Chapter (55) - အိုင်ဗန် နဲ့တွေ့ဆုံခြင်း

1.9K 377 10
                                    

Chapter (55) - အိုင်ဗန် နဲ့တွေ့ဆုံခြင်း




အခန်းထဲက အဖျားကြောင့် မူးဝေနေသော Tang Feng ကို နတ်ဆိုးလေးက အပြင်ကို ဆွဲထုတ်လိုက်သည်။ အခန်းထဲက လူတွေမှာ ဆေးကြောင့် သလတိလစ်နေပုံရသည်။

"ရပ်လိုက်ပါ၊ မင်း ငါ့ကို ဘယ်ကိုခေါ်သွားတာလဲ။ ရှောင်ယုတို့က အပေါ်ထပ်မှာ ရှိနေသေးတယ်!"

ယခု လူတိုင်း ဆေးဒဏ်ကြောင့် သတိလစ်နေဆဲဖြလို့ သူတို့ ထွက်ပြေး လွတ်မြောက်ရန် အခွင့်ကောင်းဖြစ်သည်။

Tang Feng သည် နတ်ဆိုးလေးအား တွန်းထုတ်ကာ အပေါ်ထပ်သို့ ပြေးသွားခဲ့သည်။ ဒါပေမယ့် နတ်ဆိုးလေးက နောက်မှ ပြေးလာပြီး Tang Feng ကို မြေပြင်ပေါ်သို့ ဖိချလိုက်ကာ ကြိမ်းမောင်းသည်။

"သူတို့မသေနိုင်ဘူး၊ မင်း မထားခဲ့ရင် ငါတို့ထွက်သွားလို့မရဘူး၊ မင်း ဘာလို့စိတ်ပျက် စရာတွေကို လုပ်နေတာလဲ"

Tang Feng သည် အဖျားရှိပြီး မကျန်းမမာဖြစ်နေပေမယ့် သူက အားရှိသေးလို့ နတ်ဆိုးလေးကို တွန်းထုတ်ပြန်သည်။ ဒါကြောင့် နတ်ဆိုးလေးက Tang Feng ၏ ဝမ်းဗိုက်အောက်ပိုင်းကို လက်သီးနှင့် ထိုးလိုက်လို့ Tang Feng က အမြင်အာရုံ ခံစားလိုက်ရပြီး နတ်ဆိုးလေးက သူ့ကို အခန်းထဲက ဆွဲထုတ်ပွေ့ကာ ထုတ်နေသည်ကို သိလိုက်ရသည်။ .

"ထိုင်!"

နတ်ဆိုးလေးသည် Tang Feng ကို ဂျစ်ကားထဲသို့ ထည့်ပြီး တံခါးနှင့် ပြတင်းပေါက်များကို သော့ခတ်ကာ ယာဉ်မောင်းထိုင်ခုံတွင် ထိုင်ပြီး အရှိန်မြှင့်မောင်းကာ တောထဲ ဝင်လာခဲ့သည်။

ကားသည် တောထဲ၌ အရှိန်ပြင်းစွာ မောင်းနှင်လာခဲ့သည်။ Tang Feng သည် နောက်ထိုင်ခုံပေါ်တွင် လဲလျောင်းနေပြီး ဗိုက်ကို အုပ်ထားသည်။ ဒီကောင် လေးလံနေလောက်ပြီ။ အရိုက်ခံရတုန်းက မူးလဲလုနီးပါးဖြစ်သွားတယ်။

ကံကောင်းထောက်မစွာပင် သူက သည် အနည်းငယ်မျှ သာ ခံလိုက်ရသည်ကို နတ်ဆိုးလေး မသိပေ။ သူက Lu Tian chen နှင့် လက်ဝှေ့လေ့ကျင့်လို့ အရိုက်ခံတာ ကျင့်သားရနေလို့သာ။ မဟုတ်ရင် အခုချိန်ထိ မူးနေလောက်သေးသည်။

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now