အပိုင်း {၁၆} [ခ]

5.6K 650 29
                                    

"မမလွမ်း တကယ်ပြန်တော့မလို့လား"

အိမ်ရှေ့တံခါးကနေပြန်တော့ဖို့ ခြေလှမ်းနေသည့် မမလွမ်းရဲ့လက်လေးကိုကိုင်ကာ ညွှန်းပြောမိသည်။

"အို ပြန်ရတော့မယ်လေကွယ် ည ၈ နာရီတောင်ခွဲနေပြီ။ ဒီနေ့ ရှင်လေးဘယ်လိုဖြစ်နေသလဲ။ တစ်နေ့လုံး တောက်တဲ့လေးလိုဖြစ်နေပါရောလား"

မမလွမ်းက တမင်မျက်ခုံးလေးနှစ်ဖက်ကိုတွန့်ခေါက်ပြီးပြောလာပေမဲ့ ညွှန်း ခပ်ဟဟရယ်မိသည်။ မမလွမ်းဆီက ဒီလို လူကြီးလေးလိုပြောလာသည်ကလည်း ချစ်စရာအတိပါလေ။ မမလွမ်းက ဘယ်လိုနေနေချစ်ဖို့ကောင်းနေတော့ ညွှန်း နှလုံးသားကခံနိုင်ရိုးတဲ့လား။

"မမလွမ်းမရှိတော့ရင် တစ်ယောက်တည်းတွေးချင်တာတွေးပြီး ဝမ်းနည်းမိမယ်ထင်လို့... မေမေသာ အနားမှာရှိရင် မေမေ့ကိုဖက်အိပ်ရင် အရာအားလုံးအဆင်ပြေသွားတတ်ပေမဲ့ အခုက မေမေ..."

ညွှန်း လေသံလေးဟာ ဝမ်းနည်းစိုစွတ်သံပေါက်သွားသည်။ ဒါဟာဟန်ဆောင်နေတယ်လို့ထင်လျှင် မှားပါလိမ့်မည်။ ညွှန်း မလိမ်မညာပဲပြောနေခြင်းပါ။ မမလွမ်းသာ ပြန်သွားရင် ညွှန်း အတွေးတွေများနေတော့မှာ အသေချာပင်။ ထို့ထက် မမလွမ်းကြောင့် တနုံ့နုံ့နဲ့ နာကျင်ခံစားနေရမှာ။ မမလွမ်း ရှိနေလို့သာ မမလွမ်းမျက်နှာလေးကိုငေးကြည့်နေရုံနှင့် ဝမ်းနည်းစိတ်ရော၊ ဒေါသစိတ်ပါ ထိန်းချုပ်နိုင်ပြီးချစ်စိတ်ပိုရပေမဲ့ မမလွမ်းသာ ပြန်သွားခဲ့လျှင် ညွှန်းရဲ့ အတွေးတွေက ညွှန်းကို ပူလောင်စေတော့မှာ။ မမလွမ်းအပေါ်ကို ထပ်ပြီးမေးခွန်းထုတ်နေတော့မှာ။

မမလွမ်းကို အတွေးနဲ့တောင်မမုန်းချင်မိပါ။ အတွေးလွန်မှုကြောင့် ဒေါသကနေ အမုန်းဖြစ်သွားမှာကိုစိုးသည်။ မမလွမ်းဟန်ဆောင်မှုတွေကို ချစ်စိတ်လေးတစ်ခုတည်းကြောင့်သာ အပြစ်မမြင်မိတာလေ။ အခု မမလွမ်းရဲ့သူထပ်ချစ်လာမိတဲ့ အပြုမူလေးတွေ ထပ်ချစ်လာမိတဲ့ အပြောလေးတွေကအစ ဟန်ဆောင်နေတာမလား။ ဒါတွေက မမလွမ်းပြန်သွားတဲ့အချိန် သူ့ခေါင်းထဲတွေးမိလာတာနဲ့ အဆိပ်အတောက်ဖြစ်သွားစေမှာ။

လွမ်းပျက်ပြယ်Where stories live. Discover now