Chapter (32) - ဗင္းနစ္႐ုပ္ရွင္ပြဲေတာ္ (၂)

3.2K 581 14
                                    

Chapter (32) – ဗင္းနစ္႐ုပ္ရွင္ပြဲေတာ္ (၂)

Tang Feng သည္ Rinda ႏွင့္အတူ ဝိုင္ေသာက္ၿပီး Hotel ကိုျပန္လာေတာ့ သန္းေခါင္ေက်ာ္ မနက္ 1နာရီရွိေနေလၿပီ။ ေလေအးတိုက္ခံခဲ့ရေသာေၾကာင့္ သူ ေရပူႏွင့္စိမ္ခ်ိဳးၿပီး အိပ္ယာဝင္ခ်င္ေနေလၿပီ။

"ခင္ဗ်ား ဘာေၾကာင့္ မအိပ္ေသးတာလဲ.."

Tang Feng က ဟိုတယ္ခန္းထဲဝင္လိုက္ေတာ့ ဧည့္ခန္းတြင္ Lu Tian Chen က TV channel လိုင္းမ်ား ေျပာင္းၾကည့္ေနသည္ကို ေတြ႕လိုက္ရေသာေၾကာင့္ ေမးလိုက္သည္။ သူ Rinda နဲ႔သြားေသာက္မွာျဖစ္လို႔ ျပန္တာေနာက္က်မည့္အေၾကာင္း ဖုန္းဆက္ထားၿပီးျဖစ္သည္။

"မင္း ေရခ်ိဳးခ်င္လို႔လား.."

"အင္း.."

Lu Tian Chen က Tang Feng ေမးတာမေျဖဘဲ Remote control ကိုခ်ကာ ေျပာလိုက္သျဖင့္ Tang Feng ေခါင္းညိတ္လိုက္သည္။

"ငါ မင္းကို ေရျဖည့္ေပးမယ္.."

Lu Tian Chen က ေျပာၿပီး ေရခ်ိဳးခန္းထဲဝင္ကာ Tang Feng ခ်ိဳးဖို႔ ေရေႏြးစပ္ေပးလိုက္သည္။ Tang Feng က ေရသံကိုၾကားေတာ့ ၿပံဳးကာ သူ႔အိပ္ခန္းထဲဝင္ကာ အဝတ္လဲလိုက္သည္။

Lu Tian Chen က သူ႔အဆိုျပဳခ်က္ကို သေဘာတူၿပီးသည့္ရက္ကစၿပီး သူ႔ကို ဘာမွဖိအားမေပးခဲ့ေပ။ အခု သူတို႔က ဟိုတယ္ခန္းတစ္ခုတည္းမွာေနေပမယ့္ Lu Tian Chen က သူ႔ခုတင္ေပၚ ဇြတ္တက္မလာသလုိ သူ႔ကိုေပြ႕ဖက္နမ္းတာေတာင္ မလုပ္ခဲ့ေပ။ ဒီလိုေနတာ တကယ္ေကာင္းတာပဲ။ ေနာင္မွာ ဘယ္လိုပဲျဖစ္လာပါေစ.. ေလာေလာဆည္ သူ႔ကိုယ္ပိုင္ဘဝေလးႏွင့္ လြတ္လပ္စြာေနခ်င္မိေသးသည္။

Tang Feng က ေရခ်ိဳးခန္းဝတ္႐ံုကို လဲကာ ေရခ်ိဳးခန္းထဲဝင္လာေတာ့ Lu Tian Chen က ေရခ်ိဳးခန္းနံရံကိုမွီကာ ရပ္ေနသည္။ သူက ေဘးကအျဖတ္ သူ႔လက္ကိုဆြဲကာ ေျပာလိုက္သည္။

"Rinda က Hollywood ႐ုပ္ရွင္နတ္ဘုရားမပဲ.. သူနဲ႔စကားေျပာရင္ သတိထားဦး.. သံသယဝင္သြားဦးမယ္.."

"OK.. သူမက ႐ုပ္တင္လွတာမဟုတ္ဘူး.. စိတ္လည္းအရမ္းလွတယ္.. ၿပီးေတာ့ သူမက ဖီးနစ္နဲ႔ သူငယ္ခ်င္းေကာင္းေတြပါ.."

Tang Feng က ေရရဲ့အပူခ်ိန္ကို လက္နဲ႔စမ္းၿပီး ေျပာလိုက္သည္။

Randa က ဖီးနစ္၏ဘဝတြင္ အကူအညီအမ်ားႀကီး ေပးခဲ့ဖူးသည္။ Rinda ၏အေၾကာင္းကို စဥ္းစားမိေတာ့ Tang Feng ၏ႏႈတ္ခမ္းက ေကာ့ညြတ္ကာ ၿပံဳးလိုက္မိသည္။ ဖီးနစ္ ႐ုပ္ရွင္ေလာကထဲကို ဝင္ခဲ့စဥ္အခါက Rinda က နာမည္ႀကီးမင္းသမီးတစ္လက္ ျဖစ္ေနေလၿပီ။ သူတုိ႔က ႐ုပ္ရွင္ဇာတ္ကားတစ္ခုထဲ အတူ႐ိုက္ခဲ့ၿပီး တစ္ေန႔ ႐ုပ္ရွင္အဖြဲ႕သားအားလံုး ဘားတစ္ခုတြင္ သြားေသာက္ၾကသည္။ အမ်ိဳးသားတစ္ေယာက္က အရက္မူးၿပီး Rinda ကို လာစေနာက္စဥ္ ဖီးနစ္က ေရွ႕ထြက္ၿပီး ထိုလူကိုတားရင္း ရန္ျဖစ္ခဲ့သည္။ ဒါက Rinda ေၾကာင့္ ဖီးနစ္ သူမ်ားႏွင့္ ရန္ျဖစ္ဖူးျခင္းျဖစ္သည္။

