Vol 4 - Chapter (7) : ပန်းချီပြခန်း
နောက်တစ်နေ့မနက်တွင် Tang Feng သည် ထုံးစံအတိုင်း လေ့ကျင့်ရေးဆင်းရန် ကုမ္ပဏီသို့ သွားခဲ့သည်။ လေ့ကျင့်ရေးကွင်းသို့ ဝင်လိုက်သောအခါတွင် ရင်းနှီးနေသည့် လူကို မတွေ့ခဲ့ရဘဲ သူ့ကို ခင်မင်ရင်းနှီးစွာ နှုတ်ဆက်သော အခြားနည်းပြတစ်ဦးကို တွေ့လိုက်ရသည်။
ပြောရလျှင် Lu Tian chen ဆိုတာ အဲ့ဒီလို မထင်တာကို ကောက်ကာငင်ကာ လုပ်တတ်သည့် ပုဂ္ဂိုလ်ဖြစ်သည်။
နေ့ခင်းဘက်တွင် Tang Feng က ချန်မင်ရွှိ ကိုဖုန်းဆက်ပြီး နှစ်ယောက် ကော်ဖီသောက်ရန် ချိန်းလိုက်သည်။
"မနေ့က နေ့ခင်းတုန်းက မင်း ဘာဖြစ်နေလို့လဲ၊ မင်းဘယ်သွားနေလို့ ဖုန်းမကိုင်တာလဲ၊ စီနီယာကျန့် နဲ့ ငါက မင်းကိုစောင့်နေတာကွ"
သူတို့ တွေ့တဲ့အခါ ချန်မင်ရွှိ က Tang Feng နဲ့ ပုံမှန်အတိုင်း စကားပြောနေပေမယ့် ကော်ဖီဆိုင်ထဲ ထိုင်ပြီးတဲ့အခါ နည်းနည်းမှားသွားတာကို ချန်မင်ရွှိက သတိထားလိုက်မိသည်။
"မင်းကို ဘယ်သူအနိုင်ကျင့်လိုက်တာလဲ၊ ငါ့ကို ပြောပြစမ်း"
"အိုး..?"
Tang Feng သည် သူ့အတွက် ရန်ဖြစ်ရန် အသင့်ဖြစ်နေသည့် သူငယ်ချင်းကောင်းကို ကြည့်ပြီး ရယ်မောလျက်ဖြေလိုက်သည်။
"ငါ့ကို ဘယ်သူမှ အနိုင်မကျင့်ပါဘူး"
" မင်းစိတ်ထဲမှာ တစ်ခုခုပြောစရာ ရှိနေပုံရတယ်။ မဟုတ်ရင် မနေ့ကနေ့လည်က ဖြစ်ခဲ့တဲ့ အကြောင်းရင်းကြောင့် ငါ့ကို ဖုန်းဆက်မှာ မဟုတ်ဘူး။"
ချန်မင်ရွှိ က ခါးသက်တဲ့ ကော်ဖီတစ်ငုံကို သောက်ပြီး ခါးလွန်းလို့ သကြားတခဲကို ထည့်ပေးလိုက်သည်။
Tang Feng က သူ့ ကော်ဖီကို တစ်ငုံသောက်ကာ ပြောလိုက်သည်။
"Lu Tianchen က နိုင်ငံခြားကို အလုပ်ကိစ္စနဲ့ ခရီးထွက်သွားတယ်။ အခု သူက ငါ့ရဲ့ နည်းပြ မဟုတ်တော့ဘူး။ နည်းပြအဖြစ်ကနေ သူ နူတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပြီ။ "
"အာာာ? "
Tang Feng ပြောလိုက်သည့် စကားကြောင့် ရုတ်တရက် တုန်လှုပ်သွားပြီး ချန်မင်ရွှိ က ခဏတာ မတုံ့ပြန်နိုင်ခဲ့ဘူး။ စက္ကန့်အတော်ကြာပြီးမှ ဘာပြောလိုက်တယ်ဆိုတာ ဖမ်းမိသွားတဲ့ ချန်မင်ရွှိ က စိတ်အားထက်သန်စွာ မေးလိုက်သည်။
"မင်းဆိုလိုတာက ... Lu Tian chen ထွက်သွားပြီ ဟုတ်လား"
"ဟုတ်တယ်။"
Tang Fengက ခေါင်းညိတ်ပြီး သက်ပြင်းချလိုက်ကာ ပြောလိုက်သည်။
" နောင်တမရသင့်မှန်းသိပေမယ့် ဒီအဖြစ်ကြောင့် ငါ့ရင်ထဲမှာ အဆင်မပြေ သလို ဖြစ်နေတယ်။"
