Chapter (46:) Birthday party ပြီးနောက်
"ရုသ်ကို ဒေါက်တာ ဟာဗေးက လျှော့သောက်ဖို့မှာသွားတယ်"
ဒေါက်တာ Harvey ထွက်သွားပြီး သိပ်မကြာခင်မှာပဲ အသက်နှစ်ဆယ်ကျော် မိန်းကလေးတစ်ယောက် ရောက်လာခဲ့ကာ ပြောလိုက်သည်။
ပါတီကိုရောက်လာတဲ့ လူငယ်အများစုဟာ ပါတီမှာ ရုတ်တရက်ပေါ်လာတဲ့ အဖိုးအိုကို သိပ်ဂရု မစိုက်မိကြပေ။ အများစုမှာ ပေါ့ပေါ့ပါးပါး အကြည့်သက်သက်ဖြင့်သာ လှမ်းကြည့်ပြီး သူတို့ စိတ်ဝင်စားရာနေရာကို သွားကြသည်။
" ဒီနေ့ကတော့ Gino ရဲ့ မွေးနေ့ပါ။ ပျော်ရွှင်စရာကောင်းတဲ့ နေ့တစ်နေ့မှာ တစ်ခွက်သောက်လောက်တော့ သောက်ရမှာပေါ့၊ ဝိုင်နီလည်း ပါတယ်ဆိုတော့ ငါ့အတွက် မဆိုးပါဘူး၊ ဝိုင်ကို သိပ်စွဲလိန် မနေနဲ့လို့ သူတို့က ငါ့ကို အမြဲပြောတတ်ပေမယ့်၊ မင်းက ငါ့ကို တားတာက ပိုလွန်းသွားပြီ"
ထိုလူအိုကြီးက သူ့ဖန်ခွက်ကို မချချင်ပေ။
ကောင်မလေးက အနည်းငယ် ဒေါသထွက်နေပုံပေါ်ပြီး "မဟုတ်ဘူး၊ ရုသ် ရှင့်လက်ထဲက ဝိုင်ခွက်ကို ပေးပါ၊"
"ဒေါက်တာ ဟာဗေးက ငါ သောက်တာကို မတားဘူး။"
အဖိုးအိုက အမြဲတမ်း သန်မာတယ်။ ရှင်းရှင်းပြောရရင် တစ်ဖက်သာ ပြောတတ်သည်ကို လွယ်လွယ်နဲ့ မလိုက်နာတတ်ပေ။ ၊ ဒါပေမယ့် သူတို့ နှစ်ယောက် ငြင်းခုံတဲ့အခါ ဝိုင်ဖန်ခွက်က ဘေးက စားပွဲကနေ အောက်ကို ကျပြီး ကြမ်းတမ်းတဲ့ အသံနဲ့အတူ ကွဲအက်သွားကာ ဝိုင်တွေ စွန်းထင်းကုန်သည်။
ဖန်အမှုန်အမွှားများသည် အဖိုးအို၏ လက်ဖဝါးကို ထိမှန်သွားသည်။ လက်ကို လှီးဖြတ်လိုက်သလိုဖြစ်ကာ ဒဏ်ရာက သွေးနီတွေနဲ့ ချက်ချင်း စီးကျလာခဲ့သည်။
"အာ..." ကောင်မလေးက သူ့ရှေ့က အခြေအနေကြောင့် အနည်းငယ် ထိတ်လန့်သွားပုံရပြီး ဘာလုပ်ရမှန်းမသိဘဲ ဘေးမှာ ရပ်နေလိုက်တယ်။
တခြားလူငယ်တွေ က သူတို့ပတ်ဝန်းကျင်ကို စူးစူးစိုက်စိုက်ကြည့်ရင်း အဘိုးအို ဘယ်က လာသလဲ၊ ဒီမှာ ဘယ်လိုပေါ်လာတာလဲ၊ တချို့လူတွေက အနားမှာ အလန့်တကြား ဆရာဝန်ကို အော်ခေါ်နေကြပေမယ့် ဒီကိုလာတဲ့ ဧည့်သည်တွေက အလှလေးတွေ ဖြစ်ကာ ဆရာဝန် ဘယ် ရှိပါ့မလဲ...
