(Zawgyi) True Star _ Vol.3 _ Chapter (39) - မိမိကိုယ်ကိုယ် မိတ်ဆက်ခြင်း

1.9K 170 1
                                    



True Star _ Vol.3 _ Chapter (39) - မိမိကိုယ်ကိုယ် မိတ်ဆက်ခြင်း



" ကိုယ့်ကိုယ်ကို မိတ်ဆက်မယ် ဟုတ်လား "

Lu Tian chen သည် Tang Feng ကို သိလိုစိတ်နှင့် သံသယများဖြင့်ကြည့်လိုက်သည်။

"မင်းက ဒါရိုက်တာကို မင်းကိုယ်တိုင် သွားတွေ့မယ်လို့ ဆိုလိုတာလား"

အာလူးတွေကို  ဇွန်းနှင့် အပြည့် ခပ်စားပြီး နောက်  Tang Feng က ပြန်ပြောလိုက်သည်။

" ဒါက ဘာဖြစ်လို့လဲ၊ ဒါရိုက်တာ ကိုယ်တိုင်ကိုသွားတွေ့တာ မရဘူးလား"

 မင်းက သရုပ်ဆောင် ထူးချွန်ဆု ရထားတဲ့ ကြယ်တစ်ပွင့်ပဲလေ။


ထိုလူ၏ပါးစပ်ထောင့်တွင်အာလူး အနည်းငယ် ပေနေတာကို တွေ့သောအခါ Lu Tian chen သည်ရှေ့ကို ကိုင်းလိုက်ပြီး Tang Feng  နူတ်ခမ်းထောင့်ကို လက်ညှိုးဖြင့်သုတ်ပေးလိုက်သည်။ ဒါပေမယ့် သူက စက္ကူပဝါနဲ့လက်ကို သုတ်ရမယ့် အစား သူ့လက်ညှိုးကို ပါးစပ်ထဲထည့်ပြီး စားလိုက်တယ်။

"အရသာကောင်းတယ်။"

ဒီ ဝေဝါးနေတဲ့ဒီအပြုအမူဟာ Tang Feng ကို အနည်းငယ်ပြုံးသွားစေတယ်။ သူက သူ့ရဲ့  အာလူးပြားကို ညွှန်ပြလိုက်သည်။

"ဟင့်အင်း၊ မင်း စားတာ လုံလောက်ပြီ။

ထို့နောက် သူသည် ဇွန်းကိုကောက် ယူ၍ Tang Feng ၏ပ န်းကန်ထဲမှ အာလူးကြော်တစ်ဇွန်းကို ခပ်စားခဲ့သည်။

"အိုး...ကျွန်တော်က ဘယ်လိုလုပ် အနုပညာကြယ်ပွင့်ကြီးတစ်ခု ဖြစ်ရတာလဲ။ အခုမှ ကျွန်တော်က အနုပညာလောကထဲ ခြေချကာစ မဟုတ်လား။ အနုပညာလောကထဲမှာ အော်စကာဆုရ  ရုပ်ရှင်မင်းသား၊မင်းသမီးတွေလည်း အများကြီးရှိပါတယ်။ ကျွန်တော်က အခုမှ ဆုရကာစ သရုပ်ဆောင်လေးတစ်ယောက်ပါ။ "

 တကယ်လို့ ကိုယ်က ရုပ်ရှင်ဧကရာဇ်ကြီးလို မာန်ထောင်နေရင် အနာဂါတ်က ဘယ်လိုလုပ် အောင်မြင်နိုင်မှာလဲ။

Lu Tian chen က သူ၏ခေါင်းကိုညင်ညင်သာသာ ယမ်းလိုက်သည်။

Tang Feng ဆိုလိုချင်တာက သူက အော်စကာဆုရ မင်းသား၊မင်းသမီးမဟုတ်သေးသလို၊ ဂရမ်မီဆုရ အဆိုတော် မိုက်ကယ်ဂျက်ဆင်၊ မက်ဒေါနားတို့လိုမှ မဟုတ်ပဲ။ အဲ့ဒီ အနုပညာရှင်တွေဆိုရင် ဒါရိုက်တာတွေက သူတို့ အိမ်ကို ဇာတ်ညွှန်းယူပြီး ကိုယ်တိုင်လာမှာဖြစ်ကြတယ်။ ဒါပေမယ့် သူ့လို ဗင်းနစ်ရုပ်ရှင်ပွဲတော်က ဆုရကာစ သရုပ်လေးဆီကို ဘယ် ဒါရိုက်တာမှ လာမှာ မဟုတ်ပေ။ ဒါကြောင့် ကိုယ်က ဒါရိုက်တာတွေဆီ သွားတွေ့ရမည်ဖြစ်သည်။

Lu Tian chen သည်ဖျော်ဖြေရေးလုပ်ငန်း၏ အတင်းအဖျင်းကို ဂရုမစိုက်နိုင်သော်လည်း  Fiennes Tang ဘဝတွင် နာမည်ကြီး ဒါရိုက်တာကြီးတွေက ဦးစားပေးရွေးချယ်ခံရသည့် ဝါရင့်နာမည်ကြီး ရုပ်ရှင်မင်းသားကြီးဆိုတာကို သူသိသည်။ ဒါရိုက်တာတွေက မင်းသမီးကိုသာ ရွေးချယ်ကြရပြီး ဖီးနစ်တျန်းက ဘယ်တော့မှ လူရွေးပွဲကို သွားဖို့မလိုအပ်ပေ။ ဇာတ်ညွှန်းကို လက်ခံပြီးနောက်ပိုင်း ဖီးနစ်တျန်းက တိုက်ရိုက်ရိုက်ကူးခဲ့တာပဲဖြစ်သည်။

အခုချိန်မှာ သူက ဖီးနစ်တျန်း မဟုတ်တဲ့အတွက်
  Tang Feng သည်ပြည်တွင်းဒါရိုက်တာများဆီကို သူကိုယ်တိုင် သွားတွေ့ဖို့ တဆင့်လျှော့လိုက်သည်ကို Lu  Tian chen သိသည်။