"Tang Feng၊ Tang Fengရေ.... ဒီကမ္ဘာကြီးမှာ ပြီးပြည့်စုံတဲ့ အရာတွေ အများကြီးရှိတယ်၊ Lu Tian chen လို ယောက်ျားကြီးတစ်ယောက်က တခြားသူ့ မင်းကို ခွဲဝေချစ်ဖို့ိကို သူက ဆန္ဒရှိနေနိုင်ပါ့မလား။"
ချန်မင်ရွှိ က တကယ့် အကြောင်းရင်းကို သိသွားသလို ခေါင်းယမ်းလိုက်ပေမယ့် တစ်ချိန်တည်းမှာဘဲ သူက Lu Tian chen တကယ်ကို စွန့်လွှတ်လိုက်တာကြောင့် နည်းနည်းတော့ အံ့သြသွားသည်။
"ကောင်းပြီ၊ Lu Tian chenတော့ နူတ်ထွက်သွားပြီ၊ ငါးမန်း နဲ့ဝက်ဝံခြေသည်းတွေ အများကြီးစားထားတဲ့ ချားလ်စ်ကော မင်းဘေးမှာ မရှိဘူးလား။"
Tang Feng ရဲ့ နောက်ကျောကို ပုတ်လိုက်ကာ ချန်မင်ရွှိ က မေးရင်း ဆက်ပြောလိုက်သည်။
"မင်း သိပ်ပြီး မပျော်မရွှင် ဖြစ်နေတာလား။ မင်းတစ်ယောက်ယောက်ကို ဘယ်တော့မှ ထပ်မချစ်တော့ဘူးလို့ ငါ ထင်ခဲ့တာကွ"
ချန်မင်ရွှီ ရဲ့ စကားတွေကို နားထောင်ပြီးနောက် Tang Feng က ရယ်ပြီး ပြောလိုက်သည်။
" ငါလည်း အဲ့လိုထင်ထားပေမယ့် တကယ်တော့ မဟုတ်ဘူးထင်ပါရဲ့။ ငါ ဒီကိစ္စကို ငါ့စိတ်ထဲ အကြာကြီး စွဲလန်းနေမှာတော့ မဟုတ်ဘူး၊ နောက်ဆုံးတော့ အဆင်ပြေသွားမှာပါ"
"အနာဂတ်မှာ Lu Tian chen ဆိုတဲ့ ဘောစိဆီမှာ ဇနီး၊ သားသမီးတွေနဲ့ မိသားစုတစ်ခု ရှိပါလိမ့်မယ်။ ဒါက အမျိုးသားအများစု လျှောက်ရမယ့်လမ်းပဲလေ"
Lu Tian chen က သူ့မိသားစုအကြောင်းကို တစ်ခါမှ မပြောဖူးပေမယ့် ပျမ်းမျှအားဖြင့် လူတစ်ယောက်က သူ့သားကို ယောက်ျာလေးတစ်ယောက်နဲ့ ရောထွေးနေတာကို ဘယ်မိဘကမှ လိုလားမှာ မဟုတ်ဘူး၊ မိဘတိုင်းက Charles ရဲ့ အမေလို စိတ်ထား ပွင့်လင်းမှု မရှိကြဘူးလေ။
Charles ရဲ့ အမေအကြောင်းကို တွေးတောရင်း Tang Feng က နူတ်ခမ်းထောင့်စွန်းတွေ မြင့်တက်မလာပဲ မနေနိုင်တော့ပေ။ လင်ဒါ က တကယ်ကို ချစ်ဖို့ကောင်းတဲ့ မိန်းမ တစ်ယောက်ပဲ။ ဒီလိုမိခင်မျိုးနဲ့ ကြီးပြင်းလာတဲ့ ချားလ်စ်ဟာ ငယ်ငယ်လေး ကတည်းက အပြုံးနဲ့ ကြီးပြင်းလာလောက်သည်။ အသဲနှလုံးကင်းမဲ့ပြီး အေးစက်တဲ့ ဘဝကို ဖြတ်သန်းလာတဲ့ လူတစ်ယောက်အနေနဲ့ ပျော်ရွှင်နွေးထွေးတဲ့ လေထုတွေလို ပျံ့နှံ့နေတဲ့ Charles နဲ့ သာ အတူရှိမယ်ဆိုရင် အမြဲတမ်း စိတ်အေးလက်အေး ပျော်ရွှင်နေနိုင်တယ်ဆိုတာ Tang Feng တိတ်တခိုး ဝန်ခံလိုက်မိသည်။
အခု Lu Tian chen သွားပြီ၊ သူ Charles နဲ့ အတူ ရှိသင့်သလား။ ဖြစ်သင့်တာက ...