တကယ်တော့ ဒါက သာမန်အဖိုးအို တစ်ယောက်သာဖြစ်ပြီး လက်မှာ သွေးတွေပြည့်နှက်နေသေးသည်။
"မင်းကြည့်ရတာ နာနေပုံပေမယ့် သောက်ချင်နေသေးတာလား Ruth။"
ဆံပင်နက်လူငယ်တစ်ယောက်က လူအုပ်ထဲက ထွက်လာပြီး အဘိုးကြီးနာမည်ခေါ်ပြီး တစ်ချိန်တည်းမှာပဲ အနားကို ရောက်လာတယ်။
"ဟုတ်တယ် ငါသောက်ချင်တယ်"
အဘိုးကြီးဟာ အရမ်းထိတ်လန့်မနေပါဘူး၊ မဆိုင်းမတွဘဲ သူ့အနားမှာ ဒူးထောက်ထိုင်နေတဲ့ လူငယ်ကို ကြည့်ရုံနဲ့ သန့်ရှင်းပြီး အရည်အသွေးကောင်းတဲ့ အဝတ်တစ်ထည်ကို ဆုတ်ဖြဲပစ်လိုက်တယ်။
"ဝိုင်က အရမ်းအရသာရှိမယ့်ပုံပဲ။"
လက်က ဒဏ်ရာ အကြောင်း ဆက်မပြောဘဲ Tang Feng သည် အဖိုးအိုကို အာရုံကို အာရုံလွှဲရန် ကြိုးစားကာ အခြားအကြောင်းရာကို အဘိုးအိုနှင့် ဆက်ပြောနေခဲ့သည်။
ကံကောင်းထောက်မစွာနဲ့ ထျန်းဖုန်းက အရင်ဘဝက တစ်ချိန်လုံး ဖျားနာနေပြီး ဆေးရုံကို အိမ်လုပ်နေခဲ့ရသဖြင့် ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ မကြာခဏ စကားပြောဖြစ်ခဲ့သည်။ ဒါကြောင့် သူလည်း အလိုလျောက် အခြေခံ ရှေးဦးသူနာပြုနည်းတွေကို လေ့လာမိခဲ့တယ်။ Tang Feng သည် အဖိုးအို၏ လက်ဖဝါးတွင် မှန်အပိုင်းအစများ ရှိမရှိ စစ်ဆေးခဲ့သည်။ သေးငယ်သော မှန်ကွဲစများ မရှိသည်ကို တွေ့မှ ပင့်သက်ချလိုက်သည်။
"ဒီဝိုင်က အဆင်ပြေပါတယ်၊ ဒါပေမယ့် ငါ သီးသန့်သိမ်းထားတဲ့ ဝိုင်နဲ့ ယှဉ်ရင် အရသာ အတော်ဆိုးတယ်။ နောက်တစ်ခါ ငါ မင်းကို သောက်ဖို့ ဖိတ်ခေါ်ချင်ပေမယ့် Gino က ငါ့ကို သောက်ခွင့်ပြုမလားဆိုတာ မသိနိုင်ဘူး"
Gino အကြောင်းပြောပြီးနောက်၊ အဘိုးအိုက တော်တော်ပျော်နေပုံရပြီး သူ့အာရုံက ဒဏ်ရာကနေ အမြန်လွဲသွားတယ်။
"Ruth...ခင်ဗျား က Gino ရဲ့ အဖိုးဖြစ်မယ်။ ခင်ဗျားတို့ နှစ်ယောက်က အရမ်းတူတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ရှိနေတယ်။"
သူတို့ နှစ်ယောက်စလုံးက ရိုးရိုးရှင်းရှင်းနဲ့ အရမ်းချစ်စရာကောင်းတယ်။
Tang Feng က ပြုံးပြီး တစ်ဖက်လူရဲ့ လက်ဖဝါးကို အဝတ်ပိုင်း နဲ့ ပတ်လိုက်တယ်။ Harvey က ထွက်လာခါနီးပြီလို့ ခန့်မှန်းရပြီး အရေးအကြီးဆုံးက သွေးထွက်တာကို ရပ်အောင် လုပ်ဖိုးပါပဲ။
"ဒါက သိသာထင်ရှားတဲ့အရာလို့ ငါ ထင်ခဲ့တယ်၊ သူက နည်းနည်းတုံးအ တာလွဲရင် လူ အများစုထက် ပိုကောင်းတဲ့ ကလေးပါ။ မင်းဟာ လိမ္မာပါးနပ်တဲ့ကောင်လေးပဲ။ မင်းရဲ့ရုပ်ရှင်ကို ငါ သွားကြည့်မယ်"
Ruth ကဆက်ပြောခဲ့သည်။
