volume _4_ Chapter (27) - ရုံးခန်းထဲ ခိုးဝင်ခြင်း

809 127 5
                                    

True Star – volume _4_ Chapter (27) - ရုံးခန်းထဲ ခိုးဝင်ခြင်း

ပေါင်မုန့်ကို စားရင်း Tang Feng က နို့တခွက်သောက်ပြီး ယနေ့ထုတ်သတင်းစာကိုကြည့်ရင်း မျက်နှာချင်းဆိုင်မှ လူကို မေးလိုက်သည်–

"နတ်ဆိုးလေး ဘယ်သွားနေတာလဲ၊ ကျွန်တော် သူ့ကို ကျန်းရှီးက ပြန်လာကတည်းက မတွေ့သေးဘူး"

"သူ့အကြောင်း ဘာလို့ရုတ်တရက်မေးတာလဲ"

ထျန်းဖုန်းက လုထျန်းချန် မော့ကြည့်ကာ မေးလိုက်ပြီး သတင်းစာကို ပြန်ကြည့်ဟန်ပြင်လိုက်စဉ် ထိုလူငယ်လေး၏ နူတ်ခမ်းထောင့်တွင် ပေါင်မုန့်အစအန ကပ်နေသဖြင့် လုထျန်းချန်က လက်လှမ်းကာ ဖယ်ပေးရန် ပြင်လိုက်သည်။

"ပေါ့ပ်!"

လုထျန်းချန် ၏ လက်က ထျန်းဖုန်း၏ နူတ်ခမ်းနားကို မရောက်ချင် ကြားက လက်တစ်ဖက်က ဝင်နှောက်ယှက်ကာ လုထျန်းချန်၏လက်ကို ပုတ်ထုတ်ပစ်လိုက်သည်။

လုထျန်းချန် နှင့် Tang Feng အကြားတွင်ထိုင်နေသော Charles သည် လုထျန်းချန်ကို အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။ သူ့ပုံစံက ပိုင်နက်ကျူးကျော်ခံရသည့် ဝက်ဝံကြီးပမာ မာန်ဖီနေသည်။

"ငါဒီမှာထိုင်နေတုန်းပဲ၊ ငါ့ပေါင်ပေ့ပေါ် မင်း လက်တင်ဖို့ တစ်ချက်လေးတောင် မလှုပ်မိအောင် သတိထားပါ။"

"အရင်က နတ်ဆိုးလေးက ကျွန်တော့်ရှေ့မှာ အမြဲပေါ်လာပြီး စိတ်အနှောက်ယှက်ဖြစ်စရာ ကောင်းပေမယ့် အခုတော့ ရုတ်တရက် ပျောက်သွားတယ်။ သူမရှိတော့ အိမ်ကို ကိုယ့်ဖာသာ သန့်ရှင်းရေးလုပ်ရတာ တော်တော့်ကို သဘောမကျစရာပဲ။"

Tang Feng သည် တွေ့သည်နှင့် အမြဲကိုက်နေသည့် လူနှစ်ယောက်၏ လုပ်ရပ်က သူ့အတွက် မဆန်းတော့ပေ။ ဒါကြောင့် သူက မေးစရာရှိတာ မေးပြီး သူတို့နှစ်ယောက်ကို လျစ်လျူရှုကာ သတင်းစာပြန်ပြီး ငုံ့ဖတ်နေသည်။

ဒီလူနှစ်ယောက်က သူတို နှစ်သက်သလို တိုက်ခိုက်ချင်လည်း တိုက်ခိုက်ပါစေ...

"မင်း သူ့ကို လွမ်းနေတာလား ဒါမှမဟုတ် သန့်ရှင်းရေးလုပ်ပေးဖို့ မင်း လူမခေါ်ချင်ဘူးလား။ ကိုယ် မင်းအတွက် သန့်ရှင်းလေး လုပ်တဲ့နေရာ ကူညီပေးပါရစေ"

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now