"မင်း နေ့လည်မှာ ဘာမှလုပ်စရာမရှိဘူးလား" ထိုစဉ် ချန်မင်ရွှိ က မေးခဲ့သည်။
"အင်း၊ လောလောဆယ် အားနေတယ် "
Tang Feng ခဏလောက်စဉ်းစားပြီး ပြန်ဖြေလိုက်သည်။
"အတိအကျပြောရရင်၊ စီနီယာကျန့် ရဲ့ ပြခန်းက ဒီမွန်းလွဲပိုင်းမှာ ဖွင့်တယ်တဲ့ကွ။ ငါတို့ သွားအားပေးရင်း မင်းလည်း စိတ်ပြေလက်ပျောက် အနားယူနိုင်တယ်လေ။ သွားကြမလား။"
"ဟုတ်ပြီ၊ ငါ့အကြိုက်နဲ့ ကိုက်တာတွေ့ရင် အိမ်မှာ ချိတ်ဆွဲထားဖို့ တစ်ခုလောက် ရွေးလိုက်တာပေါ့။ ဒါပေမယ့် ဈေးကို ငါ မတတ်နိုင်မှာတော့ စိုးရိမ်မိတယ်"
Tang Feng က ပြုံးပြုံးလေးပြောလိုက်သည်။
ကော်ဖီသောက်ပြီးနောက် ချန်မင်ရွှိ သည် Tang Feng ကို မြို့လယ်ရှိ ပြခန်းတစ်ခုသို့ ကားဖြင့် မောင်းနှင်ကာ ခေါ်ခဲ့သည်။ ပြခန်း၏ တည်နေရာသည် မြို့လည်ခေါင်၏ မြောက်ဘက်တွင် တည်ရှိသည်။ ထိုနေရာ၏ လစဉ်ငှားရမ်းခ တစ်ခုတည်းနှင့်ပင် အတော်ကုန်ကျမှာ ဖြစ်သည့်အပြင် ပြခန်းကို အလှဆင်ထားပုံက အတော်လေးကို အသေးစိတ်ကာ အထူးပြုလုပ်ထားကြောင်း မြင်ရုံနှင့် သိသာလှသည်။ ဒီပြခန်းကို ဖွင့်လှစ်ထားသူက အတော်လေးကို အားထုတ်ကာ ငွေကြေးများစွာ သုံးစွဲခဲ့ပုံရသည်။
ချန်မင်ရွှိ နှင့် Tang Feng တို့သည် ထိုနေရာကို မကြာမီရောက်လာပြီး ကားကို ခပ်လှမ်းလှမ်းတွင် ရပ်ကာ ပြခန်းကို လမ်းလျှောက်လာခဲ့ကြစဉ် ပန်းချီကားအကြောင်း ဧည့်သည်တစ်ဦးနှင့် စကားပြောနေသော စီနီယာကျန့် (ကျန့်ရွှယ်ချန်) သည် မကြာမီ သူတို့ကို တွေ့ရှိခဲ့ပြီး သူ့ဘေးနားရှိ ဧည့်သည်များကို တစ်စုံတစ်ခုပြောကာ သူတို့ဆီသို့ ပြန်သွားခဲ့သည်။
"မင်ရွှိ နဲ့ Tang Feng ၊ မင်းတို့ကို ချက်ချင်း မကြိုဆိုမိတာ တောင်းပန်ပါတယ်။"
စီနီယာကျန့် (ကျန့်ရွှယ်ချန်) က တောက်ပစွာပြုံးကာ လူနှစ်ယောက်ကို အမြန်နှုတ်ဆက်လိုက်သည်။
"အိုး ဘုရားရေ....ဒီပြခန်းက ပိုက်ဆံအများကြီးကုန်မှာပဲ"
ချန်မင်ရွှိက နံရံမှာဆွဲထားတဲ့ ပန်းချီကားတွေကို လက်ညှိုးထိုးပြပြီး မေးလိုက်သည်။
"ဒီနေ့ ပန်းချီကားတွေက ဘယ်လောက်ဈေးရှိတယ်ဆိုတာ လာကြည့်ရုံလေးပါဗျာ။ ခင်ဗျားရဲ့ ပန်းချီကားဖိုးကို မတတ်နိုင်ပါဘူး။ !"
