အပိုင်း {၂၉} - ဇာတ်သိမ်းပိုင်း

11.3K 862 71
                                    

ဟေသာ ထင်ထားသမျှလွဲချော်ခဲ့သည်ထင်သည်။ ငယ်ဟာ ထို့နေ့တည်းက ဟေသာ့ကိုရှောင်နေတာ ဒီနေ့ဆိုတစ်ပတ်ပြည့်ပြီ။ ငယ်သည် ဟေသာ့ဆီ တစ်ပတ်လုံးလုံးဖုန်းဆက်မလာပါ။ ခါတိုင်းဆို ဟေသာတို့ တွေ့ပြီးပြန်လျှင်တောင် ဟေသာအိမ်ပြန်ရောက်သည်နှင့် ငယ့်ဖုန်းလေးဟာ ကွက်တိဝင်လာနေကြလေ။ ဘယ်လောက်ပဲ ငယ် ထွက်သွားခိုင်းလျှင် ထွက်သွားမယ်ဆုံးဖြတ်ထားပေမဲ့ တကယ်တမ်းကျဒီလောက်မလွယ်ကူချေ။ ပြီးတော့ ငယ်က ထွက်မသွားခိုင်းသေးဘူးမဟုတ်လား။ ဒီတိုင်းရှောင်နေရုံပင်။

ဟေသာ လွန်ခဲ့တဲ့တစ်ပတ် ငယ်ပြန်သွားတုန်းကပို့ထားသည့် Message လေးကိုတွေတွေလေးကြည့်နေမိသည်။ ငယ်ပို့သည်က ထွေထွေအကြောင်းရာတော့မဟုတ်ပါ။ ပြန်နှင့်ပြီလို့ပြောထားခြင်းသာ ဖြစ်သည်။ Message လေးကိုထိုင်ကြည့်နေရင်း ဟေသာ မနေနိုင်တဲ့အဆုံးမှာ ထို Message ပိုင်ရှင်လေးဆီသို့ ဖုန်းခေါ်ရန်နှိပ်လိုက်သည်။

ဒူ... ဒူ.....

ဖုန်းအထွက်ကော်လ်အသံလေး ဖုန်းထဲမှထွက်လာသည်နှင့် ဟေသာရင်တွေတဖြည်းဖြည်းခုန်လာသည်။ ငယ်ဟာ ဟေသာ့ကိုရှောင်နေသူမို့ ဖုန်းကိုင်ပါ့မလား။ တကယ်လို့ မကိုင်ခဲ့လျှင်လည်း Message ပဲပို့ပြီးဖြစ်ဖြစ်၊ ငယ့်အိမ်လိုက်သွားပြီးပဲဖြစ်ဖြစ် ဟေသာချော့မိလေမလား။

"ဟယ်လို မမ"

ဟေသာအတွေးလွန်နေတုန်းမှာ ထွက်လာသည့်အသံလေးကြောင့် ဟေသာ ဘာပြောလို့ပြောရမှန်းမသိဖြစ်သွားသည်။

"ဟယ်လို!"

ဟေသာ့ဘက်မှ ပြန်မထူးမိသည်မို့ ငယ်မှ အသံထပ်ပေးလာသည်။

"လေ... လေပြေလား"

"လေပြေ့ဆီကို မမဆက်တာမဟုတ်လား။ လေပြေပေါ့ မမရယ်"

စကားပြောပုံအရတော့ ငယ်ဟာ အဆင်ပြေပြေရှိနေတာပဲ။ ဟေသာကသာ တစ်ယောက်တည်းအတွေးတွေလွန်နေခဲ့တာ။ ငယ်ဟာတော့ အဲ့တုန်းကကိစ္စကို ဘာမှမဖြစ်ခဲ့သလိုပင်။

"ဟုတ်သားနော်"

ထိုမျှသာ ပြောပြီးနောက် သူတို့နှစ်ယောက်ကြား တိတ်ဆိတ်သွားပြန်သည်။

လွမ်းပျက်ပြယ်Where stories live. Discover now