Volume III- Chapter (36)- ပိတ္ဆို႔ျခင္း - 2

2.6K 456 4
                                    

Volume III- Chapter (36)-  ပိတ္ဆို႔ျခင္း - 2



အလားအလာရွိေသာ ဗင္းနစ္ရုပ္ရွင္ပြဲေတာ္မွ သရုပ္ေဆာင္ထူးခြ်န္ဆုကိုရခဲ့သည့္ ႐ုပ္ရွင္ဧကရာဇ္၏ အိမ္ အျပန္ခရီးသည္ ေလဆိပ္၌ဓာတ္ပုံ႐ိုက္ရန္ေစာင့္ဆိုင္းေနသည့ ္သတင္းေထာက္အနည္းငယ္သာ ရွိခဲ့သည္။ ကုမၸဏီသို႔ျပန္လာသည့္ လမ္းေပၚတြင္  ကားထဲတြင္ထုိင္ရင္း Tang Feng က သူ႕ လက္ေထာက္ေလယာဥ္ေပၚမွ ဆင္းလာခ်ိန္၌ ဝယ္ယူခဲ့ေသာမဂၢဇင္းမ်ားႏွင့္ သတင္းစာမ်ားကို ဖတ္ေနခဲ့သည္။

"Tang Feng" ႏွင့္ပတ္သက္သည့္ သတင္းေဖာ္ျပခ်က္ အနည္းငယ္သာရွိျပီး ဗင္းနစ္ရုပ္ရွင္ပြဲေတာ္တြင္ ဆုိရရွိတာနဲ႕ ပတ္သတ္ျပီး ဒါရိုက္တာ လီေဝ့နွင့္ Gino အေႀကာင္း၊ "Satan's Alley" ဇာတ္ကားအေႀကာင္း ေဖာ္ျပခ်က္ အနည္းငယ္ပါျပီး ဆုနွစ္ဆု ရရွိခဲ့သည့္ သူ႕အေႀကာင္း လံုးဝ မပါခဲ့ေပ။

 သူနဲ႕ပတ္သတ္သည့္ သတင္းကို ပိတ္ဆို႕ထားျခင္းသည္ထင္ရွားလြန္းသျဖင့္ တစ္ေယာက္ေယာက္က သူ႔ကိုတမင္တကာဖိႏွိပ္ေနတာျဖစ္ေႀကာင္း Tang Feng  အလြယ္တကူ သိျမင္ႏိုင္သည္။

"ဒါဟာ သက္ဆိုင္ရာဌာနက လုပ္တာလား?"

ဒီလိုျဖစ္ေနမွာကို Tang Feng ကနည္းနည္းေၾကာက္ေနတယ္။ အစိုးရပိုင္းက ပိတ္ထားတာဆိုရင္ လာမည့္နွစ္အတြင္းမွာ သူ႕သရုပ္ေဆာင္လမ္းေႀကာင္းတိုးတက္ေအာင္ လုပ္နုိ္္င္မည္ မဟုတ္ေပ။
 
သူ႔ေဘးတြင္ထိုင္ေနေသာ Lu Tianchen က ဦး ကို ခါလိုက္သည္။

 "မဟုတ္ဘူး။ တကယ္ေတာ့  "Satan's Alley" ဇာတ္ကားႀကီးရဲ႕ နာမည္ႀကီးမႈနဲ႕ လိင္တူခ်င္း အတူေနတဲ့ရိုက္ကြက္တခ်ိဳ႕ေတြေႀကာင့္ ဒီနုိင္ငံမွာ ျပသခြင့္ကို တားျမစ္ထားတာျဖစ္တယ္။ ဒါေႀကာင့္ မင္း ဆုရတဲ့သတင္းကိုေတာင္ စာေစာင္ေတြမွာ ေဖာ္ျပခြင့္ေတာင္ မရခဲ့ဘူး။ ျပီးေတာ့ မင္းရခဲ့တဲ့ ဆုေတြက ဒီတရုတ္ျပည္ထဲမွာ တခ်ိဳ႕ အနုပညာရွင္ေတြရဲ႕ တက္လမ္းကို ပိတ္ထားသလို ျဖစ္ေနတယ္"

"ဒါက သိပ္ကိုထူးဆန္းတယ္။ မယုံႏိုင္စရာပဲ"

သူက သတင္းစာကိုၾကည့္ရင္းရယ္ကာ ဆက္ေျပာလိုက္သည္။

" ကြ်န္ေတာ္က အျခားလူေတြရဲ႕တက္လမး္ကို ပိတ္ေနတယ္ ဟုတ္လား ?"

အမူယာ အနည္းငယ္ေမွးမွိန္လ်က္ Tang Feng သည္ စိတ္ရႈပ္ေထြးၿပီး ေမးလိုက္သည္။
 
 "ဒါက ဘာကိုဆိုလိုသလဲဆိုတာ ကြ်န္ေတာ္ လံုးဝ နားမလည္ေတာ့ဘူး။ ကြ်န္ေတာ္ ဘယ္သူ႕ကိုမွ အမွားမလုပ္ခဲ့မိဘူးေလ။ ေႀသာ ဆုခ်ီးခ်န္နဲ႕ ေကာခ်န္ကို အမွားလုပ္ခဲ့မိလို႕လား...  "

Tang Feng သူႏွင့္အတူ တို္က္ခိုက္ခဲ့ဖူးသူမ်ားကို ျပန္စဥ္းစားက ေမးလိုက္သည္။

" သူတို႔ မဟုတ္ဘူး။ သူတို႔မွာ ခုလို လုပ္နုိင္တဲ့ စြမ္းရည္လည္းမရွိဘူး။ သတၱိလည္း မရွိဘူး။

Lu Tianchen သည္ Tang Feng ၏ ေျပာစကားကို ခ်က္ခ်င္းျငင္းခဲ့သည္

"ဒါဆို အဲ့ဒီလိုလုပ္တာ ဘယ္သူလဲသိလား"

 တစ္ေယာက္ေယာက္က သူ႔ကိုတမင္တကာဖိႏွိပ္တာေၾကာင့္ အနည္းဆုံး သူ႔ၿပိဳင္ဘက္က ဘယ္သူလဲဆိုတာ သူ သိခ်င္ေနသည္။  အေၾကာင္းျပခ်က္ မရွိပဲ မည္သူမွ်ဖိႏွိပ္ျခင္းကိုမွ သူ မခံယူခ်င္ေပ။ ျပီးေတာ့ သူက လြယ္လြယ္နဲ႕အနိုင္က်င့္လို႕ရမည့္လူမ်ိဳးမဟုတ္ေပ။

"အခုေတာ့ျပည္တြင္း ႐ုပ္ရွင္လုပ္ငန္းရဲ႕ အေျခအေနက အရမ္းကိုႏူးညံ့သိမ္ေမြ႕ေနတယ္။ ေဟာင္ေကာင္၊ ထိုင္ဝမ္နဲ႔ျပည္မတို႔က သ႐ုပ္ေဆာင္ေတြဟာ တစ္ ဦး နဲ႔တစ္ ဦး ယွဥ္ၿပိဳင္ၾကေပမယ့္ ဒီၿပိဳင္ပြဲေတြဟာ အေျခခံအားျဖင့္ ျပည္တြင္း႐ုပ္ရွင္ကားေတြရဲ႕ အေျခအေနကို မထိခိုက္ေစသလို  ျပည္မေဈးကြက္ကို မလႈပ္ခါနို္င္ခဲ့ဘူး။ မင္းကေတာ့ ပထမဆံုး ျပည္တြင္းရုပ္ရွင္ေစ်းကြက္ကို ကိုင္လႈပ္နုိင္တဲ့ တကယ့္ အႀကမ္းစား  လူသစ္သ႐ုပ္ေဆာင္မင္းသားပဲ "