"ကောင်းပြီ၊ မင်းလို နာမည်ကျော် အစီစဉ်မှုးတောင် ပိုက်ဆံပြတ်တုန်းပဲလား။ လာ..မြန်မြန်လေး ငါ့ ပန်းချီကားတွေကို လိုက်ကြည့်လိုက်ဦး"
ချန်မင်ရွှီ က ပြုံးပြီး Tang Feng ရဲ့ ပခုံးပေါ်မှာ သူ့လက်ကိုတင်ပြီး ညွှန်ပြပြီး ပြောလိုကသ်ည်။
"ခင်ဗျားရဲ့ ပန်းချီကားကို ဝယ်ဖို့ သူ့ကို ရှာသင့်တယ်၊ သူ့မှာ ပိုက်ဆံအများကြီးရှိတယ်။"
" မင်းနဲ့ ငါက အတူတူူပဲလေကွာ! "
Tang Feng က ချန်မင်ရွှိရဲ့လက်ကို တွန်းဖယ်လိုက်ပြီး ဆက်ပြောလိုက်သည်။
"ငါက ဘယ်လို ဝယ်နိုင်ပါ့မလဲ။ တစ်ချို့ ပန်းချီကားတွေက ပျမ်းမျှ ဆယ်သန်းကျော်လောက်တောင် ရှိတယ်လေ။ ငါ့မှာ ဒီလောက်ဝင်ငွေ ဘယ်ရှိပါ့မလဲ "
"ကောင်းပြီ ဝေ့တောက်မင်ကတော့ ငါတို့လို ငွေပြတ်ပုံတော့ မဟုတ်ဘူး၊ သူက ဘယ်လိုဖြစ်ပြီး ဒီကို ရောက်နေပါလိမ့်"
ချန်မင်ရွှိ ရဲ့ မျက်လုံးတွေက ပန်းချီကားတစ်ချပ်ရှေ့မှာ ရပ်နေတဲ့ လူတစ်ယောက်နဲ့ စကားပြောနေတဲ့ ဝေ့တောက်မင်ကို ကြည့်ကာ ပြောလိုက်သည်။
ဒီနေ့မှာ ဝေ့တောက်မင် သည် သပ်ရပ်စွာ ဝတ်ဆင်ထားပြီး အဖြူရောင်ရှပ်အင်္ကျီ နှင့် အနက်ရောင် ဘောင်းဘီရှည်ကို တွဲဖက်ဝတ်ဆင်ထားပြီး လူကြိုက်များသော ဆွဲဆောင်မှု ရှိတဲ့ သရုပ်ဆောင်တစ်ယောက်ပုံရိပ်ကို ထင်ရှားစွာ ပေါ်လွင်နေစေသည်။ သူ့ပုံကိုသာ ကြည့်ရင် စပွန်ဆာ ရှာတတ်တဲ့ ရုပ်လုံးဝ ပေါက်မနေဘူး။
"အဲဒါ ဘယ်သူလဲ?" ချန်မင်ရွှိ သည် ဝေ့တောက်မင်က သူ့ကိုတွေ့သွားမည်ကို ကြောက်သဖြင့် ဘေးသို့ အသာလေး ပုန်းလိုက်သည်။
စီနီယာကျန့် (ကျန့်ရွှယ်ချန်) က ဖြေပေးလိုက်သည်။
"ဝေ့တောက်မင်ရဲ့ ဘေးမှာ ရပ်နေတဲ့လူလား။ သူက အိမ်ခြံမြေလုပ်ငန်းရှင် တစ်ယောက်ပါ။"
"သြော်.... အဲ့လူ စကားပြောပုံကို မြင်မှ တစ်ခါက အင်တာဗျူးလုပ်ခဲ့ဖူးတဲ့ အိမ်ခြံမြေ လုပ်ငန်းတစ်ခုက အထွေထွေမန်နေဂျာ ဆိုတာ ခုမှ မှတ်မိတော့တယ် "
ချန်မင်ရွှိ က နည်းနည်းပြောလိုက်ပြီး Tang Feng ကို တစ်ချက်ကြည့်လိုက်ကာ ပြောလိုက်သည်။
"အချစ်ဌက်မောင်နှံက တပူးတွဲတွဲနေပေမယ့် အရေးကြောင်း ကြုံလာရင် ပျံသန်းထွက်ပြေးကုန်တော့တာပဲ "
