ညွှန်း ခြံထဲမှာလမ်းလျောက်နေရင်း တဖြည်းဖြည်း အနောက်ဘက်ခြမ်းမှ ပန်းဥယျာဉ်သဖွယ်ပန်းခြံကို သွားဖို့ပြင်လိုက်သည်။ ထိုပန်းခြံဟာ အရှေ့အိမ်နှင့်မသက်ဆိုင်သလိုခံစားရသည်။ အရှေ့အိမ်ဆိုတာ တစ်နည်းအားဖြင့်ပြောရလျှင် ဦးမြတ်မဟာ၊ ဒေါ်ဟေမာထွန်းနှင့် ညွှန်းတို့နေထိုင်သည့်အိမ်ပင်။ ညွှန်း ဒီအိမ်စရောက်တည်းကပေါ့။ အနောက်ဘက်တွင်တော့ ဧည့်သည်အိမ်ရာလို အိမ်ဖြူအိမ်လေးရှိပြီး ထိုအိမ်လေးဝန်းကျင်မှာသာ ပန်းခြံလေးဟာရှိသည်လေ။
ထိုအိမ်လေးမှာနေသည့်သူဟာ မမလွမ်းဖြစ်သည့်အတွက် ဒီပန်းခြံလေးသည် မမလွမ်းနှင့်ဆိုင်သည်လို့ပင် ညွှန်း ငယ်ငယ်တည်းက မှတ်ယူထားမိသည်က ယနေ့ထိပင်။
"ဟင်!"
ညွှန်း ခြေလှမ်းတို့ဟာ ရပ်တန့်သွားသည်။ အကြောင်းကား ပန်းခြံထဲတွင်ရှိသည့် နှင်းဆီပန်းမှအစ ပန်းမျိုးစုံသောပန်းတို့ဟာ ခြောက်သွေ့နေ၍ပင်။ ညွှန်း ခြေလှမ်းတို့ တုန့်ခနဲဖြစ်သွားပြီး အိမ်ဘက်ကို လှည့်ကြည့်လိုက်တော့ အိမ်ထဲတွင် မီးသီးမှိန်ပြပြလေးထွန်းထားသည်လေ။
"မမလွမ်း ပြန်ရောက်နေတာလား!"
ညွှန်း ရုတ်တရက်ပတ်ဝန်းကျင်ကိုပြန်ကြည့်လိုက်မိသည်။ ကောင်းကင်ယံဟာ ပြာလဲ့နေရာမှ အခုတော့မှောင်မိုက်နေချေပြီ။ ထို့ကြောင့် ထို မီးသီးမှိန်ပြပြကိုမြင်နေရခြင်း။
"ညွှန်းရာ~"
ညှို့ဓာတ်ပါသည့် အသံနွေးလေး ညွှန်းနားထဲ တိုးဝင်လာသည်။ ညွှန်းကိုကြိုဆိုသလို အိမ်တံခါးလေးဟာ ဟသွားသည်။ တံခါးဝနားတွင် ဂါဝန်ဖြူလေးနှင့် မိန်းမပျိုလေးဟာရပ်စောင့်နေသည်။ သို့သော် အမှောင်ရိပ်ကျနေသဖြင့် ထိုမိန်းကလေးမျက်နှာကိုမမြင်ရချေ။
"လာလေ တို့ဆီ"
လူကိုမမြင်ရပဲ အိမ်ထဲကိုခေါ်နေသည့်အသံလေးကြောင့် ညွှန်း ရပ်နေပြီး မနေနိုင်စွာဖြင့်ခြေလှမ်းတို့ဟာ ရှေ့တိုးဖို့ပြင်လိုက်သည်။ သို့သော် ညွှန်းဆောင့်ဆွဲခြင်းခံလိုက်ရပြီး အနောက်သို့ပြန်ပါသွားသည်။
YOU ARE READING
လွမ်းပျက်ပြယ်
Romanceရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖြစ်တည်လာတဲ့ခံစားချက်ဟာ လွတ်မြောက်ရန်ခက်လှသော အလွမ်းနာပါလေ။ လွမ်းဆိုတဲ့မိန်းမမှ ဒီလွမ်းနာကိုဖြေဖျောက်...