Volume III- Chapter (41)- ခွေးခွေးချင်း ကိုက်ကြတဲ့ပွဲ

2.6K 436 9
                                    

Volume III- Chapter (41)- ခွေးခွေးချင်း ကိုက်ကြတဲ့ပွဲ



ပိတ်ဆို့ခံရတယ်ဆိုတာ ခွေးကိုက်သလောက်ပါပဲ။ ဒါပေမယ့် အလုပ်တော့ ဘာမှလုပ်လို့မရဘူးပေါ့။

 ချန်မင်ရွှိက    Tang Feng နှင့်တွေ့ဆုံမေးမြန်းရန် အချိန်တလကျော်ယူကာ ပြင်ဆင်ခဲ့ပြီး ရုပ်သံလွှင့်ဌာနကို ဖိတ်ခေါ်ခဲ့သည်။ ဒီဆွေးနွေးမှု ခေါင်းစီးနာမည်ကို  ကြီးကြီး ကျယ်ကျယ် ပေးထားလိုက်သည်။

 ချန်မင်ရွှိက အခက်ခဲကြုံနေသည့် Tang Feng ကို ကူညီရန် ကြိုးစားနေတာဖြစ်သည်။ ကိုယ် ဒုက္ခရောက်သည့်အခါ လက်ကမ်းကူညီပေးသည့်လူက ရှားပါးလှလို့ ချန်မင်ရွိရဲ့ ကူညီမှုကို Tang Feng  ရင်ထဲမှာ သေချာမှတ်ထားလိုက်သည်။

 Tang Feng က ရုပ်သံဌာနကို တနာရီစောကာ ရှောင်ယုနဲ့အတူတူလာခဲ့သည်။ သူတို့ရောက်တော့ ချန်မင်ရွှိက အခြားအစီစဉ်တစ်ခုကို ရိုက်ကူးနေဆဲဖြစ်သည်။ ချန်မင်ရွှိက အစီစဉ်မှုးအဖြစ် တင်ဆက်ရာတွင် အနုပညာရှင်တွေရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ မပုပ်အောင် အလုပ်များကို တရက်တည်းနဲ့ အပြီးရိုက်နိုင်ဖို့ စီစဉ်ထားနိုင်ခဲ့သည်။ သူက လူကြိုက်များတဲ့ အစီစဉ်မှုးဖြစ်ပြီး တီဗွီအစီစဉ်တွေမှာ အမြဲတမ်းပါသည်။ အခုလို လူသစ်တွေ များပြားသည့်အချိန် တီဗွီအစီစဉ်မှာ ကိုယ်က တပတ်ကို 2 ခါလောက်ပါခွင့်ရရင်တောင် လူတိုင်းက ကျေးဇူးတင်နေရသည့် အချိန်တွင် ချန်မင်ရွှိက ပင်တိုင် အစီစဉ်မှုးဖြစ်နေသည်။

ချန်မင်ရွှိက ကနေ့ တင်ဆက်မယ့် အစီစဉ်အတွက်  အခြား အနုပညာရှင် ၂ ဦးကို ဖိတ်ကြားထားပြီး စင်ပေါ်မှာ အင်တာဗျူးနေပြီ ဖြစ်သည်။ ထိုလူ ၂ ယောက်လည်း Tang Feng  နှင့် သိကျွမ်းထားပြီးသားဖြစ်သည်။


Tang Feng နဲ့ အရင်းနှီးဆုံးလူက နတ်သားလေးလို့ ပရိတ်သတ်ကြားမှာ လူသိများတဲ့ ကောချန် (Ge Chen ) ဖြစ်သည်။ဒီလူငယ်လေးသည် စတူဒီယို၏ဆိုဖာပေါ်တွင် ချစ်စရာကောင်းပြီးရှက်တက်တက်အပြုံးလေးနှင့်ထိုင် နေသည်။ ကောချန်၏သရုပ်ဆောင်စွမ်းရည်သည် ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်တာထက် ပိုကောင်းနေသည်။

