"အဲ့ဒါဆို ငါသွားပြီနော် ဟေသာ!... ငါ့ကောင်မလေးကို သေချာဂရုစိုက် တစ်ခုခုပြန်တိုင်တာနဲ့ နင့်ကိုအမှုန့်ကြိတ်ပစ်မယ်"
အကဲလာပိုပြနေသည့် ဟန်လင်းကြောင့် ဟေသာမျက်မှောင်ကြုတ်ပြီးကြည့်မိသည်။ ငယ်ကတော့ သူတို့ကိုကြည့်ပြီး သဘောတကျပြုံးနေ၏။
"နင် မြန်မြန်ပြန်လိုက်ပါတော့ ဟန်လင်းမောင်ရယ်"
"ဇွတ် နှင်မနေပါနဲ့ ပြန်မှာပါ"
ဟန်လင်းက ပြောရင်း ငယ့်နဖူးပြင်လေးကို အမြတ်တနိုးနမ်းရှိူက်လိုက်သည်။ ဟေသာ အကြည့်မလွှဲမိတော့။ အကြည့်မလွှဲမိလောက်အောင် နာကျင်သွားရလို့ပဲဆိုရမလား။
"ကိုကို သွားပြီနော်"
ငယ်ဟာလည်း အပြုံးလေးဝေဆာစွာဖြင့် ပြုံးလေသည်။ ညနေက သူ့ရှေ့မားမားမတ်မတ်ရပ်ခဲ့သည့် သူတစ်ယောက်လို့မထင်ရလောက်အောင်ပင် ငယ့်ရဲ့ ဒီပုံစံဟာ နူးညံ့လွန်းသည်။ ဒီအခြေနေကို ဟေသာ မလိမ်ညာတမ်းပြောရလျှင် မနာလိုမိသည်ပေါ့။
"ဒါဆို တကယ်သွားပြီ တာ့တာ"
ဟန်လင်း သူ့ကို နှုတ်ဆက်တာကို ဟေသာအသိမှတ်ပြုစွာခေါင်းညိတ်လိုက်သည်။ ဟန်လင်းလည်း အိမ်ကိုရောက်လာတည်းက ညအထိနေပေးနေခဲ့တာလေ။ အခုပင် ၉ နာရီထိုးတော့မည်။
"ဂရုစိုက်ပြန်"
ငယ့်ဆီက ပါးစပ်လှုပ်ရုံပြောသည့် ဂရုစိုက်မှုလေးကြောင့် ဟန်လင်းပြုံးကာအိမ်အပြင်ကိုထွက်လိုက်သည်။ ဟေသာက တံခါးလိုက်ပိတ်သည်လေ။ ဟန်လင်းလည်း စိတ်မကြည်သလိုဖြစ်နေသည့် ဟေသာ့ကို စဖို့မမေ့ချေ။ စိတ်တိုတိုနှင့် ဟေသာတံခါးဆောင့်ပိတ်သွားတော့မှသာ ဟန်လင်းရယ်မောနေတာလေးက ဖျော့တော့သွားသည်။ ထို့နောက်သက်ပြင်းသဲ့သဲ့ချလိုက်မိသလို၊ စိတ်ရှုပ်စွာနှင့် သူ့ဆံပင်တွေကို ထိုးဖွလိုက်သည်။ ဆေးလိပ်မသောက်တော့တာကြာပေမဲ့ အခုမှပြန်သောက်ချင်လာမိသည်။ ဟန်ဆောင်နေရသည့်အခြေနေက ဘယ်သူ့ကိုမဆိုစိတ်ပင်ပန်းစေမှာပဲလေ။ မဟုတ်လေဘူးလား။
...
"မမ ရတယ်။ လေပြေ အပြင်မှာပဲအိပ်လိုက်မယ်"
YOU ARE READING
လွမ်းပျက်ပြယ်
Romanceရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖြစ်တည်လာတဲ့ခံစားချက်ဟာ လွတ်မြောက်ရန်ခက်လှသော အလွမ်းနာပါလေ။ လွမ်းဆိုတဲ့မိန်းမမှ ဒီလွမ်းနာကိုဖြေဖျောက်...