Lu Tian chen က ဆက္ေျပာလိုက္သည္။

" Tang Feng, မင္းက မင္းတို႔လိုႏိုင္ငံတကာ ရုပ္ရွင္ သရုပ္ေဆာင္ လမ္းေၾကာင္းအတိုင္းလိုက္ေနတဲ့လူေတြရဲ႕ အာ႐ုံကို တကယ့္ကို ဆြဲေဆာင္ထားနုိင္တာပဲ။ ေကာခ်န္က ျပည္မႀကီးေဈးကြက္မွာယွဥ္ၿပိဳင္နုိင္ေပမယ့္ မင္းလို႕ နုိင္ငံတကာ အဆင့္အထိ ကို မသြားနုိင္တဲ့အတြက္ သူ မျဖစ္နုိင္ဘူး။ "

 "နုိင္ငံတကာ သရုပ္ေဆာင္လမ္းေႀကာင္းအထိကုိ သြားနုိင္တဲ့လူက ဘယ္သူလဲ... "

ထူးခြ်န္လြန္းတာကလည္း အျပစ္တစ္ခု မဟုတ္လို႕ Tang Feng မေႀကာက္ေပ။

" အိမ္ကို အရင္ျပန္ႀကတာပါ။ ျပီးမွ ျဖည္းျဖည္းေျပာႀကမယ္။"
Lu Tian chen ကေသာ့တစ္ေခ်ာင္ ထုတ္ေပးလိုက္သည္။ Tang Feng သည္ မိမိကိုယ္ပိုင္ဘ ၀ ကိုေနထိုင္လိုေၾကာင္း ယခင္ကေျပာၾကားခဲ့ေသာေၾကာင့္ ဤတစ္ႀကိမ္တြင္ Lu Tian chen သည္ကုမၸဏီအနီးတြင္ ဥယ်ာဥ္တစ္ခုပါေသာ အထပ္ျမင့္အေဆာက္အအုံပါသည့္ ျခံတစ္ခုကို  စီစဥ္ေပးခဲ့သည္။ ၾကမ္းျပင္က်ယ္က်ယ္နွင့္ ရႈမျငီးေအာင္ ျပန္လည္ျပဳျပင္ထားၿပီးျဖစ္သည့္ အဆင့္ျမင့္အိမ္တစ္လံုးျဖစ္သည္။ Tang Feng က သူ၏ခရီးေဆာင္အိတ္ကို သယ္ေဆာင္ကာ အိမ္ထဲကို ဝင္လိုက္သည္။

ညမွာ လာမွလုပ္စရာမရွိေပမယ့္ သူက  Lu Tian chen ကို လာခြင့္မျပဳေပ။ သူ႕ကိုယ္ပိုင္အခ်ိန္ေလးနဲ႕ လြတ္လပ္စြာေနခ်င္ေသးသည္။ ပင္ပန္းေနေသာ  Tang Feng က ခရီးေဆာင္အိတ္ကို ခ်ကာ ေရခ်ိဳးရန္ျပင္လိုက္သည္။ ျပီးေတာ့ ေရခ်ဳိးကန္ထဲ စိမ္ကာ အေမာေျဖျပီးမွ ေရခ်ိဳးခန္းဝတ္ရံုျဖင့္ ဧည့္ခန္းက ဆိုဖာမွာ ဝင္ထို္္င္ကာ Taplet  တက္ဘလက္ကိုဖြင့ ္၍ ေရွာင္ယုဆီက သူ႕ကို ျပည္တြင္းမွာ ပိတ္ဆို႕ထားတာနဲ႕ပတ္သတ္တဲ့သတင္းကို အီးေမးလ္ ပို႕ထားတာ ေတြ႕လိုက္ရသည္။

ဘယ္သူေတြျဖစ္နုိင္တယ္ဆုိတာကို သူမ ေဖာ္ထုတ္နိုင္ခဲ့တာ ျဖစ္မည္။

ျဖစ္နုိင္ေခ်ရွိသူက ၄ ေယာက္သာရွိသည္။ သူုတို႕ထဲက တစ္ေယာက္က Tang Feng ထက္ ႏွစ္ႏွစ္ သို႕မဟုတ္သုံးႏွစ္ ႀကီးျပီး ထိုလူက နုိင္ငံတကာ ဇာတ္ကားေတြထဲမွာ ပါဝင္သရုပ္ေဆာင္ေနခဲ့တာ ေျခာက္ႏွစ္၊ ခုနစ္ႏွစ္ ရွိကာ နာမည္ အသင့္အတင္းေက်ာ္ၾကားၿပီးၿပီ၊ သူ၏ပထမဆုံး ဇာတ္လမ္းျဖင့္ ႏိုင္ငံတကာက ေပးသည့္ ဆုရရွိခဲ့သည္။ သရုပ္ေဆာင္နယ္ပယ္တြင္စြမ္းေဆာင္ရည္ႏွင့္သက္ဆိုင္သည့္ ဆုမ်ားမရရွိခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ ေဟာလိဝုဒ္သို႔ဝင္ေရာက္နိုင္ခဲ့သည္။

Tang Fengပင္လွ်င္ ေဟာလိဝုဒ္႐ုပ္ရွင္မ်ားတြင္ရံဖန္ရံခါ ဧည့္သည္ သရုပ္ေဆာင္အျဖစ္  ငါးႏွစ္၊ ေျခာက္ႏွစ္ခန္႕ သရုပ္ေဆာင္ျပီးမွ ဝင္ေရာက္နုိင္ခဲ့တာျဖစ္သည္။ အေနာက္တိုင္းရုပ္ရွင္ေလာကထဲတြင္ အမ်ိဳးသားသရုပ္ေဆာင္ေတြက အမ်ိဳးသမီးေတြထက္ ဝင္ေရာက္ရတာ ခက္ခဲ့သည္။

  အေမရိကန္အမ်ိဳးသား ႐ုပ္ရွင္ သရုပ္ေဆာင္ နံပါတ္ ၁ ကိုအေျခခံအားျဖင့္ သူတို႔ အေနာက္တိုင္းသားေတြသာ လက္ထဲမွာ ကိုင္ထားႀကသည္။ အျခားႏိုင္ငံမ်ားမွ ေဟာ္လီးဝုဒ္ကို လႊမ္းမိုးထားေသာ အမ်ိဳးသားသရုပ္ေဆာင္မ်ားမွာ ျဗိတိန္နွင့္ ႀသစေတးလ်မွ လူျဖဴမ်ားျဖစ္ႀကသည္။