 နောက်တယောက်က ဆုချီချိန်နှင့်အတူတူ ဗီယက်နမ်မှာ ဆုံခဲ့သည့် တရုတ်လူငယ်လေးဖြစ်သည်။ ထိုလူငယ်လေးက အရမ်းရှက်တဲ့ပုံ မပေါက်ပေမယ့် လူတွေရဲ့အာရုံကို ဘယ်လို ထိန်းချုပ်ရမယ်ဆိုတာ ကောင်းကောင်းသိနေတဲ့ ဆရာကြီးဖြစ်သည်။ တခါတရံ သူပြုံးလိုက်တဲ့ ကူကယ်ရာမဲ့အပြုံးက ကြည့်နေတဲ့ လူတွေရဲ့ စိတ်ဝင်စားမှုကို ခြွေယူနိုင်သည်။
 

အစီစဉ်မှုး ချန်မင်ရွှိနှင့် အနီးကပ်ဆုံးနေရာတွင် ထိုင်နေသော  ဝေ့တောက်မင်က Tang Feng အပြင်မှ မြင်ဖူးတဲ့ ပြည်တွင်းက နာမည်ကျော် စတား တစ်ယောက်ဖြစ်သည်။

 ကွန်ပြူတာ ဖန်သားပြင်ပေါ်ကနေ ပေါ်နေသည့် ဝေ့တောက်မင်ရဲ့ အမူယာကို Tang Feng  သေချာအကဲခတ် ကြည့်နေသည်။

ချန်မင်ရွှိက သူ့ကို တမင်သက်သက် စောလာခိုင်းပြီး ဒီလူတွေနဲ့ ဗျူးနေတာကို ကြည့်ခိုင်းတာ ရည်ရွယ်ချက်တခုရှိရမည်။

 
 သို့သော် သူ့ကိုဘာတွေမြင်တွေ့စေချင်တာလဲ...

အခု လူတိုင်း ဒီမှာရှိနေပြီ၊ သူက ထိန်းချုပ်ခန်းထဲ ထိုင်ပြီး တိုက်ရိုက် အသံသွင်း၊ ရိုက်ကူးနေတာကို ကြည့်နေပြီလေ။ Tang Feng  မြင်ရသလောက်ဆိုရင် ချန်မင်ရွှိနဲ့ဗျူးနေတဲ့ ဝေ့တောက်မင်ရဲ့ အမူယာတွေက ဟာကွက်မရှိ အကောင်းဆုံးဖြစ်တယ်ဆိုတာ သတိပြုလိုက်မိသည်။


ဒါပေမယ့် အစီစဉ်မှုးမေးသမျှကို ဖြေလိုက်တဲ့ အဖြေတိုင်းက တရားဝင်ဖြစ်ပေမယ့် စိတ်ဝင်စားမှု နည်းပါးစေသည်။

 သူ့ကိုယ်သူ ဓါးနဲ့ထိုးခဲ့တဲ့သူကို Tang Feng က ခံစားချက်မဲ့စွာ ကြည့်နေခဲ့တယ်။  သူ ကောချန်နဲ့ အစီစဉ်မှုးကြားက အပြန်လှန် အပေးယူမျှမျှ ဘယ်လို လုပ်ဆောင်နေတယ်ဆိုတာကိုပဲ ကြည့်လိုက်သည်။ ချန်ကောက ကင်မရာကို အရမ်းကို အပြစ်ကင်းပြီး ရိုးသားဖြူစင်သူလို ကြည့်နေသည်။ ဒါက တကယ့် ကောချန် ပင်ကိုယ်စရိုက်နဲ့ လုံးဝ ပြောင်းပြန်ဖြစ်လို့ Tang Feng  ရယ်လိုက်မိသည်။

 ကင်မရာနဲ့ချိန်တာခံလိုက်ရတိုင်း ခုလို သရုပ်ဆောင်နေတာ မပင်ပန်းဘူးလား။ Tang Feng  သာ သူ့နေရာဆိုရင် ပင်ပန်းလို့ သေလောက်တယ်။

 နောက်ဆုံး တရုတ်ပြည်က ကျောင်းသားလူငယ်လေးလို သရုပ်ဆောင်အလှည့်ကိုရောက်တော့ စကားစမြည်ပြောဖို့ အချိန်သိပ်မရှိတော့ပေ။ သူတို့က ဝေ့တောက်မင်ကို မေးခွန်းတွေနဲ့ ချောင်မပိတ်တော့ပဲ သီချင်းဆိုကာ အစီစဉ်ကို အဆုံးသတ်လိုက်သည်။ ဝေ့တောက်မင်ရဲ့နောက်ခံက အရမ်းကြီးမားလို့ သူ့ကို ပြစ်မှားလို့ မဖြစ်ဘူးဆိုတာ အားလုံးသိနေပုံရသည်။


