"နော် ဖေဖေ နော်လို့!"
ဟေသာ့ရဲ့ ပူဆာသည့်စကားကြောင့် သူ့အဖေသည် ဘေးကျပ်နံကျပ်ဖြစ်ကာ ခေါင်းကုတ်သည်။ ဟေသာ့ကို လိုက်မပို့ပေးရင် ၂ ရက်လောက်စိတ်ကောက်နေတော့မှာ ဖေဖေသိသည်လေ။ ဟုတ်ပါသည် ဟေသာက ငယ်ငယ်ကဆိုးသည်။ အလိုလိုက်အချစ်ခံရ၍ကို ဆိုးသည့်သူတစ်ယောက်ပင်။
"ဖေဖေပြောတော့ ဟေလေး အဆင့် ၁ ရရင် သွားချင်တာလိုက်ပို့ပေးမယ်ဆို! မရဘူးနော် လိုက်ပို့ရမယ်"
"ဟုတ်တယ်လေ ဖေဖေလည်းလိုက်ပို့ပါ့မယ်ကွာ။ ဒါပေမဲ့ ဒီနေ့က အရေးကြီးအစည်းဝေးရှိတယ် မသွားရင် ဟေလေးရဲ့ ဘိုးဘိုးကြီးက ဖေဖေ့ကိုလုပ်မှာပေါ့"
ဟေသာ မျက်နှာလေးဟာ စူပုပ်သထက်စူပုပ်လာမိပြီး လိုတာမရ၍ ငိုဖို့ပါပြင်တော့သည်။
"ဖေဖေ မကောင်းဘူး။ ဒီနေ့သွားချင်တာ ဖေဖေ ကတိမတည်ဘူး"
"ဟယ် ဒီကလေးတော့!... ဒီနေ့ ဖေဖေမအားဘူးလေကွယ် မနက်ဖြန်ကျသွားမယ်လို့ပြောပြီးပြီကို ကိုရေ သွားတော့ မဟုတ်ရင် ဒီကလေး ဂျစ်နေမယ်"
"ဘာ ဒီကလေးလဲ!... ဟေလေး မေမေတို့ကလေးဟာကို မေမေကလည်း အီးဟီး"
ဟေသာ မျက်ရည်မကျပဲအာပြဲကြီးနှင့်ငိုတော့ မေမေက စိတ်ရှုပ်သွားသည်။ ဖေဖေကတော့ ဟေသာ့ ဂျစ်နေတာကိုကြည့်ပြီး သဘောတကျရယ်သည်။ ထို့နောက် ဟေသာ့ကို ကောက်ချီပြီး ဟေသာ့ ပါးပြင်လေးကိုနှစ်ဝင်သွားအောင်ထိနမ်းသည်။
"ဖေဖေ့ မင်းသမီးကသွားချင်တယ်ဆို ဒီနေ့လိုက်ပို့ပေးမှာပေါ့"
"တကယ်လား ဖေဖေ!"
လိုချင်သည့်အဖြေလည်းရသွားရော ဟေသာ ဟန်လုပ်ငိုနေသည်ရပ်လိုက်ပြီး ဝမ်းသာအားရပြောမိသည်။
"ဒါပေါ့ ဖေဖေ့ မင်းသမီးလေးက ဒီနေ့မှဒီနေ့ဆိုတော့လည်းဒီနေ့လိုက်ပို့ပေးရမှာပေါ့"
"ရေး!!!"
"ကိုရေ ဒီကလေးကို သိပ်အလိုမလိုက်နဲ့ကွာ။ အခုပဲ အသက်က ဆယ်နှစ်ပြည့်နေပြီ... ဒီလိုဆို ကြီးရင်ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ကုန်မယ်"
သူ့မေမေအပြောကြောင့် ဟေသာ့ရုပ်လေးစူပုပ်သွားပြန်သည်။
"မဆိုးပါဘူးကွာ ဟေလေးက လိမ္မာပြီးသားမလား"
YOU ARE READING
လွမ်းပျက်ပြယ်
Romanceရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖြစ်တည်လာတဲ့ခံစားချက်ဟာ လွတ်မြောက်ရန်ခက်လှသော အလွမ်းနာပါလေ။ လွမ်းဆိုတဲ့မိန်းမမှ ဒီလွမ်းနာကိုဖြေဖျောက်...