အပိုင်း {၅} [ခ]

6.2K 677 67
                                    

"ငယ် ကူညီပါနော်"

"ကူညီရတာက အပန်းမကြီးပါဘူး ဖွဲ့ရာ... ဒါပေမဲ့ နင်အရင်ဆုံးဖုန်းဆက်ကြည့်သင့်တယ် တစ်နေရာရာမှာချိန်းလိုက်လည်းရတာပဲကို"

ငယ့်စကားကြောင့် ညွှန်း သက်ပြင်းသဲ့သဲ့ချလိုက်မိသည်။ ဒီနေ့ လွမ်းဆော့နေကျ Gym ချိန်ကို ညွှန်း သွားကြည့်ပေမဲ့ ညွှန်းဟာ ဒီနေ့မလာ။ ဖုန်းဆက်ဖို့ကျတော့လည်း မဝံ့ရဲ။ ဖုန်းချပစ်မည်ကိုစိုးရိမ်တာထက် ဖုန်းထဲကပြောလို့ စကားနည်းနည်းမှားလျှင် ဖာထေးပြောဖို့က အဆင်မပြေ။ တစ်ခါတည်း ဖုန်းနံပါတ်ကိုပါ Block သွားလျှင် ညွှန်း နှစ်ခါ အပြစ်လုပ်မိသွားလိမ့်မည်။

"အဲ့လိုမလုပ်ရဲလို့ ငယ်"

"အွန်းပါ မလုပ်ရဲဘူးဆိုတော့လည်း ငယ်ပဲ ကူညီရမှာပေါ့။ အခု ဖုန်းခဏချမယ်နော် ဖွဲ့ရာ။ ကိုကို့ဆီ ဆက်လိုက်ဦးမယ်"

"ကျေးဇူး ငယ်"

"လိုလို့လား ဖွဲ့ရာရယ် နင်လုပ်ပေးတာလောက်တော့ မခက်ခဲပါဘူး"

ညွှန်း စိတ်သာသလိုရှိသွား၍ ပြုံးလိုက်မိသည်။ ငယ် ကူပေးမယ်ဆိုလျှင် အဆင်တော့ပြေလောက်မည်ထင်သည်လေ။ ငယ့်ဖုန်းကိုကြည့်ရင်း စားပွဲပေါ်က တစ်သျှူးအကြေလေးဖြန့်ထားတာကိုပြီး အတွေးနှယ်ချဲ့နေမိသည်။ ထိုတစ်သျှူးကိုလည်း မပစ်ရသေးပဲ စားပွဲပေါ်တွင် ခွက်နှင့်ဖိထားသည်က မနေ့ကတည်းကပင်။

မနေ့ကဆိုလို့ မနေ့က ထွဋ်ခေါင်ဆက်တာကို မကိုင်၍ ထွဋ်ခေါင်ဟာ စောပြန်သွားလို့ ညွှန်းစိတ်ဆိုးနေသည်ထင်ပြီး Message တွေအများကြီးနှင့်ချော့တောင်းပန်ခဲ့သည်။ ထိုစာတွေ မနေ့ကတတောင်တောင်တက်နေသည်ကိုသိပေမဲ့ ဒီနေ့မှ ဘာမှမဖြစ်ကြောင်းနှင့် စိတ်မဆိုးကြောင်းကိုပြောဖြစ်သည်။ ထွဋ်ခေါင်ကို အားနာမိသော်လည်း ကိုယ့်အမှားကြောင့်ဆိုသည့် စိတ်ကြီးနှင့်တော့ ညွှန်း မနေချင်။ အထူးသဖြင့် ငိုသွားသည့် မမလွမ်း မျက်နှာလေးကို ပြန်မြင်လာလျှင်ပိုဆိုးသည်။

Beep...Beep...!

လက်ထဲက ဖုန်း Vibrate တုန်မြည်လာသည်က ရုတ်တရက်မို့ ညွှန်း ယောင်ပြီးအော်မိမတတ်ဖြစ်သွားသည်။

လွမ်းပျက်ပြယ်Where stories live. Discover now