အပိုင်း {၂၆} [ဂ]

6.7K 663 44
                                    

"ရက်စ် ရက်စ် အရမ်းကောင်းတယ်။ နောက်တစ်ပို့စ်"

မနေ့ကပဲ အဆင်ပြေသွားတာက ဒီနေ့တော့ ဟေသာ မောဒယ်လိုက်လုပ်ပေးနေရသည်။ ဒီရက်တွေမှာ ဓာတ်ပုံရိုက်ချင်စိတ်မရှိသော်လည်း ဓာတ်ပုံဆရာမလေးဟာ သူမ ချစ်တဲ့သူဖြစ်နေတော့ မငြင်းနိုင်။ ငွေဆောင်မှာတည်းကသိခဲ့တာက ဒီပညာရပ်မှာ ငယ်ဟာ တကယ်တော်မှန်းလေ။ အခုလည်း ပရိုလေးတစ်ယောက်လိုပြောပြီးရိုက်နေတာလေးက ချစ်စရာပါ။

"လှတယ် မမ... ဒီတစ်ခါကင်မရာကိုမကြည့်ပဲ ဘေးကိုကြည့်ပေးနော်"

ကင်မရာရှေ့ရောက်လျှင် ဟေသာသည် ရှက်စိတ်မရှိတဲ့သူတစ်ယောက်ဖြစ်ပြီး ပိုစ့်အမျိုးမျိုးပေးနိုင်သူ။ ဒါပေမဲ့ ငယ့်ဆီကမှ ဒီလိုအဆင်မပြေတပြေအချိန်မှာလှတယ်အပြောခံရတာကို ကြည်နူးမိသလို၊ ရှက်လည်းရှက်မိသည်။

"ပါဖက်စ် ပါဖက်စ်!!"

နောက်ဆုံးမှာ သူတို့နှစ်ယောက် ရိုက်လို့ပြီးသွားသည်လေ။ မီးစလိုက်တွေဘာတွေမပါပဲ ငယ်ဟာ ပရော်ဖက်ရှင်နယ်ကျကျရိုက်နိုင်တာတွေ့တော့ ဟေသာ သဘောကျလိုက်တာ။ ဒီကလေးဟာ ဒါကိုတကယ်ဝါဿနာပါတာသိသာလှသည်။ ငယ့်အဖေခွင့်ပြုလိုက်တာကိုကျေးဇူးတင်မိသည်။ တွေ့ခွင့်ကြုံခဲ့ရင် ဒါအတွက် ကျေးဇူးတင်စကားပြောရမည်။

"လေပြေ့ပါးပေါ်မှာ ပုံတွေမဟုတ်ဘူးနော် မမ"

"ဟို... မမ ကင်မရာပဲ" ကြည့်တာပါ

ငယ်သည် ကင်မရာကိုကြည့်နေရင်းနှင့်ပဲ ပြောလာတော့ ဟေသာ ရှက်ရှက်နှင့်ညာလိုက််မိသည်။

"လူကြီးဖြစ်ပြီး ညာတာမကောင်းဘူးမလား"

ဟေသာဘက်ကိုလှည့်ပြီးပြောလာတော့ ဟေသာ့မျက်နှာအနားနီးကပ်သွားသည့် ငယ့်မျက်နှာလေးကြောင့် ဟေသာ နောက်ဆုတ်ပြီးခွါလိုက်သည်။

"ကြည့်ချင်လည်းကြည့်လို့ရပါတယ် မမရဲ့။ အဲ့လောက်ရှက်မနေပါနဲ့"

"မရှက်ပါဘူးနော် ပူလို့"

ဟေသာပြောရင်း ရုတ်တရက်ပူလာသည်ကိုခံစားရသည်မို့ ဟေသာ လက်လေးဖြင့်ယက်ခတ်လိုက်သည်။

လွမ်းပျက်ပြယ်Where stories live. Discover now