ဒီေတာ့ဒီနယ္ပယ္တြင္ တရုတ္ျပည္တြင္းမွ ေဟာလိဝုဒ္ကို ေရာက္ေအာင္ သြားရမယ့္ ခရီးက ဘယ္ေလာက္ခက္ခဲမည္ကို စိတ္ကူးၾကည့္လို႔ရနိုင္သည္။ ဘယ္ေတာ့မွ ရိုးရွင္းေသာ လမ္းေႀကာင္းျဖင့္ ေအာင္ျမင္ေအာင္ လုပ္ဖို႕ မလြယ္ကူလွေပ။

သို႔ေသာ္ ထိုသူသည္အ လြန္ထက္ျမက္သူျဖစ္ၿပီး သူသည္ ႏိုင္ငံတကာေဈးကြက္သို ႔ တက္တက္ႂကြႂကြ ပါဝင္နုိင္ခဲ့ျပီး ျပည္တြင္း သရုပ္ေဆာင္ရမည့္ သူ႕ အေနအထားကိုအခိုင္အမာကိုင္ထားရန္မေမ့ခဲ့ေပ။ အေျခခံအားျဖင့္ေတာ့ ထိုလူက နွစ္စဥ္ႏွစ္တိုင္း Blockbuster တန္းဝင္သည့္ အျမတ္လည္းရ၊ လူႀကိဳက္လည္းမ်ားသည့္ ဇာတ္ကားႀကိီးကို ရိုက္ကူးခဲ့ျပီး နုိင္ငံတကာသို႕ပင္ ထိုဇာတ္ကားကို ျဖန္႕နိုင္ခဲ့သည္။

 ေရွာင္ယုက သူ႕နာမည္ကို မေဖာ္ျပရင္ေတာင္ သူက ျဖစ္နုိင္ေခ်ရွိသည့္ ေလးေယာက္ထဲမွာ ေခါင္းေဆာင္ေနရာကရွိသည္ကို   Tang Feng သိလိုက္ျပီး သူ ဘယ္သူလဲဆုိတာ ေကာင္းေကာင္းသိ လိုက္သည္။ Tang Feng က အင္တာနက္ကို ဖြင့္ျပီး ျပည္တြင္းမွာ နာမည္အႀကီးဆံုး လူငယ္သရုပ္ေဆာင္ ဆိုျပီး စာရို္က္လိုက္သည္နွင့္ နာမည္နွင့္ သူ႕အေႀကာင္း အကုန္ က်လာသည္။
 

"ေဝ့ေတာက္မင္ လား?"
Tang Feng သည္ ထိုအမည္ကို ဖတ္ျပီး သူ႕အေႀကာင္းကို သိခ်င္သျဖင့္ ထိုလူနွင့္ဆိုင္သည့္ သတင္းအားလံုးကို ဖြင့္ဖတ္လိုက္သည္။

ေကာလာဟလေတြ၊ အရႈပ္အေထြးေတြ မရွိေတာ့ေပ။ သူက ပရဟိတလုပ္သည့္ သတင္း၊ လွဴဒါန္းသည့္ သတင္းမ်ိဳး၊ ဒါမွမဟုတ္ Box Office - ရံုတင္ဝင္ေငြ လက္မွတ္ ေရာင္းအားေကာင္းျပီး ႏိုင္ငံတကာဒါ႐ိုက္တာေတြရဲ႕မ်က္ႏွာသာေပးမႈကို ခံရသည့္ သတင္းမ်ိဳးကိုသာ ေတြ႕ရသည္။

ဤပုဂၢိဳလ္နဲ႕ပတ္သတ္ျပီး ပရိတ္သတ္ေပးသည့္ မွတ္ခ်က္အခ်ိဳ႕ကိုဖြင့္လွစ္ႀကည့္လိုက္ေတာ့ ဒီ ေဝ့ေတာက္မင္က   လက္ေတြ႕က်ကာ ပရိသတ္ေတြေရွ႕တြင္ သူ႕ဂုဏ္သတင္းကို အရမ္း ဂ႐ုစိုက္တတ္သူျဖစ္ေႀကာင္း သိလိုက္သည္။

နာမည္ေကာင္းကို တည္ေဆာက္ထားျပီး လူေတြေရွ႕ အရမ္းဂရုစိုက္တတ္သူမ်ိဳးသာ တစ္ေယာက္ေယာက္ကို လွ်ိဳ႕ဝွက္စြာ တိုက္ခုိက္တတ္သည္မဟုတ္လား။   Tang Feng ၏ေမးခြန္းကိုေနာက္တစ္ေန႔တြင္ သူ႕ဆိီကို လာလည္ေသည့္ လူတစ္ ဦးက ေျဖႀကားေပးလိုက္သည္။

သူ၏အိမ္သစ္ကို ေျပာင္းလာျပီးေနာက္ဒုတိယေန႔တြင္ Tang Feng က သူ၏ပထမဆုံး ဧည့္သည္ကိုႀကိဳဆိုခဲ့သည္။

Lu Tian chen သည္ သူ႕အတြက္ ေနရာ စီစဥ္ေပးခဲ့ျပီးျဖစ္လို႕ သူ႕ကို လာေနွာက္ယွက္မည္ မဟုတ္ေပ ။ခ်ားလ္လည္း မဟုတ္၊ အယ္လ္ဘတ္လည္း မဟုတ္ေပ။ တခ်ိန္က သူ႕ကို တိုက္ခိုက္ခဲ့သည့္ ေကာခ်န္ - Ge Chen ျဖစ္ေနသည္။

" ဘာလို ႔ငါ့ကို မႀကိဳဆိုတာလဲ"

တံခါးဝ၌ရပ္ေနေသာ Ge Chen သည္လက္ေဆာင္တစ္ခုသယ္ေဆာင္ကာ အလည္လာခဲ့သည္။

" မင္း ဒီမွာ ဘာလာ လုပ္ေနတာလဲ"

  Tang Feng က ထိုလူငယ္ကို ၀ င္ခြင့္ေပးၿပီး တံခါးကို သူကိုယ္တိုင္ပိတ္လိုက္သည္။

အိတ္ျဖင့္ ထုပ္ပိုးထားေသာလက္ေဆာင္ကို စားပြဲေပၚတင္လိုက္သည္။ Ge Chen သည္သူ၏ေျခေထာက္မ်ားကို ခ်ိတ္ကာ ဆိုဖာေပၚမွာ ေက်ာ့ေမာ့စြာ ထိုင္ကာ  Tang Feng ကိုအၿပဳံးျဖင့္ၾကည့္ေနပုံက  ေကာင္းကင္ႀကီးကို ဒူးနွင့္တိုက္ေလာက္သည့္ မာနေထာင္လႊားေသာေျမေခြးတစ္ေကာင္ႏွင့္တူေနသည္။ အရင္က သူ ဟန္ေဆာင္ခဲ့သည့္ နတ္သားေလးလို ျဖဴစင္ရိုးသားသည့္ မ်က္နွာဖံုးကို လံုးဝ ခြာခ်ထားခဲ့သည္။

"ငါလုပ္ခဲ့တဲ့ လုပ္ရပ္ေတြအတြက္ေတာင္းပန္ဖို႔ ဒီကို ေရာက္လာတာပဲ "

ဒါေပမယ့္ သူ႕ပံုစံက ေတာင္းပန္တာနွင့္လံုးဝ မတူေပ။ ေမးေစ့ကို ပင့္မက မာနႀကီးသည့္ပံုေပါက္ေနသည္။

ထို႔ေၾကာင့္ Tang Feng ကမဆိုင္းမတြေျပာဆိုခဲ့သည္။
"မင္း ေတာင္းပန္တာကို ငါ လက္မခံဘူး"

""ဘာ? မင္းက ေတာင္းပန္တာကို လက္မခံဘူး ဟုတ္လား။ ဘာေႀကာင့္လဲ ေျပာစမး္ပါ."