ဒါက မိန္းမလွေလးႏွင့္ သူရဲေကာင္းဇာတ္လမ္းမ်ိဳးေတာ့ ျဖစ္မလာဘဲ ေနာင္မွာ သူတို႔က သူငယ္ခ်င္းေကာင္းေတြ ျဖစ္လာၾကသည္။ Rinda က လူေရြးပြဲမ်ားစြာကို ဖီးနစ္ကိုေျပာျပမိတ္ဆက္ေပးခဲ့သည္။ သူတို႔က ခ်စ္သူေတြထက္ သူငယ္ခ်င္းေကာင္းေတြျဖစ္လာၿပီး ေနာက္ပိုင္း Rinda ၏လက္ရွိခင္ပြန္း George ႏွင့္ ေတြ႕ဆံုခဲ့သည္။

ကံတရားကို ေရွာင္လႊဲလို႔မရႏိုင္ေပ။ ကံေကာင္းျခင္းတစ္ခုကို လြဲေခ်ာ္ခဲ့ရင္ေတာင္ ေနာက္တစ္ခါမွာ မင္း ထပ္ကံေကာင္းႏိုင္ေသးသည္။

ဒီ႐ုပ္ရွင္ပြဲေတာ္မွာ Tang Feng က အင္တာဗ်ဴးမ်ားရွိသည့္အခ်ိန္ကလြဲရင္ က်န္အခ်ိန္မ်ားတြင္ လြတ္လပ္စြာသြားလာႏိုင္ခဲ့သည္။

ေရွာင္ယုက ပထမဆံုး ဗင္းနစ္႐ုပ္ရွင္ပြဲေတာ္ကို ေရာက္ဖူးတာျဖစ္လို႔ Tang Feng သြားလာရာတြင္ သတင္းေထာက္တခ်ိဳ႕ကို စီစဥ္ေပးခဲ့သည္။

ေနာက္တေန႔မနက္တြင္ အီတလီ၏ နာမည္ႀကီးသတင္းစာေခါင္းႀကီးပိုင္းမွာ Tang Feng ႏွင့္ Rinda တို႔ အတူေသာက္ေနသည့္ သတင္းေခါင္းစီးပိုင္း တက္လာေတာ့ ေရွာင္ယု စိတ္ပူကာ ဖုန္းဆက္တိုက္ဆက္ေတာ့သည္။ "Rinda ႏွင့္ ႐ုပ္ရွင္ဇာတ္ကားတစ္ခုထဲက တက္သစ္စသ႐ုပ္ေဆာင္ေလးႏွင့္ ခ်စ္ႀကိဳက္ျခင္း" ဆိုသည့္သတင္းမ်ားက သူမကို စိတ္ပူပန္ေစသည္။ ပံုထဲမွာ သူ႔မ်က္ႏွာကို ခပ္ဝါးဝါးပဲျမင္ရၿပီး သတင္းေထာက္က သူ႔အမည္ကို မသိေသာေၾကာင့္ နာမည္ကို ထည့္ေရးထားျခင္းမရွိေပ။

Tang Feng က ထိုသတင္းကိုဖတ္ကာ ရယ္ေမာလိုက္သည္။

"ဟား ဟား.. ဒီသတင္းေထာက္က တကယ္ဟာသပဲ.. Rinda က အသက္ 40 ရွိၿပီး ကမာၻ႕အလွဆံုး အမ်ိဳးသမီးထဲမွာ ပါတယ္.. ဒါေတာင္ သူက Rinda ကို ႏြားအိုျမက္ႏုႀကိဳက္လို႔ ေရးခ်င္ေသးတယ္.."

သတင္းေထာက္က သူလိုခ်င္သည့္႐ႈေထာင့္ကေန ဓာတ္ပံု႐ိုက္ယူထားေသာေၾကာင့္ သူတို႔ လူခ်င္းကပ္စကားေျပာေနပံုက ေပြ႕ဖက္ေနသလိုလိုထင္ေအာင္ လုပ္ထားျခင္းျဖစ္သည္။

"ရွင္ ဒါကို တကယ္လုပ္ခဲ့တာလား Tang Feng.. ရွင္က ကမာၻေက်ာ္႐ုပ္ရွင္မင္းသား Gino နဲ႔ကိစၥျဖစ္သြားၿပီး အခု Rinda နဲ႔ သတင္းထြက္လာျပန္ၿပီ.. ရွင့္ရဲ့ agent လုပ္ရတာ ကၽြန္မ တကယ့္ကို စိတ္ဖိစီးမႈမ်ားတာပဲ.."

ေရွာင္ယုက သက္ျပင္းခ်လိုက္မိသည္။ Tang Feng က သူမတာဝန္ယူထားရတဲ့ အႏုပညာရွင္ျဖစ္ေသာေၾကာင့္ ဘယ္လိုအ႐ႈပ္ေတာ္ပံုထဲ ပါေနပါေစ.. သူမက ရေအာင္ရွင္းေပးရမွာျဖစ္သည္။

"သူတို႔ေရးထားသလိုပဲ.."

