အပိုင်း {၂၁} [က]

6K 727 30
                                    

ရုတ်ချင်းဖတ်ခံလိုက်ရသည့် အနေထားမှာ လွမ်း မအံ့ဩရပေမဲ့ နှာဖျားသို့ စူးရှတိုးဝင်လာသည့် ချိုမြမြရနံ့လေးကြောင့် လွမ်းအံ့အားသင့်သွားရသည်။ ဒီအိမ်မှာ လွမ်းကိုဖက်ပြီးနှစ်သိမ့်မည်သူက ဟေသာတစ်ယောက်တည်းရှိသည်မလား။ အခုတော့ လွမ်းကိုထွေးပိုက်ထားသည့်သူဟာ ဟေသာမဟုတ်ပါ။ အဲ့အသိက လွမ်းကိုမကြောက်သွားစေပဲ ပိုပြီးဝမ်းနည်းလာစေသည်။ ခံစားလွယ်လာစေသည်။ လွမ်း ဒီရနံ့လေးကိုသိတာပေါ့။ သိပ်ကိုရင်းနှီးတာပေါ့။ ဒီရနံ့လေးအနားရောက်လာလျှင် လွမ်းကိုလုံခြုံမှုရော၊ နွေးထွေးမှုရောပေးတယ်မဟုတ်လား။

"မင်းမဟုတ်လား ညွှန်းရာ"

ပြန်မဖြေပဲတင်းတင်းကျပ်ကျပ်ဖက်တွယ်ထားသည်မို့ လွမ်းရအောင် တွန်းဖယ်မိသည်။ ဘာကြောင့်များလဲ။ ဘာကြောင့် သူလေးဟာ ဒီကိုရောက်လာရမှာလဲ။ သူမလည်း အထင်မှားမှုတွေကြားမှာ လွမ်းကိုစွန့်ပစ်သွားခဲ့ပြီပဲမဟုတ်လား။ ဘာကြောင့် ဒီနေရာကိုရောက်လာရတာလဲ။ ပြီးတော့ မပြချင်ဘူး။ လွမ်းရဲ့ ဒီသနားစရာပုံစံကို ချိုကိုပိုင်းလေးမြင်လို့မရဘူး။

"ဖယ်ပါ!... ဖယ်လို့ဆိုကွယ်"

လွမ်း တွန်းဖယ်ပေးမယ့်တင်းတင်းကျပ်ကျပ်ဖက်ထားသည့် ညွှန်းကြောင့်အရာမထင်ပါ။

"ညွှန်းဖွဲ့ရာမှူး! မင်းတို့ကိုလွှတ်ပြီး ပြန်..."

"တောင်းပန်ပါတယ်။ ညွှန်း တောင်းပန်ပါတယ် မမလွမ်းရယ်... ညွှန်း ဘာမှမသိခဲ့လို့တောင်းပန်ပါတယ်။ ညွှန်း အမှားပါ ညွှန်းကြောင့်..."

ငိုသံသဲ့သဲ့လေးနှင့် ပြောလာသည့်စကားကြောင့် လွမ်း နှင်ထုတ်နေတာနောက်ကျသွားမှန်းသိလိုက်သည်။ သူ့ပခုံးစွန်းလေးကိုတွန်းဖယ်နေသည့် လွမ်း လက်ကလေးဟာပြေလျော့သွားသည်။

"ဟေသာ ပြောပြလိုက်တာလား"

လွမ်းရဲ့ ဦးနှောက်ဟာဒီလိုအခြနေအထိအလုပ်လုပ်နေဆဲပင်။ ဟေသာပြောသည့် လူတစ်ယောက်ငှါးထားပေးတယ်ဆိုတာနဲ့ အခုညွှန်းရဲ့ဒီပုံဟာ သိပ်သိသာလွန်းတယ်မလား။ ညွှန်းက ဘာလို့ဒီကိုရောက်နေတာဖြစ်မလဲ။ ဟန်လင်းရက်လည်အထိ သူ့ကိုမုန်းနေသည့် ညွှန်းဟာ အခုလိုရောက်လာပြီးသူ့ကိုဖက်ငိုနေသည်က ဘယ်လိုကြောင့်ဖြစ်မလဲ။

လွမ်းပျက်ပြယ်Where stories live. Discover now