အခ်ိန္ၾကာျမင့္စြာတုန႔္ျပန္မႈမရွိပဲ Ge Chen ထိုင္ေနရင္းမွ အံ့အားသင့္စြာေမးလိုက္သည္။

 "အေျဖကေတာ့ ရွင္းပါတယ္။ ငါ လက္ခံခ်င္စိတ္မရွိလို႕ေပါ့"


"ငါ ... မင္းကို စိတ္ရင္းနဲ႕ေတာင္းပန္တာကို ဘာလို႔ လက္မခံတာလဲ !! "

Ge Chen ကစိတ္မေကာင္းျဖစ္ခဲ့ရသလို စိတ္မရွည္စြာေမးလိုက္သည္။

Tang Feng သည္ျဖည္းျဖည္းခ်င္းထို္င္ကာ ေအးေအးေဆးေဆးေျပာလိုက္သည္။

" ငါ လက္မခံတာက မင္းကိုစကားမေျပာခ်င္လို႕ပဲ။"
"မင္း ......... "

ေကာခ်န္က နူတ္ခမ္းကို ကိုက္ကာ ျငိမ္ေနျပီးမွ ေျပာလိုက္သည္။ ေကာခ်န္လို ေျမေခြးေလးက သူ႕ကို ေတာင္းပန္ဖုိ႕ လာတယ္ဆုိကတည္းက ထူးဆန္းေနျပီျဖစ္သည္။ ျပီးေတာ့ သူ႕ အမူအယာေႀကာင့္   Tang Feng  နည္းနည္းစပ္စုခ်င္စိတ္ေပၚလာသည္။

 "Tang Feng, မင္းက ငါ ေတာင္းပန္တာကို လက္မခံလည္း ရတယ္။ ငါကလည္း မင္းနဲ႕ စကားမေျပာခ်င္သလို မင္းနဲ႕ သူငယ္ခ်င္းလည္း မျဖစ္ခ်င္ပါဘူး။ ဒါေပမယ့္ ငါ ေဝ့ေတာက္မင္ ဆိုတဲ့ လူတစ္ေယာက္အေႀကာင္း ေျပာျပခ်င္လို႕ ေရာက္လာတာပဲ...."


 Tang Feng ကိုၾကည့္ရင္း Ge Chen ကဆက္ေျပာသည္။

 " ဒါေပမယ့ ္သူက လူေကာင္းတစ္ေယာက္မ ဟုတ္ဘူး၊ သူကေသေလာက္ေအာင္ဉာဏ္နီ ဥာဏ္နက္မ်ားတယ္။ အႀကံႀကီးတယ္၊ သူ မင္းကို လူႀကိဳက္မ်ားသလို အျမတ္လည္းရေစမယ့္ ဇာတ္ကား ရိုက္ေစခ်င္တယ္လို႕ ငါ့ကို ေျပာခဲ့တယ္။ အဲ့ဇာတ္ကားက ထင္သေလာက္ ရံုတင္ဝင္ေငြ မရဘူးဆုိရင္ မင္းနာမည္ကို ထိခိုက္နိုင္တယ္ေလ။ "

"မင္းတို႕က ဆရာတူတယ္မဟုတ္ဘူးလား?"

သူက Ge Chen ကို သတိရကာ ေမးလိုက္သည္။
"ငါက သူ႕ဆီကေန သင္ယူခဲ့တယ္။"

  Tang Feng သည္ ဘာျပန္ေျပာရမွန္းမသိလုိ႕ စိုက္ႀကည့္ေနမိသည္။ Ge Chenက သူ႕ကို ဆက္ေျပာခဲ့သည္။

" သူက မင္း နဲ႕ပတ္သတ္ျပီး ဒီလိုေတြ စီစဥ္ထားတယ္ဆိုတာ ငါ အကုန္ေျပာျပလိုက္တယ္ေနာ္။ ေဝ့ေတာက္မင္းကို မင္း ေသခ်ာဂရုစိုက္ပါ...။ ငါ့ကို ဒီလို လာမႀကည့္နဲ႕။ ငါက  မင္းကို ဘယ္ေတာ့မွ အခက္ခဲျဖစ္ေအာင္ မလုပ္ခ်င္ေတာ့ဘူး"  

 "မင္း ေသခ်ာလား? "

  Tang Fengက  Ge Chenကိုသိပ္မယုံဘူး။

"ေကာင္းျပီ။ ဒါကို လာေျပာခုိင္းတာ ငါ မဟုတ္ဘူး။ ဘာေႀကာင့္လဲဆုိတာ မင္း သိခ်င္တယ္ဆုိရင္ ဆုခ်ီခ်ိန္က မင္းကို ေျပာျပမွာ မဟုတ္ဘူး။ "


Ge Chen ကမတ္တတ္ရပ္ၿပီး စားပြဲေပၚရွိ လက္ေဆာင္ကိုၫႊန္ျပလိုက္သည္။

"မင္း သိခ်င္တာအားလံုး ဒီထဲမွာရွိတယ္။ ေဝ့ေတာက္မင္ရဲ႕ေနာက္မွာ ႀသဇာႀကီးတဲ့ နုိင္ငံေရးသမား တစ္ေယာက္ရွိတယ္။ ေဝ့ေတာက္မင္က အဲ့ဒီလူနဲ႕ ျငိေနေပမယ့္ ဒီလူဆီမွာ မိန္းမနဲ႕ကေလးရွိေနတယ္။ သူ႕မိန္းမက ဗိုလ္ခ်ဳပ္ရဲ႕သမိီးျဖစ္တယ္။ ဒီလူကို ဘယ္သူဆိုတာ ငါ မေျပာျပနုိင္ဘူး။"

Ge Chen ကၿပဳံးၿပီးမတ္တပ္ရပ္ၿပီးတံခါးဆီလမ္းေလွ်ာက္သြားသည္။ လက္ကိုေျမႇာက္လိုက္ၿပီး
'ဒါကို မလႊင့္ပစ္လိုက္နဲ႕ဦး "


"ေကာင္းျပီ။ ငါ မငး္ကို လိုက္မပို႕ေတာ့ဘူး"
 
Tang Feng ၏မ်က္လုံးမ်ားသည္စား ပြဲေပၚရွိလက္ေဆာင္ေသတၱာထဲေရာက္သြားသည္။ သူကလမ္းေလွ်ာက္ၿပီးလက္ေဆာင္ေသတၱာကိုထုတ္ယူဖို႔အိတ္ကိုဖြင့္လိုက္တယ္။ အလႊာမ်ားကိုျဖည္ ခ်၍ ၿပီးေသာအခါေနာက္ဆုံး သူ ေသတၱာထဲက အရာကိုေတြ႕လိုက္ရသည္။ ထိုထဲတြင္ စာအုပ္တစ္အုပ္ပဲရွိတယ္။