Tang Feng က ၿပံဳးရယ္ကာ သတင္းစာကိုခ်လိုက္ၿပီး ေရွာင္ယုကိုေျပာလိုက္သည္။

"ရွင္က တကယ့္ကို ပံုမွန္လိုမေတြးဘူးပဲ.. Rinda ရဲ့ေယာက္်ားက နာမည္ႀကီး media company ကိုပိုင္ထားတဲ့လူရွင့္.. သူက အထင္လြဲၿပီး ရွင့္ကိုတစ္ခုခုလုပ္ခဲ့ရင္ ဘယ္လိုလုပ္မလဲ.. ရွင္ သူ႔ကို တစ္ခုခုရွင္းျပလိုက္ရင္ မေကာင္းဘူးလား Tang Feng.."

ေရွာင္ယုက သတင္းစာမ်ားထဲက ေရးသားေဖာ္ျပခ်က္ကို ေသေသခ်ာခ်ာဖတ္ေနသည္။ Tang Feng က သတင္းထြက္လာတယ္ဆိုေပမယ့္ အတူေဖာ္ျပခံရသူက နာမည္ႀကီး႐ုပ္ရွင္မင္းသမီးႀကီးျဖစ္သည္။ သတင္းေထာက္ေတြက Tang Feng က နာမည္ႀကီးခ်င္လို႔ တမင္သက္သက္ နာမည္ႀကီးမင္းသမီးႀကီးဆီကို သြားကပ္တယ္လို႔ ေရးတားတာက တကယ္ကို အဓိပၸါယ္မရွိဘူး..။

Tang Feng က ဒီလိုလူမ်ိဳးမဟုတ္ဘူးဆုိတာ ေရွာင္ယုေသခ်ာသိသည္။ Tang Feng က ဒီနည္းမ်ိဳး ဘယ္ေတာ့မွလုပ္မွာမဟုတ္ေပမယ့္ ခုေတာ့ တိုင္းတစ္ပါးႏိုင္ငံက သတင္းစာႀကီးက အတင္းအဖ်င္းက႑မွာ ထည့္သြင္းေဖာ္ျပခဲ့ေလၿပီ။ ဒီသတင္းက တ႐ုတ္ျပည္တြင္းက မီဒီယာေတြဆီပ်ံ႕သြားရင္ သူ႔သ႐ုပ္ေဆာင္ရဲ့ ဂုဏ္သတင္း ထိခိုက္လာႏိုင္သည္။

"ဟင့္အင္း.. ငါ ရွင္းျပမွာမဟုတ္ဘူး.."

Tang Feng က ၿပံဳးၿပီး ဆက္ရွင္းျပလိုက္သည္။

"ကိုယ့္မိန္းမရဲ့စကားကိုေတာင္ မယံုဘူးဆိုရင္ ငါသြားရွင္းျပလည္း အလကားပဲ.. ဒါဆိုရင္ ဒီအိမ္ေထာင္ေရးက ဘယ္လိုေရွ႕ဆက္ႏိုင္မွာလဲ.."

ေဖ်ာ္ေျဖေရးေလာကဆိုတာ အစကတည္းက အပုပ္အစပ္သတင္းေတြနဲ႔ ျပည့္ေနတဲ့ ေနရာႀကီးျဖစ္သည္။ Rinda က ယခုေနရာအထိ ေလွ်ာက္လွမ္းလာႏိုင္သည္ဆိုကတည္းက သူမေယာက္်ားက သူမကို ယံုၾကည္လို႔ဆိုတာ ရွင္းပါသည္။

"ကၽြန္မကိုယံုၾကည္ေပးတဲ့ ခင္ပြန္းမ်ိဳးရွိရင္ ဘယ္ေလာက္ေကာင္းမလဲ.."

ေရွာင္ယုက မၾကာခင္လက္ထပ္ေတာ့မယ့္ မိန္းကေလးလို ညည္းညဴခဲ့သည္။

"မင္း ေတြ႕လာမွာပါ.. ရည္းစားဆိုတာမ်ိဳးက မရွိမေကာင္း ရွိမေကာင္းဆိုတာ မင္းသိလာလိမ့္မယ္.. ဒါကိုေတာ့ စိတ္ထဲမွာထည့္ထား.."

Tang Feng က ႐ုပ္ရွင္ပြဲေတာ္တက္ေရာက္သည့္ကာလအတြင္း ဗင္းနစ္ၿမိဳ႕ကို ႏွံ႔ေအာင္သြားေရာက္လည္ပတ္ကာ စားေသာက္ခဲ့သည္။ ဆုႀကီးႏွစ္ဆုကို ရခဲ့ေသာေၾကာင့္ သူေဌးျဖစ္သူ Lu Tian Chen က Tang Feng ကို ေဘာနပ္စ္ေကာင္းေကာင္းေပးခဲ့သျဖင့္ Tang Feng က စကားျပန္၊ လက္ေထာက္ႏွစ္ေယာက္ေခၚကာ ေရေပၚၿမိဳ႕ေလးတြင္ လည္ပတ္စားေသာက္ေနျခင္းျဖစ္သည္။ Lu Tian Chen က အလုပ္ကိစၥရွိေသာေၾကာင့္ လိုက္မလာႏိုင္ေပ။ Tang Feng က Lu Tian Chen ကို တစ္ေယာက္တည္း ထားပစ္ခဲ့ရေသာေၾကာင့္ အျပန္တြင္ ခါးပတ္တစ္ခု လက္ေဆာင္ဝယ္လာေပးခဲ့သည္။

Lu Tian Chen လိုက္ခဲ့လွ်င္ ဝန္ထမ္းငယ္ေလးေတြက လြတ္လပ္မႈမရွိမွာစိုးေသာေၾကာင့္ သူက တမင္သက္သက္ အလုပ္ကိစၥအေၾကာင္းျပၿပီး ခ်န္ေနရစ္ခဲ့ျခင္းျဖစ္သည္။ Lu Tian Chen က တခါတရံ တစ္ဖက္သားကို အရမ္းစဥ္းစားေပးတတ္ၿပီး ေႏြးေထြးစြာ ဆက္ဆံတတ္သူလည္းျဖစ္သည္။

Tang Feng က ခါးပတ္ဝယ္ၿပီးေနာက္ ဖုန္းတစ္ေကာလ္ဝင္လာသည္။ ေခၚဆိုသူနံပါတ္ကိုၾကည့္ၿပီး Tang Feng တန္းခနဲေခၚလိုက္သည္။

"Charles.."

