အပိုင်း {၁၃} [က]

6.8K 624 43
                                    

"ဟယ်လို သက်သာရဲ့လား ညွှန်းရာ"

ညွှန်း ဖုန်းခေါ်လိုက်သည်နှင့် တစ်ဖက်ကချက်ချင်းထွက်လာသည့်အသံလေးကြောင့် ညွှန်းရင်ထဲလှိုက်ခနဲနွေးထွေးသွားရသည်။

"ဟုတ် သက်သာတယ် မမလွမ်း။ အဖျားတော့ကျသွားပြီ"

"ခေါင်းတွေဘာတွေရောကိုက်သေးလား... ခြေလက်ကိုက်ခဲတာရောရှိလား"

ညွှန်း ငိုထားလို့ထင်ပါရဲ့။ ခေါင်းတော့ မူးတူးတူးဖြစ်နေသည်။ ဒါကိုတော့ မမလွမ်းကိုမပြောတော့ပါ။

"ဘာစားချင်လဲ လွမ်း တစ်ခုခုလာပို့ပေးရမလား"

ညဆယ်နာရီထိုးခါနီးကို မမလွမ်းကဘာကိုလာပို့ပေးချင်နေတာပါလဲ။ မမလွမ်း အဲ့လိုဂရုစိုက်နေတော့ ညွှန်း ပိုလို့ပင်တိမ်းညွတ်လာရပြီ။ အမှန်ဆို ဒီလိုဂရုစိုက်မှုခံရတာတွေက ထွဋ်ခေါင်နဲ့တုန်းကလည်း အကြိမ်ပေါင်းများစွာရှိခဲ့ပါသည်။ သို့သော် တစ်ခါမှ အခုလိုမသာယာခဲ့ဖူးပါ။ အခုလိုစကားလေးနှင့်ပြောတာကြားရုံနှင့်တင် ပျော်ရွှင်ခဲ့တာမျိုးမရှိဖူးပါ။

"ဟင့်အင်း အချိန်လည်းကြည့်ပါဦး မမလွမ်းရဲ့။ ညွှန်း သက်သာပါတယ်... ပြီးတော့ အခုလေးတင် မဝေ ချက်ပေးတဲ့ ကြက်သားဆန်ပြုတ်စားထားတယ်"

'ဪ' ဆိုပြီး လေသံတိုးလျလျလေးနားထဲတိုးဝင်လာတော့ ညွှန်း ပြုံးလိုက်မိသည်။ အလိုမကျတဲ့မျက်နှာလေးကိုပင် ညွှန်း မြင်ယောင်မိနေ၏။

"ဒါပေမဲ့ မမလွမ်း ပြုတ်ပေးတာမဟုတ်ထင်တယ် မမလွမ်း လုပ်ပေးတာလောက်သောက်လို့မကောင်းဘူး"

ညွှန်း စကားဆုံးတော့ မမလွမ်းဆီမှ ရယ်သံခပ်သဲ့သဲ့လေးထွက်လာ၏။ ဒါမျိုးကျ မမလွမ်းကသဘောကျတယ်ပေါ့လေ။

"လွမ်းပြုတ်ပေးတာ အသင့်သောက်လို့ရတဲ့ဟာဖြစ်နေလို့ နေပါရဲ့နော်"

"နည်းနည်းလေးမှမဟုတ်ပါဘူးနော် မမလွမ်း ပြုတ်ပေးတာမို့ပါ"

"အဟွန်း တော်ပါ။ ဆေးရောသောက်ပြီးပြီလား"

ပုံမှန် ညွှန်း နေမကောင်းလျှင် မေမေအနားမှာရှိပြီးဒီလိုစိတ်ပူစွာမေးနေကြဆိုပေမဲ့ မမလွမ်းမေးမှ ညွှန်း ပီတိတွေဖြာနေမိတယ်ဆိုလျှင် မေမေ့အပေါ်မတရားရာကျသွားမလား။ ညွှန်း ငိုမိခဲ့တဲ့အဖြစ်တွေကိုပါ မေ့သွားသယောင်။ မမလွမ်းရဲ့ ငြိမ်းချမ်းနွေးထွေးတဲ့အသံလေးအောက်ကျရှုံးနေလေတော့သည်။

လွမ်းပျက်ပြယ်Where stories live. Discover now