဒီကျောင်းသားလေးကိုသနားစွာစိုက်ကြည့်ပြီး ဖျော်ရည်တစ်ခွက်ကမ်းပေးရင်း ပြောလိုက်တယ်။

" မင်းရဲ့မျက်မှန်အထူကြီးကို ချွတ်လိုက်ပြီး အဝတ်စား သပ်သပ်ရပ်ရပ်ဝတ်လိုက်ရင် မင်းလည်း ချောတဲ့ ကောင်လေး ဖြစ်လာမှာပါ...  "

" ကျွန်တော် Lee Dong လိုမျိုး သူနဲ့ မနေရဲပါဘူးဗျာ။ "

ဒီကောင်လေးရဲ့စကားအရ Su Qi cheng က ဒီနှစ်ရက် အတော်လေးကို ခြိမ်းခြောက်ထားမှန်း Tang Feng သိလိုက်ပြီး ကူကယ်ရာမဲ့စွာနဲ့ ဖျော်ရည်ကို တငုံသောက်လိုက်တယ်။


" ဒီနှစ်ရက် သူ တကယ် မင်းကို အနိုင်ကျင့်ခဲ့သေးလား.. "


"အစပိုင်းတုန်းကတော့ ကျွန်တော်လည်း သူ့ကို အတော်လေးကို ကြောက်မိတယ်။ ဒါပေမယ့် နှစ်ရက်လောက်ကြာတော့ အရမ်းကြီး မကြောက်တော့ဘူး။   "

Su Qi cheng လိုလူက သူ့ကို တချိန်ချိန်မှာ ဘာမှ မလုပ်ပါဘူးရယ်လို့ အာမ မခံနိုင်ဘူး။ ဒါကြောင့် Su Qi cheng နဲ့ ကောင်လေးကို ခွဲထားဖို့လိုနေပြီ။

" နောက်ရက်မှာ ဖူးခက်ကို သွားတဲ့ သဘောၤနဲ့ မင်းကို ထည့်လွှတ်လိုက်မယ်။ တကယ်လို့ မင်း ဟိုကိုပြန်ရောက်ရင် အခုဖြစ်ပျက်ခဲ့တာကို ဘယ်သူ့ကိုမှ တခွန်းမှ မဟဖို့ လိုတယ်။ ငါ ပြောတာ မင်းသဘောပေါက်ရဲ့လား။ "

Charles နဲ့ Su Qi cheng က ဒီအကြောင်းရာတွေ အပြင်မှ ပွထနေတာကို လိုချင်မှ မဟုတ်တာ သေချာတယ်။ ဒါကြောင့် ဒီကောင်လေးက ဘယ်သူတွေ ဘယ်လိုဖိအားပေးပေး ဒီအကြောင်း ဖွင့်မပြောပြဖို့ အရေးကြီးတယ်။

Li Xi လို ဘယ်သူ့ကိုမှ ရန်မပြုတတ်တဲ့ လူငယ်လေးကို Tang Feng ဘေးတခုခု မကျရောက်စေချင်ဘူး။ ဒါကြောင့် အထပ်ထပ် သတိပေးရခြင်းဖြစ်တယ်။


" စိတ်ချပါ။ ကျွန်တော် ဘယ်သူ့ကိုမှ မပြောပါဘူး။ တကယ်လို့ပြောမိရင် တသက်လုံး အိမ်ထောင်မကျပါစေနဲ့ "

ကောင်လေးက အထပ်ထပ်ကျိန်တွယ်ပြီး ပြောလိုက်တယ်။

" အကိုကြီးကရော...ဘယ်လို လုပ်မလဲ... "

" ဖြည်းဖြည်းချင်းပေါ့... မင်းသာ အရင်ရအောင် သွားပါ... "

တကယ်လို့ ဒီကောင်လေးဆီက သတင်းက အပြင်မှာပေါက်ကြားသွားတယ်ဆိုရင် သူက ဒီပြသနာတွေထဲ ပါဝင်နေပြီဆိုတာ သေချာတယ်။ ဒီလိုဆိုရင် Charles က အေးအေဆေးဆေး ကြည့်နေမှာ မဟုတ်ဘူး။ တခုကံကောင်း တာက Charles က ရုပ်ရှင်ဇာတ်ကားတွေထဲက လူဆိုးလိုမျိုးတော့ မဟုတ်ဘူး။
=================
ည ကပွဲကို တက်ဖို့ Tang Feng စိတ်မပါပေမယ့် Charles က အရမ်းတက်ကြွနေပြီး ဝတ်စုံနဲ့ မျက်နှာဖုံးကို ယူလာပြီး နားပူနေလို့ နောက်ဆုံး Tang Feng သဘောတူလိုက်ရတယ်။

