(Unicode) True Star _ Vol.3 _ Chapter (39) - မိမိကိုယ်ကိုယ် မိတ်ဆက်ခြင်း

2.3K 371 2
                                    

True Star _ Vol.3 _ Chapter (39) - မိမိကိုယ်ကိုယ် မိတ်ဆက်ခြင်း


" ကိုယ့်ကိုယ်ကို မိတ်ဆက်မယ် ဟုတ်လား "

Lu Tian chen သည် Tang Feng ကို သိလိုစိတ်နှင့် သံသယများဖြင့်ကြည့်လိုက်သည်။

"မင်းက ဒါရိုက်တာကို မင်းကိုယ်တိုင် သွားတွေ့မယ်လို့ ဆိုလိုတာလား"

အာလူးတွေကို ဇွန်းနှင့် အပြည့် ခပ်စားပြီး နောက် Tang Feng က ပြန်ပြောလိုက်သည်။

" ဒါက ဘာဖြစ်လို့လဲ၊ ဒါရိုက်တာ ကိုယ်တိုင်ကိုသွားတွေ့တာ မရဘူးလား"

မင်းက သရုပ်ဆောင် ထူးချွန်ဆု ရထားတဲ့ ကြယ်တစ်ပွင့်ပဲလေ။

ထိုလူ၏ပါးစပ်ထောင့်တွင်အာလူး အနည်းငယ် ပေနေတာကို တွေ့သောအခါ Lu Tian chen သည်ရှေ့ကို ကိုင်းလိုက်ပြီး Tang Feng နူတ်ခမ်းထောင့်ကို လက်ညှိုးဖြင့်သုတ်ပေးလိုက်သည်။ ဒါပေမယ့် သူက စက္ကူပဝါနဲ့လက်ကို သုတ်ရမယ့် အစား သူ့လက်ညှိုးကို ပါးစပ်ထဲထည့်ပြီး စားလိုက်တယ်။

"အရသာကောင်းတယ်။"

ဒီ ဝေဝါးနေတဲ့ဒီအပြုအမူဟာ Tang Feng ကို အနည်းငယ်ပြုံးသွားစေတယ်။ သူက သူ့ရဲ့ အာလူးပြားကို ညွှန်ပြလိုက်သည်။

"ဟင့်အင်း၊ မင်း စားတာ လုံလောက်ပြီ။

ထို့နောက် သူသည် ဇွန်းကိုကောက် ယူ၍ Tang Feng ၏ပ န်းကန်ထဲမှ အာလူးကြော်တစ်ဇွန်းကို ခပ်စားခဲ့သည်။

"အိုး...ကျွန်တော်က ဘယ်လိုလုပ် အနုပညာကြယ်ပွင့်ကြီးတစ်ခု ဖြစ်ရတာလဲ။ အခုမှ ကျွန်တော်က အနုပညာလောကထဲ ခြေချကာစ မဟုတ်လား။ အနုပညာလောကထဲမှာ အော်စကာဆုရ ရုပ်ရှင်မင်းသား၊မင်းသမီးတွေလည်း အများကြီးရှိပါတယ်။ ကျွန်တော်က အခုမှ ဆုရကာစ သရုပ်ဆောင်လေးတစ်ယောက်ပါ။ "

တကယ်လို့ ကိုယ်က ရုပ်ရှင်ဧကရာဇ်ကြီးလို မာန်ထောင်နေရင် အနာဂါတ်က ဘယ်လိုလုပ် အောင်မြင်နိုင်မှာလဲ။

Lu Tian chen က သူ၏ခေါင်းကိုညင်ညင်သာသာ ယမ်းလိုက်သည်။

Tang Feng ဆိုလိုချင်တာက သူက အော်စကာဆုရ မင်းသား၊မင်းသမီးမဟုတ်သေးသလို၊ ဂရမ်မီဆုရ အဆိုတော် မိုက်ကယ်ဂျက်ဆင်၊ မက်ဒေါနားတို့လိုမှ မဟုတ်ပဲ။ အဲ့ဒီ အနုပညာရှင်တွေဆိုရင် ဒါရိုက်တာတွေက သူတို့ အိမ်ကို ဇာတ်ညွှန်းယူပြီး ကိုယ်တိုင်လာမှာဖြစ်ကြတယ်။ ဒါပေမယ့် သူ့လို ဗင်းနစ်ရုပ်ရှင်ပွဲတော်က ဆုရကာစ သရုပ်လေးဆီကို ဘယ် ဒါရိုက်တာမှ လာမှာ မဟုတ်ပေ။ ဒါကြောင့် ကိုယ်က ဒါရိုက်တာတွေဆီ သွားတွေ့ရမည်ဖြစ်သည်။

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now