 Lu Tian chen သည် ရုတ်တရက် မဖော်ပြနိုင်သော ခံစားချက်ဖြင့် မသက်မသာဖြစ်ခဲ့သည်။


"တကယ်လို့ မင်း အဲ့ဒီ ဒါရိုက်တာရဲ့ ရုပ်ရှင်ကို စိတ်ဝင်စားတယ်ဆိုရင် မင်းကိုကူညီဖို့ တစ်ယောက်ယောက်ကို ငါ စီစဉ်နိုင်တယ်။ ပြီးတော့ ကုမ္ပဏီလည်း အဲ့ဒီ ရုပ်ရှင်ထဲမှာရင်းနှီးမြှုပ်နှံနိုင်တယ်။


ရုပ်ရှင်အများစုတွင် ရင်းနှီးမြှုပ်နှံသူတစ် ဦး တည်း ရှိရန် မဖြစ်နိုင်ပါ။ အမျိုးမျိုးသော အရှုံးပေါ်နိုင်တဲ့ စွန့်စားရမှုကို လျှော့နိုင်ဖို့အတွက် ဇာတ်ကားတိုင်းမှာ ရင်းနှီးမြှုပ်နှံသူ များစွာ ခေါ်လေ့ရှိသည်။
 
ရင်းနှီးမြှုပ်နှံမှုများရှိနေသရွေ့ စကားပြောဆိုပိုင်ခွင့် ရှိသည်။ ထို့ကြောင့် Lu Tian chen သည် Satan's Alley ဇာတ်ကားတွင် သရုပ်ဆောင်သူများအား ပဏာမစစ်ဆေးရန် မလိုဘဲ ဦး စားပေးရွေးချယ် နိုင်ခဲ့သည်။

ထုတ်လုပ်သူမှ အကြံပြုထားသည့် သရုပ်ဆောင် များသည် သူတို့၏လိုအပ်ချက်များနှင့် မကိုက်ညီ သော်လည်း ဒါရိုက်တာအများစုက သိပ်လက်မခံကြပေ။ အဘယ်ကြောင့်ဆိုသော် ဘယ်သရုပ်ဆောင်ကို ထည့်သွင်း ရိုက်ကူးမယ်ဆိုတဲ့ နောက်ဆုံး ဆုံးဖြတ်ချက် သည် ဒါရိုက်တာ၏ လက်ထဲတွင်ရှိနေသေးသည်။

ထုတ်လုပ်သူက မျက်နှာတစ်ခုလိုချင်တယ်၊ မင်းသားက အခွင့်အရေးရချင်တယ်၊ ဒါရိုက်တာက ထုတ်လုပ်သူကို မျက်နှာပေးနိုင်တယ်။

Tang Feng က ခေါင်းကိုခါလိုက်သည်။

" ကျွန်တော် ဒါရိုက်တာရဲ့အခြေအနေကို သိတယ်။ သူဟာ အရည်အချင်းရှိတဲ့ လူဖြစ်ပြီး  သူရဲ့ပြည်တွင်းကျော်ကြားမှုကြောင့် သူဟာရင်းနှီးမြှုပ်နှံမှု ရှာမရတဲ့သူ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော် လူကိုယ်တိုင် သွားတွေ့တာ ပိုကောင်းလိမ့်မယ်

 
ဒါပေမယ့် Tang Feng က ရုပ်ရှင်နဲ့ပတ်သက်ပြီးပိုပြီးတွေးနေတယ်။


ရုပ်ရှင်တွေနဲ့ပတ်သက်တဲ့ပြသနာတွေ အများကြီးရှိတယ်။ မျက်နှာချင်းဆိုင် စကားပြောရတာ ပိုလွယ်တယ်လို့ထင်တယ်။ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ ထင်မြင်ချက်ကို  ဖလှယ်နိုင်ဖို့ဆိုတာ  အမြဲတမ်းခက်ခဲပါတယ်။ အခု ကျွန်တော်က အနုပညာကြယ်ပွင့်ကြီး မဟုတ်လို့ လူကိုယ်တိုင် သွားတွေ့လည်း အရှက်ကွဲစရာမရှိပါဘူး။"

Tang Feng က သူ့မျက်ခုံးကိုမြှောက်လိုက်ပြီးရယ်ကာ ပြောလိုက်တယ်။

"  ဝိုင်အရက်ကောင်းဆိုတာ အချိန်အကြာကြီး မြေကြီးနက်နက်ထဲ ထည့်မြှုပ်ထားရသလို ပိုကောင်းတဲ့အခွင့်ရေးအတွက် ကျွန်တော်ကိုယ်တိုင် တိုက်ခိုက်ကြည့်ချင်တယ်။  "

Lu Tian chen သည် သူ၏ခေါင်းကို ခဏငုံ့ကာ မေးလိုက်သည်။
 

"မင်း..ဒါရိုက်တာ ဝမ်အန်းအကြောင်းကို ပြောနေတာလား"

 
"အင်း...ဟုတ်တယ်။ဘာဖြစ်လို့လဲ။ ခင်ဗျား သူ့ကိုသိလို့လား"

Tang Feng ကအပြုံးဖြင့် မေးလိုက်သည်။  Tang Feng ကို နက်နက်ရှိုင်းရှိုင်း မကြည့်ပဲ Lu Tian chen က ပြောလိုက်သည်။

" ငါက သူ့ကိုသိတဲ့သူ မဟုတ်ဘူး။ ဒါပေမယ့်  အရင် Tang Feng က သူ့ကို သိတယ်။"

"ဟုတ်လား? "

ဒါက ပိုကြီးတဲ့အခွင့်အလမ်းလို့ထင်ရပေမယ့်  
Tang Feng သည် အနည်းငယ်မှေးမှိန်သွားသော်လည်း သတင်းဆိုးတော့ မဟုတ်ဘူးဟု တွေးလိုက်သည်။
သူ စိတ်ပူမိတာက ဘာတွေဖြစ်လာနိုင်သလဲဆိုတာပဲ။

"မင်းရဲ့အတိတ် အကြောင်းကို ငါ သိတယ်။ "