"မင်း ဂျီနိုထက် ပိုကောင်းအောင်သရုပ်ဆောင်နိုင်မယ်လို့ ငါမျှော်လင့်ပါတယ်၊ မဟုတ်ရင် ငါ သွားကြည့်မိလို့ စိတ်ပျက်သွားမှာပဲ "
"ကျွန်တော်ရိုက်တဲ့ ဇာတ်ကားက နည်းနည်းတော့ စိတ်လှုပ်ရှားစရာ ကောင်းတယ်။
Tang Feng က ရုသ်ရဲ့ လက်က ဒဏ်ရာကို အဝတ်နဲ့ပတ်ကာ၊ နောက်ဆုံးတော့ ဖဲပွင့်ပုံ ကြိုးချည်လိုက်တယ်။ ဒါက သူ့အရင် ဘဝမှာ တတ်ထားခဲ့တဲ့ အလေ့အကျင့်လေးတစ်ခုပါ။
ဘာ့ကြောင့်လဲ ဆိုတော့ ဒီလို ချည်ထားတာ ပျော်စရာကောင်းပြီး ချစ်ဖို့ကောင်းတယ်လို့ ခံစားရတယ်။
"ငါလည်း စိတ်လှုပ်ရှားစရာကောင်းတဲ့ ရုပ်ရှင်တွေကို ကြိုက်တယ်။ အသက်ကြီးလာတဲ့အခါ ဝိုင် သောက်ပြီး စိတ်လှုပ်ရှားစရာ ရုပ်ရှင်တွေ မကြည့်ရဘူးလို့ အမြဲ မထင်လိုက်နဲ့။ အဲ့လိုသာ မလုပ်ရရင် ငါ့ဘဝက ခြောက်ကပ်လွန်းလို့ သေသွားနိုင်တယ်။ ငါ ဒီလိုဘဝမျိုးကို မုန်းတယ်။"
Tang Feng နဲ့ စကားပြောရတာ အရမ်းပျော်စရာကောင်းသဖြင့် အဘိုးအိုက သူ့ဒဏ်ရာတွေကို မေ့သွားပုံရတယ်။ Gino နဲ့ Harvey က အမြန်ပြေးသည့်အချိန်ထိ ရုသ်က Tang Feng ၏ လက်ကို မလွှတ်ချင်ဖြစ်နေသေးသည်။
"အဖိုး... ဘုရားရေ... အဖိုး ဒဏ်ရာရသွားပြီ။"
သူ့လက်ပေါ်မှာ အဘိုးကြီးရဲ့ သွေးတွေကို မြင်လိုက်ရတော့ Gino က ထိတ်လန့်တကြား ပြေးသွားပြီး "ဒေါက်တာ ဟာဗေး" ဟု စိတ်လှုပ်ရှားစွာ အော်လိုက်သည်။
"ဒီလိုမအော်ပါနဲ့၊ တခြားဧည့်သည်တွေကို ကြောက်သွားစေလိမ့်မယ်၊ ငါ နေကောင်းပါတယ်၊ အရမ်းကောင်းတယ်"
သူ့မြေးလေး အရမ်းစိတ်လှုပ်ရှားနေတာကိုမြင်တော့ ပါးစပ်က ဒီလိုပြောနေပေမယ့် Ruth က ဝမ်းသာအားရ ပြုံးလိုက်တယ်။
ဒေါက်တာ ဟာဗေးသည် မကြာမီ ပြေးလာပြီး Ruth ပတ်တီးပတ်ထားသည့် ဒဏ်ရာကို မြင်လိုက်ရသည်။ သူ့မျက်လုံးများက အံ့အားသင့်နေသည့် အကြည့်နှင့် သူ့အတွင်းစိတ်က အံ့သြမှုကို မျိုသိပ်ထားသည်။ သူက ဆရာဝန်တစ်ယောက်အနေနဲ့ ဂျီနိုကို ကျေနပ်အောင်ကြိုးစားပြီး ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး၊ ဒဏ်ရာကို ပတ်တီးစည်းထားပြီးပြီ၊ ပြန်သွားပြီး ပတ်တီးပြန်ပတ်ဖို့ ဆေးအချို့ကို လိမ်းပေးလိုက်ရင် ရပြီ "
အကျွမ်းတဝင်ရှိသော ရင်းနှီးသော ပတ်တီးစည်းနည်းများ၊ ပတ်တီးစကို ဖဲပြားလို အထုံးလေး ချည်ထားပုံအရ Harvey တစ်ယောက် သူ့ ချစ်သူ ဖီးနစ်ထျန်း မသေသေးပဲ အသက်ရှင်နေသေးသည်ဟု ထင်ယောင်ထင်မှား ဖြစ်နေပုံရသည်၊ ဒါက တိုက်ဆိုင်မှု သက်သက်လား။ သူက ချက်ချင်း မေးလိုက်သည်
" ဒဏ်ရာကို ဘယ်သူက ပတ်တီးစည်းပေးထားတာလဲ။ "
"ပတ်တီးစည်းတာ မဆင်မပြေဘူးလား?"
