အပိုင်း {၇} [ဂ]

5.8K 646 29
                                    

ညွှန်း မလှုပ်မယှက်ငြိမ်ငြိမ်မိသည်က ကျောက်ရုပ်အလား။ ဘာတွေဖြစ်ကုန်တာလဲဆိုတာ ညွှန်းသိလိုက်ပေမဲ့ မမလွမ်းဘာကြောင့် ဒီလိုလုပ်တာလဲဆိုတာကိုတော့ ညွှန်း မသိချေ။ ဘာကြောင့် ဒီလိုလုပ်ရက်မျိုးလုပ်ရတာလဲ။ လူက ကျောက်ရုပ်ဖြစ်နေပေမဲ့ ခန္ဓာတွင်းက အရာတွေကတော့ ပြောင်းပြန်ဇောက်ထိုးဖြစ်ကာ ကဆုန်ပေါက်ပြီး နေရာမရတော့ပြီလေ။ မမလွမ်းဟာတော့ ဘာမှမလုပ်ထားသူတစ်ယောက်ကဲ့သို့ သူ့အနားတွေ စီးကရက်ကိုရှိုက်ကာ အငွေ့တလူလူနှင့်။

"ဘာပြောစရာရှိလို့လဲ"

စီးကရက်ကို မသောက်ပဲကိုက်လျှက်သားဖြင့် မမလွမ်းကို ကြည့်နေမိတော့ ညွှန်းဘက်ကို သိသိသာသာလှည့်ကြည့်ရင်း မမလွမ်းဟာ မေးလာသည်လေ။ ထို့ကြောင့် အယောင်ယောင်အမှားမှားဖြင့် စီးကရက်ကို နှုတ်ခမ်းမှယူလိုက်သည်။

"ဘာမှပြောစရာမရှိပါဘူး မမလွမ်း"

"ဒါဆိုလည်း..."

မမလွမ်းသည်ပြောရင်း သူ့ရဲ့ ကုန်ခါနီး စီးကရက်ကို မြေပြင်ပေါ်ချကာ ထောက်ဖိနပ်နဲ့ နင်းချေလိုက်သည်။

"တို့သွားတော့မယ် မင်းလည်း မြန်မြန်ဝင်လာပေါ့ ကိတ်ခွဲတော့မှာဆိုတော့"

ညွှန်းကိုကြည့်ကာပြောပြီးမှ ထွက်သွားဖို့ပြင်နေသည့် မမလွမ်း လက်ကလေးကို ညွှန်း လှမ်းဖမ်းကာတားလိုက်မိသည်။ ညွှန်းမသိလိုက်ပါပဲ ခန္ဓာကိုယ်က အလိုအလျောက်တုန့်ပြန်သွားခြင်းသာ။ မမလွမ်းကတော့ ညွှန်းရဲ့ တားလိုက်ခြင်း ခံလိုက်ရသည်မို့ မျက်ခုံးတစ်ဖက်ပင့်ကာကြည့်၏။

"ဟို...ဟို ညွှန်းလေ မမလွမ်းကို တောင်းပန်..."

ညွှန်း စကားမဆုံးခင် မမလွမ်းလက်ချောင်းလေးတွေဟာ ညွှန်း နှုတ်ခမ်းပေါ်ရောက်လာပြီး ဆက်ပြောဖို့ကို တားဆီးခြင်းခံလိုက်ရသည်။

"တောင်းပန်ဖို့ဆို မပြောပါနဲ့။ တို့အဲ့ကိစ္စကို ခေါင်းထဲမရှိတော့ဘူး"

ခေါင်းထဲမရှိတော့ဘူးဆိုတာ အဲ့ကိစ္စကိုပဲလား။ ညွှန်းကိုရောလား။ ညွှန်း ကြောက်ရွံ့သလိုဖြစ်သွားမိသည်။ ဟင့်အင်း ကြောက်ကိုကြောက်သွားမိတာ။

လွမ်းပျက်ပြယ်Where stories live. Discover now