  Lu Tian chen က ဒီလူကိုပြောလိုက်တယ်။

"Tang Fengရဲ့ မိခင်နှင့်ဒါရိုက်တာဝမ်အန်းတို့က အရင်က အတူ ပူးပေါင်းလုပ်ကိုင်ခဲ့ကြတယ်။ သူတို့နှစ် ဦး က သူငယ်ချင်း အဖြစ်ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ပိုင်ဆိုင်ခဲ့ကြတယ်။ ဒါပေမယ့် သူတို့ကြားက ဒါထက် ထူးတဲ့ ပုဂ္ဂိုလ်ရေးပတ်သတ်မှု ရှိနိုင်တယ်လို့ အပြင်လူတွေက ဝေဖန်ကြတယ်။ ဒါပေမယ့် ဒါရိုက်တာ ဝမ်အန်းက ငြင်းခဲ့တယ်"

 Tang Feng ဟာခေါင်းကိုက်သွားမိသည်။

"ဒါရိုက်တာဝမ်အန်းက မင်းကို သဘောမကျဘူး။  အထူးသဖြင့် မင်းအမေဆုံးပြီးတဲ့နောက် မင်းရဲ့ အမွေအနှစ်ကိုဖြုန်းတီးပစ်ခဲ့တာကို လုံးဝ သဘောမကျဘူး"

Lu Tian chen သည် Tang Feng ၏ လက်ကို ဆုပ်ကိုင်ထားခဲ့သည်။

"ဒါက အလုပ်မဖြစ်ဘူးဆိုရင် မင်း နောက်ရုပ်ရှင် တစ်ခုပြောင်းပါ။ မင်း ဒါရိုက်တာဝမ်အန်းကို တကယ်သွားမယ်ဆိုရင် နောက်ကွယ်ကနေ မင်းကို သူ တိုက်ခိုက်မှာကို ငါ စိုးရိမ်တယ်  "


Tang Feng သည် နောက်ဆုတ်ဖို့ မစဉ်းစားပေမယ့်  စိတ်ဓာတ်ပိုမိုကျဆင်းလာပြီးအပြုံးဖြင့်ပြောကြားခဲ့သည်။

"ဒါက အရေးမကြီးပါဘူး။ ဝမ်အန်း နှင့် Tang Feng ကြားက မကျေနပ်မှုများက အလွန်များနေတယ် ဆိုပေမယ့် ဒါရိုက်တာကြီးက ပုဂ္ဂိုလ်ရေးခံစားချက် တွေကြောင့် သရုပ်ဆောင်မင်းကို ဇာတ်ကားထဲမှာ ပညာပြပြီး အသေသတ်မှာ မဟုတ်ဘူး။ ကျွန်တော်နဲ့ ဝမ်အန်းကြားက ဆက်ဆံရေးကို ကျွန်တော် ဖြေရှင်းနိုင်မယ်ဆိုရင် အဆင်ပြေသွားမှာပါ"
 
စိတ်ကူးကကောင်းတယ်ဆိုပေမယ့် ညှိနှိုင်းရတာ ခက်ခဲမယ်ဆိုတာကိုတော့ သူ ထည့်မပြောတော့ပေ။

နှစ်ရက်အကြာတွင် Tang Feng သည် ဒါရိုက်တာ ( ဝမ်အန်း ) Wang An ကို သွားတွေ့ရန် ချန်မင်ရွှီ၏ အစီစဉ် ထုတ်လွှင့်ရာ နေရာကို သွားခဲ့သည်။

 ထိုအခါမှ Lu Tian chen မှ ဆက်မပြောခဲ့သည့် ဝါကျ   ကျန်တစ်ဝက်၏အဓိပ္ပာယ်ကို နောက်ဆုံးတွင် သူ နားလည် ခဲ့သည်။

Tang Fengက ဒါရိုက်တာဝမ်အန်ဆီ သွားမတွေ့ခင် သူက ဒါရိုက်တာရဲ့ကိုယ်ရေးအကျဉ်းနဲ့ သူရိုက်ခဲ့တဲ့ ဇာတ်ကားတွေကို ရှာဖွေကာ လေ့လာခဲ့သည်။
 
သူသည်ကြိုတင်ပြင်ဆင်မှုများပြုလုပ်ပြီးပြီဟု ထင်သောကြောင့် ချန်မင်ရွှိ ပေးသည့်အချိန်တွင် Tang Feng ရောက်ရှိ ခဲ့သည်။ ထိုအချိန်က ဒါရိုက်တာ Wang An အင်တာဗျူးလုပ်ရန် ပြင်ဆင်နေပြီး ချန်မင်ရွှိက  အခြားသူများနှင့်စကားပြောခဲ့သည်။

"Tang Feng, မင်း ဒီကိုရောက်နေပါလား"

ဒီလူ လာတာကိုသူတွေ့တော့ ချန်မင်ရွှိက နူတ်ဆက်ကာ ဒါရိုက်တာ ဝမ်အန်းနှင့် မိတ်ဆက်ပေးလိုက်ပါတယ်။ Tang Feng ကို ဆိုဖာပေါ်ထိုင်စေပြီး လက်ဖက်ရည် တိုက်ရင်း ဒါရိုက်တာကို လှမ်းပြောလိုက်သည်။

 "  ဒါရိုက်တာဝမ်အန်...သူက Tang Fengပါ။ ဒါရိုက်တာကြီး သူ့ကို သိမယ်ထင်ပါတယ်။ သူက ဒါရိုက်တာ လီဝေ့ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး လောလောလတ်လတ် ဗင်းနစ် ရုပ်ရှင်ပွဲတော်က သရုပ်ဆောင်ထူးချွန်ဆိုကို ရခဲ့တဲ့ အလားလာအရှိဆုံးလူသစ်သရုပ်ဆောင်ပါ "


ဒါရိုက်တာ ဝမ်အန်းက အသက် 50 ခန့်ရှိပြီး ပိန်ပိန်ပါးပါး အသားညိုညိုနှင့် မျက်လုံးများက အရမ်းကို ထက်မြက်စူးရှလှသည်။  သူ၏မျက်လုံးများသည် အလွန်တောက်ပကာ ကြည်လင်ပြတ်သားပြီး  အရောင်တောက်ပသော ရတနာများဖြင့် တူနေသည်။


