အပိုင်း {၁၈} [က]

5.5K 668 22
                                    

"ထွက်သွား! မင်း ဒီကနေထွက်သွားစမ်း မင်းကိုဒီမှာမမြင်ချင်ဘူး"

တဖြည်းဖြည်းလွန်လာသည့် ဟန်လင်း အမေကြောင့် ညွှန်းဝင်ပါမှဖြစ်တော့မည်။ အမေတစ်ယောက်အနေနဲ့ ခံစားရမှာသိသော်လည်း ငယ်ဟာသူ့သူငယ်ချင်းမလား။ ကိုယ့်သူငယ်ချင်းကိုတော့ ညွှန်း ကာကွယ်ပေးရမည်။

"အန်တီ ခံစားနေရမှာ ညွှန်းတို့ကိုယ်ချင်းစာပေမဲ့ ကိုဟန်လင်းဆုံးတာကတော့ ငယ့်ကြောင့်မဟုတ်ပါဘူး။ သောက်ထားတဲ့အရှိန်နဲ့ မူးပြီး..."

"ဖွဲ့ရာ ကျေးဇူးပြုပြီး"

ငယ်ဟာ အရာအားလုံးကိုခေါင်းငုံ့ခံချင်နေသည်။ ဒါကလည်း သူ့အမှားလို့ခံယူထားတာကြောင့်ပင်။ သို့သော် ကိုဟန်လင်းဆုံးသည်က ကြိမ်းသေ ငယ့်အမှားမဟုတ်ခဲ့ပါဘူး။ အမှန်တော့ ဒီပြဿနာကိုစခဲ့တဲ့ ညွှန်းကြောင့်သာပါ။ အခုလည်း ငယ့်ကို ကာကွယ်ပေးချင်တဲ့ ညွှန်းသည် ငယ့်ရဲ့တောင်းဆိုမှုအောက်မှာ ငြိမ်သက်လိုက်မိသည်။

"ဘာလဲ ငါ့သားက မူးရူးနေလို့သေတယ်ပြောချင်တာလား! ဒီမှာ ငါ့သားလိမ္မာလေးက အဲ့လိုဘယ်တော့မှ မူးရူးအောင် မသောက်ဘူး ဒီမိန်းမ လမ်းခွဲလိုက်လို့သောက်ရတာ!... အဲ့ဒါကြောင့် ဒီလိုတွေဖြစ်ကုန်ရတာ ငါ့သားသေတာ ဒီမိန်းမကြောင့် ထွက်သွား! ဒီကနေ ထွက်သွား ဒီနေရာမှာ မင်းမျက်နှာ မမြင်ချင်ဘူး"

ညွှန်းတစ်လှည့် ငယ့်တစ်လှည့် လှည့်ပြောရင်း လူတွေကြားမှာအော်ဟစ်ငိုရင်း ငယ့်ကိုမောင်းထုတ်သည်။ ငယ့်ကို နှုတ်နဲ့မောင်းထုတ်ရုံတင်မကပဲ လက်နှင့်ပင်ဆောင့်ဆွဲရင်း အိမ်အဝကိုဆွဲခေါ်သည်။

"မလုပ်ပါနဲ့ အန်တီရယ်။ ကိုကို့အနားမှာရှိနေချင်လို့ပါ ငယ့်ကိုထွက်မသွားခိုင်းပါနဲ့"

ငယ်ကလည်း ဟန်လင်း၏ အမေဆွဲခေါ်ရာကိုရုန်းကန်ရင်း ငိုယိုကာတောင်းပန်သည်။ ညွှန်းအတွက်အဆင်မပြေလှသည့် မြင်ကွင်းမို့ ဝင်ဆွဲဖို့လုပ်လိုက်သော်လည်း ညွှန်းထက်လက်ဦးသွားသူရှိ၏။

"သမီးလွမ်းတေးသံ ဒါဘာလုပ်တာလဲ!"

ဟုတ်ရဲ့ မမလွမ်းပါလေ။ သူတို့ရှိရာကိုရောက်လာပြီး ငယ့်လက်ကို ကိုင်ဆွဲထားသည့် ဟန်လင်း အမေလက်ကို ဆွဲဖြုတ်လိုက်ခြင်းပါ။ အားပါမှုကြောင့် ငယ်ရော ဟန်လင်းအမေရဲ့ လက်ပါ နာကျင်သွားလောက်မည်။

လွမ်းပျက်ပြယ်Where stories live. Discover now