အပိုင်း {၈} [ဂ]

6.1K 664 33
                                    

မှန်တင်ခုံတွင် မမလွမ်းတင်ထားသည့် Sun Cream ကို အမြန်လိမ်းပြီး ညွှန်းလည်း အနောက်ကလိုက်သွားမိသည်။ ညွှန်း အပြင်ရောက်တော့ မျက်လုံးအစုံပြူးကျယ်သွားရသည်။

"ဟေသာကို ပြန်သွားလဲလို့ဆိုနေ"

"ဓာတ်ပုံ ရိုက်မလို့ပါဆို တေးသံရယ်"

"နင်ပြောတော့ No Bikini ဆို!! အဲ့ဒါကြောင့် ငါမထည့်လာတာလေ အခုတော့နင်ငါ့ကို ဒီလိုသစ္စာဖောက်တာကောင်းလား ဟေသာ။ သွားပြီး T-Shirt ပြန်ပြောင်းခဲ့လို့!"

မမလွမ်းဟာ စိတ်ဆိုးနေပုံရပြီး ဟေသာ့ကို Tshirt ပြန်လဲဖို့ ဂျစ်ကျနေသည်။ ဟေသာအခုဝတ်ထားတာဟာ Bikini အစိမ်းလေးဖြစ်ပြီး 2 Pieces လိုမျိုး။ သို့သော် အပေါ်ပိုင်းသာထိုသို့ဖြစ်နေပြီး အောက်ပိုင်းကတော့ ပဝါရှည်လေးစည်းနှောင်ထားသည်မို့ တော်သေးသည်ဆိုရမလား။ မမလွမ်းလို အသားဖြူတဲ့ ဟေသာဟာ အခုပုံစံနှင့်တော်တော်ကြည့်ကောင်းနေသည်။ ဒီလိုပုံစံနဲ့ဆို ကမ်းခြေက လူတွေအကြည့်ဟာ ဟေသာ့ဆီပဲရောက်နေတော့မှာ အသေချာ။

ဒါပေမဲ့ ညွှန်းက ရန်ကုန်သူမဟုတ်တော့ မမလွမ်း အခုဝတ်ထားတာကိုတောင် ရင်ထဲတနုံ့နုံ့ဖြစ်နေခဲ့တာ။ ဒါကို မမလွမ်းက သူအဲ့လိုမဝတ်ရလို့ ရစ်နေတယ်တဲ့လား။

"ဓာတ်ပုံပဲ ခဏရိုက်မှာပါ တေးသံရယ်။ ပြီးတာနဲ့ ချက်ချင်း ပြန်လဲပါ့မယ်"

"မရဘူးဆို ပြန်လဲလို့... ဟေသာ မကောင်းဘူး ပြန်လဲလို့"

မမလွမ်းရဲ့ ဒီလိုပုံစံမျိုး ညွှန်း မမြင်ခဲ့ဖူးပါ။ တကယ့်ကို ကလေးလေးအတိုင်းဖြစ်နေသည်။ အသံလေးတွေက ရစ်နေပေမဲ့ ပျော့ပြီးပူဆာနေသလို။

"ကဲ ဟေသာရာ ပြန်သွားလဲလိုက်စမ်းပါ။ ငွေဆောင်ကို Thai Phuket တို့ဘာတို့များထင်နေလား"

"ဘာလဲ တခြားနိုင်ငံရောက်မှာ Bikini ဆိုတာက ဝတ်လို့ရမှာလား ဟန်လင်း"

"အွန်းလေ တခြားသူတွေလည်း ဝတ်နေတာပဲဟာ မြန်မာနိုင်ငံမှာ ဝတ်တဲ့သူတွေကိုမမြင်ဖူးဘူးလား မမြင်ဖူးရင် ငါတို့ကိုကြည့်"

မမလွမ်းဟာ အခုကျတော့လည်း ဟေသာ့ကို ဂျစ်နေတဲ့သူမဟုတ်သလို ဝင်ကာပြောလေသည်။

လွမ်းပျက်ပြယ်Where stories live. Discover now