အဓိက နာမည်ကြီး ဒါရိုက်တာများတွင် သရုပ်ဆောင် များကို အကြည့်ကနေ တဆင့် ဖောက်မြင်နိုင်သည့်  မျက်လုံးများရှိပါသလား။ ထိုစဉ်က Tang Feng ဒီလိုတွေးလိုက်မိသည်။

 
ဒါရိုက်တာကြီးက Tang Feng ကို ထပ်တော်င မော့ကြည့်မလာခဲ့ပဲ လက်ဖက်ရည်ခွက်ကို  ဖြည်းဖြည်းမှန်မှန် ချလိုက်သည်။ သူ၏အသံက တုန်လှုပ်ချောက်ချားစရာကောင်းစွာ ထွက်ပေါ်လာသည်။

 "ငါကြားဖူးပေမယ့် တခါမှ မကြည့်ဖူးဘူး "  

ဒါရိုက်တာဝမ်က ခပ်တိုတိုပဲပြောခဲ့သည်။
ဒီခေါင်းစဉ်နဲ့ ပတ်သက်ပြီး ရှက်စရာဘာမှမရှိဘူး၊  ဒီနှစ်မှာ Tang Feng ဟာ တကယ်တမ်း အသက် ၄၀ ရှိပြီဖြစ်ပေမယ့် ဒါရိုက်တာ ဝမ်အန်းထက် သူက ဆယ်နှစ်ကျော် ငယ်သည်။
Tang Feng က ဝင်ပြီး ယဉ်ကျေးစွာပြောလိုက်သည်။

"ဒါရိုက်တာကြီး ကို မနှောက်ယှက်တော့ပါဘူး။ ကျွန်တော့်ကို ခွင့်ပြုပါဦး "

Tang Fengက ပြောပြီး ထရပ်လိုက်သည်။
ရုတ်တရက်ဆိုသလို ဧည့်ခန်းထဲမှာရှိတဲ့ လေထုအဆင်မပြေဖြစ်လာခဲ့သည်။ Tang Feng သည် ဤအချက်ကြောင့် တုန်လှုပ်ခြောက်ခြားခြင်းမရှိဘဲ ပုံမှန်အသံဖြင့် တတ်နိုင်သလောက် လွယ်လွယ်ကူကူပြောနိုင်ခဲ့သည်။

"ရှောင်ရွှိ ..ငါတို့ ရိုက်ကူးရေးစတင်ဖို့ ဘယ်လောက်လိုသေးလဲ "

သို့သော် ဒါရိုက်တာ ဝမ်အန်း က Tang Feng ကို လျစ်လျူရှုလိုက်သည်။ တဖက်လူက ရှက်နေလားဆိုတာ လုံးလုံး ဂရုမစိုက်ပဲ ရိုက်ကူးရေးအကြောင်းကိုသာ မေးလိုက်သည်။
 
 "ရိုက်ကူးရေး စတင်ဖို့  ၁၀ မိနစ် လိုသေးတယ်။ ဒါရိုက်တာကြီးက မကြာသေးခင်မှာ ရိုက်ကူးမယ့် ရုပ်ရှင်အတွက် လူသစ်ရှာနေတာ မဟုတ်လား။   Tang Feng ကတော်တယ်။ သူက  ငယ်ရွယ်ပြီး သရုပ်ဆောင်စွမ်းရည် ရှိတယ်။ ကျွန်တော် ဒီအကြောင်းကို နည်းနည်းပြောလို့ရမလား  ? "

ချန်မင်ရွိက အမြန်ဝင်ပြောပြီး ဘေးမှာ မတ်တပ်ရပ်နေတဲ့  Tang Fengကို ဆွဲခေါ်လိုက်သည်။


ဒါရိုက်တာဝမ်အန်းက ချမ်မင်ရွှိကို ရယ်မောကာ Tang Fengကို ညွှန်ပြခဲ့သည်။

"ဒီကလေးက သူ့ကို မလိုလားတဲ့လူတွေကို ဘယ်လို ပြန်လည်ပြောဆိုဆက်ဆံရမယ်ဆိုတာ ကောင်းကောင်းသိတယ်။ ငါ အမှန်တိုင်းပြောရင် ငါ အခုရိုက်မယ့် ရုပ်ရှင်ဇာတ်ကားအတွက် လူသစ်ကိုရှာနေတယ် ဆိုပေမယ့် ဗင်းနစ်ကနေ ဆုရကာစ လူသစ်အတွက် ငါ့ရုပ်ရှင်မှာ ထည့်ရိုက်ဖို့ ဘာ Role  မှ မရှိသလို အောက်ခြေမပိုင်တဲ့  လူသစ်ကို သုံးဖို့ရည်ရွယ်ချက် လုံးဝမ ရှိဘူး။ "

 
" ကျွန်တော့်မှာ  သရုပ်ဆောင်စွမ်းရည် ရှိမရှိ သိချင်ရင် ဒါရိုက်တာကြီးက ဘာကြောင့် မစမ်းကြည့်တာလဲ "

 ဒီဟာက လူသစ်သရုပ်ဆောင်ဖြစ်တာ မဖြစ်တာနဲ့ မသက်ဆိုင်ပေ။   Tang Feng ကတော့ ဒီလို နားလည်သည်။ ဇာတ်လမ်းနဲ့ကိုက်ညီမယ့် လူကို ရှာမယ့်အစား  သရုပ်ဆောင်က ဇာတ်ကောင်စရိုက်ကို နစ်မြှုပ်ပူးကပ်ကာ ရိုက်ကူးရမည် မဟုတ်လား။ ဒီအတွက် သူက ဘယ်လို ဇာတ်ကောင်စရိုက်ကို မဆိုရိုက်ကူးရန် အရည်ချင်းပြည့်မှီသည်ဟု ယုံကြည်သည်။

 
" လူတွေက မင်းကို မတော်တဆမှုဖြစ်ပြီးကတည်းက အများကြီးမေ့သွားပြီလို့ပြောခဲ့တယ်။မင်းက မှတ်မိနေဆဲဖြစ်စေ၊ မေ့သွားပြီဖြစ်စေ... ဘာပဲဖြစ်ဖြစ် ဘယ်အရာမှ မပြောင်းလဲဘူး။ ရှောင်ရွှိက မင်းအတွက် ကူပြောပေးနေတာကို ငါ သိတယ်။ ရှောင်ရွှိအတွက် စိတ်မကောင်းပါဘူး"