"ဝိုး.. ကိုယ့္အခ်စ္ေလးက ကိုယ္မွန္းတန္းသိတာပဲ... စိတ္ခ်င္းဆက္ေနတယ္ဆိုတာ ဒါမ်ိဳးေနမယ္.. မင္း ကိုယ့္ကိုမခ်စ္ဘူးဆိုရင္ ကိုယ္ဆက္တာမွန္း မင္း ဘယ္လိုသိႏိုင္မလဲ.. ဟား.. ဟား.. ကိုယ္သိတာေပါ့.. မင္းက ကိုယ့္ကို အေသခ်စ္တယ္ဆိုတာ.."

Charles က တကယ့္ငေပြင႐ႈပ္သံႏွင့္ ေျပာခဲ့သည္။

"ေပါက္ကရေျပာေနရင္ ဖုန္းခ်လိုက္သင့္ၿပီထင္တယ္.."

"မလုပ္လိုက္ပါနဲ႔ကြာ.. ကိုယ္က မင္းကို အရမ္းလြမ္းေနတာ.."

တစ္ဖက္က Charles ရဲ့ေလသံက ပံုမွန္ျဖစ္လာသည္။
Tang Feng ၿပံဳးလိုက္မိသည္။

"ကေလးေလး.. ဒီရက္ေတြမွာ ကိုယ္အမ်ားႀကီး စဥ္းစားေနမိတယ္.. ကိုယ့္ေမာက္မာမႈေၾကာင့္ ကိုယ့္ခ်စ္သူေလးကို ဒုကၡအမ်ားႀကီး ျဖစ္သြားေစခဲ့တယ္.."

Charles က ခုလိုေျပာေနေပမယ့္ သူက မေမာက္မာေတာ့တာ မဟုတ္ဘူး။ လူတစ္ေယာက္ရဲ့ အက်င့္စ႐ိုက္ဆုိတာ ျပင္ရခက္ပါတယ္။ သူတို႔လိုလူဆီက ဘာကိုေမွ်ာ္လင့္ႏိုင္မွာလဲ။

"ခင္ဗ်ား ေျပာင္းပစ္မယ္လို႔ေတာ့ မေျပာနဲ႔.. ခင္ဗ်ားကို မာနႀကီးတဲ့ Charles ဆိုၿပီး ကၽြန္ေတာ္က မွတ္ထားၿပီးသားဗ်.."

"ကိုယ္႐ူးေတာ့မွာပဲ.. မဟုတ္ဘူး.. ကိုယ္က အ႐ူးပါ.. ေကာင္းၿပီအခ်စ္ေလး.. ကိုယ္ အတည္ေျပာမယ္.. ကိုယ့္ခ်စ္သူငယ္ခ်င္းႀကီး Lu Tian Chen ဆီက မင္းေျပာတာကို ၾကားခဲ့ၿပီးၿပီ.. မင္းမွန္ပါတယ္.. ဒီအေတာအတြင္း ကိုယ္ မင္းကို လာေတြ႕ပါဦးမယ္.. မင္း ကိုယ့္ကို ေမ့သြားမွာစိုးလို႔.."

Charles ဆီက ဒီစကားကိုၾကားရတာ မဆိုးဘူးပဲ..။

"မင္း ကိုယ့္အသည္းကို ခြဲခဲ့တယ္.."

Charles က ခ်ဲ႕ကားၿပီး ဆက္ေျပာေနခဲ့သည္။

"ဝိုး.. ဒါက သတင္းေကာင္းပဲ.."

Tang Feng က Charles ကို ခ်စ္ခင္စြာျဖင့္ ေနာက္လိုက္သည္။

"ေကာင္းၿပီ.. ေကာင္းၿပီ.. ကိုယ့္ကိုအႏိုင္က်င့္ရလို႔ မင္းေပ်ာ္မယ္ဆိုရင္ သေဘာရွိ အႏိုင္က်င့္ပါေတာ့ကြာ.. ကိုယ့္ရဲ့အသည္းခြဲမုဆိုးေလး Tang ေရ.. ကိုယ္ မင္းကိုခ်စ္တယ္.. မင္းကို လြမ္းေနတာ.."

"အင္း.. ကၽြန္ေတာ္သိပါတယ္.."

"ဒါက အသည္းကြဲတဲ့သူကို ျပန္တံု႔ျပန္ေပးတာေပါ့ေလ.. ကိုယ္က ႐ုပ္ရွင္ၾကည့္ရတာႀကိဳက္ေပမယ့္ 10 မိနစ္စာအပိုင္းတိုေလးေတြကို ၾကည့္ရတာမႀကိဳက္ဘူး.. ေကာင္းၿပီ.. ကိုယ့္အခ်စ္ကေလးကို မေႏွာင့္ယွက္ေတာ့ဘူး.. ေနာက္မွ ထပ္ဆက္လိုက္မယ္.."