Gino က ထိုအမေးစကားကိုကြားတော့ မျက်မှောင်ကြုတ်ကာ အဖိုးရဲ့ဒဏ်ရာကို အမြန်သွားကြည့်တော့ အဝတ်အစားက တခြားသူရဲ့အဝတ်အစားကနေ ဖြဲကာ စည်းပေးထားသည်ကို သိလိုက်ရသည်။
"ဟင့်အင်း၊ ပတ်တီးက အရမ်းကောင်းတယ်။"
Harvey က ချက်ချင်းဆိုသလို ပြန်ဖြေလိုက်သည်။
"Gino... မင်း ပတ်တီးစည်းပေးထားတဲ့သူကို ကျေးဇူးတင်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။"
"ရပါတယ်။"
သူ့ဘေးမှာ လျစ်လျူရှုခံထားရတဲ့ Tang Feng က ပြုံးပြီး ပြောလိုက်တယ်။
Tang Feng သည် သူ၏နက်မှောင်သောအဝတ်အစားများပေါ်တွင် သွေးများစွာစွန်းထင်းနေပြီး၊သူ့အင်္ကျီက စုတ်ပြဲနေသည်။
"အိုဘုရားရေ... Tang Feng မင်း ငါ့အဖိုးကို ပတ်တီးစည်းပေးထားတာလား... ကျေးဇူးတင်ပါတယ်ကွာ"
Gino သည် နောင်တရစွာဖြင့် ရှေ့သို့ လျှောက်သွားကာ အနည်းငယ် ရှက်ရွံ့သွားမိသည်။ သူက အဖိုးကို အရမ်း စိုးရိမ်ပြီး သူ့ဘေးရှိ Tang Feng ကို လျစ်လျူရှုထားသောကြောင့် ဖြစ်သည်။ ပိုအရေးကြီးတာက သူ့အဖိုးကို Tang Feng က ပတ်တီးကူစည်းပေးခဲ့သူ ဖြစ်နေသည်။
"ကောင်းပြီ၊ ဒီမှာ အချိန်မဖြုန်းနဲ့တော့..."
Tang Feng က Gino ကို ချက်ခြင်း တိုက်တွန်းလိုက်ပြီး ဒဏ်ရာကိုဖြေရှင်းဖို့ ပြောလိုက်သည်။
"Ruth ကို မြန်မြန်ခေါ်သွားပြီး ဆေးထည့်ပေးလိုက်ဦး"
သူက ပတ်တီးကို ပေါ့ပေါ့ပါးပါးသာ ပတ်ထားပေးတာဖြစ်ပြီး အနာကို ဆေးကြောသန့်စင်ပြီး ဆေးထည့်မှသာလျှင် ရောဂါပိုးမကူးစက်နိုင်မည် ဖြစ်သည်။
"ကောင်းပြီ ငါ မင်းဆီပြန်လာမယ်။"
Gino က Tang Feng ကို ကျေးဇူးတင်ပေမယ့် အခု အရေးကြီးဆုံးက Ruth ကို ချက်ချင်း ဆေးကြော ဆေးထည့်ကာ ပတ်တီးပြန်ပတ်ဖို့ ဦးစားပေးလုပ်ရဦးမည်။
အဝေးက ဆူညံသံကို မြင်ပြီးနောက် Lu Tian chen သည် အလျင်အမြန် ပြေးလာခဲ့သည်။ သူသည် ရှေ့သို့ လှမ်း၍ Tang Feng ၏ နံဘေးသို့ ရောက်ရှိလာပြီး ထိုလူ၏ လက်နှင့် အဝတ်များပေါ်ရှိ သွေးများကို ကြည့်ကာ ချက်ချင်းပြောလိုက်သည်။
"သွားဆေးကြရအောင်။"
"အိုကေ"
Lu Tian chen နဲ့ အတူ လမ်းလျှောက်ထွက်သွားသည့် Tang Feng ဟာ Harvey က သူ့အပေါ် စူးစူးစိုက်စိုက်ကြည့်နေတဲ့ စူးစူးရှရှ အကြည့်ကို သတိမထားမိခဲ့ဘူး။
အကြည့်သည် ပဟေဠိများနှင့် နက်နဲသော သံသယများဖြင့် ပြည့်နှက်နေသည်။
............