 
သူ၏ရှေ့မှောက်၌ပြုလုပ်ခဲ့သော တိုက်ရိုက်  လွှင့်ခဲ့သည့်   ရုပ်မြင်သံကြား အင်တာဗျူးအစီအစဉ်က Tang Feng အတွက် ထိုလူတွေအကြောင်းနဲ့ သူတို့ရဲ့ ကွဲပြားခြားနားသော စရိုက်ကို နားလည်လာစေသည်။

 မှတ်တမ်းတင်ပြီးနောက် သရုပ်ဆောင်သုံး ဦး သည် အလွန်ယဉ်ကျေးစွာဖြင့် ချန်မင်ရွှိကို လက်ဆွဲနှုတ်ဆက် ခဲ့သည်။

Tang Feng သည် ချန်မင်ရွှိ၏ ဧည့်ခန်းမသို့ ရောက်နေပြီး ခဏနေတော့ ချန်မင်ရွှီက ၀ င်ရောက်လာခဲ့သည်။

"ဘယ်အချိန်က ရောက်လာတာလဲ"

"တစ်နာရီလောက်ကြာပြီ

Tang Feng ကရိုးရိုးသားသားဖြေလိုက်တယ်။

"မင်း ငါ့ ရိုက်ကူးရေး မှတ်တမ်းတင်တာကို ကြည့်ပြီးပြီလား?"

ချန်မင်ရွှီက ထိုင်ရင်း ရေငတ်သဖြင့် ရေတစ်ခွက်ကို ယူပြီးသောက်ရင်း ပြောခဲ့သည်။

 ငါ ကြည့်ပြီးပြီ

သူတို့ ၃ ယောက်ရဲ့ သရုပ်ဆောင်တာကို မင်း ဘယ်လိုမြင်သလဲ

 
ချန်မင်ရွှိက စိတ်ဝင်စားစွာဖြင့် တောက်ပစွာပြုံးကာ မေးလိုက်သည်။

 
ဝေ့တောက်မင်ရဲ့ သရုပ်ဆောင် စွမ်းဆောင်ရည်က အကောင်းဆုံးဖြစ်တယ်။သူ့သရုပ်ဆောင်တာက ဟာကွက်လုံးဝမရှိဘူး။ ဒါပေမယ့် ဒါက အစစ်မှန်နဲ့ မတူသလို ထင်ရစေတယ်။ ချန်ကောနဲ့ တရုတ်လူငယ်လေးက အတူတူဖြစ်ပေမယ့် ကင်မရာနဲ့ချိန်ခံရချိန် ချန်ကောရဲ့အမူယာက ပိုကောင်းတယ်

 Tang Feng သည် သူ၏အကဲဖြတ်မှုကို မှန်ကန်စွာပေးခဲ့သည်။

ထို့နောက် သူက  မေးလိုက်သည်။

"မင်း...သူတို့ကို ငါစောင့်ကြည့်နိုင်ဖို့ တမင် လုပ်ခဲ့သလား"  

ချန်မင်ရွှိက ထိုအမေးကြောင့် မျက်ခုံးကိုပင့်ကာ ပါးနပ်တဲ့  မြေခွေး တစ်ကောင်လို သူခိုးတစ်ယောက်လိုမျိုး  Tang Feng ဆီသို့အလျင်အမြန်ချဉ်း ကပ်၍ ပြောလိုက်သည်။

''ငါ့ ပွဲတွေကို နောက်ပိုင်းမှာလည်း မင်းလာကြည့်ရပါလား


Tang Feng သည် သူ၏နှုတ်ခမ်းကို လျှာနှင့် လျက်လိုက်ပြီး ပြောလိုက်သည်။.

