အပိုင်း {၇} [ခ]

6.2K 704 50
                                    

ဒီလိုပြဿနာတွေဖြစ်ပျက်ပြီးနောက်မှာတော့ ငယ်နှင့် ဟန်လင်းဟာ ပြန်အဆင်ပြေသွားသည်။ ငယ်ဟာစိတ်ဆုံးဖြတ်ပြီးဖြစ်ပေမဲ့ ညွှန်းကိုလည်း အားနာတာကြောင့် ဟန်လင်းနဲ့သွားတွေ့ခဲ့ခြင်းလေ။ ညွှန်းနဲ့ ဒီကိစ္စက ဘာမှမဆိုင်သော်လည်း ကြားညှပ်သလိုဖြစ်နေတော့ ငယ်အားနာတာကမဆန်းချေ။ ငယ်နဲ့ ဟန်လင်းသည် တွေ့စတုန်းက သိပ်အဆင်မပြေခဲ့ပေမဲ့ နောက်တော့ ဟန်လင်းကိုအခွင့်ရေးတစ်ခါပြန်ပေးခဲ့သည်။

ငယ်တို့ပြန်အဆင်ပြေသွားပေမဲ့ ညွှန်းကတော့ ထိုအဆင်ပြေမှုထဲမဝင်ချင်တော့ပါ။ ကင်းလက်စနဲ့ ကင်းကင်းသာ နေချင်တော့သည်။ မမလွမ်းနဲ့ ပြန်ပြီး အနေမနီးချင်တာဆိုပိုမှန်လိမ့်မည်။ သို့ပေမဲ့ ကုန်လွန်သွားတဲ့ တစ်လအတွင်း ညွှန်း စိတ်နဲ့ကိုယ် မကပ်ချေ။ ဘာကိုလွမ်းလို့ လွမ်းမှန်းမသိ လွမ်းတတဖြစ်နေမိသည်။ ဒီ လွမ်းဆွတ်မှုတွေဟာ ထွဋ်ခေါင်ကို လွမ်းတာလို့သာ ညွှန်း သူ့စိတ်သူ တွန်းအားပေးနေမိသည်။ ထွဋ်ခေါင်ဟာ ဟိုနိုင်ငံရောက်နေတာ တစ်လကျော်ပြီလေ။

မကြာခင်ပြန်လာတော့မည်ပြောသော်လည်း မသေချာသေးပေ။ ထို့ကြောင့် ထွဋ်ခေါင်ကို လွမ်းနေမိသည်ဟု ညွှန်းယုံကြည်မိသည်။ ယုံကြည်မိတယ်ဆိုတာထင် ဇွတ်ယုံကြည်ခဲ့သည်လေ။

"အဲ့တော့ ငယ် ကသွားမှာလား"

ဒီရက်ပိုင်းသိပ်မတွေ့ဖြစ်တဲ့ ငယ်ဟာ ညွှန်း ဆိုင်ကိုရောက်လာသည်လေ။ အချိန်တွေတရွေ့ရွေ့ကုန်လွန်သွားခဲ့တာ အခုဆို May လ ကုန်ခါနီးလေပြီ။

"အမှန်တိုင်းပြောရရင် ငါမသွားချင်ဘူး ဖွဲ့ရာ။ ငါ သူတို့နဲ့ တကယ်မပတ်သက်ချင်တော့ဘူး။ မုန်းတီးလို့ မဟုတ်ပဲ ဒီတိုင်းလေး ကင်းကင်းနေချင်တာ"

ညွှန်း သက်ပြင်းသဲ့သဲ့ချလိုက်မိသည်။ ငယ်ဟာ ဟန်လင်းနဲ့ အဆင်ပြေသွားသည်မှန်သော်လည်း မမလွမ်းတို့ နှစ်ယောက်နဲ့တော့ ကင်းကင်းနေခဲ့သည်။ ပြောရလျှင် အဲ့ကိစ္စတွေဖြစ်ပြီးကတည်းက တွေ့ကို မတွေ့ဖြစ်တော့ခြင်းပါ။ ကိုဟန်လင်းဟာလည်း ငယ့်ရှေ့မှာ မမလွမ်းနဲ့ အစ်မဟေသာ အကြောင်းမပြောဖြစ်တော့။

လွမ်းပျက်ပြယ်Where stories live. Discover now