Ruth သည် ပါတီပွဲ၌ ရုတ်တရတ် ဒဏ်ရာရရှိခဲ့သည်မှာ ခဏသာဖြစ်ပြီး ဧည့်သည်များ၏ ပျော်ရွှင်မှုကို မထိခိုက်စေပေ။ ကံကောင်းထောက်မစွာ၊ ဒဏ်ရာ မပြင်းထန်သဖြင့် Gino အနည်းငယ် စိတ်သက်သာရာရသွားသည်။
"အဖိုး.. အဖိုးလာမယ်ဆိုတာ ကြိုပြီး အကြောင်းကြားရမှာ မဟုတ်ဘူးလား"
သင်္ဘောခန်းထဲမှာ ထိုင်နေတဲ့ Gino က Ruth ရဲ့ ဘေးမှာ ထိုင်နေပြီး ဒေါက်တာ Harvey က Ruth အတွက် ဒဏ်ရာကို ပြန်ပြီး ပတ်တီးပေးခဲ့သည်။
"မင်းကို အကြောင်းကြားထားရမယ် ဟုတ်လား။ ငါ မင်းကို အံ့အားသင့်အောင် လုပ်ဖို့ ရည်ရွယ်ထားတယ်။"
ရုသ်က ဒဏ်ရာရနေသော လက်ကို မြှောက်ကာ ပြောလိုက်သည်။
"အံ့ဩစရာပဲ၊ "
Gino က ရယ်မောပြီး သူ့ချစ်စရာကောင်းတဲ့ အဖိုးကို လက်နှစ်ဖက်နဲ့ ဖက်ထားလိုက်တယ်။
"အခုလို မတော်တဆဖြစ်သွားတာက ကြောက်စရာကောင်းတယ်။"
"ငါ အဆင်ပြေပါတယ်။ မင်းရဲ့ အလန့်တကြားဖြစ်နေပုံက မသိရင် ငါ ချက်ချင်းသေတော့မလိုပဲ"
ရုသ်က သူ နေမကောင်းကြောင်း အချက်ပြရန် မြေး၏လက်ကို ဆွဲကာ "ဝိုင်တစ်ခွက်ပေးပါ" ဟုဆိုလိုက်သည်။
""အဖိုး...! "Gino က သက်ပြင်းတစ်ချက်ချလိုက်သည်။ " ခွက်တစ်ဝက်ပဲရမယ်။"
"ကောင်းပြီ၊ ဘာမှ မရတာထက် ပိုကောင်းပါတယ်။"
အဘိုးကြီးကို ဂျီနိုက ထပ်ပြီး ပွေ့ဖက်ထားတယ်၊ Gino က ဝိုင်နီ ဖန်ခွက်တစ်ဝက်လောက်ကို Ruth ကို ထည့်ပေးလိုက်တယ်-
" မစောတော့ဘူး။ အဖိုး သောက်ပြီး မြန်မြန် အိပ်တော့။"
"Gino. " ရုသ်က အော်လိုက်တယ်။
"အိုကေ"
""ငါ ရုပ်ရှင်ကြည့်ပါရစေ။ Tang Feng လို့ ခေါ်တဲ့ ကြယ်ပွင့်လေးက သူသရုပ်ဆောင်တဲ့ ဇာတ်ကားက အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတယ်လို့ ကြားတယ်။"
သူနဲ့ စကားပြောတဲ့အချိန်တုန်းက Tang Feng ပြောတာကို Ruth မှတ်မိနေခဲ့သည်။
Gino က "အရမ်းစိတ်လှုပ်ရှားဖို့ မကောင်းပဲရှိမလား၊ ဒါပေမယ့် ရုပ်ရှင်ထဲမှာ သူ့ကို နမ်းလိုက်တဲ့ အခန်းပါတယ်။"
"ဝိုး၊ အဲဒါက စိတ်ဝင်စားစရာပဲ။"
ရုသ်သည် ရွှင်လန်းသောအကြည့်ဖြင့် မျက်ခုံးပင့်လိုက်သည်။
Gino က ရယ်မောက ပြောလိုက်သည်။
"ပြဿနာမရှိပါဘူး၊ ဒါပေမယ့် ကျွန်တော့် အဖေက ကျွန်တော့်ကို သတ်မှာ စိုးရတယ်"
"သူ လုပ်ရဲတဲ့ သတ္တိရှိလား"
အဘိုးအိုက မေးရိုးကို မြှောက်ပြီး မထီမဲ့မြင်နဲ့ ပြောလိုက်တယ်။
