မနက်စောစော ဖောင်တော်ဦးဘုရားကို ညွှန်းတို့ ၄ ယောက်လုံးသွားခဲ့ကြသည်။ မမလွမ်းရော ဟေသာပါ မြန်မာဆန်ဆန်ဝတ်ထားတာမို့ ညွှန်း အံ့ဩရသည်။ မမလွမ်းဟာတော့ ဟေသာကြောင့် ဝတ်ရတယ်ပြောသော်လည်း မမလွမ်းနှင့်သိပ်လိုက်ဖက်လွန်းသည်။ လိမ္မော်ရောင်ဆံနွယ်တို့ကို မြင့်မြင့်ထောင်ထားပြီး ရိုးရှင်းသည့်ရင်ဖုံးအဖြူလေးနှင့် ပါတိတ်ထဘီအနက်လေးဟာ မမလွမ်းအား အေးချမ်းလှသည့်အလှဘက်သို့သွားစေသည်။
ဒီလောက်ပင် ရိုးရိုးရှင်းရှင်းဝတ်ထားတာတောင်ပင် မမလွမ်းအတွက် လှရက်လွန်းတယ်ဆိုတာ လွန်လွန်းတာပေါ့။ မမလွမ်းကို ပူပူလောင်လောင်ပုံတွေလည်းမမြင်လို၊ ဒီလိုအေးချမ်းလှပုံနှင့်လည်း မရှိချင်လို။ တစ်ကမ္ဘာလုံးကလူသားတွေပျောက်ကွယ်သွားမှသာ ညွှန်းအတွက် ရင်အေးတော့မည်မဟုတ်လား။
"ဘာတွေ ဒီလောက်တွေးနေသလဲ ချိုကိုပိုင်းလေး"
ဘုရားရင်ပြင်တော်ပေါ်တွင် ညွှန်းလက်လေးကိုချိတ်လိုက်ရင်းပြောလိုက်သည့် မမလွမ်းကြောင့် ညွှန်းအတွေးတို့ပြတ်တောက်သွားသည်။
"မမလွမ်းနဲ့ အစ်မဟေသာကြောင့်လေ"
"ရှင် ကျွန်မတို့ကြောင့်?"
မမလွမ်းဟာ အံ့ဩသလိုမျက်နှာလေးနှင့် လမ်းလျောက်တာရပ်ရင်း ညွှန်းကိုကြည့်သည်မို့ ညွှန်းလည်းလိုက်ရပ်ရသည်။
"ဘာများလုပ်မိလို့လဲကွယ်... ဒီမှာကြည့်ပါဦး မျက်ခုံးနှစ်ဖက်တွန့်နေတာက အချင်းချင်းတောင်ထိတော့မယ်"
"အစ်မဟေသာက ဒီတိုင်းပြောတာ တကယ်ကမမလွမ်းကြောင့်ပါ"
"လွမ်း ဘာများလုပ်မိလို့တုန်း"
မမလွမ်း အမေးကြောင့် ညွှန်း နှုတ်ခမ်းလေးရှုံလိုက်မိသည်လေ။
"အရမ်းလှနေလို့လေ။ အရမ်းလှနေတာကို မမလွမ်းက!... အိတ်ကပ်ထဲ သေးသေးလေးလုပ်ပြီး ဖွက်ထားလို့လည်းမရ၊ ဘယ်သူ့မှ မမြင်အောင် ဗီဒိုထဲသိမ်းထားလို့လည်းမရ မမလွမ်းကိုချစ်ရတာ သိပ်ခက်တယ်"
"အဟွန်း ချိုကိုပိုင်းလေးရယ်"
မမလွမ်းသည် ညွှန်း အပြောကြောင့် နှုတ်ခမ်းလေးအုပ်ကာရယ်လေသည်။ ညွှန်းကတော့ တကယ့်ခံစားချက်နှင့်ပြောနေတာမို့ မရယ်နိုင်ပါ။
YOU ARE READING
လွမ်းပျက်ပြယ်
Romanceရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖြစ်တည်လာတဲ့ခံစားချက်ဟာ လွတ်မြောက်ရန်ခက်လှသော အလွမ်းနာပါလေ။ လွမ်းဆိုတဲ့မိန်းမမှ ဒီလွမ်းနာကိုဖြေဖျောက်...