 "ဘယ်လို ပွဲကြီးပွဲကောင်းမို့ မင်းက ငါနဲ့ပူးပေါင်းကြံစည်တဲ့ပုံပေါက်နေရတာလဲ...   "

သူတို့သုံး ဦးကို ငါ တမင်တကာဖိတ်ခဲ့တာ။ ဝေ့တောက်မင်က သူ့ရိုက်မယ့် ရုပ်ရှင်ဇာတ်ကားအသစ်ကို ပရိုမိုးရှင်း လုပ်ချင်တယ်။ တရုတ်လူငယ် သရုပ်ဆောင်လေးက ပြည်မကြီး အနုပညာနယ်ပယ်ထဲ ဝင်ချင်တယ်။ ကောချန်က လူသိများတာ ထိန်းထားဖို့ လိုတယ်။ ဒါကြောင့် သူတို့က ငါဖိတ်လိုက်တော့ မငြင်းကြတာပဲ။ သူတို့ကို အတူတူစုထားလိုက်ပြီး ဘယ်ကောင်က မကောင်းဘူးလဲဆိုတာ မင်းကိုမြင်အောင် တခါတည်းပြလိုက်တာ "

 ချန်မင်ရွှိက မတ်တပ်ရပ်ပြီး Tang Feng ကို ခေါ်လိုက်သည်။

 " လာ...သူတို့က ဘယ်လိုဆိုတာ မင်းကို ငါ လိုက်ပြမယ်  

ချန်မင်ရွှိနှင့် Tang Feng သည်  အခြားလူသုံးယောက်နှင့် တိုက်ရိုက်မျက်နှာချင်းမဆိုင်ပဲ အဝတ်လဲခန်းရဲ့ဘေး ကပ်လျက်အခန်းထဲကို ဝင်ခဲ့ကြသည်။ ထိုမှန် အကွယ်ကနေ  ကြည့်ရင် အခန်းထဲက လူတွေကို မြင်ရကြားရသည်။ အခန်းကို ကာထားသည့်မှန်က တဖက်ပိတ်မှန်ဖြစ်ပြီး ချန်ကောတို့က တဖက်ခန်းက လူတွေကိုသာ မြင်ရပြီး တဖက်က သူတို့ကို မမြင်ရပေ။

မှန်ရှေ့တွင် တရုပ်လူငယ်သရုပ်ဆောင်လေးက ထိုင်နေပြီး ချန်ကောက ထိုလူငယ်လေး.ကို မြင်တော့ လှောင်ရယ်ကာ ရန်စလိုက်သည်။


ယို့...တရုတ်လူငယ်လေး..မင်းကို ဥက္ကဌ ဆုချီချိန်နဲ့ အတူတူ မတွေ့ရတော့ပါဘူး။ ကြည့်ရတာ ဆုချီချိန်က မင်းကို စွန့်ပစ်လိုက်ပြီထင်တယ်။ မင်းတို့ အတူတူနေတာ 3 လမပြည့်ခင် စွန့်ပစ်ခံလိုက်ရတာ အရမ်းမြန်တာပဲ...

ကောချန်က ထိုလူငယ်လေးကို မနှစ်မြို့သဖြင့် တုန့်ဆိုင်းခြင်းမရှိပဲ တိုက်ခိုက်လိုက်တာ ဖြစ်သည်။ ထိုတရုတ်လူငယ်လေးက မိတ်ကပ်ပြင်သည့် ခုံတွင် ဝင်ထိုင်ကာ ကောချန်ကို ပြန်ကြည့်ပြီး တံတွေးကိုမြိုချကာ ပြုံးရင်း အေးဆေးစွာပြော လိုက်သည်။


 " ဒီတစ်ခါ ရှန်ဟိုင်းရုပ်ရှင်ပွဲတော်မှာ မင်းရုပ်ရှင် ဆန်ကာတင်စာရင်းထဲ အရွေးမခံရဘူးလို့ ငါကြားတယ်။ ရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း မင်းကို မသုံးပဲ လူသစ်လေးတွေကို သုံးနေတယ်။  မင်းရဲ့ သီချင်းခွေတွေလည်း အရောင်းစံချိန်ထဲ မဝင်ဘူးဆိုပဲ...ချန်ကော...မင်းရဲ့  ညံ့ဖျင်းတဲ့ ပုံကို ဖုံးကွယ်လို့မရတော့ဘူးထင်တယ်။ လူနည်းနည်းလေးကို လိုက်ပြီး လိမ်ညာနေလည်း ဘာမှ မထူးတော့ဘူး  "

" မင်းကိုယ်မင်း ဘာထင်နေလို့ ဒီစကား လာပြောရဲ တာလဲ... "