ဝေ့တောက်မင်ရဲ့ နောက်ခံ စပွန်ဆာ နိုင်ငံရေးသမားကြီး က အစိုးရစုံစမ်းစစ်ဆေးရေး ဌာနတွင် စစ်မေးခံနေရသည့်အချိန် ဝေ့တောက်မင်က အခြားသော ပစ်မှတ်တစ်ယောက်ကို ပြောင်းလိုက်ပုံပေါ်သည်။ စိတ်နေစိတ်ထား ညစ်ပတ်တဲ့ လူပီသပါပေတယ်။
အိမ်ခြံမြေလုပ်ငန်းက ရာထူးကြီးလူက အရင် နိုင်ငံရေးသမားလို သြဇာအာဏာ မကြီးပေမယ့် ငွေရှိတယ်လေ။ ဘာပြောပြော အဲ့ငွေနဲ့ သူ့အတွက် ရုပ်ရှင်ဇာတ်ကားကြီး တွေမှာ ငွေထည့်ဝင်ပေးနိုင်တယ်။ အခြားလုပ်ငန်းစုတွေရဲ့ ကြေငြာတွေ ရအောင် မိတ်ဆက်ပေးနိုင်တယ်။ ဘာမှ မရှိတာထက်စာရင် အနည်းဆုံး ငွေလျှံတဲ့ ဘောစိ တစ်ယောက်ကို အမိဖမ်းထားနိုင်တာက ဝေ့တောက်မင်အတွက် ပိုကောင်းပါတယ်။
"အဲ့ဒါက သူတို့ရဲ့ ရွေးချယ်မှုပဲလေ။"
စီနီယာကျန့် (ကျန့်ရွှယ်ချန်) က ပြုံးပြုံးလေးဖြင့် ဆက်ပြောလိုက်သည်။
"ဟုတ်တာပေါ့...ဒါနဲ့ မင်းတို့ ဘယ်လို ပန်းချီကားကို လိုချင်တာလဲ ပြောလေ။ ငါ လိုက်ပြပေးမယ်"
"ဟုတ်ကဲ့" Tang Feng က ဝမ်းသာအားရ တုံ့ပြန်ခဲ့သည်။
စီနီယာကျန့် (ကျန့်ရွှယ်ချန်) သည် ပြခန်းဖွင့်လှစ်ရန် အတွေ့အကြုံရင့်သူ ဖြစ်ထိုက်ပါပေတယ်။ သူသည် ပန်းချီဆွဲသော ပန်းချီဆရာရဲ့ အကြောင်းကို နောကြေသည့်အပြင် ထိုပန်းချီ ဖန်တီးမှုနောက်ခံ အကြောင်းတရား တို့ကိုသာမက ပန်းချီကားတစ်ချပ်စီ၏ အကြောင်းကို အသေးစိတ်နားလည်မှုရှိသည်။ သူ ရှင်းပြတာကို နားထောင်ပြီးလျှင် ထိုပန်းချီဆရာက ဘယ်လို ခံစားချက်၊ ရည်ရွယ်ချက်နဲ့ ပန်းချီကားကို ဆွဲခဲ့တယ်ဆိုတာကို ပိုမိုနားလည်လာစေသည်။
ပန်းချီကားတစ်ချပ်သည် လူတစ်ဦးတစ်ယောက်၏ တည်ရှိမှုကို ကိုယ်စားပြုသည်။
Tang Feng သည် အလွန်ရိုးရှင်းသော ပန်းချီကားတစ်ချပ်ရှေ့တွင် ရပ်လိုက်သည်။ ပန်းချီကားက အလွန်ရိုးရှင်းပါသည်။ ညနေခင်းတစ်ခုမှာ လူတစ်ယောက်ရဲ့ ကျောပြင်နဲ့ ပင်လယ်နဲ့ ကောင်းကင်ကြီးတစ်ခုလုံးပါဝင်သည့် လှပတဲ့ မြင်ကွင်းတစ်ခုကို ရေးဆွဲထားခြင်းဖြစ်သည်။
ကောင်းကင်က တိမ်တွေက ပင်လယ်ထဲမှာ ရောင်ပြန်ဟပ်နေပြီး ပင်လယ်လှိုင်းလုံးတွေက နေဝင်ချိန် ဆည်းဆာအရောင်တို့ စွန်းထင်းနေတဲ့ ညနေခင်း ကောင်းကင်ကို ရောင်ပြန်ဟပ်ပြီး မှန်တစ်ချပ်လို စွဲမက်ဖွယ်ကောင်းလွန်းနေသည်။