"Notre Dame de Paris ဆိုတဲ့ စာအုပ္လား?"
(Notre Dame de Paris - Our Lady of Paris )

Tang Feng သည္စာမ်က္ႏွာအနည္းငယ္ကိုလွန္ေလွာၾကည့္လိုက္ၿပီး၊ေနာက္ "မင္း ငါ့ဆီကို နစ္ဝင္မသြားခဲ့ဘူးဆုိရင္ ငါ ထာဝရ ေပ်ာက္ကြယ္သြားရလိမ့္မယ္" ဆိုသည့္ စာေႀကာင္းကို မ်ဥ္းတားထားတာ ေတြ႕လိုက္ရျပီး  အဲလ္ဘတ္ ဆိုသည့္အမည္ ေရးထုိးထားသည္ကို ေတြ႕လိုက္ရသည္။

Ge Chen သည္အဲလ္ဘတ္ကို ေက်ာေထာက္ေနာက္ခံ ျပဳလိုက္နိုင္ျပီဆိုတာကို သူ သိလိုက္သည္။  ဒီေျမေခြးေလးဟာ သတၱိရွိၿပီး လုပ္ရဲကိုင္ရဲတာပဲ။ သူက ငါ့ဆိီကို ေရာက္လာရဲတာ  အံ့ၾသစရာမဟုတ္ေတာ့ဘူး။
 
**************-***********




Volume III- Chapter (36)-  ပိတ်ဆို့ခြင်း - 2



အလားအလာရှိသော ဗင်းနစ်ရုပ်ရှင်ပွဲတော်မှ သရုပ်ဆောင်ထူးချွန်ဆုကိုရခဲ့သည့် ရုပ်ရှင်ဧကရာဇ်၏ အိမ် အပြန်ခရီးသည် လေဆိပ်၌ဓာတ်ပုံရိုက်ရန်စောင့်ဆိုင်းနေသည့ ်သတင်းထောက်အနည်းငယ်သာ ရှိခဲ့သည်။ ကုမ္ပဏီသို့ပြန်လာသည့် လမ်းပေါ်တွင်  ကားထဲတွင်ထိုင်ရင်း Tang Feng က သူ့ လက်ထောက်လေယာဉ်ပေါ်မှ ဆင်းလာချိန်၌ ဝယ်ယူခဲ့သောမဂ္ဂဇင်းများနှင့် သတင်းစာများကို ဖတ်နေခဲ့သည်။

"Tang Feng" နှင့်ပတ်သက်သည့် သတင်းဖော်ပြချက် အနည်းငယ်သာရှိပြီး ဗင်းနစ်ရုပ်ရှင်ပွဲတော်တွင် ဆိုရရှိတာနဲ့ ပတ်သတ်ပြီး ဒါရိုက်တာ လီဝေ့နှင့် Gino အကြောင်း၊ "Satan's Alley" ဇာတ်ကားအကြောင်း ဖော်ပြချက် အနည်းငယ်ပါပြီး ဆုနှစ်ဆု ရရှိခဲ့သည့် သူ့အကြောင်း လုံးဝ မပါခဲ့ပေ။

 သူနဲ့ပတ်သတ်သည့် သတင်းကို ပိတ်ဆို့ထားခြင်းသည်ထင်ရှားလွန်းသဖြင့် တစ်ယောက်ယောက်က သူ့ကိုတမင်တကာဖိနှိပ်နေတာဖြစ်ကြောင်း Tang Feng  အလွယ်တကူ သိမြင်နိုင်သည်။

"ဒါဟာ သက်ဆိုင်ရာဌာနက လုပ်တာလား?"

ဒီလိုဖြစ်နေမှာကို Tang Feng ကနည်းနည်းကြောက်နေတယ်။ အစိုးရပိုင်းက ပိတ်ထားတာဆိုရင် လာမည့်နှစ်အတွင်းမှာ သူ့သရုပ်ဆောင်လမ်းကြောင်းတိုးတက်အောင် လုပ်နို်င်မည် မဟုတ်ပေ။
 
သူ့ဘေးတွင်ထိုင်နေသော Lu Tianchen က ဦး ကို ခါလိုက်သည်။

 "မဟုတ်ဘူး။ တကယ်တော့  "Satan's Alley" ဇာတ်ကားကြီးရဲ့ နာမည်ကြီးမှုနဲ့ လိင်တူချင်း အတူနေတဲ့ရိုက်ကွက်တချို့တွေကြောင့် ဒီနိုင်ငံမှာ ပြသခွင့်ကို တားမြစ်ထားတာဖြစ်တယ်။ ဒါကြောင့် မင်း ဆုရတဲ့သတင်းကိုတောင် စာစောင်တွေမှာ ဖော်ပြခွင့်တောင် မရခဲ့ဘူး။ ပြီးတော့ မင်းရခဲ့တဲ့ ဆုတွေက ဒီတရုတ်ပြည်ထဲမှာ တချို့ အနုပညာရှင်တွေရဲ့ တက်လမ်းကို ပိတ်ထားသလို ဖြစ်နေတယ်"

"ဒါက သိပ်ကိုထူးဆန်းတယ်။ မယုံနိုင်စရာပဲ"

သူက သတင်းစာကိုကြည့်ရင်းရယ်ကာ ဆက်ပြောလိုက်သည်။

" ကျွန်တော်က အခြားလူတွေရဲ့တက်လမ်းကို ပိတ်နေတယ် ဟုတ်လား ?"

အမူယာ အနည်းငယ်မှေးမှိန်လျက် Tang Feng သည် စိတ်ရှုပ်ထွေးပြီး မေးလိုက်သည်။
 
 "ဒါက ဘာကိုဆိုလိုသလဲဆိုတာ ကျွန်တော် လုံးဝ နားမလည်တော့ဘူး။ ကျွန်တော် ဘယ်သူ့ကိုမှ အမှားမလုပ်ခဲ့မိဘူးလေ။ သြော ဆုချီးချန်နဲ့ ကောချန်ကို အမှားလုပ်ခဲ့မိလို့လား...  "

Tang Feng သူနှင့်အတူ တိုက်ခိုက်ခဲ့ဖူးသူများကို ပြန်စဉ်းစားက မေးလိုက်သည်။

" သူတို့ မဟုတ်ဘူး။ သူတို့မှာ ခုလို လုပ်နိုင်တဲ့ စွမ်းရည်လည်းမရှိဘူး။ သတ္တိလည်း မရှိဘူး။

Lu Tianchen သည် Tang Feng ၏ ပြောစကားကို ချက်ချင်းငြင်းခဲ့သည်

"ဒါဆို အဲ့ဒီလိုလုပ်တာ ဘယ်သူလဲသိလား"

 တစ်ယောက်ယောက်က သူ့ကိုတမင်တကာဖိနှိပ်တာကြောင့် အနည်းဆုံး သူ့ပြိုင်ဘက်က ဘယ်သူလဲဆိုတာ သူ သိချင်နေသည်။  အကြောင်းပြချက် မရှိပဲ မည်သူမျှဖိနှိပ်ခြင်းကိုမှ သူ မခံယူချင်ပေ။ ပြီးတော့ သူက လွယ်လွယ်နဲ့အနိုင်ကျင့်လို့ရမည့်လူမျိုးမဟုတ်ပေ။