ကောချန်က ဒေါသတကြီးဖြင့်ပြောလိုက်သည်။

" ငါက မင်းလိုမဟုတ်ဘူး။  ငါ ရုပ်ရှင်ကြီး တစ်ခုမှာ ပါဝင်ရိုက်ကူးဖို့အတွက် ဇာတ်ညွှန်းရထားတယ်။

တရုတ်လူငယ်လေးက အသံတိုးတိုးဖြင့် ရယ်မော ခဲ့ကြပြီး ကောချန်ကို  မထီမဲ့မြင်ပြုသည့် အကြည့်ဖြင့်  ထပ်မံကြည့်ရှုပြီးနောက်ဆုံးတွင်ခေါင်းကို ခါလိုက် သည်။

"မင်းရဲ့ပုံစံကိုကြည့်လိုက်စမ်းပါ။ ဒီအနုပညာ နယ်ပယ်ထဲမှာ နေမယ်ဆိုရင် ပုံစံတစ်ခုတည်းကို မူတည် လုပ်ပြနေလို့မရဘူး။ မင်းရဲ့ပုံစံနဲ့ကိုက်ညီအောင် ဇာတ်လမ်းနဲ့ ဇာတ်ကောင်စရိုက်က ကိုက်ညီမှာမဟုတ်ဘူး။ ဒါဆိုရင်မင်းက  ဘယ်လိုလုပ် ဇာတ်ကားကြီးထဲ ပါဝင်ခွင့်ရနိုင်တော့မှာလဲ။ ဒါကြောင့်   ဥက္ကဌဆုက မင်းကို မလိုချင်ရုံမကဘူး ဥက္ကဌလုလည်း မင်းကို အထင်မြင်သေးတာပဲ

တရုတ်လူငယ်သရုပ်ဆောင်လေးရဲ့ လျှာစအာစက ကောချန်ထက် ပိုအဆိပ်ပြင်းပုံရသည်။

  " ချန်ကော..မင်းက ယောက်ျားတစ်ယောက် မဟုတ်ဘူးလား။ မင်း ဘာတွေ တွေးပြီးလုပ်နေတာလဲ။ တကယ်တော့ မင်းက သူများတွေ ပြောသလို တကိုယ်လုံးပုပ်ပွနေတဲ့သူ သက်သက်ပဲ...  

 လူတွေ ရန်ဖြစ်တာကို Tang Feng အရင်က မတွေ့ခဲ့ဘူး၊ ဒါပေမယ့် ဒါက အသံ အရမ်းကျယ်လောင်လွန်းနေ တယ်။

မင်းတို့နှစ်ယောက် ငါ့ကို အနှောက်ယှက်ဖြစ်နေတယ်။ ထွက်သွားကြမ်း...

ဘေးနားက ခုံမှာ ဖုန်းတစ်လုံးသုံးရင်း ထိုင်နေသည့် ဝေ့တောက်မင်က အေးစက်စက် မျက်နှာပေးဖြင့် လှမ်းပြောလိုက်သည်။

 တရုတ်လူငယ်လေးက အပြုံးနှင့် တောင်းပန်လိုက်သည်။


အကိုဝေ့...တောင်းပန်ပါတယ်။ ကျွန်တော် အနှောက်ယှက် ဖြစ်မိစေပြီ။  

 တရုတ်လူငယ်လေးရဲ့ သဘောထားက  ၁၈၀ ဒီကရီလို ပြောင်းလဲသွားလို့ ချန်ကောက တိုက်ရိုက်လှောင်ပြောလိုက်သည်။

အိုး..အိုး.. ကြည့်ရဆိုးလိုက်တာကွာ...မင်းက သူ့ရှေ့မှာဒူးထောက်ပြီး သူ့ခြေထောက်ကို လျှာနဲ့လျက်ရင်တောင်မှ ဒီအနုပညာလောကထဲ ရပ်တည်နိုင်မယ် ထင်လို့လား... သူက မင်းကို အခွင့်အရေး ပေးမှာ မဟုတ်ဘူး။

ချန်ကောက အယ်လ်ဘတ်ရဲ့ကျောထောက်နောက်ခံကို ရထားလို့ ဝေ့တောက်မင်ကို လုံးဝ မကြောက်ပဲ တိုက်ရိုက်ပြောလိုက်သည်။