" ဒါက မျက်နှာဖုံးတပ် ကပွဲတစ်ခုပါပဲလေ... "

Charles ရဲ့မျက်နှာဖုံးက မျက်နှာတစ်ဝက်ဖုံးတဲ့ ရွှေရောင်နဲ့ ကျောက်မျက်ရတနာတွေစီခြယ်ထားပြီး လူကြားထဲ အရမ်းကို ထင်းနေမှာ သေချာတယ်။ ဒီမျက်နှာဖုံးကို ကြည့်လိုက်တာနဲ့ ဘယ်လောက်တောင် ဝံံ့ကြွားတယ်ဆိုတာ သိနိုင်တယ်။ အခြားလူတွေရဲ့ မျက်နှာဖုံးက တကယ်ပဲ သာမန်တွေဖြစ်တယ်။ Charles က မျက်နှာဖုံးကို တပ်ထားပြီး ဂုဏ်ယူစွာနဲ့ ကြွေးကြော်လိုက်တယ်။

" ကိုယ်က ဘုရင်ပဲ... "

Tang Feng ရဲ့မျက်နှာဖုံးက အရမ်းဝံံ့ကြွားတာမဟုတ်တဲ့ ရိုးရိုးရှင်းရှင်း ငွေရောင်မျက်နှာဖုံးဖြစ်ပြီး Tang Feng
ကို စိတ်ကျေနပ်သွားစေတယ်။ ဒါပေမယ့် သူ့မျက်နှာဖုံးက Charles ရဲ့ မျက်နှာဖုံးနဲ့ တကယ်ကို လိုက်ဖက်နေတယ်။


" ခင်ဗျား ပွဲအတွင်း ကျွန်တော့်ကို တောက်လျှောက်ဆွဲမထားနဲ့ဗျာ။ ကိုယ့်ဖာသာ သွားစရာရှိတာ သွားပါ။  "

Tang Feng ကမှန်ရှေ့မှာ ရပ်ရင်း မျက်နှာဖုံးကို တပ်ပြီးပြောလိုက်တယ်။ သူ့ပုံက သူနဲ့ရင်းနှီးသူ မဟုတ်ရင် သူမှန်း ဘယ်သူမှ မသိနိုင်တော့ဘူး။ ဒါပေမယ့် Charles ရဲ့ ကြံ့ခိုင်တဲ့ ကိုယ်ဟန်အနေထားကြောင့် သူက မျက်နှာဖုံးတပ်ထားရင်တောင် Charles ဆိုတာ ချက်ချင်း သိနိုင်တယ်။


" ဘေဘီ သူများတွေ မင်းကို အခွင့်ရေးယူမှ ကိုယ်ခွင့်မပြုနိုင်ဘူး။ ပြီးတော့ မင်းက ကိုယ့်ရဲ့တစ်ဦးတစ်ယောက်တည်းသော ကဖော်ဖြစ်တယ်။ "

ဘယ်သူမှ အခွင့်ရေးမယူစေဖို့ Charles ကပဲ အခွင့်ရေးယူမယ့်သဘောဖြစ်တယ်။ သူက Tang Feng ရဲ့ခါးကို လက်နဲ့သိုင်းဖက်ပြီး ပြောလိုက်တယ်။

Tang Feng က မျက်ခုံးကို ပင့်ပြီးပြောလိုက်တယ်။


" ခင်ဗျား ဒီအကြောင်းကို ဘာမှမပြောထားပါလား။ ကျွန်တော်က ကရတာကို စိတ်မရှိပေမယ့် ယောကျာ်းနှစ်ယောက် တချိန်လုံးတွဲကနေတာ ရယ်စရာဖြစ်မနေဘူးလား "

Tang Feng က ငြင်းဆန်ချိန်မရလိုက်သေးခင် Charles က သူ့ကို ဆွဲခေါ်ပြီး အခန်းတစ်ခုထဲကို ခေါ်သွားတယ်။ ခန်းမကြီးရဲ့တံခါးကို ဖွင့်လိုက်ချိန်မှာ လူအုပ်ကြီးကို တွေ့လိုက်ရပြီး ဝတ်ကောင်းစားလှတွေ ဝတ်ထားကြတယ်။ သူတို့နှစ်ယောက်ရဲ့ခြေထောက်အောက်မှာ ကော်ဇောနီကို ခင်းထားပြီး လူအားလုံးက သူတို့ အထဲကို ဝင်လိုက်တာနဲ့ ခေါင်းတွေ ချာခနဲလှည့်ကြည့်လာကြတယ်။ လူအုပ်ကြီးက ချက်ချင်း ကော်ဇောနီလမ်းဘေးမှာ နှစ်တန်းခွဲရပ်ပြီး ကြိုဆိုနေပုံက မသိရင် သူတို့နှစ်ယောက်က ဘုရားကျောင်းထဲ မင်္ဂလာဆောင်ဖို့ ဝင်လာတဲ့ မင်္ဂလာသတိုးသားတွေလိုပဲ။