Charles ဖုန္းခ်သြားေတာ့ Tang Feng က တီးတိုးရယ္ကာ ဒီလူဆိုးႀကီးက တစ္ခုခုမေကာင္းႀကံေနတာ ငါမသိဘူးထင္ေနသလားဟု ေတြးေနသည္။

Charles ၏အသံကို ၾကားလိုက္ရေသာေၾကာင့္ Tang Feng စိုးရိမ္မႈေလ်ာ့သြားၿပီး ေပ်ာ္ရႊင္လာခဲ့သည္။

Tang Feng က အေရာင္းစာေရးေလး ထုပ္ပိုးေပးလိုက္ေသာ ပစၥည္းကိုယူကာ hotel ကိုျပန္လာခဲ့သည္။ Hotel ထဲဝင္လိုက္ေတာ့ မ်က္မွန္တပ္ထားေသာ လူငယ္တစ္ေယာက္က ကင္မရာကိုလြယ္ကာ ဟိုဟုိသည္သည္ၾကည့္ေနတာ ေတြ႕လိုက္ရသည္။ ထိုလူက Tang Feng ဟိုတယ္ထဲဝင္လာတာျမင္ေတာ့ သူ႔ဆီဦးတည္ကာ ဒုန္းစိုင္းေျပးလာခဲ့သည္။

"အစ္ကို Tang.."

"လီ ပါလား.."

==========================






Chapter (32) – ဗင်းနစ်ရုပ်ရှင်ပွဲတော် (၂)

Tang Feng သည် Rinda နှင့်အတူ ဝိုင်သောက်ပြီး Hotel ကိုပြန်လာတော့ သန်းခေါင်ကျော် မနက် 1နာရီရှိနေလေပြီ။ လေအေးတိုက်ခံခဲ့ရသောကြောင့် သူ ရေပူနှင့်စိမ်ချိုးပြီး အိပ်ယာဝင်ချင်နေလေပြီ။

"ခင်ဗျား ဘာကြောင့် မအိပ်သေးတာလဲ.."

Tang Feng က ဟိုတယ်ခန်းထဲဝင်လိုက်တော့ ဧည့်ခန်းတွင် Lu Tian Chen က TV channel လိုင်းများ ပြောင်းကြည့်နေသည်ကို တွေ့လိုက်ရသောကြောင့် မေးလိုက်သည်။ သူ Rinda နဲ့သွားသောက်မှာဖြစ်လို့ ပြန်တာနောက်ကျမည့်အကြောင်း ဖုန်းဆက်ထားပြီးဖြစ်သည်။

"မင်း ရေချိုးချင်လို့လား.."

"အင်း.."

Lu Tian Chen က Tang Feng မေးတာမဖြေဘဲ Remote control ကိုချကာ ပြောလိုက်သဖြင့် Tang Feng ခေါင်းညိတ်လိုက်သည်။

"ငါ မင်းကို ရေဖြည့်ပေးမယ်.."

Lu Tian Chen က ပြောပြီး ရေချိုးခန်းထဲဝင်ကာ Tang Feng ချိုးဖို့ ရေနွေးစပ်ပေးလိုက်သည်။ Tang Feng က ရေသံကိုကြားတော့ ပြုံးကာ သူ့အိပ်ခန်းထဲဝင်ကာ အဝတ်လဲလိုက်သည်။

Lu Tian Chen က သူ့အဆိုပြုချက်ကို သဘောတူပြီးသည့်ရက်ကစပြီး သူ့ကို ဘာမှဖိအားမပေးခဲ့ပေ။ အခု သူတို့က ဟိုတယ်ခန်းတစ်ခုတည်းမှာနေပေမယ့် Lu Tian Chen က သူ့ခုတင်ပေါ် ဇွတ်တက်မလာသလို သူ့ကိုပွေ့ဖက်နမ်းတာတောင် မလုပ်ခဲ့ပေ။ ဒီလိုနေတာ တကယ်ကောင်းတာပဲ။ နောင်မှာ ဘယ်လိုပဲဖြစ်လာပါစေ.. လောလောဆည် သူ့ကိုယ်ပိုင်ဘဝလေးနှင့် လွတ်လပ်စွာနေချင်မိသေးသည်။

Tang Feng က ရေချိုးခန်းဝတ်ရုံကို လဲကာ ရေချိုးခန်းထဲဝင်လာတော့ Lu Tian Chen က ရေချိုးခန်းနံရံကိုမှီကာ ရပ်နေသည်။ သူက ဘေးကအဖြတ် သူ့လက်ကိုဆွဲကာ ပြောလိုက်သည်။

"Rinda က Hollywood ရုပ်ရှင်နတ်ဘုရားမပဲ.. သူနဲ့စကားပြောရင် သတိထားဦး.. သံသယဝင်သွားဦးမယ်.."

"OK.. သူမက ရုပ်တင်လှတာမဟုတ်ဘူး.. စိတ်လည်းအရမ်းလှတယ်.. ပြီးတော့ သူမက ဖီးနစ်နဲ့ သူငယ်ချင်းကောင်းတွေပါ.."