"ငါ့ကို ချက်ချင်းအခွေယူလာပေးခဲ့"
Gino က Ruth ရဲ့ အိပ်ခန်းထဲက ထွက်သွားပြီး Devil's Path ရဲ့ disc ကို ရှာခဲ့သည်။ ကံကောင်းစွာပဲ ို စီဒီ အခွေက သူနဲ့အတူ အမြဲရှိနေခဲ့တယ်။ သူ ထွက်သွားချိန်မှာတော့ Dr. Harvey က စင်္ကြံမှာ ရပ်နေတာကို တွေ့ခဲ့ပြီး သူ ဘာတွေတွေးနေလဲဆိုတာ ဂျီနို သေချာမသိပေ။
"ဒေါက်တာ ဟာဗေး၊ မင်း ဘာဖြစ်နေတာလဲ" Gino က လျှောက်သွားကာ ပြောလိုက်သည်။
"ဒီနေ့ အဖိုးကို အဖော်ပြုပေးလို့ ကျေးဇူးတင်ပါတယ်၊ "
"ရုသ်ရဲ့ဒဏ်ရာကို မြန်မြန်ဆန်ဆန်နဲ့ မှန်မှန်ကန်ကန် ကုသပေးခဲ့တဲ့ Tang Feng ကို ကျေးဇူးတင်သင့် တယ်။ ဒီမှာက ပင်လယ်ထဲမှာ။ ဒဏ်ရာက ပိုးဝင်ရင် အရမ်းဒုက္ခဖြစ်လိမ့်မယ်။ ပြီးတော့ ဒီမှာ ဆေးဝါးတွေ အများကြီး ချို့တဲ့နေတယ်။"
Ruth ရဲ့ဒဏ်ရာကို Tang Feng ရဲ့ပတ်တီးစည်းပေးတာနဲ့ ပတ်သက်ပြီး Harvey ရဲ့ အတွေးတွေက တုံ့ဆိုင်းနေတုန်းပါပဲ။ အဲဒါက တကယ့်ကို တိုက်ဆိုင်လိုက်တာလား။
" ဟုတ်တယ်၊ ငါသူ့ကိုကောင်းကောင်းကျေးဇူးတင်ရမယ်။"
Gino သက်ပြင်းချလိုက်ပြီး သူ့မျက်လုံးတွေက အပြုံးတွေနဲ့ ပြည့်နေတယ်။
" မင်းလိုသူငယ်ချင်းတွေရှိလို့ ငါ တကယ် ဝမ်းသာမိတယ်။"
သူငယ်ချင်း... ဟုတ်တယ် သူငယ်ချင်း...
Harvey က ခေါင်းခါတယ်၊ ဒါက တိုက်ဆိုင်မှုတစ်ခုပဲ၊ ဖီးနစ် က ဒဏ်ရာကို ပတ်တီးသွားတဲ့အခါ ပုံမှန် အထုံးလေး ဖြစ်အောင် ချည်တာ မဟုတ်ဘူး၊ အခု ပိတ်တီးကို စည်းထားပုံက သူ Fiennes ကို သင်ပေးခဲ့တဲ့ အတိုင်း ကွက်တိပဲ။
Tang Feng နှင့် သူ ပထမဆုံး ဆုံတွေ့ခဲ့ချိန်က Feins သင်္ချိုင်းရှေ့တွင်ဖြစ်ပြီး ထိုစဉ်က Tang Feng နှင့် အတူ အနီရောင်တောက်နေသော နှင်းဆီပန်းတို့ကို ဟာဗေး ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ခြင်း ဖြစ်သည်။
*******-*********
YOU ARE READING
(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)
Romance(True Star _ Volume -3) Volume _ 1 https://my.w.tt/0VLPMBzaM0 Volume _2 https://my.w.tt/FiO6qMLaM0 https://www.rabbit-converter.org/Rabbit/ Because of my friend Shiroyuki, now i am ok to up my fiction with both myanmar font. Thanks Shiro.