အပိုင်း {၈} [က]

5.7K 638 42
                                    

ခရီးသွားဖို့အတွက် ဟန်လင်းဟာ Alphard တစ်စီးငှားခဲ့သည်လေ။ ကိုယ့်ကားနဲ့ကိုယ်သွားခွင့်မပြုပဲ တစ်စုတည်းသွားဖို့သာ ရည်ရွယ်ခဲ့သည်။ ထို့ကြောင့် ညွှန်းလည်း ကားမယူဖြစ်ပဲ ဟန်လင်းတို့လာခေါ်တာကိုစောင့်နေလိုက်သည်။

"အွန်း ရောက်ပြီလား။ အဲ့ဒါဆို ဆင်းလာပြီ"

ငယ့်ဆီက ဖုန်းဝင်လာတော့ ညွှန်း Luggage ကိုယူပြီး ဆင်းဖို့လုပ်လိုက်သည်။

"လိုက်ပို့ပေးရဦးမလား ညီမ"

"ဟင့်အင့်ရတယ် မဝေ ဒီတစ်အိတ်ပဲပါတာ ကိုယ့်ဘာသာပဲဆင်းသွားလိုက်တော့မယ်"

"ဟုတ်ကဲ့ ဂရုစိုက်ဦးနော် ညီမ"

"ဟုတ် မဝေရောပဲ တံခါးနေ့တိုင်းသော့ခတ်၊ ကျန်တာကတော့ ညွှန်း မှာခဲ့တဲ့အတိုင်းပဲ"

မဝေက Elevator ထိလိုက်ပို့သည်လေ။ ညွှန်း Luggage က ဘီးပါတယ်ဆိုတော့ အောက်ထိလိုက်ပို့ရသည်ထိတော့မလိုသည်မို့ လိုက်မပို့ခိုင်းတော့ခြင်းပါ။ ကွန်ဒို ကားပါကင်ကိုရောက်တော့ ကိုဟန်လင်းတို့က ငှားထားတဲ့ကားအနက်ရောင်ကိုမြင်လေသည်။

"ရပါတယ် ကိုဟန်လင်း ညွှန်းဘာသာပဲ..."

"ပေးပါအစ်ကို့ကို ကားထဲသာသွားထိုင်သွား"

ဟန်လင်းက ညွှန်းလက်ထဲကအထုတ်ကိုယူပြီး ကားနောက်ကိုသွားပြီး ကားပေါ်တင်ပေးလေသည်။ ညွှန်း ကားတံခါးဖွင့်ဖို့လုပ်တော့ အထဲကဖွင့်ပေးလေသည်မို့ Auto ပွင့်လာသည်။

"ဟင် ငယ်က အနောက်မှာထိုင်မလို့လား"

အနောက်ခန်းမှာ လူ ၃ ယောက်ရှိနေ၍ ညွှန်းမေးလိုက်ခြင်းပါ။ ဟေသာဟာအလည်မှာထိုင်နေပြီး တစ်ဖက်တစ်ချက်မှာ ငယ်နဲ့ မမလွမ်းရယ်လေ။

"အရှေ့မှာတစ်ယောက်ပါလာသေးလို့ ဖွဲ့ရာ။ ယောကျ်ားလေးဆိုတော့ အရှေ့မှာပဲထားလိုက်တယ်"

ငယ့်ဆီက စကားသံလေးကြောင့် ခေါင်းရှေ့ခန်းကိုအလန့်တကြားကြည့်လိုက်မိသည်။ အသားညိုပေမဲ့ ခပ်ဖြောင့်ဖြောင့်ရုပ်ရည်နှင့် ယောကျ်ားတစ်ယောက်ကို ညွှန်းမြင်လိုက်ရသည်။ ထိုလူဟာလည်း ညွှန်းကို ဖော်ရွေစွာပြုံးပြလေ၏။ တော်သေးသည်က မမလွမ်းတွဲနေတဲ့သူမဟုတ်တာပင်။ ငယ့်ဆီက စကားကြောင့် ညွှန်းတကယ်လန့်သွားမိတယ်ဆို မလိမ်။ မမလွမ်းနှင့်တွဲနေသူသာပါလျှင် ညွှန်း အပေါ်ပြန်တက်သွားမိမလားမသိ။

လွမ်းပျက်ပြယ်Where stories live. Discover now