 
ဒါရိုက်တာဝမ်အန်းသည်မတ်တပ်ရပ်ပြီး Tang Feng အားပြောခဲ့သည်။

 " ကျေးဇူးပြုပြီး ထွက်သွားပါ။  မကြာမီ ငါ့ အင်တာဗျူးအတွက် ရိုက်ကူးရေး စတင်တော့မယ်။  ဒါကြောင့် ငါ့ကို စိတ်အနှောင့်အယှက်မဖြစ်အောင် ရုပ်ရှင်အကြောင်းနောက်တစ်ခါထပ်ပြောစရာ မလိုတော့ဘူး။ "


"ဒါရိုက်တာကြီးရဲ့ ရိုက်ကူးရေးကို ကျွန်တော် အနှောင့်အယှက်မပေးပါဘူး။ ဒါပေမယ့် မင်းသားတစ်ယောက်အနေနဲ့ ဒါရိုက်တာကြီးကို မေးချင်တာက၊ ရုပ်ရှင်တွေအတွက် လုပ်ကိုင်တဲ့နေရာမှာ ကိုယ်ရေးကိုယ်တာခံစားချက်တွေ ရောနေတာ မှန်တယ် ထင်ပါသလား"

 Tang Feng က မလွှဲမရှောင်သာ တဲ့တိုးပြော လိုက်သည်။

"ငါက ဒါရိုက်တာပါ။ ငါ ရိုက်ချင်တဲ့ဇာတ်ကားကို ငါ ရိုက်ချင်တဲ့ လူနဲ့ရိုက်မယ်။ မင်းလို ကြယ်ပွင့်လေးကို စကားထဲ ထည့်ပြောစရာတောင်မလိုဘူး။"

 ဒါရိုက်တာ ဝမ်အန်း၏ မျက်နှာက ရုပ်ဆိုးလာပြီး သူ က တံခါးကိုဒေါသတကြီးဖြင့် ညွှန်ပြကာ မောင်းထုတ်တော့သည်။


 "မင်းက ဗင်းနစ်က သရုပ်ဆောင်ထူးချွန်ဆု ရရုံနဲ့ရုပ်ရှင် ဧကရာဇ်ကြီး ဖြစ်မယ် မထင်နဲ့။ ဖြော်ဖြေရေးလောက မင်းထက်သလို မဟုတ်ဘူး။  ထွက်သွားစမ်း...မင်းကို ငါ စိတ်မဝင်စားဘူး။ ဘယ်သူ့ကို ခေါ်ရိုက်ရိုက် မင်းထက်တော့ ကြည့်ကောင်းတယ်"

 ဒါရိုက်တာဝမ်အန်းပြောလိုက်တဲ့ စကားက အတော်လေးကို လွန်လာခဲ့လို့ Tang Feng ဒီမှာ ဆက်နေစရာ အကြောင်းမရှိတော့ပေ။
Tang Feng ကခေါင်းခါလိုက်သည်။ ဝမ်အန်းကိုကြည့်လိုက်ပြီး ဘာမှမပြောဘဲ ထွက်သွားခဲ့သည်။ သူက အနည်းငယ် ဒေါသထွက်နေတယ်၊ ဒါပေမယ့် ဒါရိုက်တာဝမ်အန်း ကရုပ်ရှင်ရိုက်ကူးရာမှာ ကိုယ်ရေးကိုယ်တာ ခံစားချက်တွေ အများကြီး ရောနှောနေခဲ့လို့ မဟုတ်ဘူး၊
အတိတ်က အဖြစ်အပျက်များ မည်သို့ပင်ဖြစ်ပါစေ၊ အလုပ်သည် အလုပ်ဖြစ်သည်၊ ဘ ၀မှာ ဆက်လက်ရှင်သန်နိုင်ဖို့က အဓိကအချက်ဖြစ်သည်၊ ပရော်ဖက်ရှင်နယ် ဒါရိုက်တာတစ် ဦး သည် ပုဂ္ဂိုလ်ရေးမကျေလည်မှုများကို ရုပ်ရှင်ထဲသို့ မရောထွေးသင့်ပါ၊

"ငါကြိုက်တဲ့ရုတ်ရှင်ကို ငါရိုက်မယ်။ ငါကြိုက်တဲ့ ဇာတ်ကောင်ကို ငါထည့်မယ် "

ဒီစကားတွေက    Tang Feng ကိုပင်စိတ်ပျက်စေသည်။
ဒီလို ဒါရိုက်တာနဲ့ အလုပ်တွဲလုပ်စရာမလိုတော့ပေ။

 "Tang Feng, မင်း ဒီမှာရှိနေတာပဲ။ စိတ်မကောင်းပါဘူး၊ ငါ မင်းကို ကူညီနိုင်မှာ မဟုတ်ဘူး။ "

အစီအစဉ်ကိုမှတ်တမ်းတင်ပြီးတဲ့နောက် ချန်မင်ရွှိက  သူ့ရုံးခန်းကိုသွားပြီး Tang Feng ကိုအမြန်ဆုံးရှာခဲ့တယ်။

ဒါရိုက်တာဝမ်အန်းက ဒါကိုရှင်းရှင်းလင်းလင်းနဲ့ အနည်းငယ်ပြင်းထန်စွာပြောခဲ့သည်။ ဤအရာများသည် ချန်မင်ရွှိ မစဉ်းစားခဲ့မိသောအရာများဖြစ်သည်။ သူက Tang Feng ကို အခွင့်အရေးတွေ ပိုပေးချင်ခဲ့တယ်။ ပိုမိုလွယ်ကူစေရန် လုပ်ခဲ့ပေမယ့် ခုလိုဖြစ်မယ်လို့ သူ ကြိုမသိခဲ့ပေ။

