အပိုင်း {၁} [က]

35.6K 1K 46
                                    

ဧည့်ခန်းတစ်ခုလုံး တိတ်ဆိတ်မှုလွှမ်းခြုံနေခြင်းကြောင့် နာရီလက်တံ တဂျက်ဂျက်ကိုပင်ကြားနေရသည်။ ဧည့်ခန်းကျယ်ကျယ်ကို ခေါင်းလေးဝေ့ဝိုက်ကြည့်နေတဲ့ ကလေးငယ်တစ်ယောက်ရဲ့မျက်နှာမှာ အိမ်ကြီးရဲ့ ကြီးကျယ်ခန်းနားမှုကြောင့် အံ့ဩမှုအပြည့်။ သူတို့ထိုင်နေတဲ့ ဆိုဖာ၊ ချိတ်ဆွဲထားသည့် ပန်းချီကား၊ အလှထားပန်းအိုးကအစ ခန်းနားနေတာအမှန်။ စိမ်းသက်နေတဲ့နေရာရောက်နေပေမဲ့ ကြောက်ရွံ့မှုနည်းနည်းလေးတောင်ဖြစ်မနေတဲ့ကလေး။

အနားက ကလေး၏မွေးမိခင်ဟာတော့ ကလေးကို မကြောက်ရွံ့စေရန် လက်ကိုဆုပ်ကိုင်ထားပေ၏။ ဧည့်ခန်းထဲ မျက်လုံးဆော့ကစားနေရင်း လှေကားတွေဆီ အကြည့်ရောက်သွားသည့်အခါ လှေကားထက်ကဆင်းလာတဲ့ ခန့်ညားညားဦးလေးကြီးတစ်ယောက်ကိုတွေ့လိုက်ရသည်။ ထိုလူကြီးကိုမြင်တာနဲ့ မိခင်ဖြစ်သူဟာ ထရပ်လိုက်တာကြောင့် ကလေးငယ်ကပါလိုက်ရပ်မိသည်။

"အစ်ကို"

"ထိုင်ပါ ထိုင် အစ်ကိုက ဟေမာတို့ကိုစောင့်နေတာ"

ပြောရင်းအကြည့်ဟာ ကလေးဖြစ်သော မိမိထံကျရောက်လာတော့မှ သူ့အမေနောက်ကိုတိုးဝင်ချင်မိသလိုဖြစ်သွားသည်။ သို့သော် ထိုအတိုင်းလေးသာရပ်နေရင်း မော့၍စိုက်ကြည့်မိသည်။

"သမီး ဒါသမီးအရမ်းတွေ့ချင်နေတဲ့ သမီးဖေဖေလေ ဦးမြတ်မဟာတဲ့"

မိခင်ဖြစ်သူရဲ့ စကားကြားကိုတော့ ကလေးရဲ့မျက်ဝန်းလေးတွေဟာ အရောင်လက်သွားပမာ။ ဦးမြတ်မဟာက ပြုံးပြလိုက်တော့ ပိုပြီးအားတတ်သွားဟန်ဖြင့်။

"ဖေဖေ!"

ထိတ်လန့်သလိုခံစားချက်တို့မရှိတော့ပဲ ခန္ဓာသေးသေးလေးက ဦးမြတ်မဟာကိုပြေးဖက်လေသည်။ ကျောင်းမှာအဖေမရှိလို့အနှိမ်ခံရမည့်အဖြစ်တွေကနေ သူ့မှာအဖေရှိကြောင်းပြန်ကြွားနိုင်မည့်အခြေနေကိုရောက်တော့မည်။

ဦးမြတ်မဟာကလည်း သူ့ပေါင်လောက်တောင် အမြင့်မရောက်သေးတဲ့ ခန္ဓာသေးလေးကို ဆွဲချီပွေ့ဖက်လိုက်သည်။

"အိုး ဖေဖေ့သမီးလေးက အချွဲလေးပါလား"

သူ့သနပ်ခါးလိမ်းထားတဲ့ပါးလေး နမ်းရှုတ်ခံလိုက်ရတော့ သဘောတကျဖြင့် သွားကျဲလေးတွေဖြင့်ရယ်မိသည်။ မေမေဟာလည်း ဒီမြင်ကွင်းလေးကြောင့်ပျော်နေပုံ။

လွမ်းပျက်ပြယ်Where stories live. Discover now