Tang Feng က ရေရဲ့အပူချိန်ကို လက်နဲ့စမ်းပြီး ပြောလိုက်သည်။

Randa က ဖီးနစ်၏ဘဝတွင် အကူအညီအများကြီး ပေးခဲ့ဖူးသည်။ Rinda ၏အကြောင်းကို စဉ်းစားမိတော့ Tang Feng ၏နှုတ်ခမ်းက ကော့ညွတ်ကာ ပြုံးလိုက်မိသည်။ ဖီးနစ် ရုပ်ရှင်လောကထဲကို ဝင်ခဲ့စဉ်အခါက Rinda က နာမည်ကြီးမင်းသမီးတစ်လက် ဖြစ်နေလေပြီ။ သူတို့က ရုပ်ရှင်ဇာတ်ကားတစ်ခုထဲ အတူရိုက်ခဲ့ပြီး တစ်နေ့ ရုပ်ရှင်အဖွဲ့သားအားလုံး ဘားတစ်ခုတွင် သွားသောက်ကြသည်။ အမျိုးသားတစ်ယောက်က အရက်မူးပြီး Rinda ကို လာစနောက်စဉ် ဖီးနစ်က ရှေ့ထွက်ပြီး ထိုလူကိုတားရင်း ရန်ဖြစ်ခဲ့သည်။ ဒါက Rinda ကြောင့် ဖီးနစ် သူများနှင့် ရန်ဖြစ်ဖူးခြင်းဖြစ်သည်။

ဒါက မိန်းမလှလေးနှင့် သူရဲကောင်းဇာတ်လမ်းမျိုးတော့ ဖြစ်မလာဘဲ နောင်မှာ သူတို့က သူငယ်ချင်းကောင်းတွေ ဖြစ်လာကြသည်။ Rinda က လူရွေးပွဲများစွာကို ဖီးနစ်ကိုပြောပြမိတ်ဆက်ပေးခဲ့သည်။ သူတို့က ချစ်သူတွေထက် သူငယ်ချင်းကောင်းတွေဖြစ်လာပြီး နောက်ပိုင်း Rinda ၏လက်ရှိခင်ပွန်း George နှင့် တွေ့ဆုံခဲ့သည်။

ကံတရားကို ရှောင်လွှဲလို့မရနိုင်ပေ။ ကံကောင်းခြင်းတစ်ခုကို လွဲချော်ခဲ့ရင်တောင် နောက်တစ်ခါမှာ မင်း ထပ်ကံကောင်းနိုင်သေးသည်။

ဒီရုပ်ရှင်ပွဲတော်မှာ Tang Feng က အင်တာဗျူးများရှိသည့်အချိန်ကလွဲရင် ကျန်အချိန်များတွင် လွတ်လပ်စွာသွားလာနိုင်ခဲ့သည်။

ရှောင်ယုက ပထမဆုံး ဗင်းနစ်ရုပ်ရှင်ပွဲတော်ကို ရောက်ဖူးတာဖြစ်လို့ Tang Feng သွားလာရာတွင် သတင်းထောက်တချို့ကို စီစဉ်ပေးခဲ့သည်။

နောက်တနေ့မနက်တွင် အီတလီ၏ နာမည်ကြီးသတင်းစာခေါင်းကြီးပိုင်းမှာ Tang Feng နှင့် Rinda တို့ အတူသောက်နေသည့် သတင်းခေါင်းစီးပိုင်း တက်လာတော့ ရှောင်ယု စိတ်ပူကာ ဖုန်းဆက်တိုက်ဆက်တော့သည်။ "Rinda နှင့် ရုပ်ရှင်ဇာတ်ကားတစ်ခုထဲက တက်သစ်စသရုပ်ဆောင်လေးနှင့် ချစ်ကြိုက်ခြင်း" ဆိုသည့်သတင်းများက သူမကို စိတ်ပူပန်စေသည်။ ပုံထဲမှာ သူ့မျက်နှာကို ခပ်ဝါးဝါးပဲမြင်ရပြီး သတင်းထောက်က သူ့အမည်ကို မသိသောကြောင့် နာမည်ကို ထည့်ရေးထားခြင်းမရှိပေ။

Tang Feng က ထိုသတင်းကိုဖတ်ကာ ရယ်မောလိုက်သည်။

"ဟား ဟား.. ဒီသတင်းထောက်က တကယ်ဟာသပဲ.. Rinda က အသက် 40 ရှိပြီး ကမ္ဘာ့အလှဆုံး အမျိုးသမီးထဲမှာ ပါတယ်.. ဒါတောင် သူက Rinda ကို နွားအိုမြက်နုကြိုက်လို့ ရေးချင်သေးတယ်.."

သတင်းထောက်က သူလိုချင်သည့်ရှုထောင့်ကနေ ဓာတ်ပုံရိုက်ယူထားသောကြောင့် သူတို့ လူချင်းကပ်စကားပြောနေပုံက ပွေ့ဖက်နေသလိုလိုထင်အောင် လုပ်ထားခြင်းဖြစ်သည်။

"ရှင် ဒါကို တကယ်လုပ်ခဲ့တာလား Tang Feng.. ရှင်က ကမ္ဘာကျော်ရုပ်ရှင်မင်းသား Gino နဲ့ကိစ္စဖြစ်သွားပြီး အခု Rinda နဲ့ သတင်းထွက်လာပြန်ပြီ.. ရှင့်ရဲ့ agent လုပ်ရတာ ကျွန်မ တကယ့်ကို စိတ်ဖိစီးမှုများတာပဲ.."

ရှောင်ယုက သက်ပြင်းချလိုက်မိသည်။ Tang Feng က သူမတာဝန်ယူထားရတဲ့ အနုပညာရှင်ဖြစ်သောကြောင့် ဘယ်လိုအရှုပ်တော်ပုံထဲ ပါနေပါစေ.. သူမက ရအောင်ရှင်းပေးရမှာဖြစ်သည်။

"သူတို့ရေးထားသလိုပဲ.."

Tang Feng က ပြုံးရယ်ကာ သတင်းစာကိုချလိုက်ပြီး ရှောင်ယုကိုပြောလိုက်သည်။

"ရှင်က တကယ့်ကို ပုံမှန်လိုမတွေးဘူးပဲ.. Rinda ရဲ့ယောက်ျားက နာမည်ကြီး media company ကိုပိုင်ထားတဲ့လူရှင့်.. သူက အထင်လွဲပြီး ရှင့်ကိုတစ်ခုခုလုပ်ခဲ့ရင် ဘယ်လိုလုပ်မလဲ.. ရှင် သူ့ကို တစ်ခုခုရှင်းပြလိုက်ရင် မကောင်းဘူးလား Tang Feng.."

