အပိုင်း {၁၉} [ခ]

5.4K 635 25
                                    

"အာ့ ဟဲ့ မပစ်နဲ့လေ နာတယ်ဟ"

"သွား!"

လွမ်းရဲ့ ဒီလိုစိတ်တိုနေတဲ့ အသံစူးစူးလေးကို အရင်ကအတန်းထဲကလူတွေကြားနေကျမဟုတ်သော်လည်း အခုတော့ နည်းနည်းနားယဉ်နေလောက်ပြီ။ ဒါပေမဲ့ သူတို့အတွက် လွမ်းရဲ့ဒီပုံစံကိုအသားမကျသေးပါဘူး။

"သွားလို့ပြောနေတယ်နော် ဟန်"

ခဲဖျက်ကို အားပြင်းပြင်းနဲ့ပေါက်ခံရလို့ ကျောအောင့်သွားတာတောင် အနားကမခွာသေးပဲ လွမ်းပုံဆွဲတာကိုလာနှောက်ယှက်နေသည်။ လွမ်း ပုံဆွဲနေချိန်တွင် အနှောက်ယှက်ပေးတာအမုန်းဆုံးပါပဲ။ စိတ်အာရုံတစ်ခုလုံးပုံအပ်ပြီးဆွဲနေသည်မို့ အာရုံပျက်သွားရင် လွမ်း မဆွဲချင်တော့ပါ။ ဘာကြောင့်များ ဒီလိုမျက်နှာရူးကောင်မျိုးကို လွမ်း သူငယ်ချင်းအဖြစ်ရွေးလိုက်မိလည်းမသိချေ။

"လာပါ မုန့်ဈေးတန်းသွားမယ် ဗိုက်ဆာဟ"

"နင့်သူငယ်ချင်းတွေနဲ့သွားလေ ဟန်ရယ်။ မလိုက်ဘူးလို့ဆို"

လွမ်းလည်း ဟန်လင်းကြောင့် စကားများများပြောဖြစ်လာသည်။ သေချာတာကတော့ လွမ်း ကျောင်းတက်ရတာကိုပျော်လာသည်။ လွမ်းအတွက် သူငယ်ချင်းတွေအများကြီးမလိုအပ်ပါ။ ဟန်လင်းမောင်တစ်ယောက်ရှိလျှင် အဆင်ပြေသည်။

"အဲ့လိုထမင်းမစားရင် ရောဂါဖြစ်မယ် အစာအိမ်လေ သိတယ်မလား။ ဗိုက်ထဲကအစာအိမ်ကိုပြောတာမဟုတ်ဘူးနော်... အစာအိမ်ရောဂါကိုပြောတာ လာထ"

လွမ်း ဂုတ်ကနေဆွဲကိုင်ပြီးခေါ်ဖို့လက်လှမ်းနေသည့် ဟန်လင်းကြောင့် လွမ်း ရှောင်လိုက်ရင်းထလိုက်ရသည်။

"အာ့အား!!"

မရမချင်းခေါ်နေမှာသိ၍ပုံလည်းဆက်ဆွဲလို့လည်းရမှာမဟုတ်ဘူးလေ။ ထို့ကြောင့် အရင်ဦးစွာအတန်းထဲကထွက်သွားလိုက်သည်။

"နင် အမြဲလက်တွေခြေတွေပဲပါနေတော့မှာလား တေးသံ ဟမ်!"

အနောက်က ထော့နဲ့ထော့နဲ့နှင့် လိုက်လာပြီးမေးတဲ့ ဟန်လင်းစကားကို လွမ်းမသိချင်ယောင်ဆောင်လိုက်သည်။ ခုနလေးတင် လွမ်း အမြင်ကတ်လို့တက်နင်းလိုက်တာလေ။

လွမ်းပျက်ပြယ်Where stories live. Discover now