"အခုတော့ပြည်တွင်း ရုပ်ရှင်လုပ်ငန်းရဲ့ အခြေအနေက အရမ်းကိုနူးညံ့သိမ်မွေ့နေတယ်။ ဟောင်ကောင်၊ ထိုင်ဝမ်နဲ့ပြည်မတို့က သရုပ်ဆောင်တွေဟာ တစ် ဦး နဲ့တစ် ဦး ယှဉ်ပြိုင်ကြပေမယ့် ဒီပြိုင်ပွဲတွေဟာ အခြေခံအားဖြင့် ပြည်တွင်းရုပ်ရှင်ကားတွေရဲ့ အခြေအနေကို မထိခိုက်စေသလို  ပြည်မဈေးကွက်ကို မလှုပ်ခါနိုင်ခဲ့ဘူး။ မင်းကတော့ ပထမဆုံး ပြည်တွင်းရုပ်ရှင်ဈေးကွက်ကို ကိုင်လှုပ်နိုင်တဲ့ တကယ့် အကြမ်းစား  လူသစ်သရုပ်ဆောင်မင်းသားပဲ "

Lu Tian chen က ဆက်ပြောလိုက်သည်။

" Tang Feng, မင်းက မင်းတို့လိုနိုင်ငံတကာ ရုပ်ရှင် သရုပ်ဆောင် လမ်းကြောင်းအတိုင်းလိုက်နေတဲ့လူတွေရဲ့ အာရုံကို တကယ့်ကို ဆွဲဆောင်ထားနိုင်တာပဲ။ ကောချန်က ပြည်မကြီးဈေးကွက်မှာယှဉ်ပြိုင်နိုင်ပေမယ့် မင်းလို့ နိုင်ငံတကာ အဆင့်အထိ ကို မသွားနိုင်တဲ့အတွက် သူ မဖြစ်နိုင်ဘူး။ "

 "နိုင်ငံတကာ သရုပ်ဆောင်လမ်းကြောင်းအထိကို သွားနိုင်တဲ့လူက ဘယ်သူလဲ... "

ထူးချွန်လွန်းတာကလည်း အပြစ်တစ်ခု မဟုတ်လို့ Tang Feng မကြောက်ပေ။

" အိမ်ကို အရင်ပြန်ကြတာပါ။ ပြီးမှ ဖြည်းဖြည်းပြောကြမယ်။"
Lu Tian chen ကသော့တစ်ချောင် ထုတ်ပေးလိုက်သည်။ Tang Feng သည် မိမိကိုယ်ပိုင်ဘ ၀ ကိုနေထိုင်လိုကြောင်း ယခင်ကပြောကြားခဲ့သောကြောင့် ဤတစ်ကြိမ်တွင် Lu Tian chen သည်ကုမ္ပဏီအနီးတွင် ဥယျာဉ်တစ်ခုပါသော အထပ်မြင့်အဆောက်အအုံပါသည့် ခြံတစ်ခုကို  စီစဉ်ပေးခဲ့သည်။ ကြမ်းပြင်ကျယ်ကျယ်နှင့် ရှုမငြီးအောင် ပြန်လည်ပြုပြင်ထားပြီးဖြစ်သည့် အဆင့်မြင့်အိမ်တစ်လုံးဖြစ်သည်။ Tang Feng က သူ၏ခရီးဆောင်အိတ်ကို သယ်ဆောင်ကာ အိမ်ထဲကို ဝင်လိုက်သည်။

ညမှာ လာမှလုပ်စရာမရှိပေမယ့် သူက  Lu Tian chen ကို လာခွင့်မပြုပေ။ သူ့ကိုယ်ပိုင်အချိန်လေးနဲ့ လွတ်လပ်စွာနေချင်သေးသည်။ ပင်ပန်းနေသော  Tang Feng က ခရီးဆောင်အိတ်ကို ချကာ ရေချိုးရန်ပြင်လိုက်သည်။ ပြီးတော့ ရေချိုးကန်ထဲ စိမ်ကာ အမောဖြေပြီးမှ ရေချိုးခန်းဝတ်ရုံဖြင့် ဧည့်ခန်းက ဆိုဖာမှာ ဝင်ထို်င်ကာ Taplet  တက်ဘလက်ကိုဖွင့ ်၍ ရှောင်ယုဆီက သူ့ကို ပြည်တွင်းမှာ ပိတ်ဆို့ထားတာနဲ့ပတ်သတ်တဲ့သတင်းကို အီးမေးလ် ပို့ထားတာ တွေ့လိုက်ရသည်။

ဘယ်သူတွေဖြစ်နိုင်တယ်ဆိုတာကို သူမ ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်မည်။

ဖြစ်နိုင်ချေရှိသူက ၄ ယောက်သာရှိသည်။ သူုတို့ထဲက တစ်ယောက်က Tang Feng ထက် နှစ်နှစ် သို့မဟုတ်သုံးနှစ် ကြီးပြီး ထိုလူက နိုင်ငံတကာ ဇာတ်ကားတွေထဲမှာ ပါဝင်သရုပ်ဆောင်နေခဲ့တာ ခြောက်နှစ်၊ ခုနစ်နှစ် ရှိကာ နာမည် အသင့်အတင်းကျော်ကြားပြီးပြီ၊ သူ၏ပထမဆုံး ဇာတ်လမ်းဖြင့် နိုင်ငံတကာက ပေးသည့် ဆုရရှိခဲ့သည်။ သရုပ်ဆောင်နယ်ပယ်တွင်စွမ်းဆောင်ရည်နှင့်သက်ဆိုင်သည့် ဆုများမရရှိခဲ့သော်လည်း နောက်ပိုင်းတွင် ဟောလိဝုဒ်သို့ဝင်ရောက်နိုင်ခဲ့သည်။

Tang Fengပင်လျှင် ဟောလိဝုဒ်ရုပ်ရှင်များတွင်ရံဖန်ရံခါ ဧည့်သည် သရုပ်ဆောင်အဖြစ်  ငါးနှစ်၊ ခြောက်နှစ်ခန့် သရုပ်ဆောင်ပြီးမှ ဝင်ရောက်နိုင်ခဲ့တာဖြစ်သည်။ အနောက်တိုင်းရုပ်ရှင်လောကထဲတွင် အမျိုးသားသရုပ်ဆောင်တွေက အမျိုးသမီးတွေထက် ဝင်ရောက်ရတာ ခက်ခဲ့သည်။

  အမေရိကန်အမျိုးသား ရုပ်ရှင် သရုပ်ဆောင် နံပါတ် ၁ ကိုအခြေခံအားဖြင့် သူတို့ အနောက်တိုင်းသားတွေသာ လက်ထဲမှာ ကိုင်ထားကြသည်။ အခြားနိုင်ငံများမှ ဟော်လီးဝုဒ်ကို လွှမ်းမိုးထားသော အမျိုးသားသရုပ်ဆောင်များမှာ ဗြိတိန်နှင့် သြစတေးလျမှ လူဖြူများဖြစ်ကြသည်။