  သူသည် Tang Feng အား ရုပ်ရှင်ဇာတ်ကားထဲတွင် ပါ ၀ င်ရန် အခွင့်အလမ်းများစွာ ပေးခဲ့သည်။ Tang Feng သည် လူတွေနဲ့ စကားပြောရမှာကို ရှက်ကြောက်ခြင်းကြောင့် ခုလို စီစဉ်ခဲ့တာ ဖြစ်သည်။

"မင်း ဘာကြောင့် ခုလိုတွေးနေတာလဲ။ ငါ့အတွက် မင်း အရမ်းကြိုးစားပေးခဲ့ပြီပြီပဲ။  ဒါပေမယ့် ဒီလိုလူမျိုးနဲ့ ပူးပေါင်း မလုပ်တာ ကောင်းတာပဲ၊ အရေးမကြီးဘူး။"

Tang Feng ကခါးသီးသောအပြုံးဖြင့် သက်ပြင်းချလိုက်သည်။

သူသည် လွန်ခဲ့သောရက်အနည်းငယ်က ညစာစားချိန်
တွင် Lu Tian chen  ဘာကြောင့် ဤအကြောင်းကို ပြောဆို ခဲ့ကြောင်း သူသည်  နားလည်နေပြီဖြစ်သည်။
သူဟာ ရုပ်ရှင်ကားရိုက်ကူးပြီး ဒါရိုက်တာနဲ့ ဆက်ဆံရေးပြန်ကောင်းအောင် လုပ်နိုင်တယ်လို့ ထင်တာက သိပ်မကောင်းဘူး။ သို့သော် ယခုအချိန်တွင်  ဒါရိုက်တာဝမ်အန်းသည် သူအား နက်နက်ရှိုင်းရှိုင်း မုန်းတီးနေခြင်းက အမြစ်တွယ်နေပြီး စကားလုံးအနည်းငယ်ဖြင့်ဖြေရှင်းလို့ မရနိုင်တော့ပေ။

 "မင်းကြည့်ရတာ မပျော်သလိုပဲ"

 ချန်မင်ရွှိက  Tang Feng ကိုကော်ဖီတစ်ခွက်လောင်း ထည့် ပေးခဲ့သည်။

"မင်း ဆက်လုပ်စရာ အများကြီးရှိလာမှာပါ။ တရုတ်ပြည်မှာ ဒါရိုက်တာတွေအများကြီး၊  ရုပ်ရှင်တွေ အများကြီးပဲ။ မင်း ရိုက်လို့ လက်လည်မှာ မဟုတ်ဘူး။ တရုတ်ပြည်ထဲမှာ မင်းရဲ့ သတင်းကို မီဒီယာတွေ မထုတ်ဝေရဲပေမယ့် လွန်ခဲ့တဲ့ 2 ရက်က နိုင်ငံခြား  တိုင်းပြည်တော်များများက ရုပ်ရှင်ဝေဖန်သူတွေနဲ့  ရုပ်ရှင်မဂ္ဂဇင်းတွေက မင်းကို  ရှားရှားပါးပါး ချီးကျူးထားပြီး ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကားအဖြစ် ချီးကျူးနေတယ်"

 
ချန်မင်ရွှီက ဒီစကားကို ပြောနေတုန်း သူကိုယ်တိုင် ချီးကျူးခံနေရသလိုကို အရမ်းစိတ်လှုပ်ရှားပြီး ပျော်နေသည်။

 Tang Feng ကနားထောင်ပြီးရယ်နေတယ်။

လူငယ်လေးကက သူ့အတွက် ကော်ဖီကို ကိုယ်တိုင်ထည့်ပေးပြီး အခု သူနဲ့စကားပြောလို့ရတာ လူအနည်းငယ်သာရှိသည်။ ချန်မင်ရွှိဟာ သူတို့ထဲကတစ်ယောက်ပါ။


"တကယ်တော့ ငါ ဒါရိုက်တာဝမ်အန်းကို မလိုချင်ဘူး။ ဒါရိုက်တာ တစ်ယောက်အနေနဲ့  ငါ့ဘဝနဲ့ ငါ့ အလုပ်ကိုခွဲခြားမသိတာဖြစ်လို့ စိတ်ပျက်မိရုံပါ။  "


Tang Feng ကကော်ဖီခွက်ကို ချပြီး သက်ပြင်းချလိုက် သည်။

 " အခုဆိုရင် တရုတ်ပြည်မှာ ရုပ်ရှင်ဖြော်ဖြေရေး ဈေးကွက်က အရှိန်အဟုန်နဲ့ တိုးတက်နေပြီး အပြောင်းလဲကြီး တစ်ခုဖြစ်နေပြီ။ မကြာခင်  သူတို့ စီးပွားတွေက ပရမ်းပတာဖြစ်လာတော့မယ် "

  ပြည်တွင်းရုပ်ရှင်တွေရဲ့အခြေအနေကို ခဏတဖြုတ်လေ့လာပြီးနောက် Tang Feng က သူ၏အတွေးများကို ထုတ်ဖော်ပြောကြားခဲ့သည်။

" ရင်းနှီးမြှုပ်နှံမှုကြီးကြီးမားမားရှိနေသရွေ့ နာမည်ကြီး စာအုပ်၊ ဇာတ်လမ်းကို ပြန်ရိုက်တဲ့ ရုပ်ရှင်ဇာတ်ကားကြီး တွေက ရုံတင်ဝင်ငွေများများ ရအောင်  နာမည်ကောင်းကောင်းနဲ့ ရောင်းနိုင်တယ်။ "


မှန်ပါသည်၊ ထိုကဲ့သို့သော ရုပ်ရှင်များသည် အပျော်ကြည့် ရုပ်ရှင်ဇာတ်လမ်းများအောက်တွင်  ယာယီအကျိုးကျေးဇူးများရ ရှိနိုင်သည်။ သို့သော်ပတ်ဝန်းကျင်တစ်ခုလုံးသည် ထုတ်လုပ်မှုကောင်းကောင်း လုပ်ရမယ့်အစား ပေါ်ပင်ကိုလိုက်ပြီး ငွေပေါ်ဖို့၊အမြတ်ရဖို့ တပွဲတိုး ရုပ်ရှင်ဇာတ်ကားတွေချည်းပဲ ရိုက်လာပြီး ငွေရှာလာကြရင်တော့ ပရိတ်သတ်တွေက  ရုပ်ရှင်ဇတ်ကားတွေအပေါ်  ယုံကြည်မှုပျောက်ဆုံး သွားလိမ့်မည်။