ရှောင်ယုက သတင်းစာများထဲက ရေးသားဖော်ပြချက်ကို သေသေချာချာဖတ်နေသည်။ Tang Feng က သတင်းထွက်လာတယ်ဆိုပေမယ့် အတူဖော်ပြခံရသူက နာမည်ကြီးရုပ်ရှင်မင်းသမီးကြီးဖြစ်သည်။ သတင်းထောက်တွေက Tang Feng က နာမည်ကြီးချင်လို့ တမင်သက်သက် နာမည်ကြီးမင်းသမီးကြီးဆီကို သွားကပ်တယ်လို့ ရေးတားတာက တကယ်ကို အဓိပ္ပါယ်မရှိဘူး..။

Tang Feng က ဒီလိုလူမျိုးမဟုတ်ဘူးဆိုတာ ရှောင်ယုသေချာသိသည်။ Tang Feng က ဒီနည်းမျိုး ဘယ်တော့မှလုပ်မှာမဟုတ်ပေမယ့် ခုတော့ တိုင်းတစ်ပါးနိုင်ငံက သတင်းစာကြီးက အတင်းအဖျင်းကဏ္ဍမှာ ထည့်သွင်းဖော်ပြခဲ့လေပြီ။ ဒီသတင်းက တရုတ်ပြည်တွင်းက မီဒီယာတွေဆီပျံ့သွားရင် သူ့သရုပ်ဆောင်ရဲ့ ဂုဏ်သတင်း ထိခိုက်လာနိုင်သည်။

"ဟင့်အင်း.. ငါ ရှင်းပြမှာမဟုတ်ဘူး.."

Tang Feng က ပြုံးပြီး ဆက်ရှင်းပြလိုက်သည်။

"ကိုယ့်မိန်းမရဲ့စကားကိုတောင် မယုံဘူးဆိုရင် ငါသွားရှင်းပြလည်း အလကားပဲ.. ဒါဆိုရင် ဒီအိမ်ထောင်ရေးက ဘယ်လိုရှေ့ဆက်နိုင်မှာလဲ.."

ဖျော်ဖြေရေးလောကဆိုတာ အစကတည်းက အပုပ်အစပ်သတင်းတွေနဲ့ ပြည့်နေတဲ့ နေရာကြီးဖြစ်သည်။ Rinda က ယခုနေရာအထိ လျှောက်လှမ်းလာနိုင်သည်ဆိုကတည်းက သူမယောက်ျားက သူမကို ယုံကြည်လို့ဆိုတာ ရှင်းပါသည်။

"ကျွန်မကိုယုံကြည်ပေးတဲ့ ခင်ပွန်းမျိုးရှိရင် ဘယ်လောက်ကောင်းမလဲ.."

ရှောင်ယုက မကြာခင်လက်ထပ်တော့မယ့် မိန်းကလေးလို ညည်းညူခဲ့သည်။

"မင်း တွေ့လာမှာပါ.. ရည်းစားဆိုတာမျိုးက မရှိမကောင်း ရှိမကောင်းဆိုတာ မင်းသိလာလိမ့်မယ်.. ဒါကိုတော့ စိတ်ထဲမှာထည့်ထား.."

Tang Feng က ရုပ်ရှင်ပွဲတော်တက်ရောက်သည့်ကာလအတွင်း ဗင်းနစ်မြို့ကို နှံ့အောင်သွားရောက်လည်ပတ်ကာ စားသောက်ခဲ့သည်။ ဆုကြီးနှစ်ဆုကို ရခဲ့သောကြောင့် သူဌေးဖြစ်သူ Lu Tian Chen က Tang Feng ကို ဘောနပ်စ်ကောင်းကောင်းပေးခဲ့သဖြင့် Tang Feng က စကားပြန်၊ လက်ထောက်နှစ်ယောက်ခေါ်ကာ ရေပေါ်မြို့လေးတွင် လည်ပတ်စားသောက်နေခြင်းဖြစ်သည်။ Lu Tian Chen က အလုပ်ကိစ္စရှိသောကြောင့် လိုက်မလာနိုင်ပေ။ Tang Feng က Lu Tian Chen ကို တစ်ယောက်တည်း ထားပစ်ခဲ့ရသောကြောင့် အပြန်တွင် ခါးပတ်တစ်ခု လက်ဆောင်ဝယ်လာပေးခဲ့သည်။

Lu Tian Chen လိုက်ခဲ့လျှင် ဝန်ထမ်းငယ်လေးတွေက လွတ်လပ်မှုမရှိမှာစိုးသောကြောင့် သူက တမင်သက်သက် အလုပ်ကိစ္စအကြောင်းပြပြီး ချန်နေရစ်ခဲ့ခြင်းဖြစ်သည်။ Lu Tian Chen က တခါတရံ တစ်ဖက်သားကို အရမ်းစဉ်းစားပေးတတ်ပြီး နွေးထွေးစွာ ဆက်ဆံတတ်သူလည်းဖြစ်သည်။

Tang Feng က ခါးပတ်ဝယ်ပြီးနောက် ဖုန်းတစ်ကောလ်ဝင်လာသည်။ ခေါ်ဆိုသူနံပါတ်ကိုကြည့်ပြီး Tang Feng တန်းခနဲခေါ်လိုက်သည်။

"Charles.."