ဝင်ဝင်ချင်းမှာ လူဝဝကြီးနဲ့ အနီရောင်ဂါဝန်ကို ဝတ်ထားတဲ့ မိန်းမလှတစ်ဦးကိုတွေ့လိုက်ရတယ်။

" ဘာတွေဖြစ်နေတာလဲ... "

Tang Feng က Charles ရဲ့ခါးကို ဆွဲလိမ်လိုက်တယ်။

" နာတယ် ဘေဘီရ... မင်းက လူကြားထဲ ကိုယ့်ရဲ့ဆွဲလိမ်လိုက်တာ ကိုယ့်ရဲ့.........ကိုပါ တင်းလာစေပြီနော်...  "

Charles က Tang Feng ရဲ့ခါးကို ခပ်တင်းတင်းဖက်ထားပြီး အခန်းထဲ ဝင်လာရင်း တွေ့တဲ့လူတွေကို အဆက်မပြတ် လက်ယမ်းပြီး နုတ်ဆက်နေတယ်။

" သူတို့က ဘယ်သူတွေလဲ... "

" ကိုယ် မင်းကို တစ်ယောက်ချင်း ဖြည်းဖြည်း မိတ်ဆက်ပေးမယ်.... ဟိုးနားက ခပ်ဝဝနဲ့လူကိုတွေ့လား။ သူက အရှေ့အလယ်ပိုင်းက ရေနံနဲ့ပတ်သတ်ပြီး ကိုယ်နဲ့ တွဲလုပ်နေတဲ့ ပါတနာတစ်ယောက်ပဲ။ အရှေ့အလယ်ပိုင်းက ရေနံကို ဝယ်လို့ရဖို့ သူ့ကိုပဲ အားကိုးနေရတယ်။ အမေရိက က shells ဆီကို ရေနံရောင်းတာက အမြတ်စွန်းရတယ်ဆိုပေမယ့် သူက ကိုယ့်ဆီက လက်နက်တချို့ဝယ်ချင်တော့ ကိုယ့်ကို ရေနံတွေဝယ်လို့ရအောင် လုပ်ပေးနေတယ်။ "

" အိုး...ဟိုးက မော်ဒယ်တစ်ယောက်လို ဝတ်ထားတဲ့ အမျိုးသမီးတွေ့လား။ သူက တောအာဖရိကတိုက်က စိန်လုပ်ငန်းက သခင်မပဲ... ဟိုနားက သပ်သပ်ရပ်ရပ်ဝတ်စားထားတဲ့ ပိန်ပိန်နဲ့ယောက်ျားက ဥရောပတိုက် စိန်ဈေးကွက်အတွက် ကိုယ့်ဆီက စိန်ကို ဝယ်သူနေတဲ့ အဓိက ဖောက်သည်ပဲ။ လောလောဆည် သူတို့က စိန်ကို သိပ်မဝယ်ကြလို့ ကိုယ့်မှာ ဒီရှယ်ရာတွေ ရအောင် လုပ်နေတာ ရူးမလိုပဲ....  "


Charles ရဲ့စကားကို ကြားတော့ ဒီပါတီပွဲကမကောင်းဆိုးဝါးတွေရဲ့ တွေ့ဆုံပွဲဆိုတာ Tang Feng သိလိုက်တယ်။ ဒါကြောင့် Charles က ဟို နှစ်ယောက်ကို ဆေးခတ်ပြီး အခန်းထဲ လှောင်ထားရတယ်ဆိုတာ သဘောပေါက်သွားတယ်။ ဒီလူအုပ်ကြီးက ရုပ်ရှင်ထဲက လူဆိုးဂိုဏ်းတွေလိုတော့ မဟုတ်ပေမယ့် သူတို့အကျိုးမြတ်အတွက် သူတို့ မျက်စိရှေ့က မြင်သမျှကို အားလုံး ရအောင် ယူမယ့်လူတွေဆိုတာ သေချာတယ်။

======================


(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Waar verhalen tot leven komen. Ontdek het nu