"ဒီပုံကို ကြိုက်လား? မင်းကြိုက်ရင် ငါမင်းကို လျှော့ပေးနိုင်ပါတယ်။ "
စီနီယာကျန့် (ကျန့်ရွှယ်ချန်)က ပြုံးကာ ပြောလိုက်သည်။
"ဒီပုံက ကောင်းပါတယ်။ ဒါပေမယ့် စီနီယာကျန်းက လူရင်းလျှော့ဈေးနဲ့ ပေးမှ ရတော့မယ် "
"ပြဿနာမရှိပါဘူး။" စီနီယာကျန့်က ရဲဝံ့စွာ ဖြေလိုက်သည်။
Tang Feng သည် ထိုပန်းချီကားက ကောင်းသည်ဟု ထင်ခဲ့သည်။ သူ့ကိုယ်သူ ပျော်ရွှင်စေရန် ထိုပန်းချီကားတစ်ချပ်ကို ဝယ်ခါနီးတွင် အဝေးက ဝေ့မင်တောက် ပြောလိုက်သံကို ကြားလိုက်ရသည်–
"ဒီပန်းချီကားကို ကျွန်တော် ကြိုက်တယ်၊ စီအီးအိုစုန့်...ခင်ဗျား ကျွန်တော့်ကို ဝယ်ပေးပါလားဟင်"
"ကိစ္စမရှိပါဘူး၊ ရှောင်မင် က အဲဒါကို သဘောကျတယ်ဆိုရင် ကိုယ်က သေချာပေါက် ဝယ်ပေးမှာပေါ့"
စီအီးအိုစုန့်က ဝေ့တောက်မင်ရဲ့ အလှမှာ ယစ်မူးနေခဲ့လို့ ချက်ချင်း သဘောတူခဲ့ပြီး Tang Feng တို့ ပန်းချီကားကို ဝယ်ယူဖို့ စကားပြောဆိုမှုများကို မကြားခဲ့ကြပေ။
ဝေ့တောက်မင် ၏မျက်လုံးများသည် Tang Feng အပေါ်သို့ ကျရောက်သွားသည်။ သူက တိုးတိုးလေး ငြီးတွားရင်း စီနီယာကျန့် (ကျန့်ရွှယ်ချန်) ဘက်လှည့်ပြီး ပြောလိုက်သည်။
"သူဌေးကျန့်... ပြခန်းဖွင့်တာက လုပ်ငန်းတစ်ခုလုပ်တာပဲ။ ကျွန်တော်တို့က ခင်ဗျားဆီက ပန်းချီကားပေါင်းများစွာကို ဝယ်ယူဖို့ ကြိုတင်စာရင်းပေးထားတယ်။ ဒီပုံကိုလည်း ကျွန်တော်တို့ဆီကို ရောင်းလိုက်ပါ။ ခင်ဗျား ဖွင့်တဲ့ဈေးအတိုင်းပေးပါ့မယ်။ ကျွန်တော်တို့က လျှော့ဈေးကို မလိုအပ်ပါဘူး၊ မိတ်ဆွေ ဆိုတဲ့ နာမည်အောက်မှာ အခွင့်ရေးယူတဲ့ လူတချို့လို မလုပ်ပါဘူး "
"မစ္စတာဝေ့.... ဒီပန်းချီကားကို Tang Feng က ပထမဆုံး ဝယ်ဖို့ ပြောထားပါတယ်။ ပြခန်းထဲမှာ တခြား ပန်းချီကားတွေ ရှိတယ်။ခင်ဗျားတို့ နောက်တစ်ခုကို ရွေးနိုင်ပါတယ်။"
"ငါတို့က အရင်ရောက်တဲ့သူပဲလေ။ ပြီးတော့ စီအီးအိုစုန့်လိုလူက ပန်းချီကားလေး တစ်ချပ်ကြောင့် ငါတို့ကို ကပ်တွက်မယ့်လား"
ချန်မင်ရွှိ လည်း ကူညီပေးခဲ့ပြီး ဝေ့တောက်မင်ကို တမင်သက်သက် လှုံ့ဆော်သူအဖြစ် ပေါ်လွင်အောင် ပြောဆိုလိုက်သည်။
စီအီးအိုစုန့်က အောင့်သီးအောင့်သက် ပြုံးပြီး ပြောလိုက်သည်။