ဒီတော့ဒီနယ်ပယ်တွင် တရုတ်ပြည်တွင်းမှ ဟောလိဝုဒ်ကို ရောက်အောင် သွားရမယ့် ခရီးက ဘယ်လောက်ခက်ခဲမည်ကို စိတ်ကူးကြည့်လို့ရနိုင်သည်။ ဘယ်တော့မှ ရိုးရှင်းသော လမ်းကြောင်းဖြင့် အောင်မြင်အောင် လုပ်ဖို့ မလွယ်ကူလှပေ။

သို့သော် ထိုသူသည်အ လွန်ထက်မြက်သူဖြစ်ပြီး သူသည် နိုင်ငံတကာဈေးကွက်သို့ တက်တက်ကြွကြွ ပါဝင်နိုင်ခဲ့ပြီး ပြည်တွင်း သရုပ်ဆောင်ရမည့် သူ့ အနေအထားကိုအခိုင်အမာကိုင်ထားရန်မမေ့ခဲ့ပေ။ အခြေခံအားဖြင့်တော့ ထိုလူက နှစ်စဉ်နှစ်တိုင်း Blockbuster တန်းဝင်သည့် အမြတ်လည်းရ၊ လူကြိုက်လည်းများသည့် ဇာတ်ကားကြီးကို ရိုက်ကူးခဲ့ပြီး နိုင်ငံတကာသို့ပင် ထိုဇာတ်ကားကို ဖြန့်နိုင်ခဲ့သည်။

 ရှောင်ယုက သူ့နာမည်ကို မဖော်ပြရင်တောင် သူက ဖြစ်နိုင်ချေရှိသည့် လေးယောက်ထဲမှာ ခေါင်းဆောင်နေရာကရှိသည်ကို   Tang Feng သိလိုက်ပြီး သူ ဘယ်သူလဲဆိုတာ ကောင်းကောင်းသိ လိုက်သည်။ Tang Feng က အင်တာနက်ကို ဖွင့်ပြီး ပြည်တွင်းမှာ နာမည်အကြီးဆုံး လူငယ်သရုပ်ဆောင် ဆိုပြီး စာရိုက်လိုက်သည်နှင့် နာမည်နှင့် သူ့အကြောင်း အကုန် ကျလာသည်။
 

"ဝေ့တောက်မင် လား?"
Tang Feng သည် ထိုအမည်ကို ဖတ်ပြီး သူ့အကြောင်းကို သိချင်သဖြင့် ထိုလူနှင့်ဆိုင်သည့် သတင်းအားလုံးကို ဖွင့်ဖတ်လိုက်သည်။

ကောလာဟလတွေ၊ အရှုပ်အထွေးတွေ မရှိတော့ပေ။ သူက ပရဟိတလုပ်သည့် သတင်း၊ လှူဒါန်းသည့် သတင်းမျိုး၊ ဒါမှမဟုတ် Box Office - ရုံတင်ဝင်ငွေ လက်မှတ် ရောင်းအားကောင်းပြီး နိုင်ငံတကာဒါရိုက်တာတွေရဲ့မျက်နှာသာပေးမှုကို ခံရသည့် သတင်းမျိုးကိုသာ တွေ့ရသည်။

ဤပုဂ္ဂိုလ်နဲ့ပတ်သတ်ပြီး ပရိတ်သတ်ပေးသည့် မှတ်ချက်အချို့ကိုဖွင့်လှစ်ကြည့်လိုက်တော့ ဒီ ဝေ့တောက်မင်က   လက်တွေ့ကျကာ ပရိသတ်တွေရှေ့တွင် သူ့ဂုဏ်သတင်းကို အရမ်း ဂရုစိုက်တတ်သူဖြစ်ကြောင်း သိလိုက်သည်။

နာမည်ကောင်းကို တည်ဆောက်ထားပြီး လူတွေရှေ့ အရမ်းဂရုစိုက်တတ်သူမျိုးသာ တစ်ယောက်ယောက်ကို လျှို့ဝှက်စွာ တိုက်ခိုက်တတ်သည်မဟုတ်လား။   Tang Feng ၏မေးခွန်းကိုနောက်တစ်နေ့တွင် သူ့ဆီကို လာလည်သေည့် လူတစ် ဦးက ဖြေကြားပေးလိုက်သည်။

သူ၏အိမ်သစ်ကို ပြောင်းလာပြီးနောက်ဒုတိယနေ့တွင် Tang Feng က သူ၏ပထမဆုံး ဧည့်သည်ကိုကြိုဆိုခဲ့သည်။

Lu Tian chen သည် သူ့အတွက် နေရာ စီစဉ်ပေးခဲ့ပြီးဖြစ်လို့ သူ့ကို လာနှောက်ယှက်မည် မဟုတ်ပေ ။ချားလ်လည်း မဟုတ်၊ အယ်လ်ဘတ်လည်း မဟုတ်ပေ။ တချိန်က သူ့ကို တိုက်ခိုက်ခဲ့သည့် ကောချန် - Ge Chen ဖြစ်နေသည်။

" ဘာလို့ငါ့ကို မကြိုဆိုတာလဲ"

တံခါးဝ၌ရပ်နေသော Ge Chen သည်လက်ဆောင်တစ်ခုသယ်ဆောင်ကာ အလည်လာခဲ့သည်။

" မင်း ဒီမှာ ဘာလာ လုပ်နေတာလဲ"

  Tang Feng က ထိုလူငယ်ကို ၀ င်ခွင့်ပေးပြီး တံခါးကို သူကိုယ်တိုင်ပိတ်လိုက်သည်။

အိတ်ဖြင့် ထုပ်ပိုးထားသောလက်ဆောင်ကို စားပွဲပေါ်တင်လိုက်သည်။ Ge Chen သည်သူ၏ခြေထောက်များကို ချိတ်ကာ ဆိုဖာပေါ်မှာ ကျော့မော့စွာ ထိုင်ကာ  Tang Feng ကိုအပြုံးဖြင့်ကြည့်နေပုံက  ကောင်းကင်ကြီးကို ဒူးနှင့်တိုက်လောက်သည့် မာနထောင်လွှားသောမြေခွေးတစ်ကောင်နှင့်တူနေသည်။ အရင်က သူ ဟန်ဆောင်ခဲ့သည့် နတ်သားလေးလို ဖြူစင်ရိုးသားသည့် မျက်နှာဖုံးကို လုံးဝ ခွာချထားခဲ့သည်။

"ငါလုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက်တောင်းပန်ဖို့ ဒီကို ရောက်လာတာပဲ "

ဒါပေမယ့် သူ့ပုံစံက တောင်းပန်တာနှင့်လုံးဝ မတူပေ။ မေးစေ့ကို ပင့်မက မာနကြီးသည့်ပုံပေါက်နေသည်။

ထို့ကြောင့် Tang Feng ကမဆိုင်းမတွပြောဆိုခဲ့သည်။
"မင်း တောင်းပန်တာကို ငါ လက်မခံဘူး"

""ဘာ? မင်းက တောင်းပန်တာကို လက်မခံဘူး ဟုတ်လား။ ဘာကြောင့်လဲ ပြောစမ်းပါ."