"အချိန်ကုန်လွန်လာသည်နှင့်အမျှ ရုပ်ရှင်ရိုက်ကူး သူတွေက  ပိုပိုပြီး သတိနဲ့ရိုက်ကူးလာရလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ပရိသတ်တွေက သူတို့ ပိုက်ဆံကို ဘာမဟုတ်တဲ့ ဇာတ်ကားတွေအတွက် မဖြုန်းတီးချင်ကြတော့မှာ ဖြစ်လို့ပဲ "

 ဒါကြောင့် ဘဝသရုပ်ဖော်၊ အတွေးအခေါ် ဒသနာ ပါတဲ့ဇာတ်ကားကြီးတွေကို ရိုက်ကူးခြင်းက နောက်ပိုင်းမှာ ငွေရှာရဖို့ခက်ခဲလာလိမ့်မယ်။  ရွှံ့နွံများဖြင့် နောက်ကျိသော ရေထဲတွင် ငါးများကိုရှာရန်ခက်ခဲသလို ဖြစ်လာလိမ့်မည်။

 "ပြည်တွင်းရုပ်ရှင်တွေကို အသွင်ပြောင်းဖို့လိုတယ်။ ဒါက ငါတို့အားလုံး ရိုက်ကူးဖို့လိုတယ်။ အရေးအကြီးဆုံးကတော့ သင်ယူခြင်းနဲ့သည်းခံခြင်းပဲ "


Tang Feng က စားပွဲကို လက်ဖြင့်ပုတ်ပြီး ချန်မင်ရွှိကိုပြောလိုက်တယ်။

 "မင်းမှာ ငါ့ထက်ဖျော်ဖြေရေးလုပ်ငန်းမှာ သိကျွမ်းတဲ့လူ အများကြီးရှိတယ်။  ရုပ်ရှင်ရိုက်ကူးသူ အတော်တော်များများဟာ အခုအချိန်မှာပဲ အကျိုးရှိတာကို  သိသင့်တယ်။ "

 "ဝမ်အန်းကို ငါက နိုင်ငံတကာမှာ ဇာတ်ကားရိုက်နေတဲ့ ဒါရိုက်တာလိုဖြစ်ပြီး တရုတ်နိုင်ငံက ဒါရိုက်တာ အများစုကို ကိုယ်စားပြုနိုင်သူ ဖြစ်မယ်လို့ ငါ ထင်ခဲ့မိတာ မှားသွားတယ်။   သူတို့မှာ မတူညီတဲ့အမြင်နဲ့ စိတ်သဘောထားရှိနေနိုင်တာပဲ။  ဒါပေမယ့် ဒါရိုက်တာဝမ်အန်း ပြောတာတွေ ကြားရနေတာ့ ငါ တကယ်စိတ်ပျက်မိတယ်။ "

ချန်မင်ရွှိက ပြောတော့ Tang Feng ခေါင်းညိတ်လိုက်ကာ ဆက်ပြောလိုက်သည်။

 "ပြည်တွင်းဒါရိုက်တာတွေရဲ့ ကိုယ်စားလှယ်တစ် ဦး အနေဖြင့် ဝမ်အန်း ရဲ့ ဦး ဆောင်မှုနှင့် အမူအကျင့်တွေက   အခြားသော  ဒါရိုက်တာအများကြီးကို အကျိုးသက်ရောက်စေမှာ သေချာတယ် "
 

Tang Feng ဟာ အနည်းငယ် စိတ်ရှုပ်ထွေးနေပေမယ့် ချန်မင်ရွှိက သူပြောချင်တာကို နားလည်မည်ဟု ထင်သည်။

 "အခုခေတ်မှာ တခြားဒါရိုက်တာမျိုးရှိနိုင်မလား။  လက်ရှိ ဒါရိုက်တာတော်တော်များများက ပရိသတ်ကို ဆွဲဆောင်နိုင်ဖို့နဲ့အမြတ်ရဖို့ကိုပဲ ဦးစားပေးပြီး ဇာတ်ကားတွေ ရိုက်နေကြတယ်။  သူတို့ထံက လူနည်းစု ဒါရိုက်တာတွေပဲ အနုပညာ ရသမြောက်တဲ့ လေးနက်တဲ့ရုပ်ရှင်ကားကြီးတွေကို ရိုက်ချင်ကြတယ်။ ဒါပေမယ့် အဲ့လို လက်ရာကောင်း ဇာတ်ကားကြီးတွေက ကြည့်သူ သိပ်မရှိလို့ ရုံတင်ဝင်ငွေ သိပ်မကောင်းသလို အမြတ်လည်း မရကြဘူး။ ဒီလို ဇာတ်ကားကြီးတွေကို ရိုက်ကူးတယ်ဆိုတာ ဒါရိုက်တာတွေက သူတို့ အရည်အချင်းကို သက်သေပြတဲ့အနေနဲ့ ရိုက်ကြတာပဲရှိတယ်။ အဲ့လိုကားအတွက် ပရိတ်သတ် ကြည့်သည် ဖြစ်စေ မကြည့်သည်ဖြစ်စေ ဂရုမစိုက် ကြဘူး။  ပရိသတ်ကရော ဘယ်လိုတန်ဖိုးထား ရ မယ်ဆိုတာ မသိကြဘူး။ တကယ်လို့ ဒါရိုက်တာ တစ်ယောက်က ကိုယ့် အရည်အချင်းကို မှတ်ကျောက်တင်ပြီး သမိုင်းတွင်တဲ့ ဇာတ်ကားကြီးလည်း ရိုက်ချင်တယ်၊ ရုံတင် ဝင်ငွေ သောက်သောက်လဲကိုလည်း ရချင်တယ်ဆိုရင်တော့ ဟာသပဲ။ ဘယ်လိုလုပ် အကောင်းဆုံး ၂ ခုကို တပြိုင်တည်းရနိုင်မှာလဲ။  ? ပရိသတ်ကြိုက် အမှောင်ခန်းလေးတွေလည်းပါချင်တယ်။ ဂန္တာဝင်ဇာတ်ကားကြီးလည်း ရိုက်ချင်တယ်လို့လုပ်လို့မရဘူးလေ "

