အပိုင်း {၁၁} [ခ]

5.5K 647 33
                                    

ဒီနေ့ညမှာ ဦးဆောင်ဆိုသူကလည်း ဟန်လင်းသာဖြစ်သည်။ နားထောင်သူကနားထောင်ပြီး လိုက်ဆိုချင်တဲ့နေရာရောက်လျှင်လိုက်ဆိုကြသူတွေလည်းရှိသည်။ ဒီနေ့အတွက် ဘီယာဘူးဦးစွာဖောက်သူကတော့ မမလွမ်းသာဖြစ်၏။ မမလွမ်းစဖောက်ကတည်းက ညွှန်းမှာ မနေထိုင်မထိုင်နိုင်ဖြစ်လာရသည်။ ထိုသို့တစ်ယောက်ပြီးတစ်ယောက် ဖောက်ရင်း လက်ထဲဘီယာဘူးမကိုင်ထားတဲ့သူမရှိတော့။ ဒီထဲမှာ မသောက်တတ်တဲ့သူမပါတော့ချေ။

"ညီမညွှန်းဖွဲ့ရာရောဆိုဦးမလား... ယောကျ်ားလေးထဲကပဲဆိုနေရတော့ သိပ်မမိုက်ဘူး"

တစ်ချိန် ညွှန်းကိုလာထိုးပေးတော့မယ်ဆိုတာသိပေမဲ့ တကယ်တမ်းလာပေးတော့ အင်တင်တင်ဖြစ်နေမိသည်။ မမလွမ်းကိုကြည့်လိုက်တော့လည်း မျက်ခုံးလေးပင့်ကြည့်နေတာမို့ ညွှန်းသက်ပြင်းချလိုက်မိ၏။

"အခု ညွှန်းဆိုပါ့မယ် ဒါပေမဲ့ ဒါပြီးရင်တော့ နောက်မိန်းကလေးသုံးယောက်ထဲက တစ်ယောက်ဆိုရမယ်"

ညွှန်းပြောတော့ မမလွမ်းနှင့်ဟေသာအပါဝင် ငယ့်ရောပါ ၃ ယောက်လုံးရဲ့အကြည့်ဟာ ညွှန်းဆီရောက်လာ၏။ ထို အကြည့်တွေထဲဟာ မဆိုနိုင်ကြောင်းပြောနေသလို။ ညွှန်းပဲ ဆိုရလျှင်တော့ ဒါမတရားဘူးလေ။ ကိုဟန်လင်းတို့ကတော့ ညွှန်းအပြောကိုထောက်ခံကြ၏။

"သီချင်းတစ်ပုဒ်ကိုဖြစ်အောင်ဆိုဖို့မပြောနဲ့ ဖွဲ့ရာ။ ငယ် တစ်ပိုဒ်တောင်ဆိုဖို့အဖြစ်မရှိဘူး။ တစ်ပုဒ်လုံး မရလို့"

ငယ် ပြောတော့ မမလွမ်းရော ဟေသာပါခေါင်းညိတ်ပြလေသည်။

"လေပြေငယ်ပြောတာ အဟုတ်ပဲ။ တို့လည်း တစ်ခါတစ်လေမှနားထောင်တော့ မရဘူး ညွှန်းရာ။ အဲ့တော့ ညွှန်းရာပဲ တို့တွေအစား နောက် ၃ ပုဒ်ထပ်ဆိုပေးပါလား"

မမလွမ်းကတော့ လုပ်ပြီလေ။ သူတို့ကိုဆိုစေချင်လို့ပြောကာမှ မြှားဦးက ညွှန်းစီတည့်တည့်လှည့်လာနေတာပဲ။ မမလွမ်းပြောတာကို ဟေသာကလည်းခေါင်းညိတ်စွာထောက်ခံပြီး ငယ်ကလည်း ဟုတ်ကြောင်း မမလွမ်းမှန်းကြောင်း တဖွဖွပြောနေသည်။ ဒီလိုကျတော့ မတည့်တဲ့သူတွေကတည့်သွားကြပါလား။ ငယ်ကလည်း ဒီလိုကျ မမလွမ်းကိုမကြောက်ပဲ ပြောရဲနေလိုက်တာ။

လွမ်းပျက်ပြယ်Where stories live. Discover now