အချိန်ကြာမြင့်စွာတုန့်ပြန်မှုမရှိပဲ Ge Chen ထိုင်နေရင်းမှ အံ့အားသင့်စွာမေးလိုက်သည်။

 "အဖြေကတော့ ရှင်းပါတယ်။ ငါ လက်ခံချင်စိတ်မရှိလို့ပေါ့"


"ငါ ... မင်းကို စိတ်ရင်းနဲ့တောင်းပန်တာကို ဘာလို့ လက်မခံတာလဲ !! "

Ge Chen ကစိတ်မကောင်းဖြစ်ခဲ့ရသလို စိတ်မရှည်စွာမေးလိုက်သည်။

Tang Feng သည်ဖြည်းဖြည်းချင်းထိုင်ကာ အေးအေးဆေးဆေးပြောလိုက်သည်။

" ငါ လက်မခံတာက မင်းကိုစကားမပြောချင်လို့ပဲ။"
"မင်း ......... "

ကောချန်က နူတ်ခမ်းကို ကိုက်ကာ ငြိမ်နေပြီးမှ ပြောလိုက်သည်။ ကောချန်လို မြေခွေးလေးက သူ့ကို တောင်းပန်ဖို့ လာတယ်ဆိုကတည်းက ထူးဆန်းနေပြီဖြစ်သည်။ ပြီးတော့ သူ့ အမူအယာကြောင့်   Tang Feng  နည်းနည်းစပ်စုချင်စိတ်ပေါ်လာသည်။

 "Tang Feng, မင်းက ငါ တောင်းပန်တာကို လက်မခံလည်း ရတယ်။ ငါကလည်း မင်းနဲ့ စကားမပြောချင်သလို မင်းနဲ့ သူငယ်ချင်းလည်း မဖြစ်ချင်ပါဘူး။ ဒါပေမယ့် ငါ ဝေ့တောက်မင် ဆိုတဲ့ လူတစ်ယောက်အကြောင်း ပြောပြချင်လို့ ရောက်လာတာပဲ...."


 Tang Feng ကိုကြည့်ရင်း Ge Chen ကဆက်ပြောသည်။

 " ဒါပေမယ့ ်သူက လူကောင်းတစ်ယောက်မ ဟုတ်ဘူး၊ သူကသေလောက်အောင်ဉာဏ်နီ ဉာဏ်နက်များတယ်။ အကြံကြီးတယ်၊ သူ မင်းကို လူကြိုက်များသလို အမြတ်လည်းရစေမယ့် ဇာတ်ကား ရိုက်စေချင်တယ်လို့ ငါ့ကို ပြောခဲ့တယ်။ အဲ့ဇာတ်ကားက ထင်သလောက် ရုံတင်ဝင်ငွေ မရဘူးဆိုရင် မင်းနာမည်ကို ထိခိုက်နိုင်တယ်လေ။ "

"မင်းတို့က ဆရာတူတယ်မဟုတ်ဘူးလား?"

သူက Ge Chen ကို သတိရကာ မေးလိုက်သည်။
"ငါက သူ့ဆီကနေ သင်ယူခဲ့တယ်။"

  Tang Feng သည် ဘာပြန်ပြောရမှန်းမသိလို့ စိုက်ကြည့်နေမိသည်။ Ge Chenက သူ့ကို ဆက်ပြောခဲ့သည်။

" သူက မင်း နဲ့ပတ်သတ်ပြီး ဒီလိုတွေ စီစဉ်ထားတယ်ဆိုတာ ငါ အကုန်ပြောပြလိုက်တယ်နော်။ ဝေ့တောက်မင်းကို မင်း သေချာဂရုစိုက်ပါ...။ ငါ့ကို ဒီလို လာမကြည့်နဲ့။ ငါက  မင်းကို ဘယ်တော့မှ အခက်ခဲဖြစ်အောင် မလုပ်ချင်တော့ဘူး"  

 "မင်း သေချာလား? "

  Tang Fengက  Ge Chenကိုသိပ်မယုံဘူး။

"ကောင်းပြီ။ ဒါကို လာပြောခိုင်းတာ ငါ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတာ မင်း သိချင်တယ်ဆိုရင် ဆုချီချိန်က မင်းကို ပြောပြမှာ မဟုတ်ဘူး။ "


Ge Chen ကမတ်တတ်ရပ်ပြီး စားပွဲပေါ်ရှိ လက်ဆောင်ကိုညွှန်ပြလိုက်သည်။

"မင်း သိချင်တာအားလုံး ဒီထဲမှာရှိတယ်။ ဝေ့တောက်မင်ရဲ့နောက်မှာ သြဇာကြီးတဲ့ နိုင်ငံရေးသမား တစ်ယောက်ရှိတယ်။ ဝေ့တောက်မင်က အဲ့ဒီလူနဲ့ ငြိနေပေမယ့် ဒီလူဆီမှာ မိန်းမနဲ့ကလေးရှိနေတယ်။ သူ့မိန်းမက ဗိုလ်ချုပ်ရဲ့သမီးဖြစ်တယ်။ ဒီလူကို ဘယ်သူဆိုတာ ငါ မပြောပြနိုင်ဘူး။"

Ge Chen ကပြုံးပြီးမတ်တပ်ရပ်ပြီးတံခါးဆီလမ်းလျှောက်သွားသည်။ လက်ကိုမြှောက်လိုက်ပြီး
'ဒါကို မလွှင့်ပစ်လိုက်နဲ့ဦး "


"ကောင်းပြီ။ ငါ မင်းကို လိုက်မပို့တော့ဘူး"
 
Tang Feng ၏မျက်လုံးများသည်စား ပွဲပေါ်ရှိလက်ဆောင်သေတ္တာထဲရောက်သွားသည်။ သူကလမ်းလျှောက်ပြီးလက်ဆောင်သေတ္တာကိုထုတ်ယူဖို့အိတ်ကိုဖွင့်လိုက်တယ်။ အလွှာများကိုဖြည် ချ၍ ပြီးသောအခါနောက်ဆုံး သူ သေတ္တာထဲက အရာကိုတွေ့လိုက်ရသည်။ ထိုထဲတွင် စာအုပ်တစ်အုပ်ပဲရှိတယ်။

"Notre Dame de Paris ဆိုတဲ့ စာအုပ်လား?"
(Notre Dame de Paris - Our Lady of Paris )

Tang Feng သည်စာမျက်နှာအနည်းငယ်ကိုလှန်လှောကြည့်လိုက်ပြီး၊နောက် "မင်း ငါ့ဆီကို နစ်ဝင်မသွားခဲ့ဘူးဆိုရင် ငါ ထာဝရ ပျောက်ကွယ်သွားရလိမ့်မယ်" ဆိုသည့် စာကြောင်းကို မျဉ်းတားထားတာ တွေ့လိုက်ရပြီး  အဲလ်ဘတ် ဆိုသည့်အမည် ရေးထိုးထားသည်ကို တွေ့လိုက်ရသည်။

Ge Chen သည်အဲလ်ဘတ်ကို ကျောထောက်နောက်ခံ ပြုလိုက်နိုင်ပြီဆိုတာကို သူ သိလိုက်သည်။  ဒီမြေခွေးလေးဟာ သတ္တိရှိပြီး လုပ်ရဲကိုင်ရဲတာပဲ။ သူက ငါ့ဆီကို ရောက်လာရဲတာ  အံ့သြစရာမဟုတ်တော့ဘူး။
 
**************-***********







(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)जहाँ कहानियाँ रहती हैं। अभी खोजें