အပိုင်း {၂၄} [ဂ]

6.2K 667 25
                                    

အကြောင်းရာများစွာဖြစ်ပျက်ပြီးသည့်နောက် လေပြေငယ် အိပ်ချိန်ပျက်ပြီး ဟန်လင်းမောင်ဆုံးတုန်းကကဲ့သို့ အတွေးလွန်လာသည်။ ဒီတစ်ကြိမ်တော့ သူ့စိတ်တစ်ခုလုံးဟာ ဟေသာကို အစိုးရသည်။ ကောင်းသော အစိုးရခြင်းတော့မဟုတ်ပါ။ ငယ့်စိတ်ထဲတွင် ဟေသာ့ကိုမေးခွန်းများမေးနေခြင်းသာ။ ဘာလိုလဲ၊ ဘာကြောင့်လဲဆိုသည့် မေးခွန်းကို အက်ကြောင်းဖြစ်အောင်အထိပေါ့။

ဟေသာ သူ့ကို ကြိုက်နေခဲ့တာကို ဟန်လင်းရော သိနေခဲ့လားဆိုသည့် မေးခွန်းများတောင်ပါသေးသည်။ ငယ် အတွေးလွန်လာလေ အားမရဖြစ်လာလေဖြစ်လာခဲ့သည်။ ဟေသာနှင့် ရင်းနှီးခဲ့တဲ့တစ်လျောက်လုံး ဒါကိုမသိလောက်သည်အထိ ငယ်ဟာ အူအခဲ့သည်။ ငယ့်အနားမှာ ဟေသာ ရှိနေပေးခဲ့တာက ငယ့်ကြိုက် တစ်ဖက်သတ်ကြိုက်နေခဲ့လို့လား။ တကယ်လို့ ငယ့်ကိုသာ ကြိုက်မနေခဲ့ဘူးဆိုရင်၊ ချစ်မနေခဲ့ဘူးဆိုရင် ဟေသာက သူ့အနားမှာ ရှိနေခဲ့မှာမဟုတ်ဘူးပေါ့နော်။

ပြီးတော့ ဟေသာဟာ သူ့ကိုအဆက်သွယ်ဖြတ်ချင်လည်း တခြားနည်းသုံးလို့ရပါရဲ့နဲ့ ဘာကြောင့်ဒီလိုဖွင့်ပြောပြီး ဆက်ဆံရေးကိုဖြတ်ချရတာလဲ။ တကယ်လို့ ဟေသာကသာ တခြားတစ်ယောက်ကို လက်ထပ်သွားမယ်ဆိုရင် ငယ်ဟာ အပြစ်ရှိစိတ်ဝင်လာတော့မှာ။ ငယ့် ဘဝတစ်လျောက်လုံးနောင်တရအောင် ဟေသာက လုပ်ခဲ့တာလား။ ဒီမေးခွန်းတွေကို ဟေသာ့ရှေ့ရောက်အောင်သွားပြီး မေးချင်လာသည်။

"ငယ်လေး ထမင်းစားမယ်လေကွယ် မနက်ကလည်း မနက်စာထမစားဘူး"

နားထဲတိုးဝင်လာသည့် သူ့အမေအသံကြောင့် ငယ်လှည့်ကြည့်လိုက်တော့ စိုးရိမ်နေသည့် မျက်ဝန်းတွေနှင့်စိုက်ကြည့်နေသည်။ ငယ့် ပုံစံဟာ အရင်လိုပြန်ဖြစ်သွားတာမို့ စိတ်ပူတာမဆန်းပါဘူးလေ။

"ငယ်လေးရဲ့ မမရော ဒီရက်ပိုင်းလာတာ မေမေ မတွေ့ပါလား"

ငယ်လေးရဲ့ မမဆိုသည့်စကားကြောင့် ငယ် ဟက်ခနဲရယ်လိုက်မိသည်။ ငယ့်အနားကို အကြံနှင့်ချည်းကနေတဲ့ မိန်းမပဲလေ။

"ငယ် မစားတော့ဘူး မေမေ... သွားစရာလေးရှိလို့။ ပြန်လာရင် စားပါ့မယ် စိတ်မပူပါနဲ့"

လွမ်းပျက်ပြယ်Where stories live. Discover now