ချန်မင်ရွှိက သက်ပြင်းရှိုက်လိုက်သည်။ သူက အတင်း ဖိအားပေးကာ ကြည့်ခိုင်းခြင်း ခံခဲ့ရသည့် ပျင်းစရာကောင်းလှပြီး လုံးလုံး ကြည့်ချင်စရာမရှိသည့် ဂန္တာဝင်ဇာတ်ကားကြီးတွေကို ပြန်သတိရလိုက်သည်။
 

  " ဒီဂန္တာဝင်ရုပ်ရှင်တွေက  အရမ်းပျင်းစရာကောင်းပြီး အမြတ်မရပေမယ့် ဒီကားကိုရိုက်ခဲ့သည့် ဒါရိုက်တာတွေက အရမ်းဂုဏ်ယူခဲ့ကြတယ်  "

လေးနက်သော အကြောင်းအရာ၊ အနုပညာရသကို လေ့လာလိုစိတ်မရှိသည့် ပရိသတ်က 10 ယောက်မှာ 8 ယောက်တော့ရှိတယ်မဟုတ်လား။ သို့သော် ထိုနယ်ပယ် တွင်လည်း ဂန္ထဝင်ဇာတ်ကားကောင်းကို နှစ်သက်သည့် သီးသန့်ပရိတ်သတ်ရှိပေမယ့် ထိုလူတွေက အမြတ်များများရလောက်အောင် လူမများလှပေ။

 
Tang Feng က ချန်မင်ရွှိရဲ့စကားတွေကိုရယ်လိုက်ပြီး သူပြောတာ မှန်တယ်ဟု တွေးနေသည်။

စာပေဇာတ်ကားတွေဟာသေချာပေါက် ရောင်းစရာ မလိုတော့ဘူး၊ အခုဆိုရင် များသောအားဖြင့် လက်ခံရရှိတဲ့ စာပေအနုပညာရသမြောက်တဲ့ ဇာတ်ကားတွေက မကြာခဏထွက်ပေါ်လာတယ်၊ ဒါပေမဲ့ ဒါကဇာတ်ညွှန်းနဲ့ဒါရိုက်တာရဲ့ ကျွမ်းကျင်မှုတွေအတွက် စမ်းသပ်မှုတစ်ခု သက်သက်ပါပဲ။

 "အဓိကပြည်တွင်းဒါရိုက်တာတွေက ဒါရိုက်တာ ဝမ်အန်းလို မဟုတ်ဘူး။ ဒါရိုက်တာ အများစုက နိုင်ငံခြားက ခေတ်မှီရိုက်ကူးရေး နည်းပညာတွေကို တက်ကြွစွာလေ့လာသင်ယူပြီး တီထွင်ဆန်းသစ်တဲ့ ပုံစံတွေကို ရိုက်ကူးနိုင်ဖို့ ကြိုးစားနေတဲ့ အခြားဒါရိုက်တာလည်းရှိပါတယ်။ "

ချန်မင်ရွှိက ဆက်ပြောလိုက်သည်။


" Tang Feng, မင်း အခုမြင်နိုင်တဲ့ ဇတ်ကားအပြင် အခြား script တွေရှိလား။ "

" ငါ အချို့ ဇာတ်ညွှန်းကို ကြည့်ခဲ့ပေမယ့် ငါနဲက မကိုက်ညီဘူးလို့ထင်တယ်  "


 အရေးအသားကောင်းပြီး ဇာတ်အိမ်ခိုင်မာတဲ့ လှပတဲ့ဝတ္ထုတွေကိုပဲ ဖတ်တတ်တဲ့ သူတစ်ယောက်လိုပဲ Tang Fengက  scripts- ဇာတ်ညွှန်းနဲ့ပတ်သတ်လာရင်   လိုအပ်ချက်တွေကို လျှော့ချမှာ မဟုတ်ဘူး။

ဒါက ကြယ်ပွင့်အကြီး၊အသေးနဲ့မသက်ဆိုင်ဘူး။ အနုပညာစံသတ်မှတ်ချက်နဲ့ သူ့ကို အားပေးမယ့် ပရိတ်သတ်ကို အကောင်းဆုံးကို သရုပ်ဆောင်ပေး ချင်တဲ့ စိတ်ဓါတ်ပဲ ဖြစ်တယ်။


"ဒါဆို မင်းကို ငါ ဒုက္ခထပ်ပေးရဦးမှာပဲ။ ဒါနဲ့မင်းက ငါ့ကို ဘာကြောင့် ခုလို စိတ်အားထက်ထက်သန်သန်နဲ့ ကူညီပေးချင်ရတာလဲ"


ချန်မင်ရွိ ကလက်နှစ်ဖက်လုံးကို ပွတ်ကာ ရယ်မောနေခဲ့တယ်။

" မင်းက နောင် အနာဂတ်မှာ စူပါစတားဖြစ်လာမှာပါ၊ အဲ့ဒီအချိန်မှာ ငါက မင်းနဲ့ ပထမဆုံး သီးသန့် အင်တာဗျူးလုပ်ချင်တယ်လေ။ စူပါစတားတွေနဲ့  ရင်းနှီးတဲ့ အခွင့်အရေးကို ငါ လက်လွတ်ခဲ့ရင် အနာဂတ်မှာ တွေ့ဆုံမေးမြန်းတဲ့အခါ  ဘယ်လိုလုပ် အရည်အချင်းပြည့်မှီနိုင်တော့မလဲ မဟုတ်ဘူးလား "


(အခု ဘာသာပြန်ထားတဲ့အပိုင်းတွေက MTL website ကနေ အကြမ်းဘာသာပြန်ထားတာကို ယူပြီး မြန်မာပြန်ထားရတာဖြစ်ပါတယ်။ ဒါကြောင့် ဖတ်ရတာ ထောင့်နေရင် ဆောရီးပါ။ )

****-****

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now