အပိုင်း {၁၀} [က]

6K 701 96
                                    

"ဟန် ကဘာလိုလုပ်ပြီး ဒီရောက်နေတာလား"

"ငါခေါ်ထားတာ"

လွမ်းတေးသံမေးသည်ကို ဟေသာဟာ လေသံခက်မာမာနှင့် ဝင်ဖြေလိုက်သည်။ ဟန်လင်းကတော့ အခြေနေတင်းမာတော့မည်ဆိုတာကိုသိ၍ ခေါင်းလေးကုတ်လျှက်။

"တေးသံကို စိတ်ဆိုးနေတာလား ဟေသာ"

"စိတ်မဆိုးမှ ပိုထူးဆန်းနေမှာမဟုတ်ဘူးလား တေးသံ! နင်ဘာတွေလျောက်လုပ်နေတာလဲ"

ဟေသာ့လေသံတွေဟာ ဒေါသတွေလွန့်လူးနေသည်။ ဒါကို ဖြေရှင်းပေးဖို့ ဟန်လင်းကလည်း ဝင်မပါချေ။ ဝင်ပါလျှင်လည်း ဟေသာ့ဘက်ကိုသာပါလို့ရလိမ့်မည်မဟုတ်လား။

"တေးသံ ဘာတွေလျောက်လုပ်မိလို့လဲ"

"လွမ်းတေးသံ! နင် ဟိုကလေးကိုပဲ အရူးလုပ်လို့ရမယ် ငါ့ကိုတော့မရဘူးနော်"

"ယူ ဘာဖြစ်ချင်နေတာလဲ ဟေသာ။ တို့ ဗိုက်ဆာနေပြီ"

အဆုံးထိ မသိချင်ယောင်ဆောင်နေသည့် လွမ်းတေးသံရယ်ပါ။ ဒါဟာ ဟေသာ့ဒေါသကိုပိုဆွနေသလိုဖြစ်စေသည်။

"နင်ရုပ်ရှင်ရိုက်မလား တေးသံ ဟမ်!"

"မင်းသမီးဖြစ်ဖို့ စိတ်မဝင်စားဘူး ဟေသာ"

"အဲ့ဒါဆို ဘာလို့ဒီလိုတွေလုပ်နေသလဲ။ ဘာလို့ ညက အဲ့ကလေးမကို နမ်းခဲ့တာလဲ။ ငါတောင် မမူးသေးတာကို နင့်လိုသောက်နိုင်တဲ့သူက မူးပြီးနမ်းတယ်တဲ့လား။ ညက ဟန်လင်းစကားကိုအတည်ယူပြီး မူးချင်ယောင်ဆောင်တယ်။ မနက်ကျတော့လည်း မေ့ချင်ယောင်ဆောင်ပြီး ဘာမှမသိသလိုလုပ်တယ်။ လွမ်းတေးသံ ငါပြောထားတယ်မလား နင်မေ့နေတာလား။ ဂရုမစိုက်တာလား"

ဟေသာ့စကားကြောင့် လွမ်း စိတ်ရှုပ်သွားပုံရသည်။ အမှန်ဆို ဟေသာနှင့် လွမ်းဟာ ပုံစံအတူဆုံး။ ဆိုးတာလည်း အတူ။ ကောင်းတာလည်း အတူ။ တွေးခေါ်ပုံ၊ ဝတ်စားဆင်ယင်ပုံတွေကအစ ကီးကိုက်ကြသည်။ ထို့ကြောင့် လွမ်းနှင့် ဟေသာဟာ ဒီလိုကြီးကြီးကျယ်ကျယ်ပြဿနာတက်ရသည်က အတော်ရှားသည်လေ။

"မနေ့ညက မမူးဆိုတာလည်း ဟုတ်တယ်။ နမ်းချင်လို့ နမ်းလိုက်တာလည်း ဟုတ်တယ်။ အဲ့တော့ အခုအမှန်တိုင်း ပြန်သွားဝန်ခံလိုက်ရမလား။ အရာအားလုံး မှတ်မိပါတယ်ဆိုပြီး!... နင်ဖြစ်ချင်တာ ဒါလား ဟေသာ"

လွမ်းပျက်ပြယ်Where stories live. Discover now