"လောင်ကျန့်က စီပွားလုပ်နေတာလေ။ သူ့ကို အခက်မတွေ့ပါစေနဲ့။ ဒါက ရိုးရိုး ပန်းချီကားတစ်ချပ်ပါပဲ။ အဲ့ဒီဘယ်ချီကား ဈေး ဘယ်လောက်ကြီးပါစေ ငါ ဂရုမစိုက်ဘူး။ ၊ ဈေးနှုန်းမြင့်တာက အရေးမကြီးဘူး "
"ဒါ..." စီနီယာကျန့် (ကျန့်ရွှယ်ချန်) က အနည်းငယ် ရှက်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။
"ဝိုး၊ ဒါက တကယ်ကောင်းတဲ့ အကြံတစ်ခုလို့ ကျူပ် ထင်တယ်၊ ကျူပ်လည်း ဒီပုံကို အရမ်းကြိုက်တယ်၊ ကံမကောင်းစွာပဲ၊ ချစ်ဖို့ကောင်းတဲ့ အမျိုးသားတစ်ယောက်က အဲဒါကို အရင်ကတည်းက သဘောကျသွားပြီပြီ"
တရုတ်ဘာသာစကားကို နိုင်ငံခြား လေယူလေသိမ်း နှင့် ပြေပြစ်စွာ ပြောလိုက်သည့် အရပ်ရှည်ရှည် နှင့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်က နူတ်ခမ်းထောင့်တွင် လှောင်ပြောင်သော အပြုံးများဖြင့် သူတို့ဆီသို့ ရောက်ရှိလာခဲ့သည်။ ထိုလူက The godfather ရုပ်ရှင်ထဲက လူဆိုးဂိုဏ်းခေါင်းဆောင်ကဲ့သို့ သက်တော်စောင့်နှစ်ယောက်လည်း ခြံရံထားသည်။
ချားလ်လား? Tang Feng သည် ချားလ်ကို မြင်လိုက်စဉ် မသိလိုက်ပါပဲ သူ့မျက်လုံးများတွင် အပြုံးတစ်ခုဖြင့် ထိုလူကို ကြည့်လိုက်သည်။ ဒီကောင် ဘယ်တုန်းကပေါ်လာတာလဲ။
ချားလ် က Tang Feng ကို တိုက်ရိုက်မနှုတ်ဆက်ဘဲ လမ်းလျှောက်လာပြီး ပြခန်းပိုင်ရှင်ကို မေးလိုက်သည်။
"ကျန့်လောင်ပန်.... ဒီပန်းချီကားက ဘယ်လောက်လဲ?"
"ဈေးက ယွမ် ၁၀၀၀၀၀ ပါ။"
စီနီယာကျန့် (ကျန့်ရွှယ်ချန်) က အမှန်အတိုင်းဖြေသည်။
"တကယ်ဈေးပေါတယ်။"
Charles သည် စီအီးအိုစုန့်ရဲက ဒေါသကြီးသော အကြည့်ကို တန်ပြန် ကြည့်လိုက်သည်။
"ဒီသူဌေးက ဘယ်လောက်ဈေးတိုးပေးနိုင်မလဲ ဆိုတာ ကျူပ်လည်း မသိဘူး"
********-**********
YOU ARE READING
(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)
言情(True Star _ Volume -3) Volume _ 1 https://my.w.tt/0VLPMBzaM0 Volume _2 https://my.w.tt/FiO6qMLaM0 https://www.rabbit-converter.org/Rabbit/ Because of my friend Shiroyuki, now i am ok to up my fiction with both myanmar font. Thanks Shiro.