အဲလ်ဘတ်က လူတစ်ယောက်ကို အကြာကြီး စိတ်ဝင်စားလေ့မရှိလို့ သူ စွန့်ပစ်လိုက်ရင် ချန်ကော အထိနာဦးမည်ဟု Tang Feng တွေးနေသည်။ ချန်ကောက အခု ဆုချီချိန်နဲ့ လုထျန်းချန်တို့ကို ကျောထောက်နောက်ခံ မရှိတော့ တဲ့အ ချိန် အဲလ်ဘတ်ကို ချက်ချင်း ရလိုက်တာ ဖြစ်သည်။  
ဒါပေမယ့် အဲလ်ဘတ်လို လူတစ်ယောက်က လုံးဝမယုံရဘူး။ အဲလ်ဘတ်တန်ဖိုးမထားသမျှ ကာလပတ်လုံး ထိုလူသည် အာရုံ စိုက် မခံရနိုင်ပါ။

 ဝေ့တောက်မင်က ချန်ကော သူ့ကို အခုလို ဆန့်ကျင်ရဲမယ်လို့ မထင်ခဲ့ပေ။ သူက ဖုန်းကို ဘေးချပြီး  ကြမ်းတမ်းစွာထုတ်ပြောခဲ့သည်။

"ဒီမြေခွေးငယ်လေးက တစ်ကောင်ကောင်ကို ချိတ်ထားမိပြီထင်တယ်။ ငါဟာ ဒီစွမ်းရည်မရှိဘဲ ခေါင်းမာတဲ့ကောင်လေးမျိုးကို အရမ်းမုန်းတယ်။ ဒီမှာ  မင်းကို ငါပြောမယ်၊ လူကို ကျုံးသွင်းတယ်ဆိုတာ နည်းပညာရှိဖို့လိုသေးတယ်။မင်းက ငါ့ထက် သာချင်တယ်ဆိုရင် အကောင်ကြီးကြီး တကောင်ကို ချိတ်မိဖို့ လိုသေးတယ်ကွ...  

အကိုဝေ့ ပြောတာမှန်တယ်။ သူ့ကို ဆုံးမလိုက်ပါဦး...

တရုတ်လူငယ်လေးက မီးလောင်ရာလေပင့် လုပ်လိုက်သည်။


 "အိုး၊ မင်းကို ငါ အရမ်းကြောက်နေပါပြီ။ ငါ့ကို လာသတ်မလို့လား.... ငါက လူတစ်ယောက်ကို ရထားတော့ ဘာဖြစ်လဲ။ အနည်းဆုံး မင်းလို ကိုယ့်ထက် အသက် 20 ကျော်အသက်ကြီးတဲ့လူကို ရအောင် ယူထားတဲ့လူလိုတော့ မဟုတ်ဘူးပေါ့။ မင်းက  ရွံစရာကောင်းတယ်။ ငါနဲ့ အတူတူ အနူနူပဲ မဟုတ်လား"   


ကောချန်က ဝေ့တောက်မင်ကို ရွှံ့နဲ့ပက်လိုက်သည်။


Tang Feng က အခုလို ကလေးတွေ ရန်ဖြစ်သလို အော်ဟစ်နေတာကို မကြည့်ချင်တော့လို့ ချန်မင်ရွှိကို ခေါ်ကာ ပြောလိုက်သည်။


ဒါက ဘာကြည့်စရာကောင်းလို့လဲ..

မကောင်းဘူးလား..ခွေးခွေးချင်း ကိုက်နေကြတာလေ...

ချန်မင်ရွှိက ရယ်ပြီးပြန်လှည့်လိုက်သည်။

"နုံအတဲ့ အဖွဲ့ပဲ"

Tang Feng ကပြုံးပြီးပြောလိုက်သည်။

"သူတို့ကိုကြည့်ရတာ ဆင်ခြေတွေ ပေးနေကြတာလေ။ အကုန်လုံးအတူတူပဲ၊ စိတ်ရင်း ဆိုးကြတယ်။"

ချန်မင်ရွှိက အများကြီးမတတ်နိုင်ခဲ့ပေမယ့် သူက Tang Feng အတွက် ကလဲ့စေချေဖို့ အခွင့်အလမ်းတွေကို  ရိုးရိုးလေးကြိုးပမ်းခဲ့တယ်။


**-**

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now