ညွှန်းတို့ Gym ဆော့ပြီးသွားသည့်ဆိုင်က တခြားဆိုင်မဟုတ် ညွှန်းဆိုင်သာ ဖြစ်သည်။ ညွှန်း ခေါ်ဆောင်ရာကို မမလွမ်းဟာ မသိပဲပါလာသည်လေ။
"ဘယ်များလဲလို့ ချိုကိုပိုင်းလေးဆိုင်ပါလား"
"ဟုတ်တယ် တခြားဆိုင်တွေထက် ဒီဆိုင်ရဲ့တည်နေရာရော ပြင်ဆင်ပုံရောပိုကြိုက်လို့။ အွန်း အစားသောက်ရောပေါ့"
"အိုး မင်းက လိပ်ကလေးပဲ ညွှန်းရာ"
မမလွမ်းဆီက ထိုသို့အသံထွက်လာတော့ ညွှန်း ခေါင်းလေးတကုတ်ကုတ်နှင့် ရယ်ပြလိုက်သည်။
"ဟုတ်မယ်ထင်တယ်"
"တို့လည်း ဒီဆိုင်လေးကိုသဘောကျတော့ရပါရဲ့လေ။ ဒါပေမဲ့ ချိုကိုပိုင်းလေး"
"ဒါပေမဲ့ ဘာဖြစ်လဲဟင် မမလွမ်း"
မမလွမ်းက ဆက်မပြောပဲသူ့ကိုစိုက်ကြည့်လာတော့ ဘာများလဲလို့ ညွှန်း မေးမိသည်။
"ဒီဆိုင်က ချိုကိုပိုင်းလေးဆိုင်ဆိုတော့ ကိုယ်တိုင် Chef လုပ်ပေးလေ"
"ရှင်! ညွှန်း ကိုယ်တိုင်လား"
"အွန်လေ ဆိုင်ပိုင်ရှင်စာဖိုမှူးလေးရှိနေမှတော့ တခြားသူလက်ရာကိုတော့ မစားချင်ပါဘူး"
အရင်လိုမမလွမ်းရဲ့မျက်ဝန်းသေတွေကနေ ညို့ငင်တဲ့မျက်ဝန်းဘက် အသွင်ကူးပြောင်းလာကတည်းက မမလွမ်းရဲ့ မျက်ဝန်းတွေကို ညွှန်းကြာကြာမကြည့်ရဲတော့ပေ။
"ဒီအချိန်ဆို ဆိုင်မှာလူတွေများမယ်ထင်တယ်။ Kitchen Room မှာလည်း လူတွေရှုပ်နေလောက်မယ်ဆိုတော့ ညွှန်း ဝင်လို့အဆင်မပြေလောက်ဘူး။ ဆိုင်ပိတ်ချိန်မှလာရင်တော့ လူလည်းရှင်းပြီဆိုတော့ မမလွမ်းနဲ့ နှစ်ယောက်တည်းဆို အဆင်ပြေတယ်"
"အဲ့တော့ အချိုဓာတ်လေးက အခုကမရဘူးဆိုလိုချင်တာလား ဟင်"
မမလွမ်းဆီမှ ချိုကိုပိုင်းလို့ခေါ်သံကြားလျှင် ဘာလို့အဲ့လိုခေါ်ရသည်လဲဆိုသည့်အကြောင်းရင်းကိုသိချင်စိတ်တဖွားဖွားဖြစ်ရသလို၊ အချိုဓာတ်လေးလို့ခေါ်သံကြားလျှင်လည်း ညွှန်း ရှက်စိတ်တို့ဟာ တဟုန်းဟုန်းပါပဲ။
YOU ARE READING
လွမ်းပျက်ပြယ်
Romanceရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖြစ်တည်လာတဲ့ခံစားချက်ဟာ လွတ်မြောက်ရန်ခက်လှသော အလွမ်းနာပါလေ။ လွမ်းဆိုတဲ့မိန်းမမှ ဒီလွမ်းနာကိုဖြေဖျောက်...