ဟန်လင်းက ဆေးရုံမရောက်ရင်လမ်းမှာပဲ ဆုံးပါးသွားခဲ့တာ။ မူးနေသော် ဟန်လင်းအပြစ်ကြီးပဲတော့မဟုတ်ချေ။ ညဘက်ဆိုတိုင်း ယာဉ်စည်းကမ်းမလိုက်နာစွာ မိုင်တင်မောင်းသည့်ကုန်တင်ကား အသေးစားလေးတွေကြောင့်ဖြစ်သည်။
"မင်းတို့ အထဲဝင်ချင်ဝင်လို့ရပြီ"
လာခေါ်သူက ဟေသာဖြစ်ပြီး ငယ်တို့ကိုကြည့်တောင်မကြည့်ပဲပြောလာသည်။ ငယ်တို့ကို 'မင်း' လို့တစ်ခါမှမပြောဆိုဖူးတဲ့အတွက် ငယ်တို့ကို ရင့်ရင့် သုံးနှုန်းလိုက်သလိုခံစားရသည်။ ဟေသာ့မျက်နှာထက်တွင်လည်း ပင်ပန်းမှုအထင်းသား ရက်လည်နေ့ထိ ဟေသာရော အစ်မလွမ်းတေးရဲ့ ငိုခြင်းကိုသူတို့ တစ်ကြိမ်တစ်ခါမျှ မမြင်ရခဲ့ချေ။ စိတ်ဓာတ်မာကြောလွန်းတယ်လို့ သတ်မှတ်ချင်ပေမဲ့ သူတို့ နာကျင်နေတာက အသိသာကြီးမလား။
"မမ"
ပြောပြီးထွက်သွားဖို့လုပ်နေသည့် ဟေသာ့ကို ငယ်လှမ်းခေါ်လိုက်သည်။ ငယ့်တို့ကိုကို ကျောခိုင်းသွားသည့် မမကျောပြင်လေးကိုကြည့်ပြီး စိတ်နာနေလောက်ပြီထင်သည်။ သို့သော် မရပ်လောက်ဘူးထင်ထားသည့် ငယ့်အတွေးဟာ ငယ့်ခေါ်သံကြောင့်ခြေလှမ်း ရပ်တန့်သွားသည့် ဟေသာ့ကြောင့် တုန်ရင်သွားရသည်။ ဟေသာက သူတို့ဘက်ကိုလှည့်ရင်း ပြန်ကြည့်သည်။ ငယ်ဘာပြောရမလဲ။ အမှန်တော့ ငယ့်မှာ ပြောရမရှိပါ။ ဟေသာ့ကို ဘာကြောင့်ခေါ်လိုက်မိလဲဆိုတာကိုလည်း မသိပါ။ ငယ် ထင်တာကတော့ ငယ့်ကို ဟေသာ မုန်းမှာကြောက်နေမိ၍ဖြစ်နိုင်သည်။
"ဘာမှပြောစရာမရှိရင် တို့ကို မခေါ်ပါနဲ့"
ပြန်လှည့်ပြင်နေသည့် ဟေသာ့ကိုသွားဆွဲပြောချင်ပေမဲ့ ငယ် ဒန်းပေါ်ကထလိုက်သည်နှင့် ညွှန့်ခွေသွားမတတ်ဖြစ်သွားသည်မို့ ညွှန်းက ထဆွဲပေးရသည်။ ဟေသာကလည်း ငယ် ဖြစ်သွားသည့်ပုံစံကြောင့် ငယ်တို့ဆီ ခြေလှမ်းအနည်းငယ် တိုးမိသွားတာကိုတော့ ငယ်ရော ညွှန်းပါ သတိမထားမိခဲ့။
"တောင်းပန်ပါတယ် ငယ့်ကြောင့်... ငယ့်ကြောင့်..."
ငယ် တည်တည်ငြိမ်ငြိမ်တောင်းပန်ဖို့လုပ်ခဲ့သော်လည်း စကားတစ်ဝက်မရောက်ခင်မှာတင် အသံဟာအက်ကွဲလာပြီး မျက်ရည်တို့ကျလာသည်။ ဟေသာက ဒါကိုမြင်တော့ မျက်လုံးစုံမှိတ်ပြီး ကောင်းကင်ပေါ်မျက်နှာမူလိုက်သည်။ လည်ပင်းဖြူဖြူလေးဆီမှ ထောင်းထွက်နေသည့် အရိုးတို့ကိုမြင်နေရသည်။
YOU ARE READING
လွမ်းပျက်ပြယ်
Romanceရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖြစ်တည်လာတဲ့ခံစားချက်ဟာ လွတ်မြောက်ရန်ခက်လှသော အလွမ်းနာပါလေ။ လွမ်းဆိုတဲ့မိန်းမမှ ဒီလွမ်းနာကိုဖြေဖျောက်...