"ဝိုး.. ကိုယ့်အချစ်လေးက ကိုယ်မှန်းတန်းသိတာပဲ... စိတ်ချင်းဆက်နေတယ်ဆိုတာ ဒါမျိုးနေမယ်.. မင်း ကိုယ့်ကိုမချစ်ဘူးဆိုရင် ကိုယ်ဆက်တာမှန်း မင်း ဘယ်လိုသိနိုင်မလဲ.. ဟား.. ဟား.. ကိုယ်သိတာပေါ့.. မင်းက ကိုယ့်ကို အသေချစ်တယ်ဆိုတာ.."

Charles က တကယ့်ငပွေငရှုပ်သံနှင့် ပြောခဲ့သည်။

"ပေါက်ကရပြောနေရင် ဖုန်းချလိုက်သင့်ပြီထင်တယ်.."

"မလုပ်လိုက်ပါနဲ့ကွာ.. ကိုယ်က မင်းကို အရမ်းလွမ်းနေတာ.."

တစ်ဖက်က Charles ရဲ့လေသံက ပုံမှန်ဖြစ်လာသည်။
Tang Feng ပြုံးလိုက်မိသည်။

"ကလေးလေး.. ဒီရက်တွေမှာ ကိုယ်အများကြီး စဉ်းစားနေမိတယ်.. ကိုယ့်မောက်မာမှုကြောင့် ကိုယ့်ချစ်သူလေးကို ဒုက္ခအများကြီး ဖြစ်သွားစေခဲ့တယ်.."

Charles က ခုလိုပြောနေပေမယ့် သူက မမောက်မာတော့တာ မဟုတ်ဘူး။ လူတစ်ယောက်ရဲ့ အကျင့်စရိုက်ဆိုတာ ပြင်ရခက်ပါတယ်။ သူတို့လိုလူဆီက ဘာကိုမျှော်လင့်နိုင်မှာလဲ။

"ခင်ဗျား ပြောင်းပစ်မယ်လို့တော့ မပြောနဲ့.. ခင်ဗျားကို မာနကြီးတဲ့ Charles ဆိုပြီး ကျွန်တော်က မှတ်ထားပြီးသားဗျ.."

"ကိုယ်ရူးတော့မှာပဲ.. မဟုတ်ဘူး.. ကိုယ်က အရူးပါ.. ကောင်းပြီအချစ်လေး.. ကိုယ် အတည်ပြောမယ်.. ကိုယ့်ချစ်သူငယ်ချင်းကြီး Lu Tian Chen ဆီက မင်းပြောတာကို ကြားခဲ့ပြီးပြီ.. မင်းမှန်ပါတယ်.. ဒီအတောအတွင်း ကိုယ် မင်းကို လာတွေ့ပါဦးမယ်.. မင်း ကိုယ့်ကို မေ့သွားမှာစိုးလို့.."

Charles ဆီက ဒီစကားကိုကြားရတာ မဆိုးဘူးပဲ..။

"မင်း ကိုယ့်အသည်းကို ခွဲခဲ့တယ်.."

Charles က ချဲ့ကားပြီး ဆက်ပြောနေခဲ့သည်။

"ဝိုး.. ဒါက သတင်းကောင်းပဲ.."

Tang Feng က Charles ကို ချစ်ခင်စွာဖြင့် နောက်လိုက်သည်။

"ကောင်းပြီ.. ကောင်းပြီ.. ကိုယ့်ကိုအနိုင်ကျင့်ရလို့ မင်းပျော်မယ်ဆိုရင် သဘောရှိ အနိုင်ကျင့်ပါတော့ကွာ.. ကိုယ့်ရဲ့အသည်းခွဲမုဆိုးလေး Tang ရေ.. ကိုယ် မင်းကိုချစ်တယ်.. မင်းကို လွမ်းနေတာ.."

"အင်း.. ကျွန်တော်သိပါတယ်.."

"ဒါက အသည်းကွဲတဲ့သူကို ပြန်တုံ့ပြန်ပေးတာပေါ့လေ.. ကိုယ်က ရုပ်ရှင်ကြည့်ရတာကြိုက်ပေမယ့် 10 မိနစ်စာအပိုင်းတိုလေးတွေကို ကြည့်ရတာမကြိုက်ဘူး.. ကောင်းပြီ.. ကိုယ့်အချစ်ကလေးကို မနှောင့်ယှက်တော့ဘူး.. နောက်မှ ထပ်ဆက်လိုက်မယ်.."

Charles ဖုန်းချသွားတော့ Tang Feng က တီးတိုးရယ်ကာ ဒီလူဆိုးကြီးက တစ်ခုခုမကောင်းကြံနေတာ ငါမသိဘူးထင်နေသလားဟု တွေးနေသည်။

Charles ၏အသံကို ကြားလိုက်ရသောကြောင့် Tang Feng စိုးရိမ်မှုလျော့သွားပြီး ပျော်ရွှင်လာခဲ့သည်။

Tang Feng က အရောင်းစာရေးလေး ထုပ်ပိုးပေးလိုက်သော ပစ္စည်းကိုယူကာ hotel ကိုပြန်လာခဲ့သည်။ Hotel ထဲဝင်လိုက်တော့ မျက်မှန်တပ်ထားသော လူငယ်တစ်ယောက်က ကင်မရာကိုလွယ်ကာ ဟိုဟိုသည်သည်ကြည့်နေတာ တွေ့လိုက်ရသည်။ ထိုလူက Tang Feng ဟိုတယ်ထဲဝင်လာတာမြင်တော့ သူ့ဆီဦးတည်ကာ ဒုန်းစိုင်းပြေးလာခဲ့သည်။

"အစ်ကို Tang.."

"လီ ပါလား.."

==========================







(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now